ကျေးဇူးကန်းသော လင်မယား

တခါတုန်းက ရွာတရွာမှာ အလွန် သဘောကောင်းတဲ့ တောင်သူကြီး တယောက်ရှိတယ်။ သူဟာ လူတဖက်သားကိုလည်း အလွန်သနားတတ်ပါသတဲ့။ တနေ့တော့ နေစရာထိုင်စရာ မရှိလို့ ယောင်ချာချာဖြစ်နေတဲ့ လင်မယားနှစ်ယောက်ကို ခေါ်လာပြီး သူ့ယာတဲလေးမှာ နေထိုင်ခွင့် ပေးထားပါသတဲ့။

ဆန် နဲ့ ဆီ၊ ဟင်းချက်စရာ တွေကိုလည်း တလစာလောက် ပေးလိုက်ပါသေးတယ်။ နေစရာတဲလေးကလည်း အဆင်သင့်ပါပဲ။ တဧကကျော်လောက်ရှိတဲ့ ယာကွက်ထဲမှာ သီးနှံလေးတွေကိုလည်း စိုက်ခွင့်ပေးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အိုစာမင်းစာအတွက် ဆိုပြီး စိန်တလုံး သရက်ပင်၊ သံပုရာပင်နဲ့ ပိန္နဲပင်လို နှစ်ရှည်ပင် အချို့ကို စိုက်ခိုင်းပါသတဲ့။

ဘူး၊ ဖရုံ ၊ ငရုတ်၊ သခွားပင်တွေ ကိုတော့ သူတို့ဘာသာ စိုက်ပြီး ရောင်းချစားစေ ပါတယ်။ ဒီလိုနဲ့ လင်မယားနှစ်ယောက်ဟာ ပြင်ပကအလုပ်လေးတွေ လုပ်ရင်း ယာကထွက်တဲ့ သီးနှံလေးတွေ ရောင်းရင်း စီးပွားရေးလေး အဆင်ပြေလာပါတယ်။ လင်မယားလေးနှစ်ယောက်ဟာ သူတို့ရဲ့ ကျေးဇူးရှင် တောင်သူကြီးကို ဝါဝင် ဝါထွက်တိုင်း ကန်တော့တဲ့ အပြင် ဟင်းလေးတွေ ကောင်းရင်လည်း ဦးဦးဖျားဖျား ပို့ပါတယ်။

စိန်တလုံး သရက်တွေလည်း သီးလို့ သံပုရာသီးတွေလည်း ဝေလို့ နေချင့်စဖွယ် ယာတဲလေး ဖြစ်လာပါတယ်။ တောင်သူကြီးနဲ့ သူတို့လင်မယားဟာလည်း သားအဖတွေသဖွယ် ချစ်ခင်လာကြ ပါသတဲ့။ တနေ့တော့ တောင်သူကြီးဟာ သူတို့လင်မယားနှစ်ယောက်ကို ခေါ်ပြီး..

" မင်းတို့လင်မယားနှစ်ယောက်လည်း ငါ့ယာတဲလေးမှာနေတာ ၅ နှစ် ရှိပြီ ။ မင်းတို့စီးပွားရေးလေး လည်းအဆင်ပြေပြီမို့ ငါလည်းအသက်ကကြီး ငွေလည်းလိုနေလို့ ငါ့ယာတောလေးကို ရောင်းတော့မယ် ။ မင်းတို့ နေစရာ ရှာပါတော့ တလ အချိန်ပေးမယ် " လို့ ပြောပါသတဲ့။

လင်မယားနှစ်ယောက် ယာတဲကို ပြန်ရောက်တော့ မိန်းမဖြစ်သူက ပြောပါသတဲ့။ " တောင်သူကြီး မတရားဘူး။ စိန်တလုံးတွေ သံပုရာတွေသီးလာမှ ကျွန်မတို့ကို နှင်ထုတ်တယ်။ တော်ဒီအတိုင်းပဲ ငြိမ်ခံနေမှာလား " လို့ပြောပါသတဲ့ ။

