သစ္စာဖောက်သော ခိုလေး

တခါတုန်းက အမဲလိုက်ဖို့ အတွက် သိမ်းငှက်တွေကို လေ့ကျင့်ပေးနေတဲ့ သိမ်းငှက်ဆရာ တဦး ရှိတယ် ။ တနေ့သောအခါ သိမ်းငှက်ဆရာရဲ့ ပိုက်ကွန်ထဲမှာ ခါငှက်တကောင် ဖမ်းမိပါတယ်။

အဖမ်းခံရတဲ့ ခါငှက်ဟာ သူ့ကို လွှတ်ပေးဖို့ တောင်းပန်တယ် ။

" အကယ်၍ ကျွန်ုပ်ကိုသာ လွှတ်ပေးမည် သွားခွင့်ပေးမည် ဆိုပါက အခြားသော ခါငှက် အပေါင်းတို့ကို ဤပိုက်ကွန်ထဲသို့ ရောက်ရှိ ကျရောက်လာအောင် ကျွန်ုပ်ဟာ တည်ကြက် အဖြစ် အသုံးချခံပြီး လုပ်ဆောင်ပေးပါမည်" ဟု ခါငှက်က သိမ်းငှက်ဆရာကို ပြောလိုက်တယ် ။

ထိုအခါ သိမ်းငှက်ဆရာက..

" မလွှတ်ပေးဘူး ၊ သင့်ကို ငါ လွှတ်ပေးဖို့ မရည်ရွယ်ဘူး ။ သို့သော် ယခု သင့်ကို ငါက လွှတ်ပေးလိုက်မည် ဆိုလျှင် သင့်ရဲ့ ပြောစကားအရ သင့်ရဲ့ ပြစ်ဒဏ်ကို သင်ကိုယ်တိုင် မခံယူဘဲ သင့်ရဲ့ ပြစ်ဒဏ်ကို သင့်ရဲ့ မိတ်ဆွေတွေအပေါ် သစ္စာဖောက်ပြီး သင့်အသက်ကို ကယ်ဆယ်ဖို့ ကြိုးစားတဲ့ ကလိမ်ကကျစ်သင်ဟာ သေတာထက် ပိုဆိုးတဲ့ အရာနဲ့ ထိုက်တန်တယ်" ဟု ပြန်ပြောလိုက် တော့တယ် ။

ဒီပုံပြင်လေးလိုပဲ ကျွန်တော်တို့ လူ့လောကမှာလည်း ဖြစ်ပျက်နေကြပါတယ် ။ ကိုယ်ကောင်းစားဖို့ ၊ လွှတ်မြောက်ဖို့ အတွက် သူတပါးကို အပြစ်ပုံချ၊ ဒုက္ခတွင်းထဲ ဆွဲခေါ်ကြတဲ့ လူတွေလည်း ရှိနေကြပါတယ် ။

crd

Zawgyi

သစၥာေဖာက္ေသာ ခိုေလး

တခါတုန္းက အမဲလိုက္ဖို႔ အတြက္ သိမ္းငွက္ေတြကို ေလ့က်င့္ေပးေနတဲ့ သိမ္းငွက္ဆရာ တဦး ရွိတယ္ ။ တေန႔ေသာအခါ သိမ္းငွက္ဆရာရဲ႕ ပိုက္ကြန္ထဲမွာ ခါငွက္တေကာင္ ဖမ္းမိပါတယ္။ အဖမ္းခံရတဲ့ ခါငွက္ဟာ သူ႔ကို လႊတ္ေပးဖို႔ ေတာင္းပန္တယ္ ။

" အကယ္၍ ကြၽႏ္ုပ္ကိုသာ လႊတ္ေပးမည္ သြားခြင့္ေပးမည္ ဆိုပါက အျခားေသာ ခါငွက္ အေပါင္းတို႔ကို ဤပိုက္ကြန္ထဲသို႔ ေရာက္ရွိက်ေရာက္လာေအာင္ ကြၽႏ္ုပ္ဟာ တည္ၾကက္အျဖစ္ အသုံးခ်ခံၿပီး လုပ္ေဆာင္ေပးပါမည္" ဟု ခါငွက္က သိမ္းငွက္ဆရာကို ေျပာလိုက္တယ္ ။

ထိုအခါ သိမ္းငွက္ဆရာက "မလႊတ္ေပးဘူး ၊ သင့္ကို ငါ လႊတ္ေပးဖို႔ မရည္႐ြယ္ဘူး ။ သို႔ေသာ္ ယခု သင့္ကို ငါက လႊတ္ေပးလိုက္မည္ ဆိုလွ်င္ သင့္ရဲ႕ ေျပာစကားအရ သင့္ရဲ႕ ျပစ္ဒဏ္ကို သင္ကိုယ္တိုင္ မခံယူဘဲ သင့္ရဲ႕ ျပစ္ဒဏ္ကို သင့္ရဲ႕ မိတ္ေဆြေတြအေပၚ သစၥာေဖာက္ၿပီး သင့္အသက္ကို ကယ္ဆယ္ဖို႔ ႀကိဳးစားတဲ့ ကလိမ္ကက်စ္သင္ဟာ ေသတာထက္ ပိုဆိုးတဲ့ အရာနဲ႔ ထိုက္တန္တယ္" ဟု ျပန္ေျပာလိုက္ ေတာ့တယ္ ။

ဒီပုံျပင္ေလးလိုပဲ ကြၽန္ေတာ္တို႔ လူ႔ေလာကမွာလည္း ျဖစ္ပ်က္ေနၾကပါတယ္ ။ ကိုယ္ေကာင္းစားဖို႔ ၊ လႊတ္ေျမာက္ဖို႔ အတြက္ သူတပါးကို အျပစ္ပုံခ်၊ ဒုကၡတြင္းထဲ ဆြဲေခၚၾကတဲ့ လူေတြလည္း ရွိေနၾကပါတယ္ ။

crd

Post a Comment

0 Comments