မိုင်းရှာခွေးများကို ကိုဗစ် ၁၉ ဗိုင်းရပ်စ်အနံ့ခံတတ်အောင် လေ့ကျင့်ပေး

ကိုဗစ် ၁၉ ကို စစ်ဆေးဖို့အတွက် အများဆုံး သုံးတဲ့နည်းလမ်းက အာခေါင်ကို ထိုးစစ်တာနဲ့ နှာခေါင်းအတွင်း ထိုးစစ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာက ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကို စစ်ဆေးဖို့အတွက် တခြားနည်းလမ်းတွေကို ရှာဖွေဖို့ ကြိုးစားခဲ့ကြပါတယ်။ ထိုင်းနိုင်ငံက သုတေသီတွေကတော့ ချိုင်းကြားကချွေးနဲ့ စမ်းသပ်နိုင်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံထဲမှာ ကြေငြာခဲ့ပါတယ်။

အခုအချိန်မှာတော့ ကမ္ဘောဒီးယားနိုင်ငံက အာဏာပိုင်တွေက မိုင်းရှာခွေးတွေကို ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကို အနံ့ခံတတ်အောင် လေ့ကျင့်ပေးတာ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ Phnom Penh Post ရဲ့အဆိုအရ Cambodia Mine Action Center (CMAC) ဟာ ဇူလိုင်လ အစောပိုင်းကနေ စပြီးတော့ ဘယ်လ်ဂျီယံ Malinois ခွေး၁၂ ကောင်ကို လေ့ကျင့်သင်ကြား ပေးခဲ့တယ်လို့ ပြောပါတယ်။

CMAC ညွှန်ကြားရေးမှူးချုပ် Heng Ratana ကတော့ ကျန်းမာရေး သိပ္ပံတက္ကသိုလ်ဟာ ခွေးတွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ အနံ့ဆိုးတွေ ထွက်စေတဲ့ မတည်ငြိမ်တဲ့ အော်ဂဲနစ်ဓာတုပစ္စည်းများ နမူနာကို ထောက်ပံ့ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Ratana ရဲ့အဆိုအရ ခွေးတွေဟာ ကူးစက်လူနာ တစ်ဦးထံမှ ကိုဗစ် ၁၉ အနံ့ကို ခံနိုင်တယ်။ အနာဂတ်မှာလည်း ဒီလိုမျိုး ခွေးတွေကို အသုံးပြုပြီးတော့ ရောဂါတွေကို ဆက်လက် ရှာသွားဖို့ရှိတယ်လို့ ပြောပါတယ်။

Svay Rieng ပြည်နယ်ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး Ke Ratha ကလေ့ကျင့်သင်ကြားထားတဲ့ ခွေးတွေဟာ ကိုဗစ် ၁၉ ဗိုင်းရပ်စ်အနံ့ကို သိနိုင်ပေမယ့်လည်း ကိုဗစ် ၁၉ ကူးစက်ခံရတယ် လို့ သံသယရှိတဲ့သူတွေကို စမ်းသပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“ ဒါဟာ မိုင်းရှာခွေး တစ်ကောင်က မိုင်းရှာနေတာနဲ့ တူတူပါပဲ။ မိုင်းကိုတွေ့ရင်တော့ နည်းပညာအရာရှိက မိုင်းကိုဖြုတ်ပြီးတော့ ကိုဗစ် ၁၉ ကို တွေ့ရင်တော့ ဆရာဝန်တွေက အဲ့လူနာကို စမ်းသပ်ကုသမှာပဲ ဖြစ်ပါတယ်။ "

ခွေးတွေဟာ လေ့ကျင့်ရေးစခန်းမှာ လေ့ကျင့်တာ အချိန်ခဏပဲ ရှိသေးပေမယ့်လည်း တိုးတက်တာကတော့ မြန်ပါတယ်။ ဖော်ပြချက်တွေအရတော့ ထိုခွေးလေးကောင်ဟာ ဘယ်နေရာမှာဖြစ်ဖြစ် ရှိနေတဲ့အနံ့ကို အချိန်ခဏအတွင်း ခံနိုင်ပါတယ်။

ခွေးလေးတွေကို လေ့ကျင့်သင်ကြားပေးတဲ့ ခွေးသင်တန်းဆရာ Khom Sokly ကတော့ “ အချိန်နှစ်လခွဲလေး အတွင်းမှာပဲ ခွေးတွေရဲ့ ရောဂါပိုးကို ရှာနိုင်စွမ်းက တော်တော်ကို တိုးတက်လာပြီးတော့ အောင်မြင်မှု အစောပိုင်းရဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်” လို့ ဆိုပါတယ်။

