ကျောင်းသွားဖို့အတွက် ဖော့ပုံးကို လှေလုပ်ပြီး မြစ်ကူးသွားရတဲ့ ကျောင်းသားလေးများ

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းက ကျောင်းသားလေးတွေဟာ ကျောင်းသွားဖို့ အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြရပါတယ်။ ကျောင်းသွားတဲ့လမ်းမှာလည်း အန္တရာယ်တွေ၊ စိန်ခေါ်မှုတွေက မရေမတွက်နိုင်အောင် များပြားလွန်းပါတယ်။ သတိတစ်ချက် လွတ်သွားတာနဲ့ အသက်ပါ ပါနိုင်တဲ့ အခြေအနေမျိုးတွေကို ကလေးလေးတွေက ဖြတ်ကျော်နေရပါတယ်။

Kompas မှာ ဖော်ပြထားတဲ့ သတင်းတွေအရ အင်ဒိုနီးရှားနိုင်ငံက မူလတန်း ကျောင်းသားလေးတွေဟာ စာသင်ခန်းကို ရောက်ဖို့အတွက် ဖော့ပုံးတွေထဲကို ဝင်ပြီးတော့ သွားရပါတယ်။ ဒီလိုပုံးတွေကို လှေလိုမျိုး လှော်ခတ်ပြီး သွားနေရတာပါ။

ဖော့ပုံးတွေကို သုံးပြီး ဖြတ်သန်းသွားလာရတာ အရမ်းကို အန္တရာယ် ရှိပါတယ်။ လှုပ်ရှားတာ မှားယွင်းသွားရင် ဒါမှမဟုတ် လေမုန်တိုင်းတစ်ခုခုနဲ့သာ ကြုံတွေ့လိုက်ရင် အသက်ကို စိုးရိမ်ရပါတယ်။ လှေတွေလိုမျိုးလည်း တည်ဆောက်ထားတာ မဟုတ်တာကြောင့် ဘယ်လိုမှကို အဆင်မပြေနိုင်ပါဘူး။

ရွာမှာရှိတဲ့ စီမံကိန်းနဲ့ ဘဏ္ဏာရေးအကြီးအကဲဖြစ်တဲ့ Adi Perdana ရဲ့ အဆိုအရကတော့ သူတို့ဒေသဘက်မှာ ဒီလိုဖော့ပုံးတွေနဲ့ သွားတာက အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ ကျောင်းကိုသွားဖို့ မြစ်ကိုဖြတ်တဲ့နေရာမှာ လှေထက် ဖော့ပုံးတွေကိုသုံးတာက အလေ့အကျင့်လို ဖြစ်နေပြီလို့ ပြောပါတယ်။

တချို့ ကလေးတွေကိုတော့ မိဘတွေက လှေတွေနဲ့ သေချာလိုက်ပို့ပေမယ့်လည်း ကလေးတချို့ကတော့ လှေနဲ့ မလိုက်ချင်တဲ့အပြင် ဒီလိုပုံးတွေနဲ့သွားရတာကို ပိုသဘောကျတယ် လို့ ဆိုပါတယ်။

“ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ကလေးတွေဟာ ဖော့ပုံးတွေကို မြစ်ထဲမှာ ကစားဖို့ သုံးခဲ့တယ်။ သူတို့ထဲက ခုနစ်ယောက် ဒါမှမဟုတ် ရှစ်ယောက်လောက်က ဖော့ပုံးတွေကို သုံးပြီးတောင် ကစားလေ့ ရှိတယ် "

“ ကလေးတွေ အားလုံးက ကောင်းကောင်း ရေကူးနိုင်ပါတယ်။ သူတို့တွေက မီတာ ၁၂၀ လောက်အထိ ကျယ်တဲ့ မြစ်တွေကိုတောင် ဖြတ်ပြီး ရေကူးလေ့ရှိတယ်” လို့ Adi က ပြောပါသေးတယ်။

ဖော့ ပုံးတွေနဲ့ ကျောင်းကို သွားလာနေရတာဟာ အလေ့အကျင့်ဖြစ်လာပြီ ဆိုတာကတော့ ကလေးတွေ အတွက်တော့ တကယ်ကို စိတ်မကောင်းစရာပါပဲ။ သူတို့လေးတွေ ကျောင်းကို လုံလုံခြုံခြုံနဲ့ အန္တရာယ်ကင်းကင်း ရောက်ဖို့ပဲ ဆုတောင်းပေးနေပါတယ်။

Zombie (Lovemedia)

for zawgyi

ေက်ာင္းသြားဖို႔အတြက္ ေဖာ့ပုံးကို ေလွလုပ္ၿပီး ျမစ္ကူးသြားရတဲ့ ေက်ာင္းသားေလးမ်ား

ျမန္မာႏိုင္ငံအပါအဝင္ ကမာၻတစ္ဝွမ္းက ေက်ာင္းသားေလးေတြဟာ ေက်ာင္းသြားဖို႔ အခက္အခဲမ်ိဳးစုံကို ရင္ဆိုင္ၾကရပါတယ္။ ေက်ာင္းသြားတဲ့လမ္းမွာလည္း အႏၲရာယ္ေတြ၊ စိန္ေခၚမႈေတြက မေရမတြက္ႏိုင္ေအာင္ မ်ားျပားလြန္းပါတယ္။ သတိတစ္ခ်က္ လြတ္သြားတာနဲ႔ အသက္ပါ ပါႏိုင္တဲ့အေျခအေနမ်ိဳးေတြကို ကေလးေလးေတြက ျဖတ္ေက်ာ္ေနရပါတယ္။

Kompas မွာ ေဖာ္ျပထားတဲ့ သတင္းေတြအရ အင္ဒိုနီးရွားႏိုင္ငံက မူလတန္း ေက်ာင္းသားေလးေတြဟာ စာသင္ခန္းကို ေရာက္ဖို႔အတြက္ ေဖာ့ပုံးေတြထဲကို ဝင္ၿပီးေတာ့ သြားရပါတယ္။ ဒီလိုပုံးေတြကို ေလွလိုမ်ိဳး ေလွာ္ခတ္ၿပီး သြားေနရတာပါ။

ေဖာ့ပုံးေတြကို သုံးၿပီး ျဖတ္သန္းသြားလာရတာ အရမ္းကို အႏၲရာယ္ ရွိပါတယ္။ လႈပ္ရွားတာ မွားယြင္းသြားရင္ ဒါမွမဟုတ္ ေလမုန္တိုင္းတစ္ခုခုနဲ႔သာ ႀကဳံေတြ႕လိုက္ရင္ အသက္ကို စိုးရိမ္ရပါတယ္။ ေလွေတြလိုမ်ိဳးလည္း တည္ေဆာက္ထားတာ မဟုတ္တာေၾကာင့္ ဘယ္လိုမွကို အဆင္မေျပႏိုင္ပါဘူး။

႐ြာမွာရွိတဲ့ စီမံကိန္းနဲ႔ ဘဏၰာေရးအႀကီးအကဲျဖစ္တဲ့ Adi Perdana ရဲ႕ အဆိုအရကေတာ့ သူတို႔ေဒသဘက္မွာ ဒီလိုေဖာ့ပုံးေတြနဲ႔ သြားတာက အထူးအဆန္းေတာ့ မဟုတ္ေတာ့ပါဘူး။ ေက်ာင္းကိုသြားဖို႔ ျမစ္ကိုျဖတ္တဲ့ေနရာမွာ ေလွထက္ ေဖာ့ပုံးေတြကိုသုံးတာက အေလ့အက်င့္လို ျဖစ္ေနၿပီလို႔ ေျပာပါတယ္။

တခ်ိဳ႕ ကေလးေတြကိုေတာ့ မိဘေတြက ေလွေတြနဲ႔ ေသခ်ာလိုက္ပို႔ေပမယ့္လည္း ကေလးတခ်ိဳ႕ကေတာ့ ေလွနဲ႔ မလိုက္ခ်င္တဲ့အျပင္ ဒီလိုပုံးေတြနဲ႔သြားရတာကို ပိုသေဘာက်တယ္ လို႔ ဆိုပါတယ္။

“ လြန္ခဲ့တဲ့ ၁၀ ႏွစ္ကတည္းက ကေလးေတြဟာ ေဖာ့ပုံးေတြကို ျမစ္ထဲမွာ ကစားဖို႔ သုံးခဲ့တယ္။ သူတို႔ထဲက ခုနစ္ေယာက္ ဒါမွမဟုတ္ ရွစ္ေယာက္ေလာက္က ေဖာ့ပုံးေတြကို သုံးၿပီးေတာင္ ကစားေလ့ ရွိတယ္ "

“ ကေလးေတြအားလုံးက ေကာင္းေကာင္း ေရကူးႏိုင္ပါတယ္။ သူတို႔ေတြက မီတာ ၁၂၀ ေလာက္အထိ က်ယ္တဲ့ ျမစ္ေတြကိုေတာင္ ျဖတ္ၿပီး ေရကူးေလ့ရွိတယ္” လို႔ Adi က ေျပာပါေသးတယ္။

ေဖာ့ ပုံးေတြနဲ႔ ေက်ာင္းကို သြားလာေနရတာဟာ အေလ့အက်င့္ျဖစ္လာၿပီ ဆိုတာကေတာ့ ကေလးေတြ အတြက္ေတာ့ တကယ္ကို စိတ္မေကာင္းစရာပါပဲ။ သူတို႔ေလးေတြ ေက်ာင္းကို လုံလုံၿခဳံၿခဳံနဲ႔ အႏၲရာယ္ကင္းကင္း ေရာက္ဖို႔ပဲ ဆုေတာင္းေပးေနပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments