သင့်ကလေး အနိုင်ကျင့်ခံနေရကြောင်း ဖော်ပြနေသည့် လက္ခဏာ (၈) ခု

ကိုယ့်သားသမီး အနိုင်ကျင့်ခံရတာကို ဘယ်မိဘမှ မနှစ်သက်ပါဘူး။ ကလေးအချင်းချင်း အနိုင်ကျင့်ခံရတာက ကမ္ဘာပေါ်မှ နေ့စဉ်ဖြစ်နေကျကိစ္စ ဖြစ်ပါတယ်။ တချို့ကလေးတွေက ကျောင်းမှာဖြစ်ဖြစ်၊ အိမ်အနီးအနားမှာဖြစ်ဖြစ် အနိုင်ကျင့်ခံရရင် မိဘတွေကို ပြောတတ်ကြပါတယ်။

ဒါပေမယ့် တချို့ ကလေးတွေက မပြောကြပါဘူး။ သင့်ကလေးက အနိုင်ကျင့်ခံနေရလား ဆိုတာကို မိဘတွေက သိဖို့ လိုအပ်ပါတယ်။ ငယ်ရွယ်စဉ်မှာ အနိုင်ကျင့်ခံရတာတွေက တစ်ခါတရံမှာ အသက်ကြီးတဲ့အထိ စိတ်ဒဏ်ရာအဖြစ် ပါသွားလေ့ရှိပါတယ်။

၁။ ပစ္စည်းများပျောက်ခြင်း၊ ပျက်ခြင်း

သင့်ကလေး အိမ်ပြန်ရောက်တဲ့အခါ သူ့ပစ္စည်းတွေ ပျက်နေလား၊ ပျောက်နေလား ဆိုတာကို စစ်ဆေးပေးပါ။ ကလေးရဲ့ စာအုပ်တွေ၊ အရုပ်တွေ၊ အဝတ်အစားတွေ စသဖြင့် တစ်ခုခု ပျက်နေ၊ ပျောက်နေတာက သင့်ကလေးကို တစ်ယောက်ယောက်က အနိုင်ကျင့်လိုက်တဲ့ လက္ခဏာပါ။

၂။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရုတ်တရက် ကျဆင်းသွားခြင်း

အနိုင်ကျင့်ခံရတဲ့အခါ ကလေးရဲ့စိတ်ထဲမှာ သူတို့မှားနေလား၊ အကြောင်းပြချက်မရှိ ဘာကြောင့် အနိုင်ကျင့်ခံရတာလဲ စသဖြင့် အတွေးတွေ များလာပါတယ်။ ရလဒ်အနေနဲ့ ကလေးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းသွားပါတယ်။ အဲဒီအခါ စကားကို တိုးတိုးလေးပဲ ပြောတော့တာ၊ မသွားချင် မလာချင်ဖြစ်တာ၊ မိဘတွေကိုလည်း စကားမပြောချင်တော့တာ စတဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။

၃။ ညဘက် အိပ်မပျော်ခြင်း

သင့်ကလေးက ရုတ်တရက် ညဘက် အိပ်မပျော်တော့တာ၊ အိပ်မက်ဆိုးတွေ မက်ပြီး လန့်နိုးလာတာ ဆိုရင် အနိုင်ကျင့်ခံရတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ အနိုင်ကျင့်ခံရတဲ့ ကလေးတွေက အိပ်ရေးမဝတော့ကြောင်း လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။

၄။ လူများကို ရှောင်လာခြင်း

ကလေးတွေက သူငယ်ချင်းနဲ့ ဆော့ရတာ၊ အပြင်ထွက်လည်ရတာကို သဘောကျ ကြပါတယ်။ ဒါပေမယ့် ရုတ်တရက် သင့်ကလေးက သူငယ်ချင်းတွေနဲ့ မတွေ့ချင်တော့တာ၊ အပြင်မထွက်ချင်တော့တာက ကလေးစိတ်ထဲမှာ ကြောက်စိတ်ဝင်လာတာပါ။ သူတို့ကို အနိုင်ကျင့်တဲ့သူတွေကို ရှောင်နိုင်သမျှ ရှောင်ရင်း လူမှုဆက်ဆံရေးမှာ အားနည်းသွားတတ်ပါတယ်။

၅။ မိသားစုနဲ့ ခပ်ခွာခွာနေခြင်း

ကလေးရဲ့စိတ်ထဲမှာ အနိုင်ကျင့်ခံရတာများပြီး ကြောက်စိတ်ဝင်လာတဲ့အခါ မိသားစုနဲ့လည်း ခပ်ခွာခွာ နေလာတတ်ပါတယ်။ အဲဒီ အပြုအမူကို စောစောစီးစီး သတိထားမိသင့်ပါတယ်။

၆။ မိသားစုဝင်များအပေါ် ရိုင်းစိုင်းလာခြင်း

အနိုင်ကျင့်ခံရခြင်းဟာ ကလေးရဲ့စိတ်ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ ကလေးဖြစ်နေသေးတဲ့အတွက် သူတို့ရဲ့ခံစားချက်ကိုလည်း ကောင်းကောင်း မထိန်းချုပ်နိုင်သေးပါဘူး။ အဲဒီအခါ မောင်နှမတွေ၊ မိသားစုဝင်တွေကို ရိုင်းရိုင်းပျပျ ဆက်ဆံတာတွေ ဖြစ်လာတတ်ပါတယ်။

၇။ မုန့်ဖိုး၊ မုန့်များ ပိုတောင်းလာခြင်း

ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့အခါ နောက်ထပ် အနိုင်မကျင့်ခံရအောင် မိဘဆီကနေ မုန့်ဖိုးတွေ၊ မုန့်တွေ၊ အရုပ်တွေ ပိုတောင်းလာတတ်ပါတယ်။ အဲဒီလိုတောင်းပြီး သူ့ကို အနိုင်ကျင့်သူကို ပေးလေ့ရှိကြပါတယ်။

၈။ ထိခိုက်ဒဏ်ရာများ ရလာခြင်း

ကလေးအချင်းချင်း အနိုင်ကျင့်တဲ့အခါ ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာတွေ ရလာပါတယ်။ သင့်ကလေးမှာ ရုတ်တရက် ဒဏ်ရာရလာကို မေးတဲ့အခါ ကလေးက မဖြေနိုင်ရင် မပေါ့ဆသင့်ပါဘူး။

အနိုင်အကျင့် မခံရအောင် ဘယ်လိုကာကွယ်မလဲ။

- သင့်ကလေးကို ဘယ်လိုအရာတွေက အနိုင်ကျင့်တာဖြစ်ကြောင်း ရှင်းပြပါ။

- ကလေးနဲ့ ရင်းရင်းနှီးနှီးနေပြီး သူတို့ရဲ့အခက်အခဲ စိုးရိမ်မှုတွေကို စိတ်ရှည်ရှည် နားထောင်ပေးပါ။

- ကလေး ဝါသနာပါရာကို အာရုံစိုက်နိုင်အောင် ကူညီပေးပါ။ သူတို့ဝါသနာပါရာ အလုပ်တစ်ခုခု အောင်မြင်သွားရင် ကလေးရဲ့စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ တိုးလာပါတယ်။

- ကလေးအပေါ် ကြင်ကြင်နာနာဆက်ဆံပြီး အပြန်အလှန် လေးစားမှုပေးပါ။

Zombie (Lovemedia)

