နွားကို ချောက်ထဲတွန်းချပါ

ရှေးအခါတုန်းက ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ ဆရာတယောက်ဟာ တပည့်နဲ့အတူ ခရီးကြမ်းတခုကို ထွက်ခွာခဲ့ပါသတဲ့..။ အဲဒီလို ဆရာတပည့်နှစ်ယောက်ဟာ ခြေကျင်ခရီး ထွက်လာရင်းမှာပဲ ညဉ့်အမှောင်ဟာ တဖြည်းဖြည်း ဝင်ရောက်လာပါသတဲ့..။ ညရဲ့အမှောင်ထုဟာ ပိုမိုပြီးကြီးစိုး လာပြန်တာကြောင့် ဆရာက တပည့်ကိုဒီလိုပြောတယ်

" တပည့် ငါတို့တည်းခိုဖို့ နေရာလေးဘာလေး ရှာမှာဖြစ်မယ်၊ ဒီအတိုင်း အိပ်လို့တော့ မဖြစ်ဘူး။ ဟိုဟို ဒီဒီသွားပြီး တည်းဖို့ခိုဖို့ နေရာလေးရှာစမ်းပါဦး "

အဲဒီအခါ တပည့်လုပ်သူလည်း အနီးအပါး လှည့်လည်သွားလာပြီး တည်းခိုနေနိုင်တဲ့ နေရာကို လိုက်ရှာတယ်။ အဲဒီလိုနဲ့ ဖုန်းဆိုးမြေတခုရဲ့ အစပ်မှာတော့ အင်မတန် သေးငယ် စုတ်ချာလှတဲ့ တဲပုပ်တလုံးကို တွေ့ခဲ့တယ်။ အဲဒါကြောင့်လည်း သူဟာ ဆရာကို ပြန်လည်ခေါ်ဆောင်ပြီး သူတွေ့ခဲ့တဲ့ တဲပုပ်လေးဆီကို ဆရာတပည့် နှစ်ယောက် သွားရောက်ခဲ့ကြတယ်။

အဲဒီလို စုတ်ချာလှတဲ့တဲပုပ်လေးမှာ အင်မတန် ဆင်းရဲနုံချာလှတဲ့ မိသားစုတစု နေထိုင်တယ်။ အဖေ၊ အမေနဲ့ ကလေးငယ်တွေ အကုန်လုံးဟာ အရောင် မွဲလွန်းလှပြီး အဖာရာတွေ ဗရပွနဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားရ ရှာတယ်။ ပညာရှိရဲ့ တပည့်ဟာ ဆင်းရဲလှတဲ့ မိသားစုကို အားနာလှပေမယ့် ဒီတညအဖို့ ဒီမှာအိပ်မှသာ ဖြစ်မှာမို့ သူက တည်းခိုခွင့် တောင်းခဲ့တယ်

" ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက် ဒီတညတော့ ဒီမှာ အိပ်ပါရစေ " လို့ တပည့်က ခွင့်တောင်းလိုက်တယ်။ အဲဒီအခါ သူဆင်းရဲမိသားစုရဲ့ဖခင်က " အိုး.. ခရီးသွား ဧည့်သည်တွေ ပဲဗျ။ ဧည့်သည် လာတာကိုပဲ ကျွန်တော်က အင်မတန် ဝမ်းမြောက်လှပါတယ်။ တည်းပါဗျာ။ တည်းပါ။ အိမ်ထဲကို ကြွကြပါ " လို့ ပြုံးရွှင်စွာပဲ ဆီးကြိုလိုက်တယ်။

အဲဒီနောက်မှာတော့ ဆင်းရဲမွဲတေလှတဲ့ မိသားစုဟာ ဆရာတပည့်နှစ်ယောက် အတွက် ညစာအဖြစ် အစားအသောက်တွေနဲ့ ကျွေးမွေး ဧည့်ခံခဲ့တယ်။ သူတို့ကျွေးမွေးတဲ့ အစားအသောက်ထဲ မှာတော့ သူတို့ဟာ ဒိန်ခဲတွေ၊ နို့မလိုင်တွေ၊ နွားနို့တွေကို အကောင်းဆုံး ပြင်ဆင်ကျွေးမွေးကြရှာတယ်။

အဲဒီလို ပျူငှာဖော်ရွေလွန်းတဲ့ သူဆင်းရဲမိသားစုကို မြင်ရတဲ့အခါ တပည့်လုပ်သူဟာ အင်မတန်မှ သနားမိတယ်။ သူတို့ဟာ ဆင်းရဲနုံချာလှပေမယ့် သဒ္ဒါတရားမှာတော့ ဇောတိက၊ အနာထပိဏ်တို့ထက် မနည်းဘူးလို့ သူတွေးတောနေမိတယ်။

