ဝက်ဝံကြီးရဲ့ ပြောစကား

တခါတုန်းက တောကြီးမျက်မည်းထဲမှာ သူငယ်ချင်းနှစ်ယောက် ခရီး သွားနေတုန်း ဗြုန်းဆို ခပ်လှမ်းလှမ်း လာနေတဲ့ ဝက်ဝံကြီးတကောင်ကို တွေ့လိုက်ရတယ်။ တယောက်ဟာ ချက်ချင်းဆိုသလို ဝုန်းကနဲ ထွက်ပြေးသွားပြီး နီးစပ်ရာ အပင်ပေါ်ကို တွယ်တက်သွားတယ်။

နောက်တယောက် ကတော့ ဘာလုပ်ရမှန်းမသိဘဲ ဝက်ဝံကြီးလာရာ လမ်းကြောင်းတည့်တည့်မှာ ထီးတည်းကြီး ကျန်နေခဲ့တာပေါ့။

ကြံရာမရတဲ့အဆုံး သူဟာ မြေကြီးပေါ် လှဲချလိုက်ပြီး အသေကောင်လို ဟန်ဆောင်နေလိုက်တယ်။ ဝက်ဝံကြီးဟာ သူ့လမ်းကြောင်းအတိုင်း လျှောက်လာပြီး လမ်းပေါ်မှာ လဲနေတဲ့ သူ့အနား ရောက်လာတဲ့အခါ ရပ်လိုက်တယ်။ ပြီးတော့ ဝက်ဝံကြီးဟာ သူ့ရဲ့မျက်နှာနားကပ်ပြီး အနံ့ခံလိုက်သတဲ့။

အောက်ကလူ ကတော့ အသက်ရှူရပ်မတတ်ကို ကြောက်လန့် နေရှာတော့တာပေါ့။ အသက်မရှူတဲ့သူကို တွေ့တဲ့ ဝက်ဝံကြီးဟာ အသေကောင်လို့ထင်ပြီး အနားက ထွက်ခွာသွားတော့တယ်။

ဝက်ဝံကြီးပြန်သွားတဲ့အခါ အပင်ပေါ်ကလူဟာ အောက်ကို ပြန်ဆင်းလာတယ်။ ပြီးတော့ အသက်ထွက် မတတ် ကြောက်ရွံ့နေရှာတဲ့ သူ့သူငယ်ချင်းကို ကြည့်ပြီး ခွက်ထိုးခွက်လန် ရယ်တော့တယ်။ ရယ်နေရင်းနဲ့ပဲ..

" ဝက်ဝံကြီးက မင်းမျက်နှာနား ကပ်ပြီး ဘာပြောသွားတာလဲကွ" လို့ မေးလိုက်တယ်။

အဲဒီအခါ မြေကြီးပေါ်မှာ လှဲနေတဲ့သူဟာ ပြန်ထလာပြီး "အေး ဒုက္ခတစုံတရာနဲ့ တွေ့တဲ့အချိန်မှာ အနားက ထွက်ပြေး ရှောင်ပုန်းသွားတဲ့ သူဟာ မပေါင်းအပ်တဲ့ မိတ်ဆွေပဲလို့ ပြောသွားတယ်လေ " ဟု ပြန်ဖြေလိုက်လေသည်။

အဆင်ပြေနေတယ့်အချိန် ဘာအသံမှမကြား ၊ အခက်အခဲဖြစ်မှ ကိုယ့်ကိုသတိရ အကူအညီတောင်း ၊ ကိုယ်အကူအညီလိုတဲ့ အခါ ရှောင်ပြေးတတ်တဲ့ သူတွေနဲ့ မိတ်ဆွေ မပြုလုပ်ပါနဲ့ ။

crd

Zawgyi

ဝက္ဝံႀကီးရဲ႕ ေျပာစကား

တခါတုန္းက ေတာႀကီးမ်က္မည္းထဲမွာ သူငယ္ခ်င္းႏွစ္ေယာက္ ခရီး သြားေနတုန္း ျဗဳန္းဆို ခပ္လွမ္းလွမ္း လာေနတဲ့ ဝက္ဝံႀကီးတေကာင္ကို ေတြ႕လိုက္ရတယ္။ တေယာက္ဟာ ခ်က္ခ်င္းဆိုသလို ဝုန္းကနဲ ထြက္ေျပးသြားၿပီး နီးစပ္ရာ အပင္ေပၚကို တြယ္တက္သြားတယ္။

