ပညာရှိအဘိုးအို နှင့် ငှက်ကလေး

ဟိုးရှေးရှေးတုန်းက ပညာရှိကြီးလို့ လူအများက အသိအမှတ်ပြု အရိုအသေပေးရတဲ့ အဘိုးအို တယောက် ရှိပါတယ်။ ပညာရှိအဘိုးအိုဟာ ကျမ်းစာအုပ်ကြီးတွေထဲက အဆိုအမိန့်တွေ၊ အတွေးအခေါ်တွေကို အလွတ် အာဂုံဆောင်နိုင်ယုံတင် မကဘူး သွားလေရာ ယူသွားပြီး လူအများကို ဟောပြောပို့ချနေတဲ့ သူတဦးပေါ့ ။

တနေ့မှာတော့ ရွာတရွာကို ဟောပြောဖို့ လာရင်း ငှက်ဖမ်းသမားနဲ့ တွေ့လို့ ငှက်တကောင်ကို ဝယ်ခဲ့တယ် ။ အိမ်ရောက်ရင် ငှက်ကို သတ်ပြီး ချက်စားရမယ်လို့ ပြောလိုက်မိတာနဲ့ တပြိုင်တည်း " မလုပ်ပါနဲ့ ကျွန်ုပ်အသက်ကို ချမ်းသာပေးပါ " လို့ ငှက်က လူလို ပြောလိုက်တော့ ပညာရှိကြီးက အံ့သြသွားတာပေါ့ ။

ပညာရှိအဘိုးအိုက " သင်က လူလို စကားပြော တတ်တယ်၊ ဟုတ်လား " ဆိုတော့ " ဟုတ်ပါတယ်၊ ကျွန်ုပ်ဟာ သာမန်ငှက် မဟုတ်ပါဘူး၊ ငှက်လောကမှာတော့ ပညာရှိ တဆူပါပဲ ။ သင်နဲ့ အပေးအယူ လုပ်ချင်ပါတယ် ။ အသက်ကို ချမ်းသာပေးပြီး ပြန်လွှတ်ပေးမယ် ဆိုရင် တသက်လုံး လိုက်နာရ လောက်အောင် တန်ဖိုးရှိတဲ့ စကား ၃ ခွန်းကို ပြောပြပါမယ် " ဆိုတော့ ပညာရှိကြီးလည်း စိတ်ဝင်စားသွားတယ်။

အဘိုးအိုဟာ ပညာကို တန်ဖိုးထားသူ ပညာရှိကို လေးစားတတ်သူ ဖြစ်လေတော့ ချက်ချင်းပဲ သဘောတူလိုက် လေရဲ့ ။ စကား ၃ ခွန်းကိုသာ ပြောပါ ဆိုပြီးတော့ ပြန်လွတ်ပေး လိုက်တယ် ။

ငှက်က " ဒါဆို သေချာမှတ်သားထားပါ။ ပထမတခွန်းက ဘယ်စကားကို မဆို ပညာရှိကပဲပြောပြော ကျမ်းကြီးကျမ်းငယ် အထဲကလို့ပဲ ပြောပြော ကိုးကွယ်ဆည်းကပ်တဲ့ သူတွေကပဲ ပြောပြော ယုတ်တိယုတ်တာ မရှိတဲ့စကား မဖြစ်နိုင်တဲ့ စကားဆိုရင် ယုံကို မယုံနဲ့ "

" ဒုတိယတခွန်းက ကိုယ်လုပ်နိုင်စွမ်း ရှိတဲ့ အတိုင်းအတာ အကန့်အသတ်ကို ကိုယ့်ဖာသာကိုယ် သိရမယ် " ။ " တတိယတခွန်းက ကောင်းတယ်လို့ ဆုံးဖြတ်ပြီး ကိုယ်လုပ်လိုက်တဲ့ အလုပ်ကို ဘယ်တော့မှ နောင်တမရနဲ့။ အဲ့ဒါဟာ ဝမ်းနည်းကြေကွဲတာပဲ အဖတ်တင်မယ်။ ဒါပါပဲ "

အဘိုးအိုဟာ စကားကြီး ၃ ခွန်းကို တတွတ်တွတ် ရေရွတ်ရင်း အရမ်းကို ကျေနပ်နေပြီး သူများတွေကိုလည်း ဟောပြောပြီး အိမ်မှာလည်း စာရွက်နဲ့ ရေးပြီး ကတ်ထားရမယ်လို့ တွေးတောကာ အိမ်အပြင်ဘက်ကို လမ်းလျှောက် လာနေတုန်း ရှေ့က သစ်ပင်ထက်ဆီက ရယ်သံသဲ့သဲ့ ကြားလို့ မော့ကြည့်လိုက်တော့ သူလွှတ်ပေးလိုက်တဲ့ ငှက်ဟာ သူ့ကိုကြည့်ပြီး ရယ်နေတာကို တွေ့လိုက်ရတယ်။ အဘိုးအိုက " ဘာကိုရယ်နေတာလဲ " လို့ လှမ်းမေးလိုက်တယ်။

" သင်ဟာ အင်မတန်မှ မိုက်မဲပြီး ထုံထိုင်း ညံ့ဖျင်းလွန်း လို့သာ ကျွန်ုပ်ကို လွှတ်ပေးလိုက်တာ ဖြစ်တယ်။ တကယ်ဆိုရင် ကျွန်ုပ်ရဲ့ ကိုယ်ခန္ဓာတွင်းမှာ အဖိုးအနဂ္ဂ ထိုက်တန်တဲ့ ပတ္တမြားလက်စွပ် တကွင်း ရှိတယ် ။ ရလို့ ကတော့ သင်ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဖြစ်မှာ မလွဲဘူး " လို့ ငှက်က ပြောလိုက်တယ် ။

အဲဒီစကားကို ကြားလိုက်တာနဲ့ပဲ အဘိုးအိုဟာ ပိုဆိုးကို ခါးတောင်းကြိုက်ပြီး အပင်ပေါ်တတ်ဖို့ လုပ်တော့တာပေါ့။ ငှက်ကို ဖမ်းဖို့ အပင်ပေါ်ကို တတ်သွားတယ်။ သူ့လက်နဲ့ မှီလုမှီခင် ဖြစ်ပြီ ဆိုတာနဲ့ ငှက်ကလေးဟာ ပိုပြီးမြင့်တဲ့ ဆီကို ကူးသွားတယ်။ သူက ထက်တတ်လိုက် ငှက်ကလေးက အပေါ်ကို တိုးသွားလိုက်နဲ့ တဖြည်းဖြည်း သစ်ပင်ထိပ်ဖျားကို ရောက်လာပါလေရော ။

သစ်ပင်ထိပ်ဖျားက အကိုင်းတွေက သေးသွယ်တဲ့ အတွက် သူ့ရဲ့ ကိုယ်အလေးချိန်ကို မခံနိုင်ဘဲ ကျိုးကျတယ် ။ သူကိုယ်တိုင်ကလည်း အိုမင်းနေသူဖြစ်လို့ မြဲမြဲမြံမြံ ကိုင်စွဲမထားနိုင်ဘူး။ ဒါနဲ့ပဲ မြေကြီးပေါ်ကို ဘုန်းခနဲ ပြုတ်ကျပါလေရော၊ ကျိုးပဲ့ ဒဏ်ရာတွေနဲ့ ညည်းညူ လဲကျနေတဲ့ ပညာရှိအဘိုးအို အနားမှာ ငှက်ကလေးက လာနားရင်း ပြောပြတယ် ။

" မိုက်မဲလှချည်လား၊ ငှက်တကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပတ္တမြားလက်စွပ် ရှိတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ဒါတောင် မစဉ်းစားတတ်ဘူးလား ၊ ဒါပေမယ့်လည်း သင်ဟာ ကျွန်ုပ်ကို လူစကား ပြောတတ်တဲ့ ငှက်ပညာရှိလို့ အထင်ကြီးပြီး ကျွန်ုပ်ပြောသမျှ ယုတ္တိ မရှိတာကို ယုံခဲ့တယ် "

" ပြီးတော့ သင်ဟာ အိုမင်းမစွမ်း ဖြစ်နေရဲ့နဲ့ ကိုယ့်စွမ်းအားရဲ့ အတိုင်းအဆ အကန့်အသတ် ကို မသိဘူး။ လောဘဇောတိုက်ပြီး သစ်ပင်ပေါ်ကို အတင်းတတ်တယ်။ ဝမ်းမြောက်ရမဲ့ အစား နောက်ဆုံး သင်ဟာ ကျွန်ုပ်ကို လွှတ်ပေးခဲ့တာကို ပြန်တွေးပြီး နောင်တ ရနေတယ်။ အခုတော့ ကြေကွဲခြင်းနဲ့ မျက်ရည်ပဲ အဖတ်တင်ရပြီ မဟုတ်လား။ ကဲ နေရစ်ခဲ့ပေတော့ " လို့ ပြောပြီး အဝေးကို ပျံသန်းသွား ပါတော့တယ် ။

crd

Zawgyi

ပညာရွိအဘိုးအို ႏွင့္ ငွက္ကေလး

ဟိုးေရွးေရွးတုန္းက ပညာရွိႀကီးလို႔ လူအမ်ားက အသိအမွတ္ျပဳ အ႐ိုအေသေပးရတဲ့ အဘိုးအို တေယာက္ ရွိပါတယ္။ ပညာရွိအဘိုးအိုဟာ က်မ္းစာအုပ္ႀကီးေတြထဲက အဆိုအမိန႔္ေတြ၊ အေတြးအေခၚေတြကို အလြတ္ အာဂုံေဆာင္ႏိုင္ယုံတင္ မကဘူး သြားေလရာ ယူသြားၿပီး လူအမ်ားကို ေဟာေျပာပို႔ခ်ေနတဲ့ သူတဦးေပါ့ ။

တေန႔မွာေတာ့ ႐ြာတ႐ြာကို ေဟာေျပာဖို႔ လာရင္း ငွက္ဖမ္းသမားနဲ႔ ေတြ႕လို႔ ငွက္တေကာင္ကို ဝယ္ခဲ့တယ္ ။ အိမ္ေရာက္ရင္ ငွက္ကို သတ္ၿပီး ခ်က္စားရမယ္လို႔ ေျပာလိုက္မိတာနဲ႔ တၿပိဳင္တည္း " မလုပ္ပါနဲ႔ ကြၽႏ္ုပ္အသက္ကို ခ်မ္းသာေပးပါ " လို႔ ငွက္က လူလို ေျပာလိုက္ေတာ့ ပညာရွိႀကီးက အံ့ၾသသြားတာေပါ့ ။

ပညာရွိအဘိုးအိုက " သင္က လူလို စကားေျပာ တတ္တယ္၊ ဟုတ္လား " ဆိုေတာ့ " ဟုတ္ပါတယ္၊ ကြၽႏ္ုပ္ဟာ သာမန္ငွက္ မဟုတ္ပါဘူး၊ ငွက္ေလာကမွာေတာ့ ပညာရွိ တဆူပါပဲ ။ သင္နဲ႔ အေပးအယူ လုပ္ခ်င္ပါတယ္ ။ အသက္ကို ခ်မ္းသာေပးၿပီး ျပန္လႊတ္ေပးမယ္ ဆိုရင္ တသက္လုံး လိုက္နာရ ေလာက္ေအာင္ တန္ဖိုးရွိတဲ့ စကား ၃ ခြန္းကို ေျပာျပပါမယ္ " ဆိုေတာ့ ပညာရွိႀကီးလည္း စိတ္ဝင္စားသြားတယ္။

အဘိုးအိုဟာ ပညာကို တန္ဖိုးထားသူ ပညာရွိကို ေလးစားတတ္သူ ျဖစ္ေလေတာ့ ခ်က္ခ်င္းပဲ သေဘာတူလိုက္ ေလရဲ႕ ။ စကား ၃ ခြန္းကိုသာ ေျပာပါ ဆိုၿပီးေတာ့ ျပန္လြတ္ေပး လိုက္တယ္ ။

ငွက္က " ဒါဆို ေသခ်ာမွတ္သားထားပါ။ ပထမတခြန္းက ဘယ္စကားကို မဆို ပညာရွိကပဲေျပာေျပာ က်မ္းႀကီးက်မ္းငယ္ အထဲကလို႔ပဲ ေျပာေျပာ ကိုးကြယ္ဆည္းကပ္တဲ့ သူေတြကပဲ ေျပာေျပာ ယုတ္တိယုတ္တာ မရွိတဲ့စကား မျဖစ္ႏိုင္တဲ့ စကားဆိုရင္ ယုံကို မယုံနဲ႔ "

" ဒုတိယတခြန္းက ကိုယ္လုပ္ႏိုင္စြမ္း ရွိတဲ့ အတိုင္းအတာ အကန႔္အသတ္ကို ကိုယ့္ဖာသာကိုယ္ သိရမယ္ " ။ " တတိယတခြန္းက ေကာင္းတယ္လို႔ ဆုံးျဖတ္ၿပီး ကိုယ္လုပ္လိုက္တဲ့ အလုပ္ကို ဘယ္ေတာ့မွ ေနာင္တမရနဲ႔။ အဲ့ဒါဟာ ဝမ္းနည္းေၾကကြဲတာပဲ အဖတ္တင္မယ္။ ဒါပါပဲ "

အဘိုးအိုဟာ စကားႀကီး ၃ ခြန္းကို တတြတ္တြတ္ ေရ႐ြတ္ရင္း အရမ္းကို ေက်နပ္ေနၿပီး သူမ်ားေတြကိုလည္း ေဟာေျပာၿပီး အိမ္မွာလည္း စာ႐ြက္နဲ႔ ေရးၿပီး ကတ္ထားရမယ္လို႔ ေတြးေတာကာ အိမ္အျပင္ဘက္ကို လမ္းေလွ်ာက္ လာေနတုန္း ေရွ႕က သစ္ပင္ထက္ဆီက ရယ္သံသဲ့သဲ့ ၾကားလို႔ ေမာ့ၾကည့္လိုက္ေတာ့ သူလႊတ္ေပးလိုက္တဲ့ ငွက္ဟာ သူ႔ကိုၾကည့္ၿပီး ရယ္ေနတာကို ေတြ႕လိုက္ရတယ္။ အဘိုးအိုက " ဘာကိုရယ္ေနတာလဲ " လို႔ လွမ္းေမးလိုက္တယ္။

" သင္ဟာ အင္မတန္မွ မိုက္မဲၿပီး ထုံထိုင္း ညံ့ဖ်င္းလြန္း လို႔သာ ကြၽႏ္ုပ္ကို လႊတ္ေပးလိုက္တာ ျဖစ္တယ္။ တကယ္ဆိုရင္ ကြၽႏ္ုပ္ရဲ႕ ကိုယ္ခႏၶာတြင္းမွာ အဖိုးအနဂၢ ထိုက္တန္တဲ့ ပတၱျမားလက္စြပ္ တကြင္း ရွိတယ္ ။ ရလို႔ ကေတာ့ သင္ဟာ ကမာၻေပၚမွာ အခ်မ္းသာဆုံး ျဖစ္မွာ မလြဲဘူး " လို႔ ငွက္က ေျပာလိုက္တယ္ ။

အဲဒီစကားကို ၾကားလိုက္တာနဲ႔ပဲ အဘိုးအိုဟာ ပိုဆိုးကို ခါးေတာင္းႀကိဳက္ၿပီး အပင္ေပၚတတ္ဖို႔ လုပ္ေတာ့တာေပါ့။ ငွက္ကို ဖမ္းဖို႔ အပင္ေပၚကို တတ္သြားတယ္။ သူ႔လက္နဲ႔ မွီလုမွီခင္ ျဖစ္ၿပီ ဆိုတာနဲ႔ ငွက္ကေလးဟာ ပိုၿပီးျမင့္တဲ့ ဆီကို ကူးသြားတယ္။ သူက ထက္တတ္လိုက္ ငွက္ကေလးက အေပၚကို တိုးသြားလိုက္နဲ႔ တျဖည္းျဖည္း သစ္ပင္ထိပ္ဖ်ားကို ေရာက္လာပါေလေရာ ။

သစ္ပင္ထိပ္ဖ်ားက အကိုင္းေတြက ေသးသြယ္တဲ့ အတြက္ သူ႔ရဲ႕ ကိုယ္အေလးခ်ိန္ကို မခံႏိုင္ဘဲ က်ိဳးက်တယ္ ။ သူကိုယ္တိုင္ကလည္း အိုမင္းေနသူျဖစ္လို႔ ၿမဲၿမဲၿမံၿမံ ကိုင္စြဲမထားႏိုင္ဘူး။ ဒါနဲ႔ပဲ ေျမႀကီးေပၚကို ဘုန္းခနဲ ျပဳတ္က်ပါေလေရာ၊ က်ိဳးပဲ့ ဒဏ္ရာေတြနဲ႔ ညည္းညဴ လဲက်ေနတဲ့ ပညာရွိအဘိုးအို အနားမွာ ငွက္ကေလးက လာနားရင္း ေျပာျပတယ္ ။

" မိုက္မဲလွခ်ည္လား၊ ငွက္တေကာင္ရဲ႕ ခႏၶာကိုယ္ထဲမွာ ပတၱျမားလက္စြပ္ ရွိတယ္ ဆိုတာ ျဖစ္ႏိုင္ပါ့မလား၊ ဒါေတာင္ မစဥ္းစားတတ္ဘူးလား ၊ ဒါေပမယ့္လည္း သင္ဟာ ကြၽႏ္ုပ္ကို လူစကား ေျပာတတ္တဲ့ ငွက္ပညာရွိလို႔ အထင္ႀကီးၿပီး ကြၽႏ္ုပ္ေျပာသမွ် ယုတၱိ မရွိတာကို ယုံခဲ့တယ္ "

" ၿပီးေတာ့ သင္ဟာ အိုမင္းမစြမ္း ျဖစ္ေနရဲ႕နဲ႔ ကိုယ့္စြမ္းအားရဲ႕ အတိုင္းအဆ အကန႔္အသတ္ ကို မသိဘူး။ ေလာဘေဇာတိုက္ၿပီး သစ္ပင္ေပၚကို အတင္းတတ္တယ္။ ဝမ္းေျမာက္ရမဲ့ အစား ေနာက္ဆုံး သင္ဟာ ကြၽႏ္ုပ္ကို လႊတ္ေပးခဲ့တာကို ျပန္ေတြးၿပီး ေနာင္တ ရေနတယ္။ အခုေတာ့ ေၾကကြဲျခင္းနဲ႔ မ်က္ရည္ပဲ အဖတ္တင္ရၿပီ မဟုတ္လား။ ကဲ ေနရစ္ခဲ့ေပေတာ့ " လို႔ ေျပာၿပီး အေဝးကို ပ်ံသန္းသြား ပါေတာ့တယ္ ။

crd

Post a Comment

0 Comments