သူဌေးသား ၃ ယောက်နဲ့ သူခိုး

တခါတုန်းက သူဌေးကြီး၊ ကုန်သည် နဲ့ ပညာရှိ တို့ သူငယ်ချင်း သုံးဦး ရှိကြတယ်။ သူတို့သုံးဦးမှာ သားတယောက်စီ ရှိပြီး သားသုံးယောက်တို့သည်လည်း မိတ်ဆွေ သူငယ်ချင်းတွေ ဖြစ်ကြတယ်။

သားသုံးယောက်တို့ဟာ ယောက်ျားတို့ တတ်အပ်သော ပညာတို့ အလုံးစုံ သင်ယူတတ်မြောက် အရွယ်ရောက်သော်လည်း အပျော်အပါး ၊ အသောက်အစားတို့ တွင်သာ မွေ့လျော်ပျော်ပါးရင်း အချိန်ကုန်လွန်နေတော့ ဖခင်ဖြစ်သူသုံးဦးဟာ နေ့စဉ် ဆူပူကြိမ်းမောင်း နေတော့တယ်လေ။

ဒါနဲ့ သူငယ်ချင်းလူငယ်သုံးယောက်လည်း အိမ်ကဆင်းပြီး ထွက်ပြေးကြဖို့ တိုင်ပင်ကာ သုံးယောက်အတူ ထွက်ပြေးကြလေ တော့တယ်။ မြို့ရွာတွေမှာ ပျော်ပါး သောက်စားကြရင်း ပါလာတဲ့ ငွေကြေးအသပြာ ကုန်တဲ့အခါ သူဌေးကြီးရဲ့ သားက ငွေရှိတဲ့အခါ ကိစ္စ အတော်များများပြီး မြောက်အောင်မြင်တာ ဖြစ်တဲ့ အတွက် ပတ္တမြားတောင်ကို သွားလို့ ပတ္တမြားတူးဖို့ ဆိုသတဲ့။

ကျန်သူတို့ကလည်း သဘောတူကာ ပတ္တမြားတောင်သို့ ခရီးဆက်ကြ ပါတော့တယ်။ ဒီလိုနဲ့ ပတ္တမြားတောင်ကို ရောက်တဲ့အခါ သုံးယောက် နေရာ ခွဲ၍ ပတ္တမြားရှာကြရာ ကံကောင်းထောက်မစွာ ပတ္တမြား ပြည်တန်ပတ္တမြားတလုံးစီ ရရှိလာတော့တယ်။

ထိုအခါ မိမိနေရပ်သို့ ပြန်ရန်စီစဉ် တိုင်ပင်တဲ့အခါ လမ်းခရီး၌ ပတ္တမြားတောင်မှ ပတ္တမြားတူး ပြန်လာသူတို့ထံက ခိုးဆိုး လုယက် သတ်ဖြတ်လေ့ ရှိသော လူဆိုးလူမိုက်တို့ ရန်ကြောင့် ပတ္တမြားတွေကို ဝမ်းထဲသို့ မျိုချ၍ သယ်ဆောင်ရန် အကြံရကာ ထမင်းဖြူနှင့် ရော၍ ဝမ်းအတွင်း မျိုချကြလေတယ်။

ထိုအချိန် သူခိုးတယောက်ဟာ သူတို့သုံးဦး ပတ္တမြားကို မျိုချလိုက်တာ တွေ့ပြီး ချဉ်းကပ်ပေါင်းသင်းကာ သူတို့သုံးဦး အိပ်တဲ့အချိန်ကျမှ ဝမ်းကိုဖောက် ပတ္တမြားကို ယူမယ် ကြံစည်ပြီး အသနားခံ လမ်းကြုံလိုက်ပါရစေ တောင်းပန်သတဲ့။ သူတို့သုံးဦးလည်း လိုက်ခွင့်ပြုပြီး အပြန်ခရီးဆက်ကြရာ လမ်းခရီးတစ်နေရာက ရွာတရွာကို ရောက်ခဲ့လေတယ် ။

အဲဒီရွာမှာ လူဆိုးခေါင်ဆောင်တဦးရှိပြီး သူ့ထံတွင် လူစိမ်းလာလျှင် အဖိုးတန်ရတနာပါ ပါက အော်ဟစ်အသိပေး အချက်ပြတ်တတ်တဲ့ ထူးဆန်းတဲ့ ငှက်ကြီးတကောင် ရှိလေတယ်။ ထိုငှက်ကြီးရဲ့ အော်မြည်သံ ဘာသာစကားကိုလည်း လူဆိုးခေါင်းဆောင်ကသာ အဓိပ္ပာယ်သိရှိနားလည်တယ်။ သူခိုးအပါအဝင် လူငယ်သုံးယောက်တို့ ရွာထဲဝင်သောအခါ ထိုငှက်ကြီးမှာ အော်မြည်လေတော့တယ်။

ထိုအခါ လူဆိုးက တပည့်လက်သားတို့အား လူစိမ်းတို့ကို ဖမ်းဆီး၍ ခန္ဓာကိုယ် အနှံ့ရှာဖွေစေကာ အဖိုးတန် ရတနာ မတွေ့သောအခါမှ လွှတ်လေတယ်။ တဖန် ငှက်ကြီး သည် အော်မြည် လိုက်ပြန်သတဲ့။ လူဆိုးခေါင်းဆောင်လည်း သူ့ငှက်ကြီးသည် တခါဖူးမျှ လွဲမှားခြင်းမရှိ အချက်ပေး အော်မြည်တတ်ရာ ထိုသူတို့ကို ပြန်ဖမ်းစေသည်။

ထို့နောက် ခန္ဓာကိုယ် အနှံ့ရှာဖွေသော်လည်း တန်ဖိုးရှိသော ရတနာကို မတွေ့ရှိသောအခါ ဒေါသအမျက် ထွက်လေတော့တယ်။ ထို့ကြောင့် ထိုသူလေးယောက်တို့အား နေဝင်ခါနီး အချိန်တွင် ဝမ်းဗိုက်ကို ဖောက်၍ ဝမ်းထဲ၌ ရတနာကို ရှာဖွေရန် လူငယ်သုံယောက်နှင့် သူခိုးတို့ရှေ့တွင် ကြိမ်းဝါး ပြောဆိုကာ ချည်နှောင်ထားလိုက် ပါတော့တယ်။

ထိုအခါ သူခိုးဖြစ်သူသည် မိမိအပါအဝင် လူငယ်သုံးဦးလုံး သေရမည့် အရေးကို တွေးကာ မိမိကို အရင်သတ်၍ ဝမ်းဗိုက်က်ခွဲ ရတနာကို ရှာဖွေလို့ မတွေ့ရှိပါက ကျန်သူသုံးဦး လွတ်မြောက်နိုင်ကြောင်း တွေးကာ နေဝင်ချိန်နီး သတ်ဖြတ်ခံရနီး အချိန်တွင် မိမိတို့တွင် အဖိုးတန်ရတနာ တကယ် မပါရှိကြောင်း သတ်၍ ဝမ်းဗိုက်ကို ခွဲကာ ရတနာကို ရှာဖွေမည်ဆိုလည်း မိမိ၏ မိတ်ဆွေများကို မိမိရှေ့တွင် အသတ်ခံရတာကို မကြည့်ရက်နိုင်တာကြောင့် မိမိအား အရင်သတ်၍ ရှာဖွေပါ ဟု ပြောကြားလေတယ်။

လူဆိုးခေါင်းဆောင်လည်း သူခိုးကို အရင်သတ်၍ ဝမ်းဗိုက်ကို ခွဲကာ ရတနာကို ရှာဖွေစေသော်လည်း ရတနာကို မတွေ့ရှိသောကြောင့် သူခိုးပြောသော ရတနာ မပါရှိဘူး ဆိုသည်မှာ အမှန်စကားဖြစ်သည်။ ငှက်ကြီးကို ယုံမိ၍ အကျိုးမရှိ ရတနာ မရဘဲ လူတယောက်ကို သေစေခဲ့သည် ဆိုပြီး ကျန်သူ သုံးယောက်ကို လွှတ်လိုက်လေသည်။

ဘဝအခြေအနေအရ ၊ ဘဝအကျိုးပေးကံ အရ အသက်မွေးဝမ်းကြောင်း အလုပ်အမျိုးမျိုးနဲ့ ကျင်လည် လုပ်ကိုင်နေကြရပေမဲ့ ပုံပြင်ထဲက သူခိုးလို အရေးကြုံတဲ့ အခါ အသက် သေခံရတာချင်း အတူတူ ၊ ဒုက္ခရောက်တာချင်း အတူတူ ၊ မိမိမိတ်ဆွေများ သက်သာရာ သက်သာကြောင်းကြံဆ၍ အနစ်အနာခံလိုစိတ် ရှိသော သူများ လောကတွင် အများသားရှိသလို မိမိအတွက်သာ ကြည့်မြင်တတ်သူ တွေလည်း အများသားပါ။

သူတော်ကောင်း စိတ်ဓာတ်ဟာ နှလုံးသားတွင် ကိန်းအောင်းနေလေ့ ရှိပြီး တချို့တွေဟာ တခါတလေမှာ အရေးကြုံတဲ့အခါ စွန့်လွှတ်အနစ်နာခံ ပေးဆပ်တတ်တဲ့ စိတ်မျိုးပါ။ ဆရာကြီးမင်းသုဝဏ် ရေးသားခဲ့သော ပုံပြင်ကို မှတ်မိသမျှ ပြန်လည်ဝေမျှပါသည်။

crd

Zawgyi

သူေဌးသား ၃ ေယာက္နဲ႔ သူခိုး

တခါတုန္းက သူေဌးႀကီး၊ ကုန္သည္ နဲ႔ ပညာရွိ တို႔ သူငယ္ခ်င္း သုံးဦး ရွိၾကတယ္။ သူတို႔သုံးဦးမွာ သားတေယာက္စီ ရွိၿပီး သားသုံးေယာက္တို႔သည္လည္း မိတ္ေဆြ သူငယ္ခ်င္းေတြ ျဖစ္ၾကတယ္။

သားသုံးေယာက္တို႔ဟာ ေယာက္်ားတို႔ တတ္အပ္ေသာ ပညာတို႔ အလုံးစုံ သင္ယူတတ္ေျမာက္ အ႐ြယ္ေရာက္ေသာ္လည္း အေပ်ာ္အပါး ၊ အေသာက္အစားတို႔ တြင္သာ ေမြ႕ေလ်ာ္ေပ်ာ္ပါးရင္း အခ်ိန္ကုန္လြန္ေနေတာ့ ဖခင္ျဖစ္သူသုံးဦးဟာ ေန႔စဥ္ ဆူပူႀကိမ္းေမာင္း ေနေတာ့တယ္ေလ။

ဒါနဲ႔ သူငယ္ခ်င္းလူငယ္သုံးေယာက္လည္း အိမ္ကဆင္းၿပီး ထြက္ေျပးၾကဖို႔ တိုင္ပင္ကာ သုံးေယာက္အတူ ထြက္ေျပးၾကေလ ေတာ့တယ္။ ၿမိဳ႕႐ြာေတြမွာ ေပ်ာ္ပါး ေသာက္စားၾကရင္း ပါလာတဲ့ ေငြေၾကးအသျပာ ကုန္တဲ့အခါ သူေဌးႀကီးရဲ႕ သားက ေငြရွိတဲ့အခါ ကိစၥ အေတာ္မ်ားမ်ားၿပီး ေျမာက္ေအာင္ျမင္တာ ျဖစ္တဲ့ အတြက္ ပတၱျမားေတာင္ကို သြားလို႔ ပတၱျမားတူးဖို႔ ဆိုသတဲ့။

က်န္သူတို႔ကလည္း သေဘာတူကာ ပတၱျမားေတာင္သို႔ ခရီးဆက္ၾက ပါေတာ့တယ္။ ဒီလိုနဲ႔ ပတၱျမားေတာင္ကို ေရာက္တဲ့အခါ သုံးေယာက္ ေနရာ ခြဲ၍ ပတၱျမားရွာၾကရာ ကံေကာင္းေထာက္မစြာ ပတၱျမား ျပည္တန္ပတၱျမားတလုံးစီ ရရွိလာေတာ့တယ္။

ထိုအခါ မိမိေနရပ္သို႔ ျပန္ရန္စီစဥ္ တိုင္ပင္တဲ့အခါ လမ္းခရီး၌ ပတၱျမားေတာင္မွ ပတၱျမားတူး ျပန္လာသူတို႔ထံက ခိုးဆိုး လုယက္ သတ္ျဖတ္ေလ့ ရွိေသာ လူဆိုးလူမိုက္တို႔ ရန္ေၾကာင့္ ပတၱျမားေတြကို ဝမ္းထဲသို႔ မ်ိဳခ်၍ သယ္ေဆာင္ရန္ အႀကံရကာ ထမင္းျဖဴႏွင့္ ေရာ၍ ဝမ္းအတြင္း မ်ိဳခ်ၾကေလတယ္။

ထိုအခ်ိန္ သူခိုးတေယာက္ဟာ သူတို႔သုံးဦး ပတၱျမားကို မ်ိဳခ်လိုက္တာ ေတြ႕ၿပီး ခ်ဥ္းကပ္ေပါင္းသင္းကာ သူတို႔သုံးဦး အိပ္တဲ့အခ်ိန္က်မွ ဝမ္းကိုေဖာက္ ပတၱျမားကို ယူမယ္ ႀကံစည္ၿပီး အသနားခံ လမ္းႀကဳံလိုက္ပါရေစ ေတာင္းပန္သတဲ့။ သူတို႔သုံးဦးလည္း လိုက္ခြင့္ျပဳၿပီး အျပန္ခရီးဆက္ၾကရာ လမ္းခရီးတစ္ေနရာက ႐ြာတ႐ြာကို ေရာက္ခဲ့ေလတယ္ ။

အဲဒီ႐ြာမွာ လူဆိုးေခါင္ေဆာင္တဦးရွိၿပီး သူ႔ထံတြင္ လူစိမ္းလာလွ်င္ အဖိုးတန္ရတနာပါ ပါက ေအာ္ဟစ္အသိေပး အခ်က္ျပတ္တတ္တဲ့ ထူးဆန္းတဲ့ ငွက္ႀကီးတေကာင္ ရွိေလတယ္။ ထိုငွက္ႀကီးရဲ႕ ေအာ္ျမည္သံ ဘာသာစကားကိုလည္း လူဆိုးေခါင္းေဆာင္ကသာ အဓိပၸာယ္သိရွိနားလည္တယ္။ သူခိုးအပါအဝင္ လူငယ္သုံးေယာက္တို႔ ႐ြာထဲဝင္ေသာအခါ ထိုငွက္ႀကီးမွာ ေအာ္ျမည္ေလေတာ့တယ္။

ထိုအခါ လူဆိုးက တပည့္လက္သားတို႔အား လူစိမ္းတို႔ကို ဖမ္းဆီး၍ ခႏၶာကိုယ္ အႏွံ႔ရွာေဖြေစကာ အဖိုးတန္ ရတနာ မေတြ႕ေသာအခါမွ လႊတ္ေလတယ္။ တဖန္ ငွက္ႀကီး သည္ ေအာ္ျမည္ လိုက္ျပန္သတဲ့။ လူဆိုးေခါင္းေဆာင္လည္း သူ႔ငွက္ႀကီးသည္ တခါဖူးမွ် လြဲမွားျခင္းမရွိ အခ်က္ေပး ေအာ္ျမည္တတ္ရာ ထိုသူတို႔ကို ျပန္ဖမ္းေစသည္။

ထို႔ေနာက္ ခႏၶာကိုယ္ အႏွံ႔ရွာေဖြေသာ္လည္း တန္ဖိုးရွိေသာ ရတနာကို မေတြ႕ရွိေသာအခါ ေဒါသအမ်က္ ထြက္ေလေတာ့တယ္။ ထို႔ေၾကာင့္ ထိုသူေလးေယာက္တို႔အား ေနဝင္ခါနီး အခ်ိန္တြင္ ဝမ္းဗိုက္ကို ေဖာက္၍ ဝမ္းထဲ၌ ရတနာကို ရွာေဖြရန္ လူငယ္သုံေယာက္ႏွင့္ သူခိုးတို႔ေရွ႕တြင္ ႀကိမ္းဝါး ေျပာဆိုကာ ခ်ည္ေႏွာင္ထားလိုက္ ပါေတာ့တယ္။

