ကလေးတစ်ယောက်ကို EQ ထက်မြက်စေဖို့ မိဘတိုင်းလုပ်သင့်တဲ့ အချက် (၈) ချက်

မိဘ အတော်များများက သူတို့ရဲ့ကလေးတွေကို အမှတ်ကောင်းကောင်းရဖို့နဲ့ ဂုဏ်သတင်း ကျော်ကြားတဲ့ တက္ကသိုလ်တွေကိုပဲ တက်စေချင်ကြပါတယ်။ ဒါပေမယ့် သူတို့တွေဟာ ကလေးတွေရဲ့ EQ ကို လျစ်လျူရှုထားလေ့ ရှိပါတယ်။

တကယ်တော့ စိတ်ပိုင်းဆိုင်ရာမှာ တိုးတက်ပြီး ခိုင်မာနေတာက အလုပ်တိုင်းမှာ အောင်မြင်စေပြီးတော့ စိတ်ဖိစီးမှုတွေ ကြုံလာတဲ့အခါမှာလည်း လွယ်လွယ်ကူကူ ဖြေရှင်းနိုင်စေတဲ့အထိ အကျိုးရှိစေပါတယ်။ ဒါကြောင့် ဘယ်လို စကားလုံးတွေ၊ အပြုအမှုတွေက ကလေးတွေကို သက်ရောက်စေလဲ ဆိုတာကို love media နဲ့ တူတူလေ့လာကြည့် လိုက်ရအောင်။

၁။ အကျိုးအကြောင်းကို ရှင်းပြပါ။

ကလေးရဲ့ စိတ်ခံစားချက်ကို လျစ်လျူရှုတာ (ဒါမှမဟုတ်) အပြစ်တင်ပြောဆိုတာက ကလေးကို စိတ်ကျရောဂါ ဖြစ်စေနိုင်ပါတယ်။ ကဲ့ရဲ့ခြင်း (သို့) လျစ်လျူရှုခြင်းတာက သူတို့ရဲ့ မသိစိတ်ထဲမှာ ကြောက်ရွံ့စေပါတယ်။

ပြဿနာကို ဖြေရှင်းပြီး အရာအားလုံးကို အဆင်ပြေတယ်လို့ ဟန်ဆောင်ပြောတာထက် သူတို့ကိုယ်တိုင် ဖြေရှင်းတာက ပိုကောင်းပါတယ်။ ခက်ခဲတဲ့ အခြေအနေတွေမှာ ကိုယ်တိုင်ဖြေရှင်းရတာက ကလေးရဲ့ ဉာဏ်ရည်ကို ပိုထက်စေတဲ့အပြင် သူတို့ကိုယ်သူတို့ ယုံကြည်မှု ရှိလာစေပါတယ်။

၂။ စိတ်ဓာတ်တက်ကြွစေမယ့် စကားတွေပဲ ပြောပေးပါ။

သူတို့နဲ့ စကားပြောတဲ့အခါမှာ သတိထားမိတဲ့ စကားလုံးတွေကို ပြောပေးတာက စိတ်ပိုင်းဆိုင်ရာ အသိဉာဏ်ကို သင်ကြားတဲ့နေရာမှာ မရှိမဖြစ် လိုအပ်တဲ့အရာပဲဖြစ်ပါတယ်။ စကားပြောတဲ့နေရာမှာ လုံးဝ ထိရောက်နေဖို့ လိုပါတယ်။

ပြီးတော့ သင်စကားပြောတဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ လှုပ်ရှားပုံကလည်း အရေးပါပါတယ်။ သင်က တက်တက်ကြွကြွပြောရင် သူတို့လည်း တက်တက်ကြွကြွ လိုက်ပြုမှုပါလိမ့်မယ်။ ဒီလိုစကားပြောတဲ့အခါ ကလေးတွေက သင်နဲ့ပိုနီးစပ်လာပြီး ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုတွေ ပိုတိုးပွားစေပါတယ်။

၃။ အဖြေရှာတတ်အောင် သင်ပေးပါ။

ပြဿနာတစ်ခု ဖြစ်ပြီဆိုရင် ဒေါသအရင် ထွက်တာထက် ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို ကလေးကို သင်ပေးပါ။ ပြဿနာဖြစ်နေချိန်မှာ သူတို့ရဲ့ ခံစားချက်က ဒေါသထွက်မယ်၊ ငိုချင်နေပါမယ်။ ဒါပေမယ့် ဒီလို ငိုယိုနေမယ့်အစား ပြဿနာကို ဖြေရှင်းတတ်အောင် သင်ပေးလိုက်တာက ကလေးအတွက် အများကြီး အကျိုးရှိစေပါတယ်။

သူတို့ ခံစားနေရတာတွေကို နားထောင်ပေးဖို့အတွက် သေချာလေး ဂရုစိုက်မေးပါ။ ပြီးရင် ဘယ်အရာက ကောင်းတယ်ဆိုးတယ်ဆိုတာကို ပြောပြပေးတာက အရာရာတိုင်းကို သူတို့ဘာသာ သူတို့ဆုံးဖြတ်ပြီး ဖြေရှင်းတတ် လာပါလိမ့်မယ်။

၄။ စိတ်ကူးယဉ်မှုတွေကို မတားပါနဲ့။

စိတ်ကူးယဉ်တယ် ဆိုတာက ကလေးတွေရဲ့ သဘာဝပါပဲ။ ဒါကို အပိုတွေ လျှောက်တွေးနေတယ် ထင်ပြီး မတားဆီးသင့်ပါဘူး။ ကလေးတွေဟာ ဒီလို တွေးရင်းကနေ သူတို့သူငယ်ချင်းတွေကြား လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးတွေ တိုးတက်လာစေပါတယ်။

ပြီးတော့ အရာရာကိုလည်း ကိုယ်ချင်းစာတရား ထားတတ်လာပါလိမ့်မယ်။ စိတ်ကူးယဉ်တာက ခံစားချက်တွေကို စူးစမ်းဖို့ အကူအညီ ဖြစ်စေပါတယ်။ ဒါဟာ တီထွင်ဖန်တီးမှုကို တိုးတက်စေရုံသာမက တခြားသူတွေရဲ့ စိတ်နေသဘောထားကိုပါ နားလည်လာစေပါတယ်။

၅။ မကောင်းတဲ့ စိတ်ခံစားချက်တွေကို ပြေပျောက်တတ်အောင် သင်ပေးပါ။

တစ်ခါတစ်လေမှာ ကလေးတွေရဲ့ စိတ်ကိုထိန်းချုပ်ဖို့က ခက်ပါတယ်။ ကလေးတွေကို ခံစားချက် ထုတ်ပြဖို့အတွက် မသင်ပေးဘူး ဆိုရင် ကြာလာရင် ကလေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သူတို့ကို ကျန်းမာရေးနှင့်ညီတဲ့ စိတ်ဖိစီးမှုများ လျှော့ချရန် သင်ပေးပါ။

ဥပမာ လူတစ်ယောက်ကို ပြေးရိုက်တာ (ဒါမှမဟုတ်) တစ်စုံတစ်ခုကို ဖျက်ဆီးပစ်တာထက် ခေါင်းအုံးတစ်လုံးကို ထိုးတာက ပိုကောင်းတယ် ဆိုတာကို သင်ပြပေးလိုက်ပါ။

၆။ စိတ်ထဲမျိုသိပ်မထားတတ်အောင် သင်ပေးပါ။

သင့်ကလေးကို ဒေါသထွက်စေတဲ့ (သို့) ဝမ်းနည်းစေတဲ့ အရာကို စဉ်းစားကြည့်ပါ။ အလိုမကျမှုအတွက် အဖြစ်များဆုံးအချက်တွေဟာ မျှော်လင့်မထားတဲ့အပြောင်းအလဲတွေ(ဒါမှမဟုတ်)လူမှုရေးအခြေအနေအသစ်တွေကြောင့် ဖြစ်ပါတယ်။ ဗိုက်ဆာတာတွေ၊ ပင်ပန်းနုန်ူချိတာတွေလည်း

ဖြစ်နိုင်ပါတယ်။ ကလေးတွေရဲ့ စိတ်ကိုအမြဲတမ်းမသိနိုင် နားမလည်နိုင်တာကြောင့် သူတို့ဖြစ်နေတဲ့အရာတွေကို ပြောပြတတ်အောင် သင်ပေးဖို့က အရေးကြီးပါတယ်။

၇။ ခန္ဓာကိုယ် အမူအရာအကြောင်းကို နားလည်အောင်ပြောပြပါ။

စိတ်ခံစားမှုတွေက ခန္ဒာကိုယ်ကိုလာပြီး အကျိုးသက်ရောက်စေပါတယ်။ စိတ်ဖိစီးမှုတွေ များလာတဲ့အခါမှာ ခေါင်းကိုက်တာတွေ၊ ဗိုက်နာတာတွေကို ခံစားရလေ့ ရှိပါတယ်။ တကယ်လို့ သင့်ကလေးက တစ်ခုခုကိုမြင်ပြီး ထိတ်လန့်သွားတာမျိုး ဖြစ်သွားရင် ခန္ဓာကိုယ်မှာ ဘယ်နေရာက ခံစားနေရလဲ ဆိုတာကို အရင်မေးပါ။

သူတို့ခံစားနေရတာကို မေးလိုက်တာက သူတို့ခံစားနေရတဲ့ အရာတွေကို ရင်ဆိုင်ဖို့အတွက် ပိုမိုမြန်ဆန်စေပါတယ်။ လူတွေဟာ သူတို့ ခံစားနေရတာတွေကို အမြဲတမ်းထုတ်ပြောလေ့ မရှိတာကြောင့် သူတို့ဘာဖြစ်နေလဲ ဆိုတာကို သိရဖို့အတွက် အရမ်း အရေးကြီးပါတယ်။

၈။ သင်ခံစားနေရတာတွေကို ထုတ်မပြပါနဲ့။

ပွင့်လင်းရိုးသားတဲ့ မိဘများတွေဟာ ကလေးတွေအတွက် ယုံကြည်စိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ ဒါ့ကြောင့် မိဘနဲ့ နီးစပ်တဲ့ကလေးတွေက သူတို့ရဲ့ ပြဿနာတွေနဲ့ နှင့်စိုးရိမ်မှုများကို မျှဝေဖို့ ပိုအဆင်ပြေပါတယ်။ သင်က အမြဲတမ်း ပျော်ရွှင်နေတဲ့မျက်နှာနဲ့ နေနေရင် သင့်ရဲ့ကလေးကို အတွေးတွေ ပိုများစေပါတယ်။ သူတို့က တစ်ခုခုမှားနေတယ် ထင်ရင်တောင် သင်က ဒီတိုင်းပဲ ဆက်ပြုမှုသင့်ပါတယ်။ ရလဒ်အနေနဲ့ ကလေးတွေက သူတို့ရဲ့ စိတ်ခံစားချက်တွေအပြင် တခြားသူတွေရဲ့ စိတ်အခြေအနေကိုတောင် ခန့်မှန်းတတ် လာပါလိမ့်မယ်။

Zombie (Lovemedia)

for zawgyi

ကေလးတစ္ေယာက္ကို EQ ထက္ျမက္ေစဖို႔ မိဘတိုင္းလုပ္သင့္တဲ့ အခ်က္ (၈) ခ်က္

မိဘ အေတာ္မ်ားမ်ားက သူတို႔ရဲ႕ကေလးေတြကို အမွတ္ေကာင္းေကာင္းရဖို႔နဲ႔ ဂုဏ္သတင္းေက်ာ္ၾကားတဲ့ တကၠသိုလ္ေတြကိုပဲ တက္ေစခ်င္ၾကပါတယ္။ ဒါေပမယ့္ သူတို႔ေတြဟာ ကေလးေတြရဲ႕ EQ ကို လ်စ္လ်ဴရႈထားေလ့ ရွိပါတယ္။ တကယ္ေတာ့ စိတ္ပိုင္းဆိုင္ရာမွာ တိုးတက္ၿပီး ခိုင္မာေနတာက အလုပ္တိုင္းမွာ ေအာင္ျမင္ေစၿပီးေတာ့ စိတ္ဖိစီးမႈေတြ ႀကဳံလာတဲ့အခါမွာလည္း လြယ္လြယ္ကူကူ ေျဖရွင္းႏိုင္ေစတဲ့အထိ အက်ိဳးရွိေစပါတယ္။ ဒါေၾကာင့္ ဘယ္လို စကားလုံးေတြ၊ အျပဳအမႈေတြက ကေလးေတြကို သက္ေရာက္ေစလဲ ဆိုတာကို love media နဲ႔ တူတူေလ့လာၾကည့္ လိုက္ရေအာင္။

၁။ အက်ိဳးအေၾကာင္းကို ရွင္းျပပါ။

ကေလးရဲ႕ စိတ္ခံစားခ်က္ကို လ်စ္လ်ဴရႈတာ (ဒါမွမဟုတ္) အျပစ္တင္ေျပာဆိုတာက ကေလးကို စိတ္က်ေရာဂါ ျဖစ္ေစႏိုင္ပါတယ္။ ကဲ့ရဲ႕ျခင္း (သို႔) လ်စ္လ်ဴရႈျခင္းတာက သူတို႔ရဲ႕ မသိစိတ္ထဲမွာ ေၾကာက္႐ြံ႕ေစပါတယ္။

ျပႆနာကို ေျဖရွင္းၿပီး အရာအားလုံးကို အဆင္ေျပတယ္လို႔ ဟန္ေဆာင္ေျပာတာထက္ သူတို႔ကိုယ္တိုင္ ေျဖရွင္းတာက ပိုေကာင္းပါတယ္။ ခက္ခဲတဲ့ အေျခအေနေတြမွာ ကိုယ္တိုင္ေျဖရွင္းရတာက ကေလးရဲ႕ ဉာဏ္ရည္ကို ပိုထက္ေစတဲ့အျပင္ သူတို႔ကိုယ္သူတို႔ ယုံၾကည္မႈ ရွိလာေစပါတယ္။

၂။ စိတ္ဓာတ္တက္ႂကြေစမယ့္ စကားေတြပဲ ေျပာေပးပါ။

သူတို႔နဲ႔ စကားေျပာတဲ့အခါမွာ သတိထားမိတဲ့ စကားလုံးေတြကို ေျပာေပးတာက စိတ္ပိုင္းဆိုင္ရာ အသိဉာဏ္ကို သင္ၾကားတဲ့ေနရာမွာ မရွိမျဖစ္ လိုအပ္တဲ့အရာပဲျဖစ္ပါတယ္။ စကားေျပာတဲ့ေနရာမွာ လုံးဝ ထိေရာက္ေနဖို႔ လိုပါတယ္။

ၿပီးေတာ့ သင္စကားေျပာတဲ့အခါ သင့္ခႏၶာကိုယ္ရဲ႕ လႈပ္ရွားပုံကလည္း အေရးပါပါတယ္။ သင္က တက္တက္ႂကြႂကြေျပာရင္ သူတို႔လည္း တက္တက္ႂကြႂကြ လိုက္ျပဳမႈပါလိမ့္မယ္။ ဒီလိုစကားေျပာတဲ့အခါ ကေလးေတြက သင္နဲ႔ပိုနီးစပ္လာၿပီး ခ်စ္ျခင္းေမတၱာနဲ႔ ယုံၾကည္မႈေတြ ပိုတိုးပြားေစပါတယ္။

၃။ အေျဖရွာတတ္ေအာင္ သင္ေပးပါ။

ျပႆနာတစ္ခု ျဖစ္ၿပီဆိုရင္ ေဒါသအရင္ ထြက္တာထက္ ဘယ္လိုေျဖရွင္းရမလဲ ဆိုတာကို ကေလးကို သင္ေပးပါ။ ျပႆနာျဖစ္ေနခ်ိန္မွာ သူတို႔ရဲ႕ ခံစားခ်က္က ေဒါသထြက္မယ္၊ ငိုခ်င္ေနပါမယ္။ ဒါေပမယ့္ ဒီလို ငိုယိုေနမယ့္အစား ျပႆနာကို ေျဖရွင္းတတ္ေအာင္ သင္ေပးလိုက္တာက ကေလးအတြက္ အမ်ားႀကီး အက်ိဳးရွိေစပါတယ္။ သူတို႔ ခံစားေနရတာေတြကို နားေထာင္ေပးဖို႔အတြက္ ေသခ်ာေလး ဂ႐ုစိုက္ေမးပါ။ ၿပီးရင္ ဘယ္အရာက ေကာင္းတယ္ဆိုးတယ္ဆိုတာကို ေျပာျပေပးတာက အရာရာတိုင္းကို သူတို႔ဘာသာ သူတို႔ဆုံးျဖတ္ၿပီး ေျဖရွင္းတတ္ လာပါလိမ့္မယ္။

၄။ စိတ္ကူးယဥ္မႈေတြကို မတားပါနဲ႔။

စိတ္ကူးယဥ္တယ္ ဆိုတာက ကေလးေတြရဲ႕ သဘာဝပါပဲ။ ဒါကို အပိုေတြ ေလွ်ာက္ေတြးေနတယ္ ထင္ၿပီး မတားဆီးသင့္ပါဘူး။ ကေလးေတြဟာ ဒီလို ေတြးရင္းကေန သူတို႔သူငယ္ခ်င္းေတြၾကား လူမႈေရး၊ ေပါင္းသင္းဆက္ဆံေရးေတြ တိုးတက္လာေစပါတယ္။

ၿပီးေတာ့ အရာရာကိုလည္း ကိုယ္ခ်င္းစာတရား ထားတတ္လာပါလိမ့္မယ္။ စိတ္ကူးယဥ္တာက ခံစားခ်က္ေတြကို စူးစမ္းဖို႔ အကူအညီ ျဖစ္ေစပါတယ္။ ဒါဟာ တီထြင္ဖန္တီးမႈကို တိုးတက္ေစ႐ုံသာမက တျခားသူေတြရဲ႕ စိတ္ေနသေဘာထားကိုပါ နားလည္လာေစပါတယ္။

၅။ မေကာင္းတဲ့ စိတ္ခံစားခ်က္ေတြကို ေျပေပ်ာက္တတ္ေအာင္ သင္ေပးပါ။

တစ္ခါတစ္ေလမွာ ကေလးေတြရဲ႕ စိတ္ကိုထိန္းခ်ဳပ္ဖို႔က ခက္ပါတယ္။ ကေလးေတြကို ခံစားခ်က္ ထုတ္ျပဖို႔အတြက္ မသင္ေပးဘူး ဆိုရင္ ၾကာလာရင္ ကေလးေတြမွာ ျပႆနာ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ သူတို႔ကို က်န္းမာေရးႏွင့္ညီတဲ့ စိတ္ဖိစီးမႈမ်ား ေလွ်ာ့ခ်ရန္ သင္ေပးပါ။

ဥပမာ လူတစ္ေယာက္ကို ေျပး႐ိုက္တာ (ဒါမွမဟုတ္) တစ္စုံတစ္ခုကို ဖ်က္ဆီးပစ္တာထက္ ေခါင္းအုံးတစ္လုံးကို ထိုးတာက ပိုေကာင္းတယ္ ဆိုတာကို သင္ျပေပးလိုက္ပါ။

၆။ စိတ္ထဲမ်ိဳသိပ္မထားတတ္ေအာင္ သင္ေပးပါ။

သင့္ကေလးကို ေဒါသထြက္ေစတဲ့ (သို႔) ဝမ္းနည္းေစတဲ့ အရာကို စဥ္းစားၾကည့္ပါ။ အလိုမက်မႈအတြက္ အျဖစ္မ်ားဆုံးအခ်က္ေတြဟာ ေမွ်ာ္လင့္မထားတဲ့အေျပာင္းအလဲေတြ(ဒါမွမဟုတ္)လူမႈေရးအေျခအေနအသစ္ေတြေၾကာင့္ ျဖစ္ပါတယ္။ ဗိုက္ဆာတာေတြ၊ ပင္ပန္းႏုႏ္ူခ်ိတာေတြလည္း

ျဖစ္ႏိုင္ပါတယ္။ ကေလးေတြရဲ႕ စိတ္ကိုအၿမဲတမ္းမသိႏိုင္ နားမလည္ႏိုင္တာေၾကာင့္ သူတို႔ျဖစ္ေနတဲ့အရာေတြကို ေျပာျပတတ္ေအာင္ သင္ေပးဖို႔က အေရးႀကီးပါတယ္။

၇။ ခႏၶာကိုယ္ အမူအရာအေၾကာင္းကို နားလည္ေအာင္ေျပာျပပါ။

စိတ္ခံစားမႈေတြက ခႏၵာကိုယ္ကိုလာၿပီး အက်ိဳးသက္ေရာက္ေစပါတယ္။ စိတ္ဖိစီးမႈေတြ မ်ားလာတဲ့အခါမွာ ေခါင္းကိုက္တာေတြ၊ ဗိုက္နာတာေတြကို ခံစားရေလ့ ရွိပါတယ္။ တကယ္လို႔ သင့္ကေလးက တစ္ခုခုကိုျမင္ၿပီး ထိတ္လန႔္သြားတာမ်ိဳး ျဖစ္သြားရင္ ခႏၶာကိုယ္မွာ ဘယ္ေနရာက ခံစားေနရလဲ ဆိုတာကို အရင္ေမးပါ။ သူတို႔ခံစားေနရတာကို ေမးလိုက္တာက သူတို႔ခံစားေနရတဲ့ အရာေတြကို ရင္ဆိုင္ဖို႔အတြက္ ပိုမိုျမန္ဆန္ေစပါတယ္။ လူေတြဟာ သူတို႔ ခံစားေနရတာေတြကို အၿမဲတမ္းထုတ္ေျပာေလ့ မရွိတာေၾကာင့္ သူတို႔ဘာျဖစ္ေနလဲ ဆိုတာကို သိရဖို႔အတြက္ အရမ္း အေရးႀကီးပါတယ္။

၈။ သင္ခံစားေနရတာေတြကို ထုတ္မျပပါနဲ႔။

ပြင့္လင္း႐ိုးသားတဲ့ မိဘမ်ားေတြဟာ ကေလးေတြအတြက္ ယုံၾကည္စိတ္ခ်ရတဲ့ ပတ္ဝန္းက်င္ကို ဖန္တီးေပးပါတယ္။ ဒါ့ေၾကာင့္ မိဘနဲ႔ နီးစပ္တဲ့ကေလးေတြက သူတို႔ရဲ႕ ျပႆနာေတြနဲ႔ ႏွင့္စိုးရိမ္မႈမ်ားကို မွ်ေဝဖို႔ ပိုအဆင္ေျပပါတယ္။ သင္က အၿမဲတမ္း ေပ်ာ္႐ႊင္ေနတဲ့မ်က္ႏွာနဲ႔ ေနေနရင္ သင့္ရဲ႕ကေလးကို အေတြးေတြ ပိုမ်ားေစပါတယ္။ သူတို႔က တစ္ခုခုမွားေနတယ္ ထင္ရင္ေတာင္ သင္က ဒီတိုင္းပဲ ဆက္ျပဳမႈသင့္ပါတယ္။ ရလဒ္အေနနဲ႔ ကေလးေတြက သူတို႔ရဲ႕ စိတ္ခံစားခ်က္ေတြအျပင္ တျခားသူေတြရဲ႕ စိတ္အေျခအေနကိုေတာင္ ခန႔္မွန္းတတ္ လာပါလိမ့္မယ္။

Zombie (Lovemedia)

Post a Comment

0 Comments