ညီးညူမိတဲ့ နွား

နွားတကောင်က သခင်ခိုင်းတာတွေ လုပ်ပြီး အလုပ်သိမ်းချိန်မှာ ပင်ပန်းလို့ နားနေတယ် ။ ခွေးတကောင်က လာပြီး နှုတ်ဆက်တယ်။ " ကိုနွား နေမကောင်းဘူးလား " ပေါ့။ နွားက " ပင်ပန်းလို့ပါကွာ။ မနက်ဖြန် တရက်လောက် နားရရင် ကောင်းမှာပဲကွာ " လို့ ပြောလိုက်တယ်။ ညီးညူလိုက်တယ် ဆိုပါတော့ ။

အဲ့ဒါကို ခွေးက ကြောင်နဲ့တွေ့လို့ ပြောတဲ့အခါ ကျတော့ " နွားက ပြောတယ်။ ပင်ပန်းလို့ မနက်ဖြန် တရက်လောက် နားချင်တယ်တဲ့။ သခင်ကလည်း အရမ်း ခိုင်းလွန်းတယ် ထင်ပါတယ်ကွာ " တဲ့။ သခင်က အရမ်း ခိုင်းလွန်းတယ် ထင်တယ် ဆိုတဲ့ သူ့ရဲ့ comment ပါ ပါသွားပြီ။

ဒါကို ကြောင်က ဆိတ်ကို ပြန်ပြောတဲ့အခါ ကျတော့ " နွားကို သခင်က အရမ်းခိုင်းလွန်းတော့ ပင်ပန်းလွန်းလို့ မနက်ဖြန်က စပြီး အလုပ်မလုပ်ချင်တော့ဘူးလို့ ပြောတယ် " ဆိုပြီး စကားက ပြောင်းသွားတယ်။

တခါ ဆိတ်က ကြက်ကို ပြောတဲ့အခါ ကျတော့ " နွားက မနက်ဖြန် သခင်အတွက် အလုပ် မလုပ်ပေးချင်တော့ဘူး။ ခိုင်းလွန်းလို့ သခင့်ကို မကျေမနပ် ဖြစ်နေတယ် " လို့ ဖြစ်သွားပြန်ရောတဲ့ ။ ကြက်က ဝက်ကို တဆင့် ထပ်ပြောတဲ့ အခါကျတော့ " နွားက မနက်ဖြန်က စပြီး သခင်ခိုင်းတာတွေ မလုပ်တော့ဘူး။ သခင့်ကို မကျေနပ်ဘူး။ သခင်အသစ် ရှာချင်နေတယ်လို့ ကြားတယ် " ဆိုပြီး စကားက ကားသွားပြီ ။

သခင်ရဲ့ မိန်းမက ဝက်စာလာကျွေးတဲ့ အချိန်မှာ ဝက်က ပြောတယ်တဲ့။ " သခင်မ။ နွားက အချိုးတွေ ပြောင်းနေပြီ။ သခင်မ တို့ကို မကျေနပ်ဘူး။ သခင်မတို့ အလုပ်တွေကို မနက်ဖြန်ကစပြီး လုပ်မပေးတော့ဘူးလို့ ပြောနေတယ်နော် " ပေါ့ ။

မိန်းမကလည်း သူ့ယောက်ျားကို ပြန်ပြောတာပေါ့။ " ရှင့်နွားက ရှင့်ကို သစ္စာဖောက်သွားပြီနော်၊ မနက်ဖြန်က စပြီး ရှင်ခိုင်းတာတွေ လုပ်မပေးတော့ဘူးလို့ ပြောနေတယ် " တဲ့ ။ အဲ့ဒီအခါ ယောက်ျားက " သစ္စာဖောက်တော့လည်း အသားပေါ် ရောင်းလိုက်ရုံ ပေါ့ကွာ " တဲ့။

အဲ့ဒါနဲ့ပဲ နောက်နေ့မှာ နွားဟာ အသတ်ခံလိုက်ရရောတဲ့ ။ တကယ်တော့ နွားပြောတာက " ပင်ပန်းလို့ မနက်ဖြန် တရက်လောက် နားရရင်ကောင်းမယ် " ဒါလေးပဲ ။သူ့ရဲ့ဆန္ဒကို သူ ပြောရုံလေးပဲ။ သခင်ကို ထိခိုက်ပြောတာလည်း မပါဘူး။ ဒါပေမယ့် စကားတွေက ချဲ့ကားရင်းနဲ့ နောက်ဆုံးမှာ ဒီစကားလေးအတွက် သူ အသတ်ခံလိုက်ရတယ် တဲ့ ။

ဆက်စပ်ပြီး ပြန်တွေးကြည့်တော့ ဟုတ်နေတာပဲ။ ကျနော်တို့လည်း တခါမက ကြုံခဲ့ဘူးတာပဲ။ နွားလို အသက်သေအောင် အသတ် မခံရပေမယ့် ကိုယ်တကယ် မပြောခဲ့တဲ့ စကားတွေအတွက်၊ ကိုယ်တကယ် မလုပ်ခဲ့တဲ့ အပြုအမူတွေအတွက် ဘဝသေအောင်၊ နာမည်သေအောင်ထိ အသတ်ခံခဲ့ရဘူး တာပဲ။

ငါ့ဆီက ထွက်သွားတုန်းကတော့ တလီတာဘူးနဲ့ တဘူးစာလေးပဲ။ အဆင့်ဆင့်နဲ့ မင်းဆီ ရောက်တဲ့အခါ ကျတော့ နှစ်ဆယ်လီတာ တဘူးစာ ဖြစ်နေလိမ့်မယ်။ အဲ့ဒီထဲမှာ ငါပေးလိုက်တဲ့ နွားနို့က တလီတာပဲ။ ကျန်တဲ့ ဆယ့်ကိုးလီတာက ကြားက အဆင့်ဆင့် ရောလိုက်တဲ့ ရေတွေ။ လူတွေက အရမ်း ရေရောကြတယ်။ ရည်ရွယ်ချက်နဲ့ ဖြစ်စေ၊ ဘာမှ မရည်ရွယ်ပေမယ့် အကျိုးဆက်ကို မတွေးပဲ ပေါ့ပေါ့လေးဖြစ်စေ၊ ရောလိုက်ကြတာပဲ။

တယောက်တည်း မနေနဲ့၊ တယောက်တည်း မကြံနဲ့၊ တယောက်တည်း မခံစားနဲ့ တိုင်ပင်ပါ၊ အကြံဉာဏ် တောင်းပါ၊ ရင်ဖွင့်ပါ လို့တော့ ပြောကြတာပဲ။ ပြောမိ ပြန်တော့လည်း ရေရောခံရရင်၊ ကိုယ့်စကားကို ပုံဖျက် ခံလိုက်ရရင် ကိုယ်ပဲ ခံရပြန်ရော ။ ဒါ့ကြောင့် နွားလို မညီးညူမိ ပါစေနဲ့ ။

crd

Zawgyi

ညီးညဴမိတဲ့ ႏြား

ႏြားတေကာင္က သခင္ခိုင္းတာေတြ လုပ္ၿပီး အလုပ္သိမ္းခ်ိန္မွာ ပင္ပန္းလို႔ နားေနတယ္ ။ ေခြးတေကာင္က လာၿပီး ႏႈတ္ဆက္တယ္။ " ကိုႏြား ေနမေကာင္းဘူးလား " ေပါ့။ ႏြားက " ပင္ပန္းလို႔ပါကြာ။ မနက္ျဖန္ တရက္ေလာက္ နားရရင္ ေကာင္းမွာပဲကြာ " လို႔ ေျပာလိုက္တယ္။ ညီးညဴလိုက္တယ္ ဆိုပါေတာ့ ။

အဲ့ဒါကို ေခြးက ေၾကာင္နဲ႔ေတြ႕လို႔ ေျပာတဲ့အခါ က်ေတာ့ " ႏြားက ေျပာတယ္။ ပင္ပန္းလို႔ မနက္ျဖန္ တရက္ေလာက္ နားခ်င္တယ္တဲ့။ သခင္ကလည္း အရမ္း ခိုင္းလြန္းတယ္ ထင္ပါတယ္ကြာ " တဲ့။ သခင္က အရမ္း ခိုင္းလြန္းတယ္ ထင္တယ္ ဆိုတဲ့ သူ႔ရဲ႕ comment ပါ ပါသြားၿပီ။

ဒါကို ေၾကာင္က ဆိတ္ကို ျပန္ေျပာတဲ့အခါ က်ေတာ့ " ႏြားကို သခင္က အရမ္းခိုင္းလြန္းေတာ့ ပင္ပန္းလြန္းလို႔ မနက္ျဖန္က စၿပီး အလုပ္မလုပ္ခ်င္ေတာ့ဘူးလို႔ ေျပာတယ္ " ဆိုၿပီး စကားက ေျပာင္းသြားတယ္။

တခါ ဆိတ္က ၾကက္ကို ေျပာတဲ့အခါ က်ေတာ့ " ႏြားက မနက္ျဖန္ သခင္အတြက္ အလုပ္ မလုပ္ေပးခ်င္ေတာ့ဘူး။ ခိုင္းလြန္းလို႔ သခင့္ကို မေက်မနပ္ ျဖစ္ေနတယ္ " လို႔ ျဖစ္သြားျပန္ေရာတဲ့ ။ ၾကက္က ဝက္ကို တဆင့္ ထပ္ေျပာတဲ့ အခါက်ေတာ့ " ႏြားက မနက္ျဖန္က စၿပီး သခင္ခိုင္းတာေတြ မလုပ္ေတာ့ဘူး။ သခင့္ကို မေက်နပ္ဘူး။ သခင္အသစ္ ရွာခ်င္ေနတယ္လို႔ ၾကားတယ္ " ဆိုၿပီး စကားက ကားသြားၿပီ ။

သခင္ရဲ႕ မိန္းမက ဝက္စာလာေကြၽးတဲ့ အခ်ိန္မွာ ဝက္က ေျပာတယ္တဲ့။ " သခင္မ။ ႏြားက အခ်ိဳးေတြ ေျပာင္းေနၿပီ။ သခင္မ တို႔ကို မေက်နပ္ဘူး။ သခင္မတို႔ အလုပ္ေတြကို မနက္ျဖန္ကစၿပီး လုပ္မေပးေတာ့ဘူးလို႔ ေျပာေနတယ္ေနာ္ " ေပါ့ ။

မိန္းမကလည္း သူ႔ေယာက္်ားကို ျပန္ေျပာတာေပါ့။ " ရွင့္ႏြားက ရွင့္ကို သစၥာေဖာက္သြားၿပီေနာ္၊ မနက္ျဖန္က စၿပီး ရွင္ခိုင္းတာေတြ လုပ္မေပးေတာ့ဘူးလို႔ ေျပာေနတယ္ " တဲ့ ။ အဲ့ဒီအခါ ေယာက္်ားက " သစၥာေဖာက္ေတာ့လည္း အသားေပၚ ေရာင္းလိုက္႐ုံ ေပါ့ကြာ " တဲ့။

အဲ့ဒါနဲ႔ပဲ ေနာက္ေန႔မွာ ႏြားဟာ အသတ္ခံလိုက္ရေရာတဲ့ ။ တကယ္ေတာ့ ႏြားေျပာတာက " ပင္ပန္းလို႔ မနက္ျဖန္ တရက္ေလာက္ နားရရင္ေကာင္းမယ္ " ဒါေလးပဲ ။သူ႔ရဲ႕ဆႏၵကို သူ ေျပာ႐ုံေလးပဲ။ သခင္ကို ထိခိုက္ေျပာတာလည္း မပါဘူး။ ဒါေပမယ့္ စကားေတြက ခ်ဲ႕ကားရင္းနဲ႔ ေနာက္ဆုံးမွာ ဒီစကားေလးအတြက္ သူ အသတ္ခံလိုက္ရတယ္ တဲ့ ။

ဆက္စပ္ၿပီး ျပန္ေတြးၾကည့္ေတာ့ ဟုတ္ေနတာပဲ။ က်ေနာ္တို႔လည္း တခါမက ႀကဳံခဲ့ဘူးတာပဲ။ ႏြားလို အသက္ေသေအာင္ အသတ္ မခံရေပမယ့္ ကိုယ္တကယ္ မေျပာခဲ့တဲ့ စကားေတြအတြက္၊ ကိုယ္တကယ္ မလုပ္ခဲ့တဲ့ အျပဳအမူေတြအတြက္ ဘဝေသေအာင္၊ နာမည္ေသေအာင္ထိ အသတ္ခံခဲ့ရဘူး တာပဲ။

ငါ့ဆီက ထြက္သြားတုန္းကေတာ့ တလီတာဘူးနဲ႔ တဘူးစာေလးပဲ။ အဆင့္ဆင့္နဲ႔ မင္းဆီ ေရာက္တဲ့အခါ က်ေတာ့ ႏွစ္ဆယ္လီတာ တဘူးစာ ျဖစ္ေနလိမ့္မယ္။ အဲ့ဒီထဲမွာ ငါေပးလိုက္တဲ့ ႏြားႏို႔က တလီတာပဲ။ က်န္တဲ့ ဆယ့္ကိုးလီတာက ၾကားက အဆင့္ဆင့္ ေရာလိုက္တဲ့ ေရေတြ။ လူေတြက အရမ္း ေရေရာၾကတယ္။ ရည္႐ြယ္ခ်က္နဲ႔ ျဖစ္ေစ၊ ဘာမွ မရည္႐ြယ္ေပမယ့္ အက်ိဳးဆက္ကို မေတြးပဲ ေပါ့ေပါ့ေလးျဖစ္ေစ၊ ေရာလိုက္ၾကတာပဲ။

တေယာက္တည္း မေနနဲ႔၊ တေယာက္တည္း မႀကံနဲ႔၊ တေယာက္တည္း မခံစားနဲ႔ တိုင္ပင္ပါ၊ အႀကံဉာဏ္ ေတာင္းပါ၊ ရင္ဖြင့္ပါ လို႔ေတာ့ ေျပာၾကတာပဲ။ ေျပာမိ ျပန္ေတာ့လည္း ေရေရာခံရရင္၊ ကိုယ့္စကားကို ပုံဖ်က္ ခံလိုက္ရရင္ ကိုယ္ပဲ ခံရျပန္ေရာ ။ ဒါ့ေၾကာင့္ နြားလို မညီးညူမိပါေစနဲ့ ။

crd

Post a Comment

0 Comments