ထိုအခါ သူခိုးျဖစ္သူသည္ မိမိအပါအဝင္ လူငယ္သုံးဦးလုံး ေသရမည့္ အေရးကို ေတြးကာ မိမိကို အရင္သတ္၍ ဝမ္းဗိုက္က္ခြဲ ရတနာကို ရွာေဖြလို႔ မေတြ႕ရွိပါက က်န္သူသုံးဦး လြတ္ေျမာက္ႏိုင္ေၾကာင္း ေတြးကာ ေနဝင္ခ်ိန္နီး သတ္ျဖတ္ခံရနီး အခ်ိန္တြင္ မိမိတို႔တြင္ အဖိုးတန္ရတနာ တကယ္ မပါရွိေၾကာင္း သတ္၍ ဝမ္းဗိုက္ကို ခြဲကာ ရတနာကို ရွာေဖြမည္ဆိုလည္း မိမိ၏ မိတ္ေဆြမ်ားကို မိမိေရွ႕တြင္ အသတ္ခံရတာကို မၾကည့္ရက္ႏိုင္တာေၾကာင့္ မိမိအား အရင္သတ္၍ ရွာေဖြပါ ဟု ေျပာၾကားေလတယ္။

လူဆိုးေခါင္းေဆာင္လည္း သူခိုးကို အရင္သတ္၍ ဝမ္းဗိုက္ကို ခြဲကာ ရတနာကို ရွာေဖြေစေသာ္လည္း ရတနာကို မေတြ႕ရွိေသာေၾကာင့္ သူခိုးေျပာေသာ ရတနာ မပါရွိဘူး ဆိုသည္မွာ အမွန္စကားျဖစ္သည္။ ငွက္ႀကီးကို ယုံမိ၍ အက်ိဳးမရွိ ရတနာ မရဘဲ လူတေယာက္ကို ေသေစခဲ့သည္ ဆိုၿပီး က်န္သူ သုံးေယာက္ကို လႊတ္လိုက္ေလသည္။

ဘဝအေျခအေနအရ ၊ ဘဝအက်ိဳးေပးကံ အရ အသက္ေမြးဝမ္းေၾကာင္း အလုပ္အမ်ိဳးမ်ိဳးနဲ႔ က်င္လည္ လုပ္ကိုင္ေနၾကရေပမဲ့ ပုံျပင္ထဲက သူခိုးလို အေရးႀကဳံတဲ့ အခါ အသက္ ေသခံရတာခ်င္း အတူတူ ၊ ဒုကၡေရာက္တာခ်င္း အတူတူ ၊ မိမိမိတ္ေဆြမ်ား သက္သာရာ သက္သာေၾကာင္းႀကံဆ၍ အနစ္အနာခံလိုစိတ္ ရွိေသာ သူမ်ား ေလာကတြင္ အမ်ားသားရွိသလို မိမိအတြက္သာ ၾကည့္ျမင္တတ္သူ ေတြလည္း အမ်ားသားပါ။

သူေတာ္ေကာင္း စိတ္ဓာတ္ဟာ ႏွလုံးသားတြင္ ကိန္းေအာင္းေနေလ့ ရွိၿပီး တခ်ိဳ႕ေတြဟာ တခါတေလမွာ အေရးႀကဳံတဲ့အခါ စြန႔္လႊတ္အနစ္နာခံ ေပးဆပ္တတ္တဲ့ စိတ္မ်ိဳးပါ။ ဆရာႀကီးမင္းသုဝဏ္ ေရးသားခဲ့ေသာ ပုံျပင္ကို မွတ္မိသမွ် ျပန္လည္ေဝမွ်ပါသည္။

crd

Post a Comment

0 Comments