နွားကျောင်းသားဘဝမှ သူဌေး ဖြစ်လာခဲ့သူ

အလွန်ဆင်းရဲတဲ့ မိသားစုတခုမှာ မွေးဖွားခဲ့တဲ့ ကောင်လေးတယောက်ဟာ မိဘကို ကူညီဖို့ နွားကျောင်းတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့တယ်။ အဲ့ဒီကောင်လေးရဲ့ တခြားကလေးတွေနဲ့ မတူတဲ့ အချက်ကတော့ စာဖတ်ဝါသနာ ကြီးလွန်းတဲ့ အချက် ပါပဲ။ သူဟာ နွားကျောင်းရင်း ရတဲ့ အချိန်ကို စာဖတ်ပါတယ်။ အိမ်ခြေနည်းပြီး ဆင်းရဲတဲ့ ရွာလေးမှာ မွေးခဲ့ပြန်တော့ စာဖတ်ချင်ရင်တောင် စာအုပ်က ရွှေထက်ရှားတယ် ။

ကောင်လေးဟာ ရွာထဲက အိမ်တအိမ်မှာ စာအုပ်ရှိတယ် ဆိုတဲ့ သတင်းကို ကြားတာနဲ့ အဲ့ဒီအိမ်ကို သွားပြီး စာအုပ်ငှါးဖို့ ကြိုးစားတယ် ။ ဒီတိုင်းငှါးရင် မငှါးမှာ စိုးရိမ်တဲ့အတွက် အဲ့ဒီအိမ်ရဲ့ ထင်းခွဲရေခပ် စတဲ့ အလုပ်တွေကို ကူလုပ်ပေပြီးမှ အိမ်ရှင်ဆီက စာအုပ်ကို ငှါးခဲ့ပါတယ် ။ အဲ့ဒီလောက်ထိ ကောင်လေးဟာ စာဖတ် ဝါသနာ ကြီးခဲ့ပါတယ် ။ စာဖတ်ဝါသနာကြောင့် ကောင်လေးရဲ့ ဘဝကို ပြောင်းလဲစေဖို့ တွန်းအား ပေးခဲ့တာ ကလည်း စာရွက်လေး တရွက်ကြောင့်ပါပဲ။

တနေ့မှာတော့ ကောင်လေးဟာ နွားကျောင်းနေရင်း စာရွက်လေး တရွက် ခြုံပေါ်မှာ တင်နေတာကို တွေ့ခဲ့တယ် ။ စာဖတ်ဝါသနာ ကြီးတဲ့ ကောင်လေးဟာ ခြုံပေါ်က စာရွက်လေးကို လှမ်းယူလိုက်တာပေါ့။ အဲ့ဒီစာရွက်လေးဟာလည်း ဆီကျော်မုန့် တခုခု ထည့်ထားတဲ့ စာရွက်လေး ဖြစ်ဟန် တူတယ် ။ ဆီတွေက ပေကျံနေပြီး ပုရွက်ဆိတ်တွေလည်း တက်လို့ပေါ့။ ကောင်လေးဟာ ပုရွက်ဆိတ်တွေကို ခါချပြီး သစ်ပင်ရိပ် တခုမှာ ထိုင်ရင်း စာရွက်လေးကို ဖတ်ပါတယ် ။

စာရွက်လေးမှာ ရေးထားတဲ့ အောင်မြင်ရေး ဆောင်းပါးတပုဒ် ထဲက စာအပိုင်းအစလေး တခုက ကောင်လေးကို ဆွဲဆောင်ခဲ့ ပါတယ် ။ အဲ့စာလေး တကြောင်းကတော့ လယ်ကွင်းထဲမှာ ပုစွန်လုံး နှိုက်နေတဲ့ ခလေးတယောက်ဟာ တနေ့ နိုင်ငံ့ခေါင်း ဆောင် မဖြစ်နိုင်ပါဘူး လို့ ဘယ်သူ ပြောနိုင်မှာလဲ ဆိုတဲ့ စာကြောင်းလေးပါ ။