“ အနာဂတ်မှာခွေးတွေဟာ ကိုဗစ် ၁၉ ကာကွယ်တာ ဒါမှမဟုတ် လျှော့ချတာတွေမှာ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”

ဒီတွေ့ရှိမှုဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေး လက်နက်တစ်ခုအနေနှင့် များစွာအကျိုးရှိ ပါတယ်။ စက်တင်ဘာ ၂၈ ရက်အထိ တစ်နိုင်ငံလုံးရဲ့ ၆၆ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးအပြည့် ထိုးပြီးပြီပဲ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိက ပြဿနာဟာ မြေမြှုပ်မိုင်းတွေ အများအပြား ရှိနေခြင်းပါ။ ကမ္ဘောဒီးယားနိုင်ငံဟာ ပြည်တွင်းစစ်ပွဲတွေနဲ့ အမေရိကန်ရဲ့ ဗုံးကြဲမှုတွေကြောင့် ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး ဗုံးကြဲမိုင်းခွဲတဲ့ နိုင်ငံများအနက် တစ်ခုအဖြစ် ပါဝင်နေပါတယ်။

sniffer ဆိုတဲ့ မိုင်းရှာခွေးတွေဟာ မိုင်းရှာရုံသာမက အခုအချိန်မှာ ကိုဗစ် ၁၉ ရောဂါပိုးကိုတောင် အနံ့ခံပြီး ရှာလာနိုင်နေပြီပဲ ဖြစ်ပါတယ်။

Zombie (Lovemedia)

for zawgyi

မိုင္းရွာေခြးမ်ားကို ကိုဗစ္ ၁၉ ဗိုင္းရပ္စ္အနံ႔ခံတတ္ေအာင္ ေလ့က်င့္ေပး

ကိုဗစ္ ၁၉ ကို စစ္ေဆးဖို႔အတြက္ အမ်ားဆုံး သုံးတဲ့နည္းလမ္းက အာေခါင္ကို ထိုးစစ္တာနဲ႔ ႏွာေခါင္းအတြင္း ထိုးစစ္ျခင္းပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ႏိုင္ငံတကာက ကိုဗစ္ ၁၉ ဗိုင္းရပ္စ္ကို စစ္ေဆးဖို႔အတြက္ တျခားနည္းလမ္းေတြကို ရွာေဖြဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။ ထိုင္းႏိုင္ငံက သုေတသီေတြကေတာ့ ခ်ိဳင္းၾကားကေခြၽးနဲ႔ စမ္းသပ္ႏိုင္ၿပီ ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံထဲမွာ ေၾကျငာခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ ကေမာၻဒီးယားႏိုင္ငံက အာဏာပိုင္ေတြက မိုင္းရွာေခြးေတြကို ကိုဗစ္ ၁၉ ဗိုင္းရပ္စ္ကို အနံ႔ခံတတ္ေအာင္ ေလ့က်င့္ေပးတာ ေအာင္ျမင္ခဲ့တယ္လို႔ ဆိုပါတယ္။ Phnom Penh Post ရဲ႕အဆိုအရ Cambodia Mine Action Center (CMAC) ဟာ ဇူလိုင္လ အေစာပိုင္းကေန စၿပီးေတာ့ ဘယ္လ္ဂ်ီယံ Malinois ေခြး၁၂ ေကာင္ကို ေလ့က်င့္သင္ၾကား ေပးခဲ့တယ္လို႔ ေျပာပါတယ္။

CMAC ၫႊန္ၾကားေရးမႉးခ်ဳပ္ Heng Ratana ကေတာ့ က်န္းမာေရး သိပၸံတကၠသိုလ္ဟာ ေခြးေတြကို ေလ့က်င့္ေပးတဲ့ ေနရာမွာ အနံ႔ဆိုးေတြ ထြက္ေစတဲ့ မတည္ၿငိမ္တဲ့ ေအာ္ဂဲနစ္ဓာတုပစၥည္းမ်ား နမူနာကို ေထာက္ပံ့ေပးခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Ratana ရဲ႕အဆိုအရ ေခြးေတြဟာ ကူးစက္လူနာ တစ္ဦးထံမွ ကိုဗစ္ ၁၉ အနံ႔ကို ခံႏိုင္တယ္။ အနာဂတ္မွာလည္း ဒီလိုမ်ိဳး ေခြးေတြကို အသုံးျပဳၿပီးေတာ့ ေရာဂါေတြကို ဆက္လက္ ရွာသြားဖို႔ရွိတယ္လို႔ ေျပာပါတယ္။

Svay Rieng ျပည္နယ္က်န္းမာေရးဌာန ၫႊန္ၾကားေရးမႉး Ke Ratha ကေလ့က်င့္သင္ၾကားထားတဲ့ ေခြးေတြဟာ ကိုဗစ္ ၁၉ ဗိုင္းရပ္စ္အနံ႔ကို သိႏိုင္ေပမယ့္လည္း ကိုဗစ္ ၁၉ ကူးစက္ခံရတယ္ လို႔ သံသယရွိတဲ့သူေတြကို စမ္းသပ္ဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္။

“ ဒါဟာ မိုင္းရွာေခြး တစ္ေကာင္က မိုင္းရွာေနတာနဲ႔ တူတူပါပဲ။ မိုင္းကိုေတြ႕ရင္ေတာ့ နည္းပညာအရာရွိက မိုင္းကိုျဖဳတ္ၿပီးေတာ့ ကိုဗစ္ ၁၉ ကို ေတြ႕ရင္ေတာ့ ဆရာဝန္ေတြက အဲ့လူနာကို စမ္းသပ္ကုသမွာပဲ ျဖစ္ပါတယ္။ "

ေခြးေတြဟာ ေလ့က်င့္ေရးစခန္းမွာ ေလ့က်င့္တာ အခ်ိန္ခဏပဲ ရွိေသးေပမယ့္လည္း တိုးတက္တာကေတာ့ ျမန္ပါတယ္။ ေဖာ္ျပခ်က္ေတြအရေတာ့ ထိုေခြးေလးေကာင္ဟာ ဘယ္ေနရာမွာျဖစ္ျဖစ္ ရွိေနတဲ့အနံ႔ကို အခ်ိန္ခဏအတြင္း ခံႏိုင္ပါတယ္။

ေခြးေလးေတြကို ေလ့က်င့္သင္ၾကားေပးတဲ့ ေခြးသင္တန္းဆရာ Khom Sokly ကေတာ့ “ အခ်ိန္ႏွစ္လခြဲေလး အတြင္းမွာပဲ ေခြးေတြရဲ႕ ေရာဂါပိုးကို ရွာႏိုင္စြမ္းက ေတာ္ေတာ္ကို တိုးတက္လာၿပီးေတာ့ ေအာင္ျမင္မႈ အေစာပိုင္းရဲ႕ ထိပ္ဆုံးမွာ ရွိေနပါတယ္” လို႔ ဆိုပါတယ္။

“ အနာဂတ္မွာေခြးေတြဟာ ကိုဗစ္ ၁၉ ကာကြယ္တာ ဒါမွမဟုတ္ ေလွ်ာ့ခ်တာေတြမွာ ပါဝင္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ”

ဒီေတြ႕ရွိမႈဟာ ကေမာၻဒီးယားႏိုင္ငံရဲ႕ ဗိုင္းရပ္စ္တိုက္ဖ်က္ေရး လက္နက္တစ္ခုအေနႏွင့္ မ်ားစြာအက်ိဳးရွိ ပါတယ္။ စက္တင္ဘာ ၂၈ ရက္အထိ တစ္ႏိုင္ငံလုံးရဲ႕ ၆၆ ရာခိုင္ႏႈန္းဟာ ကာကြယ္ေဆးအျပည့္ ထိုးၿပီးၿပီပဲ ျဖစ္ပါတယ္။ ကေမာၻဒီးယားႏိုင္ငံရဲ႕ အဓိက ျပႆနာဟာ ေျမျမႇဳပ္မိုင္းေတြ အမ်ားအျပား ရွိေနျခင္းပါ။ ကေမာၻဒီးယားႏိုင္ငံဟာ ျပည္တြင္းစစ္ပြဲေတြနဲ႔ အေမရိကန္ရဲ႕ ဗုံးႀကဲမႈေတြေၾကာင့္ ကမာၻေပၚမွာ အျပင္းထန္ဆုံး ဗုံးႀကဲမိုင္းခြဲတဲ့ ႏိုင္ငံမ်ားအနက္ တစ္ခုအျဖစ္ပါဝင္ေနပါတယ္။

sniffer ဆိုတဲ့ မိုင္းရွာေခြးေတြဟာ မိုင္းရွာ႐ုံသာမက အခုအခ်ိန္မွာ ကိုဗစ္ ၁၉ ေရာဂါပိုးကိုေတာင္ အနံ႔ခံၿပီး ရွာလာႏိုင္ေနၿပီပဲ ျဖစ္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments