မာနကြီးသော ကြက်တူရွေး

ဟိုးရှေးရှေးတုန်းက အိမ်တအိမ်မှာ မွေးထားတဲ့ ကြက်တူရွေးတကောင် ရှိသတဲ့။ အဲဒီကြက်တူရွေးလေးက စကားလည်း ပြောတတ်တာမို့ လူတိုင်းက ချစ်ကြတာပေါ့ ။

အဲဒါကြောင့်လည်း သူက စိတ်ကြီးဝင်ပြီး မာန်တတ် နေတာပေါ့ ။ လှောင်ချိုင့်ထဲကနေ တခြားအိမ်မွေး တိရစ္ဆာန်တွေကိုလည်း ဆရာကြီးလုပ်ပြီး ဝေဖန်နေ တတ်တယ် ။

ကိုနွားကြီး ခင်ဗျားဖြင့် တနေ့ တနေ့ စားမြုံ့ပြန် နေတာပဲ ။ ဘာမှလည်း မလုပ်ဘူး။ ကိုကြက်ဖ ခင်ဗျားလည်း မနက်တခါ တွန်ပြီးရင် အစာပဲ ကောက်ရှာစား နေတာပဲ။ ကိုခွေး ခင်ဗျားဖြင့် ခွေအိပ်ချည်းနေတာပဲ စသဖြင့် ပေါ့ကွယ်။

သူတို့တွေ ကတော့ ကြက်တူရွေးကို ဘာမှ ပြန်ပြော မနေဘူးပေါ့။ တရက်မှာတော့ သူ့သခင်မလေးက လှောင်ချိုင့်ဖွင့် အစာထည့် ကျွေးမလို့ လုပ်နေစဉ်မှာ အရေးကြီးအလုပ် တခုပေါ်လို့ သွားလုပ်နေ တာနဲ့ လှောင်ချိုင့် မပိတ်ခဲ့မိ ဘူး ။

ကြက်တူရွေးလည်း အပြင်ထွက်ပြီး ဟိုဟိုဒီဒီ သွားကြည့် တာပေါ့။ အတောင်ပံ တွေကို ညှပ်ထားတာမို့ ပျံလို့တော့ မရဘူးပေါ့။ လယ်ကွင်းတွေနား ရောက်သွားတော့ ကိုနွားကြီးက လယ်ထွန်တဲ့ ဆီမှာ ပင်ပင် ပန်းပန်း လုပ်နေရှာတာ တွေ့တယ် ။

ကြက်မကြီးနဲ့ ကြက်ကလေးတွေ အစာရှာတဲ့နား ကြည့်နေတုန်း မြွေတကောင်က ကြက်တွေကို လာဆွဲတယ် ။ ကြက်ဖကြီးက လာပြီး ရဲရဲဝင့်ဝင့် ခွပ်လိုက်တော့ မြွေ ထွက်ပြေး သွားတာပေါ့။

အဲဒီမှာ ကြက်တူရွေးလေးက သူတို့လည်း သူတို့အလုပ်နဲ့ သူတို့ပါလား ဆိုပြီး တွေးနေတုန်း ဗြုန်းဆို ကြောင်တကောင်က သူ့ကို လာခုန်အုပ် ပါလေရော ။

အဲ့ဒီအချိန်မှာပဲ ကိုခွေးကြီးက အဝေးက ပြေးလာပြီး ကြောင်ကို ကိုက်မယ် လုပ်မှ ကြောင်ထွက်ပြေးသွားလို့ ကြက်တူရွေးလေး အသက် ချမ်းသာရာ ရတာပေါ့ကွယ် ။

နောက်တော့ သူ့သခင်မလေး ရောက်လာတာနဲ့ သူ့ကို အိမ်ခေါ်သွား၊ ပြုစုပေး သတဲ့ ။ အဲဒီအချိန်က စပြီး ကြက်တူရွေးလေးဟာ မာနကြီး မာန်တက်တဲ့ စကားတွေ မပြောတော့ဘူးတဲ့။

ကျွမ်းကျင်ရာ လိမ်မာ ဆိုတဲ့ ဆိုရိုးစကားလေး လက်ကိုင်ထားပြီး ကိုယ်တော်တယ် ကိုယ်တတ်တယ် ဆိုပြီး မာနမထားသင့် ပါဘူး ။ အားလုံးမှာ သူ့တို့ အရည်အချင်း ၊ သူတို့ ကိုယ်ပိုင်တန်ဖိုး ရှိကြပါတယ် ။

crd

Zawgyi

မာနႀကီးေသာ ၾကက္တူေ႐ြး

ဟိုးေရွးေရွးတုန္းက အိမ္တအိမ္မွာ ေမြးထားတဲ့ ၾကက္တူေ႐ြးတေကာင္ ရွိသတဲ့။ အဲဒီၾကက္တူေ႐ြးေလးက စကားလည္း ေျပာတတ္တာမို႔ လူတိုင္းက ခ်စ္ၾကတာေပါ့ ။ အဲဒါေၾကာင့္လည္း သူက စိတ္ႀကီးဝင္ၿပီး မာန္တတ္ ေနတာေပါ့ ။ ေလွာင္ခ်ိဳင့္ထဲကေန တျခားအိမ္ေမြး တိရစာၦန္ေတြကိုလည္း ဆရာႀကီးလုပ္ၿပီး ေဝဖန္ေန တတ္တယ္ ။

ကိုႏြားႀကီး ခင္ဗ်ားျဖင့္ တေန႔ တေန႔ စားၿမဳံ႕ျပန္ ေနတာပဲ ။ ဘာမွလည္း မလုပ္ဘူး။ ကိုၾကက္ဖ ခင္ဗ်ားလည္း မနက္တခါ တြန္ၿပီးရင္ အစာပဲ ေကာက္ရွာစား ေနတာပဲ။ ကိုေခြး ခင္ဗ်ားျဖင့္ ေခြအိပ္ခ်ည္းေနတာပဲ စသျဖင့္ ေပါ့ကြယ္။ သူတို႔ေတြ ကေတာ့ ၾကက္တူေ႐ြးကို ဘာမွ ျပန္ေျပာ မေနဘူးေပါ့။

တရက္မွာေတာ့ သူ႔သခင္မေလးက ေလွာင္ခ်ိဳင့္ဖြင့္ အစာထည့္ ေကြၽးမလို႔ လုပ္ေနစဥ္မွာ အေရးႀကီးအလုပ္ တခုေပၚလို႔ သြားလုပ္ေန တာနဲ႔ ေလွာင္ခ်ိဳင့္ မပိတ္ခဲ့မိ ဘူး ။ ၾကက္တူေ႐ြးလည္း အျပင္ထြက္ၿပီး ဟိုဟိုဒီဒီ သြားၾကည့္ တာေပါ့။ အေတာင္ပံ ေတြကို ညႇပ္ထားတာမို႔ ပ်ံလို႔ေတာ့ မရဘူးေပါ့။

လယ္ကြင္းေတြနား ေရာက္သြားေတာ့ ကိုႏြားႀကီးက လယ္ထြန္တဲ့ ဆီမွာ ပင္ပင္ ပန္းပန္း လုပ္ေနရွာတာ ေတြ႕တယ္ ။ ၾကက္မႀကီးနဲ႔ ၾကက္ကေလးေတြ အစာရွာတဲ့နား ၾကည့္ေနတုန္း ေႁမြတေကာင္က ၾကက္ေတြကို လာဆြဲတယ္ ။ ၾကက္ဖႀကီးက လာၿပီး ရဲရဲဝင့္ဝင့္ ခြပ္လိုက္ေတာ့ ေႁမြ ထြက္ေျပး သြားတာေပါ့။

အဲဒီမွာ ၾကက္တူေ႐ြးေလးက သူတို႔လည္း သူတို႔အလုပ္နဲ႔ သူတို႔ပါလား ဆိုၿပီး ေတြးေနတုန္း ျဗဳန္းဆို ေၾကာင္တေကာင္က သူ႔ကို လာခုန္အုပ္ ပါေလေရာ ။ အဲ့ဒီအခ်ိန္မွာပဲ ကိုေခြးႀကီးက အေဝးက ေျပးလာၿပီး ေၾကာင္ကို ကိုက္မယ္ လုပ္မွ ေၾကာင္ထြက္ေျပးသြားလို႔ ၾကက္တူေ႐ြးေလး အသက္ ခ်မ္းသာရာ ရတာေပါ့ကြယ္ ။

ေနာက္ေတာ့ သူ႔သခင္မေလး ေရာက္လာတာနဲ႔ သူ႔ကို အိမ္ေခၚသြား၊ ျပဳစုေပး သတဲ့ ။ အဲဒီအခ်ိန္က စၿပီး ၾကက္တူေ႐ြးေလးဟာ မာနႀကီး မာန္တက္တဲ့ စကားေတြ မေျပာေတာ့ဘူးတဲ့။

ကြၽမ္းက်င္ရာ လိမ္မာ ဆိုတဲ့ ဆို႐ိုးစကားေလး လက္ကိုင္ထားၿပီး ကိုယ္ေတာ္တယ္ ကိုယ္တတ္တယ္ ဆိုၿပီး မာနမထားသင့္ ပါဘူး ။ အားလုံးမွာ သူ႔တို႔ အရည္အခ်င္း ၊ သူတို႔ ကိုယ္ပိုင္တန္ဖိုး ရွိၾကပါတယ္ ။

crd

Post a Comment

0 Comments