ေနာက္တေယာက္ ကေတာ့ ဘာလုပ္ရမွန္းမသိဘဲ ဝက္ဝံႀကီးလာရာ လမ္းေၾကာင္းတည့္တည့္မွာ ထီးတည္းႀကီး က်န္ေနခဲ့တာေပါ့။

ႀကံရာမရတဲ့အဆုံး သူဟာ ေျမႀကီးေပၚ လွဲခ်လိုက္ၿပီး အေသေကာင္လို ဟန္ေဆာင္ေနလိုက္တယ္။ ဝက္ဝံႀကီးဟာ သူ႔လမ္းေၾကာင္းအတိုင္း ေလွ်ာက္လာၿပီး လမ္းေပၚမွာ လဲေနတဲ့ သူ႔အနား ေရာက္လာတဲ့အခါ ရပ္လိုက္တယ္။ ၿပီးေတာ့ ဝက္ဝံႀကီးဟာ သူ႔ရဲ႕မ်က္ႏွာနားကပ္ၿပီး အနံ႔ခံလိုက္သတဲ့။

ေအာက္ကလူ ကေတာ့ အသက္ရႉရပ္မတတ္ကို ေၾကာက္လန႔္ ေနရွာေတာ့တာေပါ့။ အသက္မရႉတဲ့သူကို ေတြ႕တဲ့ ဝက္ဝံႀကီးဟာ အေသေကာင္လို႔ထင္ၿပီး အနားက ထြက္ခြာသြားေတာ့တယ္။

ဝက္ဝံႀကီးျပန္သြားတဲ့အခါ အပင္ေပၚကလူဟာ ေအာက္ကိုျပန္ဆင္းလာတယ္။ ၿပီးေတာ့ အသက္ထြက္ မတတ္ ေၾကာက္႐ြံ႕ေနရွာတဲ့ သူ႔သူငယ္ခ်င္းကို ၾကည့္ၿပီး ခြက္ထိုးခြက္လန္ ရယ္ေတာ့တယ္။ ရယ္ေနရင္းနဲ႔ပဲ " ဝက္ဝံႀကီးက မင္းမ်က္ႏွာနားကပ္ၿပီး ဘာေျပာသြားတာလဲကြ" လို႔ ေမးလိုက္တယ္။

အဲဒီအခါ ေျမႀကီးေပၚမွာ လွဲေနတဲ့သူဟာ ျပန္ထလာၿပီး "ေအး ဒုကၡတစုံတရာနဲ႔ ေတြ႕တဲ့အခ်ိန္မွာ အနားက ထြက္ေျပး ေရွာင္ပုန္းသြားတဲ့ သူဟာ မေပါင္းအပ္တဲ့ မိတ္ေဆြပဲလို႔ ေျပာသြားတယ္ေလ " ဟု ျပန္ေျဖလိုက္ေလသည္။

အဆင္ေျပေနတယ္အခ်ိန္ ဘာအသံမွမၾကား ၊ အခက္အခဲျဖစ္မွ ကိုယ့္ကိုသတိရ အကူအညီေတာင္း ၊ ကိုယ္အကူအညီလိုတဲ့ အခါ ေရွာင္ေျပးတတ္တဲ့ သူေတြနဲ႔ မိတ္ေဆြမျပဳလုပ္ပါနဲ႔ ။

crd

Post a Comment

0 Comments