အဲဒီလို ညစာစားသောက်အပြီးမှာတော့ ဆရာဖြစ်သူက ဒီလိုမေးတယ် " ခင်ဗျားတို့တွေ ကျွေးမွေးဧည့်ခံတာကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ ဒါနဲ့ ဒီလို ခေါင်လှတဲ့နေရာမှာ ဘာအလုပ်အကိုင်တွေနဲ့များ လုပ်ကိုင် စားသောက်ကြတာ တုန်းဗျ "

အဲဒီအခါ အိမ်ရှင်ယောက်ျားက " ကျွန်တော်တို့မှာ နွားတကောင် ရှိတယ်လေ၊ ကျွန်တော်က နေ့တိုင်းနွားနို့ညှစ်ပြီး သိပ်မေဝးတဲ့ နေရာမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းဆီမှာ သွားပေးတယ်။ သူက ကျွန်တော်တို့အတွက် လိုအပ်တဲ့ အဝတ်အထည်၊ ဆန်တွေ ပြန်ပေးတယ်၊ ကျွန်တော်တို့ရဲ့ ဟင်းလျာကတော့ ဒီနွားက ရတဲ့ ဒိန်ခဲ၊ ဒိန်ချဉ်၊ နွားနို့ ပေါ့ဗျာ။ အဲဒီလိုနည်းနဲ့ မိသားစု အသက်မွေးရတာပေါ့ ကျန်တဲ့ရပေါက် ရလမ်းတော့ မရှိပါဘူး"

အဲဒီလိုနဲ့ နောက်တနေ့ မနက်မှာတော့ ဆရာတပည့်နှစ်ယောက်ဟာ ခရီးဆက်လက် ထွက်ခွာခဲ့တယ်။ ဆရာဖြစ်တဲ့ ပညာရှိကြီးဟာ ဘာမှ ပြောဆိုခြင်း မရှိပေမယ့် တပည့်လုပ်သူကတော့ ဆင်းရဲလှတဲ့ မိသားစုအပေါ် သနားစိတ်၊ စာနာစိတ်တွေသာ ကြီးစိုးနေတယ်။ ဒီမိသားစုလေးကို ကယ်တင်လိုစိတ်၊ ကြီးပွားချမ်းသာစေလိုစိတ်တွေနဲ့ တနုံ့နုံ့ ဖြစ်လို့လာတယ်။

တကြိမ်မှာတော့ သူက ဆရာပညာရှိကြီးကို ဒီလိုပြောလိုက်တယ် " ဆရာ ကျွန်တော်တို့ တည်းခဲ့တဲ့ အိမ်က မိသားစုလေးကို ကျွန်တော် အင်မတန် သနားမိပါတယ်ဗျာ။ သူတို့ကို တနည်းနည်းနဲ့ ချမ်းသာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းလေးများ မရှိဘူးလား " လို့မေးလိုက်တယ်။

အဲဒီအခါ ပညာရှိကြီးက " မင်းသူတို့ကို တကယ် ချမ်းသာစေချင်လား " လို့ပြန်မေးလိုက်တယ်။ အဲဒီအခါ တပည့်က " ဘယ်လိုပြောလိုက်ပါလိမ့်ဆရာရယ်။ ချမ်းသာစေချင်တာ ပေါ့ဗျ " လို့ပြန်ပြောလိုက်တယ်။ အဲဒီအခါ ဆရာပညာရှိက "ဒါဆို သူတို့ပိုင်တဲ့ နွားမကို ချောက်ထဲတွန်းချပြီး သတ်ပေးလိုက် " လို့ပြန်ပြောတယ်။

အဲဒီအခါ တပည့်က " မဟုတ်တာဆရာရယ်၊ သူတို့မှာ ပိုင်တာဆိုလို့၊ ဒါလေးပဲ ရှိတာကို၊ ဒါလေး မရှိရင် ဒုက္ခရောက်သွား မှာပေါ့ " လို့ပြောလိုက်တယ်။ အဲဒီအခါ ဆရာက " တကယ် ချမ်းသာစေချင်ရင်၊ ငါပြောတဲ့ အတိုင်းသာ လုပ်စမ်းကွာ " လို့ ပြန်ပြောလိုက်တယ်။

အဲဒီလိုနဲ့ တပည့်ဟာ လေးလံတဲ့ စိတ်နှလုံးနဲ့ တဲပုပ်လေး ရှိရာကို ပြန်လာတယ်။ အိမ်သားတွေ မသိအောင် သူတို့ရဲ့ နွားမလေးကို ချောက်ကမ်းပါး အစွန်းကို ဆွဲလာခဲ့တယ်။ အဲဒီနောက်တော့ သူဟာ နွားကို ချောက်ထဲ တွန်းချပြီး သတ်ခဲ့လိုက်တယ်။