အဲဒီစာကြောင်းလေး ဖတ်ပြီးနောက် ကောင်လေးဟာ စိတ်ဓာတ်တွေ တက်ကြွလာ ပါတယ် ။ ပုစွန်လုံးနှိုက်တဲ့ သူကတောင် နိုင်ငံခေါင်းဆောင် ဖြစ်နိုင်ရင် ငါက ဘာလို့ သူဋ္ဌေးကြီး မဖြစ်နိုင်ရမှာလဲ ဆိုတဲ့ အတွေးနဲ့ မွေးရပ်မြေကို စွန့်ခွာပြီး မြို့ကို တက်ဖို့ စိတ်ကူးရခဲ့ ပါတယ် ။

ဆင်းရဲတဲ့ သူ့မိခင်ဖြစ်သူ ကိုလည်း မှာခဲ့သေးပါတယ် ။ ဒီအချိန်မှာ အမေဆင်းရဲနေလို့ ပန်ကန်ပြား မပါပဲ ဖက်နဲ့ ထမင်းစားရ ရင်တောင် အားမငယ်ပါနဲ့ ။ တနေ့ သားချမ်းသာလာတဲ့အခါ အမေကို ရွေပန်းကန်နဲ့ ကျွေးပါ့မယ်လို့ ပြောပြီး မြို့ကို တက်လာခဲ့တယ်။ လက်ထဲမှာတော့ မိခင်ပေးလိုက်တဲ့ ငွေ ၃၅ ကျပ် ပါလာခဲ့ပါတယ်။

ကောင်လေးဟာ သူ့အိမ်မက်တွေကိုအကောင်အထည် ဖော်ဖို့ ပညာရပ် တခုခု သင်ထားမှ ဖြစ်မယ် ဆိုတဲ့ အတွေးနဲ့ ကိုယ့်ထက် နားလည် တက်ကျွမ်းတဲ့ သူတွေကို ချဉ်းကပ်ပြီး အကြံဉာဏ် တောင်းခဲ့တယ် ။ ဒီလိုနဲ့ပဲ အရမ်းအဖိုးတန်တဲ့ အကြံကောင်းတခု ဆရာသမားတယောက်ဆီကနေ ရလိုက်တယ် ။ အဲ့ဒါကတော့ ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်တဲ့ လူတယောက်ဟာ ကိုယ် ပိုင်လုပ်ငန်း ထူထောင်နိုင်မယ့် အတက်ပညာရပ် တခုခုကို သင်ယူရမယ် ဆိုတဲ့ အကြံဉာဏ်ပါ ။

ဒီလိုနဲ့ ကောင်လေးဟာ ကားဝပ်ရှော့စ် တခုမှာ စက်ပြင်ပညာ သင်ကြားခွင့် ရဖို့အတွက် ကြိုးစားခဲ့တယ်။ ဝပ်ရှော့စ်ဆရာက ကောင်လေးရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး ပင်ပန်းတဲ့ စက်ပြင်ပညာကို ကြာရှည်လုပ်နိုင်မယ် မထင်တဲ့အတွက် အလုပ်မခန့်ခဲ့ ပါဘူး ။ ဒါပေမယ့်ကောင်လေးဟာ ဘယ်လောက်ပဲ ပင်ပန်းပါစေ သူလုပ်နိုင်တယ် ဖြစ်ကြောင်းနဲ့ စက်ပြင်ပညာကိုလည်း ၁၀ နှစ် ကြာတဲ့အထိ သင်ယူလေ့လာမယ် ဖြစ်ကြောင်းကို ရဲရဲဝင့်ဝင့် ပြောခဲ့ပါတယ် ။

ကောင်လေး ရည်ရွယ်ထားတာက သူ့အသက် ၁၅ နှစ် မှာ စက်ပြင်ပညာကို စတင်သင်ကြားပြီး အသက်၂၅ နှစ်မှာ ကိုယ်ပိုင်ဝပ်ရှော့စ် တခုကိုထူထောင်မယ် ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်လည်း အခုလို ကတိပေးလိုက်တာ ဖြစ်တယ် ။ ကောင်လေးရဲ့ ကတိစကားကို စက်ပြင်ဆရာကလည်း လက်ခံလိုက်ပါတယ် ။

