သခင်သေကြောင်းကြံသွားတဲ့ တံတားပေါ်မှာ သခင်ကို ရက်ပေါင်းများစွာ သွားစောင့်နေတဲ့ခွေးလေး

ခွေးလေးတွေက သခင်အပေါ်မှာ အရမ်းသစ္စာရှိ ကြပါတယ်။ တချို့ခွေးလေးတွေ ဆိုရင် သခင်သေသွားပေမယ့် သခင်ကို သစ္စာရှိနေကြတုန်းပါပဲ။

အခုဇာတ်လမ်းလေးကတော့ ကြားရသူအပေါင်းကို စိတ်ထိခိုက် ခံစားစေရပါတယ်။ ခွေးလေးတစ်ကောင်က သခင် သေကြောင်းကြံခဲ့တဲ့ တံတားပေါ်မှာ သွားသွားစောင့်နေတတ်တာပါ။

ဒီအဖြစ်အပျက်လေးက တရုတ်နိုင်ငံ၊ ဝူဟန်မြို့က Yangtze တံတားပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ Xu လို့ခေါ်တဲ့ လူတစ်ယောက်က သနားစရာ ခွေးလေးရဲ့ အဖြစ်ကို social media ပေါ်မှာ တင်ခဲ့ရာကနေ လူအများကြားမှာ ပျံ့နှံ့သွားပါတယ်။

Xu က ခွေးလေးကို နွေးထွေးတဲ့ မိသားစုမှာ နေစေချင်ကြောင့် ခေါ်လာဖို့ ကြိုးစားပါသေးတယ်။ မေလ ၃၀ ရက်နေ့မှာ Yangtze တံတားပေါ်မှာ လူတစ်ယောက်ခုန်ချပြီး သတ်သေသွားခဲ့ပါတယ်။ သတ်သေသွားတဲ့လူရဲ့ ခွေးလေးက သူ့သခင်ပြန်လာမယ် အထင်နဲ့ သစ္စာရှိရှိ နေ့တိုင်း လာစောင့်နေတာကြောင်း အနီးအနားက အလုပ်သမားတွေ ပြောပြတဲ့အခါမှ Xu သိသွားပါတယ်။

" ခွေးလေးကို ကယ်ချင်တယ်။ ဒါပေမယ့် ခွေးလေးက သူ့သခင်ကို သစ္စာရှိရှိ စောင့်နေတုန်းပဲ" လို့ Xu က ပြောပါတယ်။

ခွေးလေးကို အစားအစာတွေ၊ ရေတွေ ပေးလည်း မစားမသောက်ပါဘူး။ တံတားလက်ရန်းကနေ သခင်ကို စောင့်နေဆဲပါပဲ။ Xu က ဒီအကြောင်းကို social media မှာ တင်လိုက်တဲ့အခါ ဝူဟန်မြို့ တိရစ္ဆာန်များ ကယ်ဆယ်ရေးအသင်းက ခွေးလေးကို လာကယ်သွားခဲ့ပါတယ်။

ခွေးလေးရဲ့ သခင်က သေကြောင်းကြံသူ ဖြစ်ကြောင်း အတည်ပြုပြီးတဲ့အခါ ကယ်ဆယ်ရေးအသင်းက ခွေးလေးအတွက် သခင်အသစ် ရှာပေးနေပါတယ်။

" ခွေးလေးအတွက် သခင်အသစ် ရလာမယ်လို့ မျှော်လင့်ပါတယ်။ သစ္စာရှိတဲ့ ခွေးတစ်ကောင်က လမ်းဘေးခွေး ဖြစ်သွားမယ် ဆိုရင် အရမ်းကို စိတ်မကောင်းစရာ ဖြစ်သွားမှာပါ" လို့ ကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူက ပြောပါတယ်။

Zombie (Lovemedia)

for zawgyi

သခင္ေသေၾကာင္းႀကံသြားတဲ့ တံတားေပၚမွာ သခင္ကို ရက္ေပါင္းမ်ားစြာ သြားေစာင့္ေနတဲ့ေခြးေလး

ေခြးေလးေတြက သခင္အေပၚမွာ အရမ္းသစၥာရွိ ၾကပါတယ္။ တခ်ိဳ႕ေခြးေလးေတြ ဆိုရင္ သခင္ေသသြားေပမယ့္ သခင္ကို သစၥာရွိေနၾကတုန္းပါပဲ။

အခုဇာတ္လမ္းေလးကေတာ့ ၾကားရသူအေပါင္းကို စိတ္ထိခိုက္ ခံစားေစရပါတယ္။ ေခြးေလးတစ္ေကာင္က သခင္ ေသေၾကာင္းႀကံခဲ့တဲ့ တံတားေပၚမွာ သြားသြားေစာင့္ေနတတ္တာပါ။

ဒီအျဖစ္အပ်က္ေလးက တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕က Yangtze တံတားေပၚမွာ ျဖစ္ပြားခဲ့တာပါ။ Xu လို႔ေခၚတဲ့ လူတစ္ေယာက္က သနားစရာ ေခြးေလးရဲ႕ အျဖစ္ကို social media ေပၚမွာ တင္ခဲ့ရာကေန လူအမ်ားၾကားမွာ ပ်ံ႕ႏွံ႔သြားပါတယ္။

Xu က ေခြးေလးကို ေႏြးေထြးတဲ့ မိသားစုမွာ ေနေစခ်င္ေၾကာင့္ ေခၚလာဖို႔ ႀကိဳးစားပါေသးတယ္။ ေမလ ၃၀ ရက္ေန႔မွာ Yangtze တံတားေပၚမွာ လူတစ္ေယာက္ခုန္ခ်ၿပီး သတ္ေသသြားခဲ့ပါတယ္။ သတ္ေသသြားတဲ့လူရဲ႕ ေခြးေလးက သူ႔သခင္ျပန္လာမယ္ အထင္နဲ႔ သစၥာရွိရွိ ေန႔တိုင္း လာေစာင့္ေနတာေၾကာင္း အနီးအနားက အလုပ္သမားေတြ ေျပာျပတဲ့အခါမွ Xu သိသြားပါတယ္။

" ေခြးေလးကို ကယ္ခ်င္တယ္။ ဒါေပမယ့္ ေခြးေလးက သူ႔သခင္ကို သစၥာရွိရွိ ေစာင့္ေနတုန္းပဲ" လို႔ Xu က ေျပာပါတယ္။

ေခြးေလးကို အစားအစာေတြ၊ ေရေတြ ေပးလည္း မစားမေသာက္ပါဘူး။ တံတားလက္ရန္းကေန သခင္ကို ေစာင့္ေနဆဲပါပဲ။ Xu က ဒီအေၾကာင္းကို social media မွာ တင္လိုက္တဲ့အခါ ဝူဟန္ၿမိဳ႕ တိရစာၦန္မ်ား ကယ္ဆယ္ေရးအသင္းက ေခြးေလးကို လာကယ္သြားခဲ့ပါတယ္။

ေခြးေလးရဲ႕ သခင္က ေသေၾကာင္းႀကံသူ ျဖစ္ေၾကာင္း အတည္ျပဳၿပီးတဲ့အခါ ကယ္ဆယ္ေရးအသင္းက ေခြးေလးအတြက္ သခင္အသစ္ ရွာေပးေနပါတယ္။

" ေခြးေလးအတြက္ သခင္အသစ္ ရလာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ သစၥာရွိတဲ့ ေခြးတစ္ေကာင္က လမ္းေဘးေခြး ျဖစ္သြားမယ္ ဆိုရင္ အရမ္းကို စိတ္မေကာင္းစရာျဖစ္သြားမွာပါ" လို႔ ကယ္ဆယ္ေရးအသင္းက တာဝန္ရွိသူက ေျပာပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments