ဉာဏ်ကောင်းလွန်းတဲ့ သူခိုး

အလွန်ချမ်းသာတဲ့ သူဌေးကြီးတဦးအိမ်ကို သူခိုး ဝင်ခိုးတာ တန်ဖိုးရှိတာတွေပဲ‌ရွေး ပါသွားတယ်။ သူဌေးကြီးကလည်း သူခိုးဟာ မိမိရဲ့ ဝန်ထမ်းများထဲမှ တဦးသာ ဖြစ်ရမည်လို့ သံသယ ရှိခဲ့တယ်။

ဒါကြောင့်သူက ပညာရှိတဦး ထံကို သွားပြီး အဖြစ်အပျက်ကို ပြောပြခဲ့တယ်။ ပညာရှိကြီး ကလည်း သူဌေးကြီး အိမ်ကိုရထားလုံးနဲ့ လိုက်လာခဲ့ပြီး သူဌေးကြီးရဲ့ ဝန်ထမ်းအားလုံးကို စုစည်းပြီး တယောက်ချင်းစီကို ပစ္စည်း ခိုးမခိုး မေးမြန်းခဲ့တယ် ။ လူတိုင်းက ငြင်းကြတယ်။

ပညာရှိကြီးက တခဏမျှ စဉ်းစားပြီးနောက် အထူး ပြုလုပ်ထားပြီး အရှည် တူညီတဲ့ သစ်သားတုတ်‌တွေကို ရထားလုံးပေါ်က ထုတ်ယူပေးခဲ့ပြီး သူဌေးကြီးရဲ့ ဝန်ထမ်းတွေကို ပြောလိုက်တာက

" ဒီတုတ်တွေက သာမန်တုတ်တွေ မဟုတ်ဘူး၊ နတ်မင်းကြီး ပေးထားတဲ့ တုတ်တွေပဲ ။ မနက်ဖြန် နံနက်မှာ သူခိုးအစစ်ရဲ့ တုတ်က ၂ လက်မ ပိုရှည်လာလိမ့်မယ် " လို့ ပြောခဲ့ပြီး ဝန်ထမ်း‌တွေကို အိမ်ပြန်လွှတ်လိုက်တယ် ။

နောက်နေ့နံနက်မှာ ဝန်ထမ်း‌တွေကို ပညာရှိကြီးက ပြန်ခေါ်လိုက်ပြီး သူတို့တုတ်ချောင်းတွေကို ပြန်ပေးဖို့ ပြောတယ်။ အဲ့ဒီအချိန် တုတ်ချောင်းတချောင်းမှ ပိုရှည်နေတာ မရှိပဲ ဝန်ထမ်းတဦးရဲ့ တုတ်ချောင်းကတော့ ၂ လက်မ တိုနေခဲ့တယ် ။

တိုနေတဲ့ တုတ်ပိုင်ရှင် ဝန်ထမ်းကို ပညာရှိကြီးက ညွှန်ပြပြီး သူဟာ သူခိုးပဲ လို့ ပြောလိုက်တယ်။

နောက်ပိုင်းမှာ သူဌေးကြီးက ပညာရှိကြီး ကို “ သူခိုးကို ဘယ်လိုဖမ်းမိတာလဲ ” ဟု မေးခဲ့တယ် ။ ပညာရှိကြီး က “ သူ့ရဲ့တုတ်တွေက မနက်မှာ ၂ လက်မ လောက် ပိုရှည်လာမှာကို စိုးရိမ်တဲ့အတွက် သူခိုးဟာ ညမှာကတည်းက ၂ လက်မလောက် ဖြတ်ထားခဲ့တာ ” လို့ ပြောပါတယ်။

Moral အမှန်တရားကို ဖုံးကွယ်မရပါ ။

crd

Zawgyi

ဉာဏ္ေကာင္းလြန္းတဲ့ သူခိုး

အလြန္ခ်မ္းသာတဲ့ သူေဌးႀကီးတဦးအိမ္ကို သူခိုး ဝင္ခိုးတာ တန္ဖိုးရွိတာေတြပဲ‌ေ႐ြး ပါသြားတယ္။ သူေဌးႀကီးကလည္း သူခိုးဟာ မိမိရဲ႕ ဝန္ထမ္းမ်ားထဲမွ တဦးသာ ျဖစ္ရမည္လို႔ သံသယရွိခဲ့တယ္။

ဒါေၾကာင့္သူက ပညာရွိတဦး ထံကို သြားၿပီး အျဖစ္အပ်က္ကို ေျပာျပခဲ့တယ္။ ပညာရွိႀကီး ကလည္း သူေဌးႀကီး အိမ္ကိုရထားလုံးနဲ႔ လိုက္လာခဲ့ၿပီး သူေဌးႀကီးရဲ႕ ဝန္ထမ္းအားလုံးကို စုစည္းၿပီး တေယာက္ခ်င္းစီကို ပစၥည္း ခိုးမခိုး ေမးျမန္းခဲ့တယ္ ။ လူတိုင္းက ျငင္းၾကတယ္။

ပညာရွိႀကီးက တခဏမွ် စဥ္းစားၿပီးေနာက္ အထူး ျပဳလုပ္ထားၿပီး အရွည္ တူညီတဲ့ သစ္သားတုတ္‌ေတြကို ရထားလုံးေပၚက ထုတ္ယူေပးခဲ့ၿပီး သူေဌးႀကီးရဲ႕ ဝန္ထမ္းေတြကို ေျပာလိုက္တာက

" ဒီတုတ္ေတြက သာမန္တုတ္ေတြ မဟုတ္ဘူး၊ နတ္မင္းႀကီး ေပးထားတဲ့ တုတ္ေတြပဲ ။ မနက္ျဖန္ နံနက္မွာ သူခိုးအစစ္ရဲ႕ တုတ္က ၂ လက္မ ပိုရွည္လာလိမ့္မယ္ " လို႔ ေျပာခဲ့ၿပီး ဝန္ထမ္း‌ေတြကို အိမ္ျပန္လႊတ္လိုက္တယ္ ။

ေနာက္ေန႔နံနက္မွာ ဝန္ထမ္း‌ေတြကို ပညာရွိႀကီးက ျပန္ေခၚလိုက္ၿပီး သူတို႔တုတ္ေခ်ာင္းေတြကို ျပန္ေပးဖို႔ ေျပာတယ္။ အဲ့ဒီအခ်ိန္ တုတ္ေခ်ာင္းတေခ်ာင္းမွ ပိုရွည္ေနတာ မရွိပဲ ဝန္ထမ္းတဦးရဲ႕ တုတ္ေခ်ာင္းကေတာ့ ၂ လက္မ တိုေနခဲ့တယ္ ။

တိုေနတဲ့ တုတ္ပိုင္ရွင္ ဝန္ထမ္းကို ပညာရွိႀကီးက ၫႊန္ျပၿပီး သူဟာ သူခိုးပဲ လို႔ ေျပာလိုက္တယ္။

ေနာက္ပိုင္းမွာ သူေဌးႀကီးက ပညာရွိႀကီး ကို “ သူခိုးကို ဘယ္လိုဖမ္းမိတာလဲ ” ဟု ေမးခဲ့တယ္ ။ ပညာရွိႀကီး က “ သူ႔ရဲ႕တုတ္ေတြက မနက္မွာ ၂ လက္မ ေလာက္ ပိုရွည္လာမွာကို စိုးရိမ္တဲ့အတြက္ သူခိုးဟာ ညမွာကတည္းက ၂ လက္မေလာက္ ျဖတ္ထားခဲ့တာ ” လို႔ ေျပာပါတယ္။

Moral အမွန္တရားကို ဖုံးကြယ္မရပါ ။

crd

Post a Comment

0 Comments