အဲဒီလိုနဲ့ နှစ်ပေါင်းများစွာ အကြာမှာတော့ ဆရာတပည့်နှစ်ယောက်ဟာ အဲဒီလမ်းအတိုင်းဘဲ ခရီးတခေါက် ထွက်ခဲ့တယ်။ ဒီတကြိမ်မှာတော့ သူတို့တွေဟာ အရင်တည်းခိုခဲ့ဖူးတဲ့ တဲပုပ်လေးနေရာမှာ ကောင်းမွန်သပ်ယပ်တဲ့ အိမ်တလုံးကို တွေ့ရတယ်။ အဲဒီအိမ်ဘေးမှာ မျက်စေ့တဆုံး ကျယ်ဝန်းတဲ့ သီးနှံစိုက်ခင်းတွေနဲ့ တကွ၊ နွားပေါင်း တဒါဇင်လောက် မွေးမြူထားတဲ့ နွားတင်းကုပ်ကြီးတခုကိုပါ တွေ့ကြရတယ်။

အဲဒီအိမ်ထဲမှာလည်း တချိန်က ဆင်းရဲချို့တဲ့စွာ နေခဲ့ရတဲ့ မိသားစုဟာ ကောင်းမွန်သပ်ယပ်တဲ့ အဝတ်အစားတွေနဲ့ တကွ ပျော်ရွှင် ကြည်နူးနေကြတာ ကိုလည်း တွေ့ရပြန်တယ်။ ဆရာတပည့်နှစ်ယောက်ဟာ အရင်နည်းအတိုင်းပဲ အိမ်ရှင်ကို တဲခိုခွင့်တောင်းပြီး တည်းခိုခဲ့တယ်။

ညစာစားအပြီးမှာတော့ တပည့်လုပ်သူဟာ သူတို့ ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေကို ရောက်လာလာလဲ ဆိုတဲ့ သိချင်စိတ်ကို ထိန်းမရတဲ့အတွက် " အစ်ကို ခင်ဗျားတို့မိသားစုဟာ အရင်က အင်မတန် ဆင်းရဲ ချို့တဲ့ခဲ့တယ်၊ ခုတော့ တော်တော်လေး အဆင်ပြေနေပါလား၊ ဘယ်လိုဖြစ်ပြီး ဒီဘ၀ ရောက်သွားတယ်ဆိုတာ ပြောပြပါလား အစ်ကို " လို့မေးလိုက်တယ်။

အဲဒီအခါ အိမ်ရှင်ယောက်ျားက ဒီလိုပြန်ပြောလိုက်တယ် " ကျွန်တော်တို့မှာ အရင်က ဆရာတို့ သိတဲ့အတိုင်း နွားတကောင် ရှိတယ်လေ။ ကံဆိုးချင်တော့ ဆရာတို့နှစ်ယောက် ပြန်သွားတဲ့ နေ့မှာပဲ အဲဒီနွားလေးက ချောက်ထဲကျပြီး သေသွားရှာတယ်။ ကျွန်တော်တို့မိသားစု အရမ်းသောက ရောက်ခဲ့တာပေါ့ဗျာ။ ဒီနွားလေး မှီခိုနေရတာကို၊ နွားက သေသွားတော့ ငါတို့တော့ ဒုက္ခရောက်ပြီပေါ့။

ဒါပေမယ့်လည်း လူဆိုတာမျိုးက ဒီအတိုင်း အသေခံပါရိုးလား ဆရာရယ်။ နွားအားကိုးလို့ မရတော့လည်း ကိုယ့်အား ကိုယ်ကိုးကြရတာပေါ့။ တမိသားစုလုံး ညီတူညာတူ စိုက်ကြပျိုးကြ၊ ရရာအလုပ် လုပ်ကြနဲ့ အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်ကြရတာပေါ့။ အရင်ကတော့ တနှစ်ကြာအောင် အလုပ်လုပ် ပိုက်ဆံစု နွားပြန်ဝယ်မယ်ပေါ့။

ဒါပေမယ့် တနှစ်ကြာတဲ့အခါ အလုပ်လုပ်လို့ရတဲ့ငွေက နွားတကောင်တင် မဟုတ်ဘူး ဆရာရေ၊ နွားသုံးကောင်စာလောက် ဝယ်လို့ ရနေတာကို ကျွန်တော်တို့ သိလိုက်ရတယ်။ အဲဒါကြောင့် နွားပြန်ဝယ်ရုံတင် မကဘူး ရှိသမျှမြေတွေ၊ စိုက်လို့ရသမျှ မြေတွေကို အကုန်စိုက်၊ လုပ်လို့ရသမျှ အကုန်လုပ်နဲ့ ဒီဘဝရောက်လာတာပဲ၊ နောက်တော့ ကျွန်တော်တို့ အကုန်လုံး သဘောပေါက်လာတယ် ။ ဘာမှမလုပ်ရင်၊ ဘာမှမဖြစ်ဘူး။ တခုခုလုပ်ရင်။ တခုခုဖြစ်လာမယ်ပေါ့ဗျာ "

ကျွန်တော်တို့လူသားတိုင်းဟာ Comfort Zone လို့ ခေါ်တဲ့ သက်တောင့်သက်သာ နေရတဲ့ဘဝကိုသာ မှီတွယ်နေ၊ သာယာနေတဲ့သဘာဝရှိသူတွေပဲဖြစ်တယ်။ ဆိုလိုတာက သူဆင်းရဲမိသားစုဟာ နွားကိုမှီခိုနေရင်းနဲ့ သူတို့ဘဝကို ဒီထက် ပိုမိုမြှင့်တင် ကောင်းမွန်စေဖို့ သတိမရကြသလို၊ ကျွန်တော်တို့တွေဟာလည်း လက်ရှိဘဝ ရေစီးကြောင်းထဲမှာသာ အလိုက်သင့်လေး စီးဆင်း လိုက်ပါနေကြသူများပဲ ဖြစ်တယ်။

အဲဒီလို အလိုက်သင့် မြောပါနေရင်းနဲ့ပဲ လက်ရှိဘဝထက် ပိုမိုကောင်းမွန်တဲ့ ဘဝတခု၊ အောင်မြင်မှုတခုကို ရုန်းထွက်ကြိုးစားဖို့ မေ့လျော့နေကြပါတယ် ။

သူဆင်းရဲ မိသားစုဟာ နေ့စဉ်ရရှိတဲ့ နွားနို့လေးကိုသာ အမှီပြုနေတာကြောင့် ပိုမိုပြည့်စုံတဲ့ ဘဝနဲ့ ဝေးကွာနေကြရသလို ကျွန်တော်တို့တွေဟာလည်း လတ်တလော ရရှိနေတဲ့ အခြေအနေမှာသာ မိန်းမောလိုက်ပါရင်း ဘဝကိုဖောက်ထွက်ဖို့၊ အောင်မြင်ခြင်းကို အရယူဖို့ အားထုတ်လေ့၊ ကြိုးပမ်းလေ့ မရှိကြပါဘူး ။

ကျွန်တော်တို့ဟာ မိမိရဲ့ comfort zone ကို မှီခိုတတ်၊ မိန်းမောတတ်တဲ့ သဘာဝကို ဆင်ခြင်သင့်လှပါတယ်။ " ငါဟာ ဒီထက်ပိုပြီးကောင်းတဲ့ဘဝကို ဦးတည်နေသူလား၊ ဒီဘဝနဲ့ပဲ တသက်လုံး အရိုးထုတ်ရမယ့် သူလား " ဆိုတဲ့ အတွေးနဲ့ မိမိကိုယ်ကို ဆန်းစစ်သင့် ပါတယ် ။

ကျွန်တော်တို့ဟာ "နွား" ကို ချောက်ထဲ တွန်းချပစ်ဖို့ လိုအပ်နေသူများပဲ ဖြစ်တယ် ။ လက်ရှိဘဝမှ ရုန်းကန် ဖောက်ထွက်နိုင်ကြ ပါစေ။

Crd

Zawgyi

ႏြားကို ေခ်ာက္ထဲတြန္းခ်ပါ

ေရွးအခါတုန္းက ဉာဏ္ပညာနဲ႔ျပည့္စုံတဲ့ ဆရာတေယာက္ဟာ တပည့္နဲ႔အတူ ခရီးၾကမ္းတခုကို ထြက္ခြာခဲ့ပါသတဲ့..။ အဲဒီလို ဆရာတပည့္ႏွစ္ေယာက္ဟာ ေျခက်င္ခရီး ထြက္လာရင္းမွာပဲ ညဥ့္အေမွာင္ဟာ တျဖည္းျဖည္း ဝင္ေရာက္လာပါသတဲ့..။ ညရဲ႕အေမွာင္ထုဟာ ပိုမိုၿပီးႀကီးစိုးလာျပန္တာေၾကာင့္ ဆရာက တပည့္ကိုဒီလိုေျပာတယ္

" တပည့္ ငါတို႔တည္းခိုဖို႔ ေနရာေလးဘာေလး ရွာမွာျဖစ္မယ္၊ ဒီအတိုင္း အိပ္လို႔ေတာ့ မျဖစ္ဘူး။ ဟိုဟို ဒီဒီသြားၿပီး တည္းဖို႔ခိုဖို႔ ေနရာေလးရွာစမ္းပါဦး "

အဲဒီအခါ တပည့္လုပ္သူလည္း အနီးအပါး လွည့္လည္သြားလာၿပီး တည္းခိုေနႏိုင္တဲ့ ေနရာကို လိုက္ရွာတယ္။ အဲဒီလိုနဲ႔ ဖုန္းဆိုးေျမတခုရဲ႕ အစပ္မွာေတာ့ အင္မတန္ ေသးငယ္ စုတ္ခ်ာလွတဲ့ တဲပုပ္တလုံးကို ေတြ႕ခဲ့တယ္။ အဲဒါေၾကာင့္လည္း သူဟာ ဆရာကို ျပန္လည္ေခၚေဆာင္ၿပီး သူေတြ႕ခဲ့တဲ့ တဲပုပ္ေလးဆီကို ဆရာတပည့္ ႏွစ္ေယာက္ သြားေရာက္ခဲ့ၾကတယ္။

အဲဒီလို စုတ္ခ်ာလွတဲ့တဲပုပ္ေလးမွာ အင္မတန္ ဆင္းရဲႏုံခ်ာလွတဲ့ မိသားစုတစု ေနထိုင္တယ္။ အေဖ၊ အေမနဲ႔ ကေလးငယ္ေတြ အကုန္လုံးဟာ အေရာင္ မြဲလြန္းလွၿပီး အဖာရာေတြ ဗရပြနဲ႔ အဝတ္အစားေတြကို ဝတ္ဆင္ထားရ ရွာတယ္။ ပညာရွိရဲ႕ တပည့္ဟာ ဆင္းရဲလွတဲ့ မိသားစုကို အားနာလွေပမယ့္ ဒီတညအဖို႔ ဒီမွာအိပ္မွသာ ျဖစ္မွာမို႔ သူက တည္းခိုခြင့္ ေတာင္းခဲ့တယ္

" ကြၽန္ေတာ္တို႔ ဆရာတပည့္ႏွစ္ေယာက္ ဒီတညေတာ့ ဒီမွာ အိပ္ပါရေစ " လို႔ တပည့္က ခြင့္ေတာင္းလိုက္တယ္။ အဲဒီအခါ သူဆင္းရဲမိသားစုရဲ႕ဖခင္က " အိုး.. ခရီးသြား ဧည့္သည္ေတြ ပဲဗ်။ ဧည့္သည္ လာတာကိုပဲ ကြၽန္ေတာ္က အင္မတန္ ဝမ္းေျမာက္လွပါတယ္။ တည္းပါဗ်ာ။ တည္းပါ။ အိမ္ထဲကို ႂကြၾကပါ " လို႔ ၿပဳံး႐ႊင္စြာပဲ ဆီးႀကိဳလိုက္တယ္။

အဲဒီေနာက္မွာေတာ့ ဆင္းရဲမြဲေတလွတဲ့ မိသားစုဟာ ဆရာတပည့္ႏွစ္ေယာက္ အတြက္ ညစာအျဖစ္ အစားအေသာက္ေတြနဲ႔ ေကြၽးေမြး ဧည့္ခံခဲ့တယ္။ သူတို႔ေကြၽးေမြးတဲ့ အစားအေသာက္ထဲ မွာေတာ့ သူတို႔ဟာ ဒိန္ခဲေတြ၊ ႏို႔မလိုင္ေတြ၊ ႏြားႏို႔ေတြကို အေကာင္းဆုံး ျပင္ဆင္ေကြၽးေမြးၾကရွာတယ္။

အဲဒီလို ပ်ဴငွာေဖာ္ေ႐ြလြန္းတဲ့ သူဆင္းရဲမိသားစုကို ျမင္ရတဲ့အခါ တပည့္လုပ္သူဟာ အင္မတန္မွ သနားမိတယ္။ သူတို႔ဟာ ဆင္းရဲႏုံခ်ာလွေပမယ့္ သဒၵါတရားမွာေတာ့ ေဇာတိက၊ အနာထပိဏ္တို႔ထက္ မနည္းဘူးလို႔ သူေတြးေတာေနမိတယ္။

အဲဒီလို ညစာစားေသာက္အၿပီးမွာေတာ့ ဆရာျဖစ္သူက ဒီလိုေမးတယ္ " ခင္ဗ်ားတို႔ေတြ ေကြၽးေမြးဧည့္ခံတာကို ေက်းဇူးတင္လို႔ မဆုံးပါဘူး။ ဒါနဲ႔ ဒီလို ေခါင္လွတဲ့ေနရာမွာ ဘာအလုပ္အကိုင္ေတြနဲ႔မ်ား လုပ္ကိုင္ စားေသာက္ၾကတာ တုန္းဗ် "