for zawgyi

သင့္ကေလး အႏိုင္က်င့္ခံေနရေၾကာင္း ေဖာ္ျပေနသည့္ လကၡဏာ (၈) ခု

ကိုယ့္သားသမီး အႏိုင္က်င့္ခံရတာကို ဘယ္မိဘမွ မႏွစ္သက္ပါဘူး။ ကေလးအခ်င္းခ်င္း အႏိုင္က်င့္ခံရတာက ကမာၻေပၚမွ ေန႔စဥ္ျဖစ္ေနက်ကိစ္ စျဖစ္ပါတယ္။ တခ်ိဳ႕ကေလးေတြက ေက်ာင္းမွာျဖစ္ျဖစ္၊ အိမ္အနီးအနားမွာျဖစ္ျဖစ္ အႏိုင္က်င့္ခံရရင္ မိဘေတြကို ေျပာတတ္ၾကပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ကေလးေတြက မေျပာၾကပါဘူး။ သင့္ကေလးက အႏိုင္က်င့္ခံေနရလား ဆိုတာကို မိဘေတြက သိဖို႔ လိုအပ္ပါတယ္။ ငယ္႐ြယ္စဥ္မွာ အႏိုင္က်င့္ခံရတာေတြက တစ္ခါတရံမွာ အသက္ႀကီးတဲ့အထိ စိတ္ဒဏ္ရာအျဖစ္ ပါသြားေလ့ရွိပါတယ္။

၁။ ပစၥည္းမ်ားေပ်ာက္ျခင္း၊ ပ်က္ျခင္း

သင့္ကေလး အိမ္ျပန္ေရာက္တဲ့အခါ သူ႔ပစၥည္းေတြ ပ်က္ေနလား၊ ေပ်ာက္ေနလား ဆိုတာကို စစ္ေဆးေပးပါ။ ကေလးရဲ႕စာအုပ္ေတြ၊ အ႐ုပ္ေတြ၊ အဝတ္အစားေတြ စသျဖင့္ တစ္ခုခု ပ်က္ေန၊ ေပ်ာက္ေနတာက သင့္ကေလးကို တစ္ေယာက္ေယာက္က အႏိုင္က်င့္လိုက္တဲ့ လကၡဏာပါ။

၂။ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈ ႐ုတ္တရက္ က်ဆင္းသြားျခင္း

အႏိုင္က်င့္ခံရတဲ့အခါ ကေလးရဲ႕စိတ္ထဲမွာ သူတို႔မွားေနလား၊ အေၾကာင္းျပခ်က္မရွိ ဘာေၾကာင့္ အႏိုင္က်င့္ခံရတာလဲ စသျဖင့္ အေတြးေတြ မ်ားလာပါတယ္။ ရလဒ္အေနနဲ႔ ကေလးမွာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ က်ဆင္းသြားပါတယ္။ အဲဒီအခါ စကားကို တိုးတိုးေလးပဲ ေျပာေတာ့တာ၊ မသြားခ်င္ မလာခ်င္ျဖစ္တာ၊ မိဘေတြကိုလည္း စကားမေျပာခ်င္ေတာ့တာ စတဲ့ လကၡဏာေတြ ျဖစ္လာပါတယ္။

၃။ ညဘက္ အိပ္မေပ်ာ္ျခင္း

သင့္ကေလးက ႐ုတ္တရက္ ညဘက္ အိပ္မေပ်ာ္ေတာ့တာ၊ အိပ္မက္ဆိုးေတြ မက္ၿပီး လန႔္ႏိုးလာတာ ဆိုရင္ အႏိုင္က်င့္ခံရတဲ့ လကၡဏာ ျဖစ္ႏိုင္ပါတယ္။ အႏိုင္က်င့္ခံရတဲ့ ကေလးေတြက အိပ္ေရးမဝေတာ့ေၾကာင္း ေလ့လာခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။

၄။ လူမ်ားကို ေရွာင္လာျခင္း

ကေလးေတြက သူငယ္ခ်င္းနဲ႔ေဆာ့ရတာ၊ အျပင္ထြက္လည္ရတာကို သေဘာက် ၾကပါတယ္။ ဒါေပမယ့္ ႐ုတ္တရက္ သင့္ကေလးက သူငယ္ခ်င္းေတြနဲ႔ မေတြ႕ခ်င္ေတာ့တာ၊ အျပင္မထြက္ခ်င္ေတာ့တာက ကေလးစိတ္ထဲမွာ ေၾကာက္စိတ္ဝင္လာတာပါ။ သူတို႔ကို အႏိုင္က်င့္တဲ့သူေတြကို ေရွာင္ႏိုင္သမွ် ေရွာင္ရင္း လူမႈဆက္ဆံေရးမွာ အားနည္းသြားတတ္ပါတယ္။

၅။ မိသားစုနဲ႔ ခပ္ခြာခြာေနျခင္း

ကေလးရဲ႕စိတ္ထဲမွာ အႏိုင္က်င့္ခံရတာမ်ားၿပီး ေၾကာက္စိတ္ဝင္လာတဲ့အခါ မိသားစုနဲ႔လည္း ခပ္ခြာခြာ ေနလာတတ္ပါတယ္။ အဲဒီ အျပဳအမူကို ေစာေစာစီးစီး သတိထားမိသင့္ပါတယ္။

၆။ မိသားစုဝင္မ်ားအေပၚ ႐ိုင္းစိုင္းလာျခင္း

အႏိုင္က်င့္ခံရျခင္းဟာ ကေလးရဲ႕စိတ္က်န္းမာေရးကို ထိခိုက္လာေစပါတယ္။ ကေလးျဖစ္ေနေသးတဲ့အတြက္ သူတို႔ရဲ႕ခံစားခ်က္ကိုလည္း ေကာင္းေကာင္း မထိန္းခ်ဳပ္ႏိုင္ေသးပါဘူး။ အဲဒီအခါ ေမာင္ႏွမေတြ၊ မိသားစုဝင္ေတြကို ႐ိုင္း႐ိုင္းပ်ပ် ဆက္ဆံတာေတြ ျဖစ္လာတတ္ပါတယ္။

၇။ မုန႔္ဖိုး၊ မုန႔္မ်ား ပိုေတာင္းလာျခင္း

ေက်ာင္းမွာ အႏိုင္က်င့္ခံရတဲ့အခါ ေနာက္ထပ္ အႏိုင္မက်င့္ခံရေအာင္ မိဘဆီကေန မုန႔္ဖိုးေတြ၊ မုန႔္ေတြ၊ အ႐ုပ္ေတြ ပိုေတာင္းလာတတ္ပါတယ္။ အဲဒီလိုေတာင္းၿပီး သူ႔ကို အႏိုင္က်င့္သူကို ေပးေလ့ရွိၾကပါတယ္။

၈။ ထိခိုက္ဒဏ္ရာမ်ား ရလာျခင္း

ကေလးအခ်င္းခ်င္း အႏိုင္က်င့္တဲ့အခါ ခႏၶာကိုယ္မွာ ထိခိုက္ဒဏ္ရာေတြ ရလာပါတယ္။ သင့္ကေလးမွာ ႐ုတ္တရက္ ဒဏ္ရာရလာကို ေမးတဲ့အခါ ကေလးက မေျဖႏိုင္ရင္ မေပါ့ဆသင့္ပါဘူး။

အႏိုင္အက်င့္ မခံရေအာင္ ဘယ္လိုကာကြယ္မလဲ။

- သင့္ကေလးကို ဘယ္လိုအရာေတြက အႏိုင္က်င့္တာျဖစ္ေၾကာင္း ရွင္းျပပါ။

- ကေလးနဲ႔ ရင္းရင္းႏွီးႏွီးေနၿပီး သူတို႔ရဲ႕အခက္အခဲ စိုးရိမ္မႈေတြကို စိတ္ရွည္ရွည္ နားေထာင္ေပးပါ။

- ကေလး ဝါသနာပါရာကို အာ႐ုံစိုက္ႏိုင္ေအာင္ ကူညီေပးပါ။ သူတို႔ဝါသနာပါရာ အလုပ္တစ္ခုခု ေအာင္ျမင္သြားရင္ ကေလးရဲ႕စိတ္ထဲမွာ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈေတြ တိုးလာပါတယ္။

- ကေလးအေပၚ ၾကင္ၾကင္နာနာဆက္ဆံၿပီး အျပန္အလွန္ ေလးစားမႈေပးပါ။

Zombie (Lovemedia)

Post a Comment

0 Comments