ခွေးစကားယုံတဲ့ ကျားမိုက်

အခါတပါးတွင် တောစပ်တနေရာ၌ ခွေးလင်မယား နှစ်ကောင်ဟာ အကြောင်းဆက်၍ ပေါင်းဖက်ကာ နေကြလေသတဲ့ကွယ်။ တနေ့ အစာရှာထွက်ရာ၌ သန္ဓေအရင့်မာ လွယ်ထားရ ရှာတဲ့ ခွေးမယားဖြစ်သူကို ခွေး လင်ဖြစ်သူက အစာရှာ မလိုက်ရန် ပြောဆို သတဲ့ ခွေးမယား လုပ်သူကလည်း မနေခဲ့နိုင် ဘူးပေါ့။ မောင်တထမ်း မယ်တရွက် သေအ တူ ရှင်မခွါ ပေါ့။

ပြောမရတဲ့အဆုံးမှာ အတူတူ အစာရှာထွက်လာရင်းက ခွေးမက သားမွေး ဘို့အချိန်တန်လာတော့ သားမွေးစရာ နေရာ ရှာရင်း အတန်သင့် လုံခြုံ၍ ကျယ်ဝန်းသော ဂူတ ဂူကို အဆင့်သင့် တွေ့ရလို့ မီးဖွါး လေ တော့တယ်။ ဒါပေမဲ့ သူတို့ မီးဖွါးခဲ့ရာ ဂူဟာ ကျား နေတဲ့ ဂူဖြစ်နေတော့ အလွန်ကြီးမားတဲ့ အန္တရယ် နဲ့ ရင်ဆိုင် ကြုံတွေ့ရတော့မယ် ဆိုတာ သိနေရပြီဆိုတော့ ခွေးမယားက အကြံပြုသတဲ့။

" ရှင် ဒီလိုကြောက်နေလို့ မပြီးဘူး ကျမ ပြောသလို တဝေမတိမ်း လိုက်နာစမ်းပါ.. ဒီလိုပြော.. ဒီလိုဆို ကျုပ်ပြောတာ မမေ့နဲ့ " ပေါ့ အတိုင်အဖေါက်ညီညီ တိုင်ပင်ထား ကြတယ်။

အချိန်တန်လို့ အစာရှာကပြန်လာ တဲ့ကျား သူ့ဂူထဲက ထူးထူးခြားခြား ခွေးအပေါက်ကလေးတွေ အော်မြည်သံကြားရလို့ ဂူထဲ တန်းမဝင်သေးဘဲ ဂူဝကနေ ချောင်းပြီး နားထောင်နေသတဲ့။ အဲဒီအချိန်မှာ ဂူထဲမှာရှိ နေတဲ့ ခွေးလင်မယားက အတိုင်အဖေါက် ညီညီ လုပ်ငန်း စလိုက်ကြတယ်။

" ရှင်မရေ ကလေးတွေက ငိုလှချေလားကွယ့် "

" ငိုမှာပေါ့တော် ဆာတာကိုး "

" ဟ ဟိုတနေ့ကမှ ငါကိုက်သတ်ချီလာ တဲ့ ကိုးတောင်ကျားကြီးကရော့ "

" အဲဒါ ရှင့်သားတွေ စားလိုက်လို့ ကုန်ပေါ့ .. ရှင့်သားတွေက သိပ်အစားကြီးတာ "

" အေးအေး ငါထွက်ရှာလိုက်ဦးမယ်.. ပြောရင်းဆိုရင်း ကျားနံ့ရတယ် ငါထွက်ကြည့်လိုက် ဦးမယ် "

အပြင်မှာ နားထောင်နေတဲ့ ကျားကြီး အလိုလို ဖင်ကျောတွေရှုံ့ အမြှီးတွေကုတ် တချိုးထဲလစ်တော့တာ နောက်ကြောင်းကို မလှည့်ရဲဘူး။

ဒီလိုပြေးလာတာကို သစ်ပင်ပေါ်က မျောက် တကောင်က မြင်ပြီး အကျိုး အကြောင်းကို မေးမြန်း စပ်စု သတဲ့

" အလို ကိုရွှေကျား ရေးကြီး သုတ်ပျာနဲ့ အမောတကော ပြေးလာလိုက်တာ ဘယ်လို များ အရေး ကြုံလာလို့လည်း "

" ပြောမပြော ခြင်ပါဘူး ကိုရွှေမျောက်ရယ် ကျုပ်အဖြစ်က ဒီလိုဗျ.. "

" ဟာ မဖြစ်နိုင်တာ ကိုရွှေကျားရယ် ကျားကသာ ခွေးသားကို စားလာတာ ကမ္ဘာ့ အစဉ်အလာပါဗျ ခွေးက ကျားကိုသတ်စား တယ်ဆိုတာ အစဉ်အလာ မရှိပါဘူး တခုခု တော့ လွဲနေပြီ လာဗျာ ကျုပ်နဲ့ အတူ သွားပြီး စုံစမ်းကြရအောင် "

" မလုပ်ပါနဲ့ ကိုရွှေမျောက်ရယ် အရေးအကြောင်းဆို ခင်ဗျားက သစ်ပင်ပေါ်တက်ပြေး လွတ်တယ်ဗျ ကျုပ်မှာက ဒီတခါ ခွေးရန်က လွတ်အောင် ပြေးဘို့ မလွယ်ဘူး "

" ကိုရွှေကျားကလည်း ကြောက်တတ်ရန် ကော "

" ခင်ဗျား မယုံရင် ကျုပ်နဲ့ခင်ဗျား အ မြှီးခြင်း ချည်ထားကြမယ်လေ "

" အင်း ဒီလိုဆိုရင်တော့ ကောင်းတာပေါ့ "

ဒီလိုနဲ့ ကျားနဲ့မျောက် အမြှီးခြင်း ချည်ပြီးလာတာကို ခွေးကမြင်တော့ ခပ်တည်တည်နဲ့ ။

" ကိုရွှေမျောက်ရယ် ခင်ဗျားက မိတ်ဆွေ အချင်းချင်း ဂတိမတည်ရန်ကော ကျုပ်ဆီက ချေးယူစားထားတာက ကိုးတောင်ကျား အခု ခင်ဗျား ပြန်အချေးဆပ်တာက ခြောက်တောင်ကျား မကျေနပ်နိုင်ဘူးဗျာ ၊ နောက်ထပ် ကျား တကောင် ထပ်ရှာခဲ့ဦး "

အလိုလိုမှ ကြောက်ရွံ့ ကြောက်ရွံ့နဲ့ လာခဲ့ရတဲ့ကျား ခွေးစကားလည်း ကြားရော တချိုးထဲ ပြေးတော့တာဘဲ ။ နောက်က အမြှီးခြင်း ချီထားတဲ့ မျောက်က ဒရွတ်တိုက် ပါသွားတော့တယ်။

ပြေးရင်း လွှားရင်း ဒရွတ်တိုက် ပါလာတဲ့မျောက်က သစ်ငုတ်နဲ့ ဆောင့်မိပြီး သေရှာပါလေရော။ ကျားက မောလို့ နောက် လည်ကြည့်မိပါတယ် ။ ပါးစပ်ထဲက သွေးစို့ နေတဲ့ မျောက်ကိုကြည့်ပြီး ပြောလိုက်ပုံက

" ဟင်း ဒီမှာ ပြေးလိုက်ရတာ မောလို့ အရေးထဲမှာ ကိုရွှေမျောက်က ကွမ်းစားတောင် မပျက်ဘူးဗျာ " တဲ့

အသိနည်းပါးတဲ့ကျား ခွေးစကားယုံလွယ်မှားတော့ မောရပြီပေါ့ ။ ပြောတိုင်း မယုံတတ်တဲ့ အကျင့်ကို ကျင့်ကြံအားထုတ်၍ ဆင်ခြင်တွေးသောနိုင်ကြပါစေ ။ ဒကာဒကာမအပေါင်းတို့

သင်္ဂဇာ ဆရာတော်

Zawgyi

ေခြးစကားယံုတဲ့ က်ားမိုက္

အခါတပါးတြင္ ေတာစပ္တေနရာ၌ ေခြးလင္မယား ႏွစ္ေကာင္ဟာ အေၾကာင္းဆက္၍ ေပါင္းဖက္ကာ ေနၾကေလသတဲ့ကြယ္။ တေန႔ အစာရွာထြက္ရာ၌ သေႏၶအရင့္မာ လြယ္ထားရ ရွာတဲ့ ေခြးမယားျဖစ္သူကို ေခြး လင္ျဖစ္သူက အစာရွာ မလိုက္ရန္ ေျပာဆို သတဲ့ ေခြးမယား လုပ္သူကလည္း မေနခဲ့ႏိုင္ ဘူးေပါ့။ေမာင္တထမ္း မယ္တ႐ြက္ ေသအ တူ ရွင္မခြါ ေပါ့။