အဲဒီအခါ အိမ္ရွင္ေယာက္်ားက " ကြၽန္ေတာ္တို႔မွာ ႏြားတေကာင္ ရွိတယ္ေလ၊ ကြၽန္ေတာ္က ေန႔တိုင္းႏြားႏို႔ညႇစ္ၿပီး သိပ္ေမဝးတဲ့ ေနရာမွာ ရွိတဲ့ ကြၽန္ေတာ္တို႔ရဲ႕ အိမ္နီးနားခ်င္းဆီမွာ သြားေပးတယ္။ သူက ကြၽန္ေတာ္တို႔အတြက္ လိုအပ္တဲ့ အဝတ္အထည္၊ ဆန္ေတြ ျပန္ေပးတယ္၊ ကြၽန္ေတာ္တို႔ရဲ႕ ဟင္းလ်ာကေတာ့ ဒီႏြားက ရတဲ့ ဒိန္ခဲ၊ ဒိန္ခ်ဥ္၊ ႏြားႏို႔ ေပါ့ဗ်ာ။ အဲဒီလိုနည္းနဲ႔ မိသားစု အသက္ေမြးရတာေပါ့ က်န္တဲ့ရေပါက္ ရလမ္းေတာ့ မရွိပါဘူး"

အဲဒီလိုနဲ႔ ေနာက္တေန႔ မနက္မွာေတာ့ ဆရာတပည့္ႏွစ္ေယာက္ဟာ ခရီးဆက္လက္ ထြက္ခြာခဲ့တယ္။ ဆရာျဖစ္တဲ့ ပညာရွိႀကီးဟာ ဘာမွ ေျပာဆိုျခင္း မရွိေပမယ့္ တပည့္လုပ္သူကေတာ့ ဆင္းရဲလွတဲ့ မိသားစုအေပၚ သနားစိတ္၊ စာနာစိတ္ေတြသာ ႀကီးစိုးေနတယ္။ ဒီမိသားစုေလးကို ကယ္တင္လိုစိတ္၊ ႀကီးပြားခ်မ္းသာေစလိုစိတ္ေတြနဲ႔ တႏုံ႔ႏုံ႔ ျဖစ္လို႔လာတယ္။

တႀကိမ္မွာေတာ့ သူက ဆရာပညာရွိႀကီးကို ဒီလိုေျပာလိုက္တယ္ " ဆရာ ကြၽန္ေတာ္တို႔ တည္းခဲ့တဲ့ အိမ္က မိသားစုေလးကို ကြၽန္ေတာ္ အင္မတန္ သနားမိပါတယ္ဗ်ာ။ သူတို႔ကို တနည္းနည္းနဲ႔ ခ်မ္းသာေအာင္ လုပ္ေပးႏိုင္တဲ့ နည္းလမ္းေလးမ်ား မရွိဘူးလား " လို႔ေမးလိုက္တယ္။

အဲဒီအခါ ပညာရွိႀကီးက " မင္းသူတို႔ကို တကယ္ ခ်မ္းသာေစခ်င္လား " လို႔ျပန္ေမးလိုက္တယ္။ အဲဒီအခါ တပည့္က " ဘယ္လိုေျပာလိုက္ပါလိမ့္ဆရာရယ္။ ခ်မ္းသာေစခ်င္တာ ေပါ့ဗ် " လို႔ျပန္ေျပာလိုက္တယ္။ အဲဒီအခါ ဆရာပညာရွိက "ဒါဆို သူတို႔ပိုင္တဲ့ ႏြားမကို ေခ်ာက္ထဲတြန္းခ်ၿပီး သတ္ေပးလိုက္ " လို႔ျပန္ေျပာတယ္။

အဲဒီအခါ တပည့္က " မဟုတ္တာဆရာရယ္၊ သူတို႔မွာ ပိုင္တာဆိုလို႔၊ ဒါေလးပဲ ရွိတာကို၊ ဒါေလး မရွိရင္ ဒုကၡေရာက္သြား မွာေပါ့ " လို႔ေျပာလိုက္တယ္။ အဲဒီအခါ ဆရာက " တကယ္ ခ်မ္းသာေစခ်င္ရင္၊ ငါေျပာတဲ့ အတိုင္းသာ လုပ္စမ္းကြာ " လို႔ ျပန္ေျပာလိုက္တယ္။

အဲဒီလိုနဲ႔ တပည့္ဟာ ေလးလံတဲ့ စိတ္ႏွလုံးနဲ႔ တဲပုပ္ေလး ရွိရာကို ျပန္လာတယ္။ အိမ္သားေတြ မသိေအာင္ သူတို႔ရဲ႕ ႏြားမေလးကို ေခ်ာက္ကမ္းပါး အစြန္းကို ဆြဲလာခဲ့တယ္။ အဲဒီေနာက္ေတာ့ သူဟာ ႏြားကို ေခ်ာက္ထဲ တြန္းခ်ၿပီး သတ္ခဲ့လိုက္တယ္။

အဲဒီလိုနဲ႔ ႏွစ္ေပါင္းမ်ားစြာ အၾကာမွာေတာ့ ဆရာတပည့္ႏွစ္ေယာက္ဟာ အဲဒီလမ္းအတိုင္းဘဲ ခရီးတေခါက္ ထြက္ခဲ့တယ္။ ဒီတႀကိမ္မွာေတာ့ သူတို႔ေတြဟာ အရင္တည္းခိုခဲ့ဖူးတဲ့ တဲပုပ္ေလးေနရာမွာ ေကာင္းမြန္သပ္ယပ္တဲ့ အိမ္တလုံးကို ေတြ႕ရတယ္။ အဲဒီအိမ္ေဘးမွာ မ်က္ေစ့တဆုံး က်ယ္ဝန္းတဲ့ သီးႏွံစိုက္ခင္းေတြနဲ႔ တကြ၊ ႏြားေပါင္း တဒါဇင္ေလာက္ ေမြးျမဴထားတဲ့ ႏြားတင္းကုပ္ႀကီးတခုကိုပါေတြ႕ၾကရတယ္။

အဲဒီအိမ္ထဲမွာလည္း တခ်ိန္က ဆင္းရဲခ်ိဳ႕တဲ့စြာ ေနခဲ့ရတဲ့ မိသားစုဟာ ေကာင္းမြန္သပ္ယပ္တဲ့ အဝတ္အစားေတြနဲ႔ တကြ ေပ်ာ္႐ႊင္ ၾကည္ႏူးေနၾကတာ ကိုလည္း ေတြ႕ရျပန္တယ္။ ဆရာတပည့္ႏွစ္ေယာက္ဟာ အရင္နည္းအတိုင္းပဲ အိမ္ရွင္ကို တဲခိုခြင့္ေတာင္းၿပီး တည္းခိုခဲ့တယ္။

ညစာစားအၿပီးမွာေတာ့ တပည့္လုပ္သူဟာ သူတို႔ ဘယ္လိုလုပ္ၿပီး ဒီလိုအေျခအေနကို ေရာက္လာလာလဲ ဆိုတဲ့ သိခ်င္စိတ္ကို ထိန္းမရတဲ့အတြက္ " အစ္ကို ခင္ဗ်ားတို႔မိသားစုဟာ အရင္က အင္မတန္ ဆင္းရဲ ခ်ိဳ႕တဲ့ခဲ့တယ္၊ ခုေတာ့ ေတာ္ေတာ္ေလး အဆင္ေျပေနပါလား၊ ဘယ္လိုျဖစ္ၿပီး ဒီဘ၀ ေရာက္သြားတယ္ဆိုတာ ေျပာျပပါလား အစ္ကို " လို႔ေမးလိုက္တယ္။

အဲဒီအခါ အိမ္ရွင္ေယာက္်ားက ဒီလိုျပန္ေျပာလိုက္တယ္ " ကြၽန္ေတာ္တို႔မွာ အရင္က ဆရာတို႔ သိတဲ့အတိုင္း ႏြားတေကာင္ ရွိတယ္ေလ။ ကံဆိုးခ်င္ေတာ့ ဆရာတို႔ႏွစ္ေယာက္ျပန္သြားတဲ့ ေန႔မွာပဲ အဲဒီႏြားေလးက ေခ်ာက္ထဲက်ၿပီး ေသသြားရွာတယ္။ ကြၽန္ေတာ္တို႔မိသားစု အရမ္းေသာက ေရာက္ခဲ့တာေပါ့ဗ်ာ။ ဒီႏြားေလးမွီခိုေနရတာကို၊ ႏြားကေသသြားေတာ့ ငါတို႔ေတာ့ ဒုကၡေရာက္ၿပီေပါ့။

ဒါေပမယ့္လည္း လူဆိုတာမ်ိဳးက ဒီအတိုင္း အေသခံပါ႐ိုးလား ဆရာရယ္။ ႏြားအားကိုးလို႔ မရေတာ့လည္း ကိုယ့္အား ကိုယ္ကိုးၾကရတာေပါ့။ တမိသားစုလုံး ညီတူညာတူ စိုက္ၾကပ်ိဳးၾက၊ ရရာအလုပ္ လုပ္ၾကနဲ႔ အသက္ရွင္ရပ္တည္ဖို႔ ႐ုန္းကန္ၾကရတာေပါ့။ အရင္ကေတာ့ တႏွစ္ၾကာေအာင္ အလုပ္လုပ္ ပိုက္ဆံစု ႏြားျပန္ဝယ္မယ္ေပါ့။

ဒါေပမယ့္ တႏွစ္ၾကာတဲ့အခါ အလုပ္လုပ္လို႔ရတဲ့ေငြက ႏြားတေကာင္တင္ မဟုတ္ဘူး ဆရာေရ၊ ႏြားသုံးေကာင္စာေလာက္ ဝယ္လို႔ ရေနတာကို ကြၽန္ေတာ္တို႔ သိလိုက္ရတယ္။ အဲဒါေၾကာင့္ ႏြားျပန္ဝယ္႐ုံတင္ မကဘူး ရွိသမွ်ေျမေတြ၊ စိုက္လို႔ရသမွ် ေျမေတြကို အကုန္စိုက္၊ လုပ္လို႔ရသမွ် အကုန္လုပ္နဲ႔ ဒီဘဝေရာက္လာတာပဲ၊ ေနာက္ေတာ့ ကြၽန္ေတာ္တို႔ အကုန္လုံး သေဘာေပါက္လာတယ္ ။ ဘာမွမလုပ္ရင္၊ ဘာမွမျဖစ္ဘူး။ တခုခုလုပ္ရင္။ တခုခုျဖစ္လာမယ္ေပါ့ဗ်ာ "

ကြၽန္ေတာ္တို႔လူသားတိုင္းဟာ Comfort Zone လို႔ ေခၚတဲ့ သက္ေတာင့္သက္သာ ေနရတဲ့ဘဝကိုသာ မွီတြယ္ေန၊ သာယာေနတဲ့သဘာဝရွိသူေတြပဲျဖစ္တယ္။ ဆိုလိုတာက သူဆင္းရဲမိသားစုဟာ ႏြားကိုမွီခိုေနရင္းနဲ႔ သူတို႔ဘဝကို ဒီထက္ ပိုမိုျမႇင့္တင္ ေကာင္းမြန္ေစဖို႔ သတိမရၾကသလို၊ ကြၽန္ေတာ္တို႔ေတြဟာလည္း လက္ရွိဘဝ ေရစီးေၾကာင္းထဲမွာသာ အလိုက္သင့္ေလး စီးဆင္း လိုက္ပါေနၾကသူမ်ားပဲ ျဖစ္တယ္။

အဲဒီလို အလိုက္သင့္ ေျမာပါေနရင္းနဲ႔ပဲ လက္ရွိဘဝထက္ ပိုမိုေကာင္းမြန္တဲ့ ဘဝတခု၊ ေအာင္ျမင္မႈတခုကို ႐ုန္းထြက္ႀကိဳးစားဖို႔ ေမ့ေလ်ာ့ေနၾကပါတယ္ ။

သူဆင္းရဲ မိသားစုဟာ ေန႔စဥ္ရရွိတဲ့ ႏြားႏို႔ေလးကိုသာ အမွီျပဳေနတာေၾကာင့္ ပိုမိုျပည့္စုံတဲ့ ဘဝနဲ႔ ေဝးကြာေနၾကရသလို ကြၽန္ေတာ္တို႔ေတြဟာလည္း လတ္တေလာ ရရွိေနတဲ့ အေျခအေနမွာသာ မိန္းေမာလိုက္ပါရင္း ဘဝကိုေဖာက္ထြက္ဖို႔၊ ေအာင္ျမင္ျခင္းကို အရယူဖို႔ အားထုတ္ေလ့၊ ႀကိဳးပမ္းေလ့ မရွိၾကပါဘူး ။

ကြၽန္ေတာ္တို႔ဟာ မိမိရဲ႕ comfort zone ကို မွီခိုတတ္၊ မိန္းေမာတတ္တဲ့ သဘာဝကို ဆင္ျခင္သင့္လွပါတယ္။ " ငါဟာ ဒီထက္ပိုၿပီးေကာင္းတဲ့ဘဝကို ဦးတည္ေနသူလား၊ ဒီဘဝနဲ႔ပဲ တသက္လုံး အ႐ိုးထုတ္ရမယ့္ သူလား " ဆိုတဲ့ အေတြးနဲ႔ မိမိကိုယ္ကို ဆန္းစစ္သင့္ ပါတယ္ ။

ကြၽန္ေတာ္တို႔ဟာ "ႏြား" ကို ေခ်ာက္ထဲ တြန္းခ်ပစ္ဖို႔ လိုအပ္ေနသူမ်ားပဲ ျဖစ္တယ္ ။ လက္ရွိဘဝမွ ႐ုန္းကန္ ေဖာက္ထြက္ႏိုင္ၾက ပါေစ။

Crd

Post a Comment

0 Comments