ယောင်္ကျားလုပ်သူက " ဒီအတိုင်းတော့ ငြိမ်ခံမနေနိုင်ဘူးဟေ့။ ဒို့စိုက်ထားတဲ့ အပင်တွေ ဒို့ပြန်ဖျက်ဆီးရမယ် " ဆိုပြီး သရက်ပင်တွေ၊သံပုရာပင်တွေကို အရင်းကနေ ခုတ်လှဲပစ် ပါသတဲ့။ မိန်းမလုပ်သူကလည်း ဘူး၊ ဖရုံ၊ ငရုတ်၊ သခွားပင်တွေကို အကုန် ဖျက်ဆီးပြစ် ပါသတဲ့။

နေချင့်စဖွယ် ယာတဲလေးဟာ သုဿန်တဆပြင်လို ခြောက်သွေ့သွား ပါတော့တယ်။ သစ်ပင်တွေ အလဲလဲ အပြိုပြို၊ သီးပင်စားပင်တွေ ပျက်ဆီးသွားတာကို ကြည့်ရင်း လင်မယားနှစ်ယောက် အလွန် ကျေနပ်နေကြ ပါသတဲ့။ " ခင်ဗျား ဘာတတ်နိုင်သေးလဲ " လို့တောင် ကြိမ်းဝါးလိုက်ကြ ပါသေးတယ်။

အဲဒီညမှာတော့ အောင်သေအောင်သား အနေနဲ့ မွေးထားတဲ့ ကြက်ကလေးကိုတောင် ရိုက်ချက် စားလိုက်ပါသေးတယ်။ မိန်းမလုပ်သူက " တောင်သူကြီးက သူ့အပင်တွေ ပျက်ဆီးကုန်တာတွေ့လို့ ပြောရင် ဘယ်လိုလုပ်မလဲလို့ " မေးတော့ " မေးရဲရင်မေးကြည့်လေ သူ့အပင်တွေလို အပိုင်းပိုင်း ဖြတ်ပစ်မယ်လို့ " ဒေါသတကြီး အော်ဟစ်လိုက်တယ်။

ဒေါသ ဦးဆောင်နေတဲ့သူနဲ့ မိတ်ဆွေပြုရတာ အလွန် ကြောက်စရာကောင်းပါတယ်။ အဲဒီနေ့က တောင်သူကြီး ရောက်မလာလို့ တော်ပါသေးတယ်။ ရောက်လာလို့ မေးမိပြောမိရင် မလွယ်လောက်ပါဘူး။ လင်မယားနှစ်ယောက်ဟာ လောဘနဲ့ ဒေါသဦးဆောင်နေတာကြောင့် မောဟဖုံးပြီး ကျေးဇူးတရားကို လုံးလုံး သတိမရကြတော့ပါဘူး။

ကျေးဇူးရှိမှ ကျေးစွပ်တယ် ဆိုတာ သိပ်မှန်တာပါပဲ။ လူတော်တော်မျာများဟာ သူတို့အတွက် အကျိုးပြုနေရင် သူတို့အတွက် အသုံးချစရာ ရှိနေသေးရင် အဲဒီလူအပေါ် ကျေးဇူးတွေ သိတတ်သလောက် သူတို့ကို အကျိုးမပြုနိုင်တော့ရင် အသုံးချလို့ မရတော့ဘူး ဆိုရင်တော့ ကျေးစွပ်ဖို့ ဝန်မလေးတဲ့ အပြင် အဆင်းမှာ တွန်းချဖို့ ဝန်မလေးတဲ့ သူတွေလည်း ဖြစ်သွားကြပါတော့တယ်။

လင်မယားနှစ်ယောက်ဟာ သီးနှံပင်တွေကို ဖျက်ဆီးရုံနဲ့တင် အားမရသေးပါဘူး။ ဘာတွေဆက်ပြီး ဖျက်ဆီးရင် ကောင်းမလဲလို့ တိုင်ပင်ကြပါတယ်။ " ကျူပ်တို့ရောက်ကာစက ဒီတဲလေးဟာ အခုလောက်မကောင်းသေးဘူး ၊ ကျူပ်တို့ ပြင်ထားလို့ ဒီလောက်ကောင်းနေတာ ၊ ပြန်ဖျက်ပြစ်ရမယ် " လို့ မိန်းမက ပြောလိုက်တယ် ။ ယောက်ျားလုပ်သူကလည်း တဲကလေးကို ဖျက်ဆီးပြစ်လိုက် ပါတော့တယ် ။

ယာတောတခုလုံး မြင်မကောင်းအောင် ဖြစ်သွားပါပြီ။ နောက်နေ့မှာတော့ တောင်သူကြီးဟာ ရွာသူကြီးရယ် လူကြီးလေးယောက်ရယ်နဲ့အတူ ယာတောကို ရောက်လာခဲ့ပါတယ်။ ယာတောကြီးတခုလုံး မြင်မကောင်းအောင် ပျက်စီးနေတာတွေ့တော့ အလွန် အံ့သြသွားခဲ့ပါတယ်။ မေးမိတော့ လင်မယားနှစ်ယောက်က

" ကျုပ်တို့စိုက်တဲ့ အပင်နဲ့ ကျုပ်တို့ ပြင်ထားတဲ့တဲ.. ကျုပ်တို့ ပြန်ဖျက်ဆီးတာ ဘာလုပ်ချင်လဲလို့ " ရိုင်းစိုင်းစွာ ပြန်ဖြေကြပါတယ်။ တောင်သူကြီးက " မိုက်လိုက်ကြတာကွယ် ငါက မနေ့က ဆုံးဖြတ်ချက် ပြောင်းခဲ့တယ်။ ငါ သာသနာ့ဘောင် အပြီးဝင်တော့မှာမို့ ဒီယာတောကို မင်းတို့ အမည်နဲ့ အပြီး လွဲခဲ့မယ် ဆိုပြီး သူကြီးရယ် ရပ်မိရပ်ဖတွေရယ် ခေါ်လာခဲ့တာကွဲ့ "

" ဗျာ ကျနော်တို့ကို ပေးခဲ့မယ် ဟုတ်လား?? " လင်မယားနှစ်ယောက် ချုံးပွဲချ ငိုပါတော့တယ်။ တောင်သူကြီးက ခွင့်လွှတ်ပြီး ယာတောကိုပေးချင်ပေမဲ့ သူကြီးနဲ့ ရွာသားတွေက ကျေးဇူးမဲ့တတ် ဒုစရိုက်ဆန်လှတဲ့ လင်မယားကို ပေးဖို့ သဘောမတူကြောင်း အကြီးအကျယ်ကန့်ကွက်ကြလို့ ဘုန်းကြီးကျောင်းကိုပဲ လှူဖြစ်သွားခဲ့ပါတော့တယ်။ ရွာသားတွေက လင်မယားနှစ်ယောက်ကို ခွေးမောင်းသလို နှင်ထုတ်ခဲ့ကြ ပါတယ်။

" သူ့၏ အကြိုက် ၁၀ ခါ လိုက်လည်း၊ မလိုက်တခါ ရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူပုံ "

crd

Zawgyi

ေက်းဇူးကန္းေသာ လင္မယား

တခါတုန္းက ႐ြာတ႐ြာမွာ အလြန္ သေဘာေကာင္းတဲ့ ေတာင္သူႀကီး တေယာက္ရွိတယ္။ သူဟာ လူတဖက္သားကိုလည္း အလြန္သနားတတ္ပါသတဲ့။ တေန႔ေတာ့ ေနစရာထိုင္စရာ မရွိလို႔ ေယာင္ခ်ာခ်ာျဖစ္ေနတဲ့ လင္မယားႏွစ္ေယာက္ကို ေခၚလာၿပီး သူ႔ယာတဲေလးမွာ ေနထိုင္ခြင့္ ေပးထားပါသတဲ့။

ဆန္ နဲ႔ ဆီ၊ ဟင္းခ်က္စရာ ေတြကိုလည္း တလစာေလာက္ ေပးလိုက္ပါေသးတယ္။ ေနစရာတဲေလးကလည္း အဆင္သင့္ပါပဲ။ တဧကေက်ာ္ေလာက္ရွိတဲ့ ယာကြက္ထဲမွာ သီးႏွံေလးေတြကိုလည္း စိုက္ခြင့္ေပးပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕ အိုစာမင္းစာအတြက္ ဆိုၿပီး စိန္တလုံး သရက္ပင္၊သံပုရာပင္နဲ႔ ပိႏၷဲပင္လို ႏွစ္ရွည္ပင္ အခ်ိဳ႕ကို စိုက္ခိုင္းပါသတဲ့။

ဘူး၊ ဖ႐ုံ ၊ င႐ုတ္၊ သခြားပင္ေတြ ကိုေတာ့ သူတို႔ဘာသာ စိုက္ၿပီး ေရာင္းခ်စားေစ ပါတယ္။ ဒီလိုနဲ႔ လင္မယားႏွစ္ေယာက္ဟာ ျပင္ပကအလုပ္ေလးေတြ လုပ္ရင္း ယာကထြက္တဲ့ သီးႏွံေလးေတြ ေရာင္းရင္း စီးပြားေရးေလး အဆင္ေျပလာပါတယ္။ လင္မယားေလးႏွစ္ေယာက္ဟာ သူတို႔ရဲ႕ ေက်းဇူးရွင္ ေတာင္သူႀကီးကို ဝါဝင္ ဝါထြက္တိုင္း ကန္ေတာ့တဲ့ အျပင္ ဟင္းေလးေတြ ေကာင္းရင္လည္း ဦးဦးဖ်ားဖ်ား ပို႔ပါတယ္။

စိန္တလုံး သရက္ေတြလည္း သီးလို႔ သံပုရာသီးေတြလည္း ေဝလို႔ ေနခ်င့္စဖြယ္ ယာတဲေလး ျဖစ္လာပါတယ္။ ေတာင္သူႀကီးနဲ႔ သူတို႔လင္မယားဟာလည္း သားအဖေတြသဖြယ္ ခ်စ္ခင္လာၾက ပါသတဲ့။ တေန႔ေတာ့ ေတာင္သူႀကီးဟာ သူတို႔လင္မယားႏွစ္ေယာက္ကို ေခၚၿပီး

" မင္းတို႔လင္မယားႏွစ္ေယာက္လည္း ငါ့ယာတဲေလးမွာေနတာ ၅ ႏွစ္ ရွိၿပီ ။ မင္းတို႔စီးပြားေရးေလး လည္းအဆင္ေျပၿပီမို႔ ငါလည္းအသက္ကႀကီး ေငြလည္းလိုေနလို႔ ငါ့ယာေတာေလးကို ေရာင္းေတာ့မယ္ ။ မင္းတို႔ ေနစရာ ရွာပါေတာ့ တလ အခ်ိန္ေပးမယ္ " လို႔ ေျပာပါသတဲ့။

လင္မယားႏွစ္ေယာက္ ယာတဲကို ျပန္ေရာက္ေတာ့ မိန္းမျဖစ္သူက ေျပာပါသတဲ့။ " ေတာင္သူႀကီး မတရားဘူး။ စိန္တလုံးေတြ သံပုရာေတြသီးလာမွ ကြၽန္မတို႔ကို ႏွင္ထုတ္တယ္။ ေတာ္ဒီအတိုင္းပဲ ၿငိမ္ခံေနမွာလား " လို႔ေျပာပါသတဲ့ ။

ေယာက်ၤားလုပ္သူက " ဒီအတိုင္းေတာ့ ၿငိမ္ခံမေနႏိုင္ဘူးေဟ့။ ဒို႔စိုက္ထားတဲ့ အပင္ေတြ ဒို႔ျပန္ဖ်က္ဆီးရမယ္ " ဆိုၿပီး သရက္ပင္ေတြ၊သံပုရာပင္ေတြကို အရင္းကေန ခုတ္လွဲပစ္ ပါသတဲ့။ မိန္းမလုပ္သူကလည္း ဘူး၊ ဖ႐ုံ၊ င႐ုတ္၊ သခြားပင္ေတြကို အကုန္ ဖ်က္ဆီးျပစ္ ပါသတဲ့။

ေနခ်င့္စဖြယ္ ယာတဲေလးဟာ သုႆန္တဆျပင္လို ေျခာက္ေသြ႕သြား ပါေတာ့တယ္။ သစ္ပင္ေတြ အလဲလဲ အၿပိဳၿပိဳ၊ သီးပင္စားပင္ေတြ ပ်က္ဆီးသြားတာကို ၾကည့္ရင္း လင္မယားႏွစ္ေယာက္ အလြန္ ေက်နပ္ေနၾက ပါသတဲ့။ " ခင္ဗ်ား ဘာတတ္ႏိုင္ေသးလဲ " လို႔ေတာင္ ႀကိမ္းဝါးလိုက္ၾက ပါေသးတယ္။

အဲဒီညမွာေတာ့ ေအာင္ေသေအာင္သား အေနနဲ႔ ေမြးထားတဲ့ ၾကက္ကေလးကိုေတာင္ ႐ိုက္ခ်က္ စားလိုက္ပါေသးတယ္။ မိန္းမလုပ္သူက " ေတာင္သူႀကီးက သူ႔အပင္ေတြ ပ်က္ဆီးကုန္တာေတြ႕လို႔ ေျပာရင္ ဘယ္လိုလုပ္မလဲလို႔ " ေမးေတာ့ " ေမးရဲရင္ေမးၾကည့္ေလ သူ႔အပင္ေတြလို အပိုင္းပိုင္း ျဖတ္ပစ္မယ္လို႔ " ေဒါသတႀကီး ေအာ္ဟစ္လိုက္တယ္။

ေဒါသ ဦးေဆာင္ေနတဲ့သူနဲ႔ မိတ္ေဆြျပဳရတာ အလြန္ ေၾကာက္စရာေကာင္းပါတယ္။ အဲဒီေန႔က ေတာင္သူႀကီး ေရာက္မလာလို႔ ေတာ္ပါေသးတယ္။ ေရာက္လာလို႔ ေမးမိေျပာမိရင္ မလြယ္ေလာက္ပါဘူး။ လင္မယားႏွစ္ေယာက္ဟာ ေလာဘနဲ႔ ေဒါသဦးေဆာင္ေနတာေၾကာင့္ ေမာဟဖုံးၿပီး ေက်းဇူးတရားကို လုံးလုံး သတိမရၾကေတာ့ပါဘူး။

ေက်းဇူးရွိမွ ေက်းစြပ္တယ္ ဆိုတာ သိပ္မွန္တာပါပဲ။ လူေတာ္ေတာ္မ်ာမ်ားဟာ သူတို႔အတြက္ အက်ိဳးျပဳေနရင္ သူတို႔အတြက္ အသုံးခ်စရာ ရွိေနေသးရင္ အဲဒီလူအေပၚ ေက်းဇူးေတြ သိတတ္သေလာက္ သူတို႔ကို အက်ိဳးမျပဳႏိုင္ေတာ့ရင္ အသုံးခ်လို႔ မရေတာ့ဘူး ဆိုရင္ေတာ့ ေက်းစြပ္ဖို႔ ဝန္မေလးတဲ့ အျပင္ အဆင္းမွာ တြန္းခ်ဖို႔ ဝန္မေလးတဲ့ သူေတြလည္း ျဖစ္သြားၾကပါေတာ့တယ္။

လင္မယားႏွစ္ေယာက္ဟာ သီးႏွံပင္ေတြကို ဖ်က္ဆီး႐ုံနဲ႔တင္ အားမရေသးပါဘူး။ ဘာေတြဆက္ၿပီး ဖ်က္ဆီးရင္ ေကာင္းမလဲလို႔ တိုင္ပင္ၾကပါတယ္။ " က်ဴပ္တို႔ေရာက္ကာစက ဒီတဲေလးဟာ အခုေလာက္မေကာင္းေသးဘူး ၊ က်ဴပ္တို႔ ျပင္ထားလို႔ ဒီေလာက္ေကာင္းေနတာ ၊ ျပန္ဖ်က္ျပစ္ရမယ္ " လို႔ မိန္းမက ေျပာလိုက္တယ္ ။ ေယာက္်ားလုပ္သူကလည္း တဲကေလးကို ဖ်က္ဆီးျပစ္လိုက္ ပါေတာ့တယ္ ။

ယာေတာတခုလုံး ျမင္မေကာင္းေအာင္ ျဖစ္သြားပါၿပီ။ ေနာက္ေန႔မွာေတာ့ ေတာင္သူႀကီးဟာ ႐ြာသူႀကီးရယ္ လူႀကီးေလးေယာက္ရယ္နဲ႔အတူ ယာေတာကို ေရာက္လာခဲ့ပါတယ္။ ယာေတာႀကီးတခုလုံး ျမင္မေကာင္းေအာင္ ပ်က္စီးေနတာေတြ႕ေတာ့ အလြန္ အံ့ၾသသြားခဲ့ပါတယ္။ ေမးမိေတာ့ လင္မယားႏွစ္ေယာက္က

" က်ဳပ္တို႔စိုက္တဲ့ အပင္နဲ႔ က်ဳပ္တို႔ ျပင္ထားတဲ့တဲ.. က်ဳပ္တို႔ ျပန္ဖ်က္ဆီးတာ ဘာလုပ္ခ်င္လဲလို႔ " ႐ိုင္းစိုင္းစြာ ျပန္ေျဖၾကပါတယ္။ ေတာင္သူႀကီးက " မိုက္လိုက္ၾကတာကြယ္ ငါက မေန႔က ဆုံးျဖတ္ခ်က္ ေျပာင္းခဲ့တယ္။ ငါ သာသနာ့ေဘာင္ အၿပီးဝင္ေတာ့မွာမို႔ ဒီယာေတာကို မင္းတို႔ အမည္နဲ႔ အၿပီး လြဲခဲ့မယ္ ဆိုၿပီး သူႀကီးရယ္ ရပ္မိရပ္ဖေတြရယ္ ေခၚလာခဲ့တာကြဲ႕ "

" ဗ်ာ က်ေနာ္တို႔ကို ေပးခဲ့မယ္ ဟုတ္လား?? " လင္မယားႏွစ္ေယာက္ ခ်ဳံးပြဲခ် ငိုပါေတာ့တယ္။ ေတာင္သူႀကီးက ခြင့္လႊတ္ၿပီး ယာေတာကိုေပးခ်င္ေပမဲ့ သူႀကီးနဲ႔ ႐ြာသားေတြက ေက်းဇူးမဲ့တတ္ ဒုစ႐ိုက္ဆန္လွတဲ့ လင္မယားကို ေပးဖို႔ သေဘာမတူေၾကာင္း အႀကီးအက်ယ္ကန႔္ကြက္ၾကလို႔ ဘုန္းႀကီးေက်ာင္းကိုပဲ လႉျဖစ္သြားခဲ့ပါေတာ့တယ္။ ႐ြာသားေတြက လင္မယားႏွစ္ေယာက္ကို ေခြးေမာင္းသလို ႏွင္ထုတ္ခဲ့ၾက ပါတယ္။

" သူ႔၏ အႀကိဳက္ ၁၀ ခါ လိုက္လည္း၊ မလိုက္တခါ ရွိခဲ့ပါမူ ႀကီးစြာရန္သူ စြဲမွတ္ယူပုံ "

crd

Post a Comment

0 Comments