ဒီလိုနဲ့ စက်ပြင်ပညာကို သင်ကြားရင်း ၉ နှစ် ကျော် အကြာ သူ့အသက် ၂၄ နှစ် အရွယ်မှာ ဆရာ့ဆီက ခွဲထွက်ပြီး ကိုယ်ပိုင်ဝပ်ရှော့စ် တခုကို ထူထောင်ခဲ့ပါတယ် ။ ဇွဲကောင်းသလို တီထွင်ဉာဏ်ပါ ကောင်းတဲ့ လူငယ်မှာ ဝပ်ရှော့စ်လုပ်ငန်းကနေ မီးစက်တွေ ၊ ကားတွေကိုပါ ပြည်တွင်းမှာ ထုတ်လုပ် ရောင်းချနိုင်တဲ့ အထိ အဆင့်ဆင့် တိုးချဲ့ လုပ်ကိုင်နိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ သူဖြစ်ချင်ခဲ့တဲ့ သူဋ္ဌေးကြီးတဦး ဖြစ်လာခဲ့ပါပြီ ။

ကောင်လေးဟာ သူ့ရဲ့ ကတိစကား အတိုင်းပဲ မိခင်ဖြစ်သူကို ရွှေပန်းကန် ၊ ရွှေဇွန်းနဲ့လည်း ထမင်းကျွေးနိုင် ခဲ့ပါတယ် ။ ဒီဇာတ်လမ်းလေး ကတော့ ပုံပြင် မဟုတ်ခဲ့ ပါဘူး ။ ဒါကတော့ UD လုပ်ငန်းစုရဲ့ တည်ထောင်သူ ဦးခင်မောင်ဝင်းရဲ့ ဖြစ်ရပ်မှန် ဇာတ်ကြောင်းပဲ ဖြစ်ပါတယ်။ မန္တလာသူ မန္တလာသားတွေ ကတော့ သိလောက်မှာပါ ။

crd

Zawgyi

ႏြားေက်ာင္းသားဘဝမွ သူေဌး ျဖစ္လာခဲ့သူ

အလြန္ဆင္းရဲတဲ့ မိသားစုတခုမွာ ေမြးဖြားခဲ့တဲ့ ေကာင္ေလးတေယာက္ဟာ မိဘကို ကူညီဖို႔ ႏြားေက်ာင္းတဲ့ အလုပ္ကို လုပ္ကိုင္ခဲ့တယ္။ အဲ့ဒီေကာင္ေလးရဲ႕ တျခားကေလးေတြနဲ႔ မတူတဲ့ အခ်က္ကေတာ့ စာဖတ္ဝါသနာ ႀကီးလြန္းတဲ့ အခ်က္ ပါပဲ။ သူဟာ ႏြားေက်ာင္းရင္း ရတဲ့ အခ်ိန္ကို စာဖတ္ပါတယ္။ အိမ္ေျခနည္းၿပီး ဆင္းရဲတဲ့ ႐ြာေလးမွာ ေမြးခဲ့ျပန္ေတာ့ စာဖတ္ခ်င္ရင္ေတာင္ စာအုပ္က ေ႐ႊထက္ရွားတယ္ ။

ေကာင္ေလးဟာ ႐ြာထဲက အိမ္တအိမ္မွာ စာအုပ္ရွိတယ္ ဆိုတဲ့ သတင္းကို ၾကားတာနဲ႔ အဲ့ဒီအိမ္ကို သြားၿပီး စာအုပ္ငွါးဖို႔ ႀကိဳးစားတယ္ ။ ဒီတိုင္းငွါးရင္ မငွါးမွာ စိုးရိမ္တဲ့အတြက္ အဲ့ဒီအိမ္ရဲ႕ ထင္းခြဲေရခပ္ စတဲ့ အလုပ္ေတြကို ကူလုပ္ေပၿပီးမွ အိမ္ရွင္ဆီက စာအုပ္ကို ငွါးခဲ့ပါတယ္ ။ အဲ့ဒီေလာက္ထိ ေကာင္ေလးဟာ စာဖတ္ ဝါသနာ ႀကီးခဲ့ပါတယ္ ။ စာဖတ္ဝါသနာေၾကာင့္ ေကာင္ေလးရဲ႕ ဘဝကို ေျပာင္းလဲေစဖို႔ တြန္းအား ေပးခဲ့တာ ကလည္း စာ႐ြက္ေလး တ႐ြက္ေၾကာင့္ပါပဲ။

တေန႔မွာေတာ့ ေကာင္ေလးဟာ ႏြားေက်ာင္းေနရင္း စာ႐ြက္ေလး တ႐ြက္ ၿခဳံေပၚမွာ တင္ေနတာကို ေတြ႕ခဲ့တယ္ ။ စာဖတ္ဝါသနာ ႀကီးတဲ့ ေကာင္ေလးဟာ ၿခဳံေပၚက စာ႐ြက္ေလးကို လွမ္းယူလိုက္တာေပါ့။ အဲ့ဒီစာ႐ြက္ေလးဟာလည္း ဆီေက်ာ္မုန႔္ တခုခု ထည့္ထားတဲ့ စာ႐ြက္ေလး ျဖစ္ဟန္ တူတယ္ ။ ဆီေတြက ေပက်ံေနၿပီး ပု႐ြက္ဆိတ္ေတြလည္း တက္လို႔ေပါ့။ ေကာင္ေလးဟာ ပု႐ြက္ဆိတ္ေတြကို ခါခ်ၿပီး သစ္ပင္ရိပ္ တခုမွာ ထိုင္ရင္း စာ႐ြက္ေလးကို ဖတ္ပါတယ္ ။

စာ႐ြက္ေလးမွာ ေရးထားတဲ့ ေအာင္ျမင္ေရး ေဆာင္းပါးတပုဒ္ ထဲက စာအပိုင္းအစေလး တခုက ေကာင္ေလးကို ဆြဲေဆာင္ခဲ့ ပါတယ္ ။ အဲ့စာေလး တေၾကာင္းကေတာ့ လယ္ကြင္းထဲမွာ ပုစြန္လုံး ႏႈိက္ေနတဲ့ ခေလးတေယာက္ဟာ တေန႔ ႏိုင္ငံ့ေခါင္း ေဆာင္ မျဖစ္ႏိုင္ပါဘူး လို႔ ဘယ္သူ ေျပာႏိုင္မွာလဲ ဆိုတဲ့ စာေၾကာင္းေလးပါ ။

အဲဒီစာေၾကာင္းေလး ဖတ္ၿပီးေနာက္ ေကာင္ေလးဟာ စိတ္ဓာတ္ေတြ တက္ႂကြလာ ပါတယ္ ။ ပုစြန္လုံးႏႈိက္တဲ့ သူကေတာင္ ႏိုင္ငံေခါင္းေဆာင္ ျဖစ္ႏိုင္ရင္ ငါက ဘာလို႔ သူေ႒းႀကီး မျဖစ္ႏိုင္ရမွာလဲ ဆိုတဲ့ အေတြးနဲ႔ ေမြးရပ္ေျမကို စြန႔္ခြာၿပီး ၿမိဳ႕ကို တက္ဖို႔ စိတ္ကူးရခဲ့ ပါတယ္ ။

ဆင္းရဲတဲ့ သူ႔မိခင္ျဖစ္သူ ကိုလည္း မွာခဲ့ေသးပါတယ္ ။ ဒီအခ်ိန္မွာ အေမဆင္းရဲေနလို႔ ပန္ကန္ျပား မပါပဲ ဖက္နဲ႔ ထမင္းစားရ ရင္ေတာင္ အားမငယ္ပါနဲ႔ ။ တေန႔ သားခ်မ္းသာလာတဲ့အခါ အေမကို ေ႐ြပန္းကန္နဲ႔ ေကြၽးပါ့မယ္လို႔ ေျပာၿပီး ၿမိဳ႕ကို တက္လာခဲ့တယ္။ လက္ထဲမွာေတာ့ မိခင္ေပးလိုက္တဲ့ ေငြ ၃၅ က်ပ္ ပါလာခဲ့ပါတယ္။

ေကာင္ေလးဟာ သူ႔အိမ္မက္ေတြကိုအေကာင္အထည္ ေဖာ္ဖို႔ ပညာရပ္ တခုခု သင္ထားမွ ျဖစ္မယ္ ဆိုတဲ့ အေတြးနဲ႔ ကိုယ့္ထက္ နားလည္ တက္ကြၽမ္းတဲ့ သူေတြကို ခ်ဥ္းကပ္ၿပီး အႀကံဉာဏ္ ေတာင္းခဲ့တယ္ ။ ဒီလိုနဲ႔ပဲ အရမ္းအဖိုးတန္တဲ့ အႀကံေကာင္းတခု ဆရာသမားတေယာက္ဆီကေန ရလိုက္တယ္ ။ အဲ့ဒါကေတာ့ ကိုယ္ပိုင္လုပ္ငန္း လုပ္ခ်င္တဲ့ လူတေယာက္ဟာ ကိုယ္ ပိုင္လုပ္ငန္း ထူေထာင္ႏိုင္မယ့္ အတက္ပညာရပ္ တခုခုကို သင္ယူရမယ္ ဆိုတဲ့ အႀကံဉာဏ္ပါ ။

ဒီလိုနဲ႔ ေကာင္ေလးဟာ ကားဝပ္ေရွာ့စ္ တခုမွာ စက္ျပင္ပညာ သင္ၾကားခြင့္ ရဖို႔အတြက္ ႀကိဳးစားခဲ့တယ္။ ဝပ္ေရွာ့စ္ဆရာက ေကာင္ေလးရဲ႕ ေသးငယ္တဲ့ ခႏၶာကိုယ္ကို ၾကည့္ၿပီး ပင္ပန္းတဲ့ စက္ျပင္ပညာကို ၾကာရွည္လုပ္ႏိုင္မယ္ မထင္တဲ့အတြက္ အလုပ္မခန႔္ခဲ့ ပါဘူး ။ ဒါေပမယ့္ေကာင္ေလးဟာ ဘယ္ေလာက္ပဲ ပင္ပန္းပါေစ သူလုပ္ႏိုင္တယ္ ျဖစ္ေၾကာင္းနဲ႔ စက္ျပင္ပညာကိုလည္း ၁၀ ႏွစ္ ၾကာတဲ့အထိ သင္ယူေလ့လာမယ္ ျဖစ္ေၾကာင္းကို ရဲရဲဝင့္ဝင့္ ေျပာခဲ့ပါတယ္ ။

ေကာင္ေလး ရည္႐ြယ္ထားတာက သူ႔အသက္ ၁၅ ႏွစ္ မွာ စက္ျပင္ပညာကို စတင္သင္ၾကားၿပီး အသက္၂၅ ႏွစ္မွာ ကိုယ္ပိုင္ဝပ္ေရွာ့စ္ တခုကိုထူေထာင္မယ္ ဆိုတဲ့ ရည္႐ြယ္ခ်က္ေၾကာင့္လည္း အခုလို ကတိေပးလိုက္တာ ျဖစ္တယ္ ။ ေကာင္ေလးရဲ႕ ကတိစကားကို စက္ျပင္ဆရာကလည္း လက္ခံလိုက္ပါတယ္ ။

ဒီလိုနဲ႔ စက္ျပင္ပညာကို သင္ၾကားရင္း ၉ ႏွစ္ ေက်ာ္ အၾကာ သူ႔အသက္ ၂၄ ႏွစ္ အ႐ြယ္မွာ ဆရာ့ဆီက ခြဲထြက္ၿပီး ကိုယ္ပိုင္ဝပ္ေရွာ့စ္ တခုကို ထူေထာင္ခဲ့ပါတယ္ ။ ဇြဲေကာင္းသလို တီထြင္ဉာဏ္ပါ ေကာင္းတဲ့ လူငယ္မွာ ဝပ္ေရွာ့စ္လုပ္ငန္းကေန မီးစက္ေတြ ၊ ကားေတြကိုပါ ျပည္တြင္းမွာ ထုတ္လုပ္ ေရာင္းခ်ႏိုင္တဲ့ အထိ အဆင့္ဆင့္ တိုးခ်ဲ႕ လုပ္ကိုင္ႏိုင္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ သူျဖစ္ခ်င္ခဲ့တဲ့ သူေ႒းႀကီးတဦး ျဖစ္လာခဲ့ပါၿပီ ။

ေကာင္ေလးဟာ သူ႔ရဲ႕ ကတိစကား အတိုင္းပဲ မိခင္ျဖစ္သူကို ေ႐ႊပန္းကန္ ၊ ေ႐ႊဇြန္းနဲ႔လည္း ထမင္းေကြၽးႏိုင္ ခဲ့ပါတယ္ ။ ဒီဇာတ္လမ္းေလး ကေတာ့ ပုံျပင္ မဟုတ္ခဲ့ ပါဘူး ။ ဒါကေတာ့ UD လုပ္ငန္းစုရဲ႕ တည္ေထာင္သူ ဦးခင္ေမာင္ဝင္းရဲ႕ ျဖစ္ရပ္မွန္ ဇာတ္ေၾကာင္းပဲ ျဖစ္ပါတယ္။ မႏၲလာသူ မႏၲလာသားေတြ ကေတာ့ သိေလာက္မွာပါ ။

crd

Post a Comment

0 Comments