ေျပာမရတဲ့အဆုံးမွာ အတူတူ အစာရွာထြက္လာရင္းက ေခြးမက သားေမြး ဘို႔အခ်ိန္တန္လာေတာ့ သားေမြးစရာ ေနရာ ရွာရင္း အတန္သင့္ လုံၿခဳံ၍ က်ယ္ဝန္းေသာ ဂူတ ဂူကို အဆင့္သင့္ ေတြ႕ရလို႔ မီးဖြါး ေလ ေတာ့တယ္။ ဒါေပမဲ့ သူတို႔ မီးဖြါးခဲ့ရာ ဂူဟာ က်ား ေနတဲ့ ဂူျဖစ္ေနေတာ့ အလြန္ႀကီးမားတဲ့ အႏၲရယ္ နဲ႔ ရင္ဆိုင္ ႀကဳံေတြ႕ရေတာ့မယ္ ဆိုတာ သိေနရၿပီဆိုေတာ့ ေခြးမယားက အႀကံျပဳသတဲ့။

" ရွင္ ဒီလိုေၾကာက္ေနလို႔ မၿပီးဘူး က်မ ေျပာသလို တေဝမတိမ္း လိုက္နာစမ္းပါ ... ဒီလိုေျပာ... ဒီလိုဆို က်ဳပ္ေျပာတာ မေမ့နဲ႔ " ေပါ့ အတိုင္အေဖါက္ညီညီ တိုင္ပင္ထား ၾကတယ္။

အခ်ိန္တန္လို႔ အစာရွာကျပန္လာ တဲ့က်ား သူ႔ဂူထဲက ထူးထူးျခားျခား ေခြးအေပါက္ကေလးေတြ ေအာ္ျမည္သံၾကားရလို႔ ဂူထဲ တန္းမဝင္ေသးဘဲ ဂူဝကေန ေခ်ာင္းၿပီး နားေထာင္ေနသတဲ့။ အဲဒီအခ်ိန္မွာ ဂူထဲမွာရွိ ေနတဲ့ ေခြးလင္မယားက အတိုင္အေဖါက္ ညီညီ လုပ္ငန္း စလိုက္ၾကတယ္။

" ရွင္မေရ ကေလးေတြက ငိုလွေခ်လားကြယ့္ "

" ငိုမွာေပါ့ေတာ္ ဆာတာကိုး "

" ဟ ဟိုတေန႔ကမွ ငါကိုက္သတ္ခ်ီလာ တဲ့ ကိုးေတာင္က်ားႀကီးကေရာ့ "

" အဲဒါ ရွင့္သားေတြ စားလိုက္လို႔ ကုန္ေပါ့ .. ရွင့္သားေတြက သိပ္အစားႀကီးတာ "

" ေအးေအး ငါထြက္ရွာလိုက္ဦးမယ္ ... ေျပာရင္းဆိုရင္း က်ားနံ႔ရတယ္ ငါထြက္ၾကည့္လိုက္ ဦးမယ္ "

အျပင္မွာ နားေထာင္ေနတဲ့ က်ားႀကီး အလိုလို ဖင္ေက်ာေတြရႈံ႕ အျမႇီးေတြကုတ္ တခ်ိဳးထဲလစ္ေတာ့တာ ေနာက္ေၾကာင္းကို မလွည့္ရဲဘူး။

ဒီလိုေျပးလာတာကို သစ္ပင္ေပၚက ေမ်ာက္ တေကာင္က ျမင္ၿပီး အက်ိဳး အေၾကာင္းကို ေမးျမန္း စပ္စု သတဲ့

" အလို ကိုေ႐ႊက်ား ေရးႀကီး သုတ္ပ်ာနဲ႔ အေမာတေကာ ေျပးလာလိုက္တာ ဘယ္လို မ်ား အေရး ႀကဳံလာလို႔လည္း "

" ေျပာမေျပာ ျခင္ပါဘူး ကိုေ႐ႊေမ်ာက္ရယ္ က်ဳပ္အျဖစ္က ဒီလိုဗ် .... "

" ဟာ မျဖစ္ႏိုင္တာ ကိုေ႐ႊက်ားရယ္ က်ားကသာ ေခြးသားကို စားလာတာ ကမာၻ႔ အစဥ္အလာပါဗ် ေခြးက က်ားကိုသတ္စား တယ္ဆိုတာ အစဥ္အလာ မရွိပါဘူး တခုခု ေတာ့ လြဲေနၿပီ လာဗ်ာ က်ဳပ္နဲ႔ အတူ သြားၿပီး စုံစမ္းၾကရေအာင္ "

" မလုပ္ပါနဲ႔ ကိုေ႐ႊေမ်ာက္ရယ္ အေရးအေၾကာင္းဆို ခင္ဗ်ားက သစ္ပင္ေပၚတက္ေျပး လြတ္တယ္ဗ် က်ဳပ္မွာက ဒီတခါ ေခြးရန္က လြတ္ေအာင္ ေျပးဘို႔ မလြယ္ဘူး "

" ကိုေ႐ႊက်ားကလည္း ေၾကာက္တတ္ရန္ ေကာ "

" ခင္ဗ်ား မယုံရင္ က်ဳပ္နဲ႔ခင္ဗ်ား အ ျမႇီးျခင္း ခ်ည္ထားၾကမယ္ေလ "

" အင္း ဒီလိုဆိုရင္ေတာ့ ေကာင္းတာေပါ့ "

ဒီလိုနဲ႔ က်ားနဲ႔ေမ်ာက္ အျမႇီးျခင္း ခ်ည္ၿပီးလာတာကို ေခြးကျမင္ေတာ့ ခပ္တည္တည္နဲ႔ ။

" ကိုေ႐ႊေမ်ာက္ရယ္ ခင္ဗ်ားက မိတ္ေဆြ အခ်င္းခ်င္း ဂတိမတည္ရန္ေကာ က်ဳပ္ဆီက ေခ်းယူစားထားတာက ကိုးေတာင္က်ား အခု ခင္ဗ်ား ျပန္အေခ်းဆပ္တာက ေျခာက္ေတာင္က်ား မေက်နပ္ႏိုင္ဘူးဗ်ာ ၊ ေနာက္ထပ္ က်ား တေကာင္ ထပ္ရွာခဲ့ဦး "

အလိုလိုမွ ေၾကာက္႐ြံ႕ ေၾကာက္႐ြံ႕နဲ႔ လာခဲ့ရတဲ့က်ား ေခြးစကားလည္း ၾကားေရာ တခ်ိဳးထဲ ေျပးေတာ့တာဘဲ ။ ေနာက္က အျမႇီးျခင္း ခ်ီထားတဲ့ ေမ်ာက္က ဒ႐ြတ္တိုက္ ပါသြားေတာ့တယ္။

ေျပးရင္း လႊားရင္း ဒ႐ြတ္တိုက္ ပါလာတဲ့ေမ်ာက္က သစ္ငုတ္နဲ႔ ေဆာင့္မိၿပီး ေသရွာပါေလေရာ။ က်ားက ေမာလို႔ ေနာက္ လည္ၾကည့္မိပါတယ္ ။ ပါးစပ္ထဲက ေသြးစို႔ ေနတဲ့ ေမ်ာက္ကိုၾကည့္ၿပီး ေျပာလိုက္ပုံက

" ဟင္း ဒီမွာ ေျပးလိုက္ရတာ ေမာလို႔ အေရးထဲမွာ ကိုေ႐ႊေမ်ာက္က ကြမ္းစားေတာင္ မပ်က္ဘူးဗ်ာ " တဲ့

အသိနည္းပါးတဲ့က်ား ေခြးစကားယုံလြယ္မွားေတာ့ ေမာရၿပီေပါ့ ။ ေျပာတိုင္း မယုံတတ္တဲ့ အက်င့္ကို က်င့္ႀကံအားထုတ္၍ ဆင္ျခင္ေတြးေသာႏိုင္ၾကပါေစ ။ ဒကာဒကာမအေပါင္းတို႔

သဂၤဇာ ဆရာေတာ္

Post a Comment

0 Comments