ငိုတဲ့အခါ မျက်လုံးထဲကနေ ကျောက်ခဲတွေ ထွက်ကျလာတဲ့ မိန်းကလေး (ရုပ်သံ)

စကားပြောလိုက်ရင် နှုတ်ခမ်းဖျားကနေ ပန်းတွေ ကျလာတဲ့ ပုံပြင်တွေ အများကြီးရှိပါတယ်။ လက်တွေ့မှာလည်း တကယ် ရှိပါတယ်။ အိန္ဒိယနိုင်ငံက ၁၅ နှစ်အရွယ်ရှိတဲ့ Chandni ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ ငိုလိုက်ရင် မျက်လုံးထဲကနေ ကျောက်ခဲလေးတွေ ထွက်ကျလာတာပါ။ ဆရာဝန်တွေလည်း ဘာမှ ရှင်းမပြနိုင် ဖြစ်နေကြပါတယ်။ သူမနေတဲ့ ရွာကတော့ ဥတ္တရာပရာဒက်ရှ်ပြည်နယ်၊ Gadiya Balidaspur ရွာမှာပါ။

မိသားစုဝင်တွေရဲ့ပြောကြားချက်အရ ကျောက်ခဲလေးတွေက လွန်ခဲ့တဲ့ နှစ်လကျော် ဂျူလိုင်လ ၁၇ ရက်နေ့က စပြီး ထွက်ကျလာတာပါ။ တစ်ခါငိုရင် ကျောက်ခဲ ၁၀ ခဲကနေ ၁၅ ခဲလောက် ထွက်ကျပါတယ်။ လွန်ခဲ့တဲ့ နှစ်လကတည်းက ကျောက်ခဲတွေကို စုဆောင်းလာခဲ့တာ အခုဆိုရင် ကျောက်ခဲ အခဲ ၇၀ ခန့် စုဆောင်းမိသွားပါပြီ။

ထူးခြားတာက မနက် ၆ နာရီကနေ ညနေကြားငိုမှ မျက်လုံးထဲကနေ ကျောက်တုံးတွေ ထွက်ကျလာတာပါ။ ညအချိန် ငိုရင်တော့ ကျောက်တုံးက ထွက်ကျမလာပါဘူး။ သူမ ငိုတဲ့အခါ မျက်လုံးထဲကနေ ကျောက်ခဲ ထွက်ကျလာတဲ့ video က social media မှာ ပျံ့နှံ့သွားပါတယ်။

အရင်ဆုံး ဘယ်ဘက် မျက်လုံးကနေ ကျောက်တုံးတွေ ထွက်လာခဲ့တာပါ။ နောက်ပိုင်းမှာတော့ ညာဘက်မျက်လုံးကနေလည်း ကျောက်ခဲတွေ ထွက်လာပါတယ်။ Chandni ဟာ သူ့ရဲ့မိသားစုနဲ့ ဆွေမျိုးတွေကို ချက်ချင်း ပြောပြလိုက်ပါတယ်။ မျက်စိအထူးကု ဆရာဝန်တွေကတော့ ဒီကိစ္စဟာ လုံးဝမဖြစ်နိုင်ဘူးလို့ တွင်တွင်ငြင်း နေကြပါတယ်။

သူမဟာ အများစိတ်ဝင်စားတာခံချင်လို့ မျက်လုံးထဲကို ကိုယ်တိုင် ကျောက်ခဲတွေထည့်တာ၊ ဒါမှမဟုတ် တခြားသူကို ထည့်ခိုင်းတာဖြစ်မယ်လို့ မျက်စိအထူးကုဆရာဝန် Dr Awadhesh Kumar က ပြောပါတယ်။ Durga မျက်လုံးဆေးရုံရဲ့ ဒါရိုက်တာ Dr Neerja ဟာလည်း ဒီလိုအဖြစ်မျိုးဟာ အဓိပ္ပါယ်မရှိကြောင်း၊ အတုအယောင်သာ ဖြစ်ကြောင်း ပြောပါတယ်။

Chandni ရဲ့မိဘတွေဟာ ငွေကြေး မတတ်နိုင်တာကြောင့် မျက်လုံးထဲကနေ ကျောက်ခဲတွေ ထွက်လာတဲ့ အကြောင်းရင်းကို မစမ်းသပ် နိုင်ကြပါဘူး။ အဲဒါကြောင့် Chandni ရဲ့အဖြစ်ဟာ အခုထိ ပဟေဠိဆန် နေဆဲပါပဲ။

ရုပ်သံ

Zombie (Lovemedia)

for zawgyi

ငိုတဲ့အခါ မ်က္လုံးထဲကေန ေက်ာက္ခဲေတြ ထြက္က်လာတဲ့ မိန္းကေလး (႐ုပ္သံ)

စကားေျပာလိုက္ရင္ ႏႈတ္ခမ္းဖ်ားကေန ပန္းေတြ က်လာတဲ့ ပုံျပင္ေတြ အမ်ားႀကီးရွိပါတယ္။ လက္ေတြ႕မွာလည္း တကယ္ ရွိပါတယ္။ အိႏၵိယႏိုင္ငံက ၁၅ ႏွစ္အ႐ြယ္ရွိတဲ့ Chandni ဆိုတဲ့ မိန္းကေလးတစ္ေယာက္ဟာ ငိုလိုက္ရင္ မ်က္လုံးထဲကေန ေက်ာက္ခဲေလးေတြ ထြက္က်လာတာပါ။ ဆရာဝန္ေတြလည္း ဘာမွ ရွင္းမျပႏိုင္ ျဖစ္ေနၾကပါတယ္။ သူမေနတဲ့ ႐ြာကေတာ့ ဥတၱရာပရာဒက္ရွ္ျပည္နယ္၊ Gadiya Balidaspur ႐ြာမွာပါ။

မိသားစုဝင္ေတြရဲ႕ေျပာၾကားခ်က္အရ ေက်ာက္ခဲေလးေတြက လြန္ခဲ့တဲ့ ႏွစ္လေက်ာ္ ဂ်ဴလိုင္လ ၁၇ ရက္ေန႔က စၿပီး ထြက္က်လာတာပါ။ တစ္ခါငိုရင္ ေက်ာက္ခဲ ၁၀ ခဲကေန ၁၅ ခဲေလာက္ ထြက္က်ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္လကတည္းက ေက်ာက္ခဲေတြကို စုေဆာင္းလာခဲ့တာ အခုဆိုရင္ ေက်ာက္ခဲ အခဲ ၇၀ ခန႔္ စုေဆာင္းမိသြားပါၿပီ။ ထူးျခားတာက မနက္ ၆ နာရီကေန ညေနၾကားငိုမွ မ်က္လုံးထဲကေန ေက်ာက္တုံးေတြ ထြက္က်လာတာပါ။ ညအခ်ိန္ ငိုရင္ေတာ့ ေက်ာက္တုံးက ထြက္က်မလာပါဘူး။

သူမ ငိုတဲ့အခါ မ်က္လုံးထဲကေန ေက်ာက္ခဲ ထြက္က်လာတဲ့ video က social media မွာ ပ်ံ႕ႏွံ႔သြားပါတယ္။ အရင္ဆုံး ဘယ္ဘက္ မ်က္လုံးကေန ေက်ာက္တုံးေတြ ထြက္လာခဲ့တာပါ။ ေနာက္ပိုင္းမွာေတာ့ ညာဘက္မ်က္လုံးကေနလည္း ေက်ာက္ခဲေတြ ထြက္လာပါတယ္။ Chandni ဟာ သူ႔ရဲ႕မိသားစုနဲ႔ ေဆြမ်ိဳးေတြကို ခ်က္ခ်င္း ေျပာျပလိုက္ပါတယ္။ မ်က္စိအထူးကု ဆရာဝန္ေတြကေတာ့ ဒီကိစၥဟာ လုံးဝမျဖစ္ႏိုင္ဘူးလို႔ တြင္တြင္ျငင္း ေနၾကပါတယ္။

သူမဟာ အမ်ားစိတ္ဝင္စားတာခံခ်င္လို႔ မ်က္လုံးထဲကို ကိုယ္တိုင္ ေက်ာက္ခဲေတြထည့္တာ၊ ဒါမွမဟုတ္ တျခားသူကို ထည့္ခိုင္းတာျဖစ္မယ္လို႔ မ်က္စိအထူးကုဆရာဝန္ Dr Awadhesh Kumar က ေျပာပါတယ္။ Durga မ်က္လုံးေဆး႐ုံရဲ႕ ဒါ႐ိုက္တာ Dr Neerja ဟာလည္း ဒီလိုအျဖစ္မ်ိဳးဟာ အဓိပၸါယ္မရွိေၾကာင္း၊ အတုအေယာင္သာ ျဖစ္ေၾကာင္း ေျပာပါတယ္။ Chandni ရဲ႕မိဘေတြဟာ ေငြေၾကး မတတ္ႏိုင္တာေၾကာင့္ မ်က္လုံးထဲကေန ေက်ာက္ခဲေတြ ထြက္လာတဲ့ အေၾကာင္းရင္းကို မစမ္းသပ္ ႏိုင္ၾကပါဘူး။ အဲဒါေၾကာင့္ Chandni ရဲ႕အျဖစ္ဟာ အခုထိ ပေဟဠိဆန္ ေနဆဲပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments