ခွေးတကောင်ရဲ့ လည်ပတ်

တခါတုန်းက လူတယောက်ဆီမှာ အင်မတန်မှ ကိုက်တတ်တဲ့ ခွေးတကောင် ရှိပါသတဲ့။ အဲဒီခွေးဟာ အခြားခွေးတွေလို ထိုးဟောင်ပြီး လိုက်ဆွဲတာမျိုး မဟုတ်ဘဲ လူတွေရဲ့ နောက်ကို တိတ်တဆိတ်သွားပြီး အနားရောက်မှ ခြေသလုံးကို ပိုင်ပိုင်နိုင်နိုင် ကိုက်တတ်တာမျိုး ဖြစ်တယ်။

အဲဒီလိုနဲ့ အဲ့ခွေး လက်ချက်မိတဲ့ လူတွေဟာ ခွေးပိုင်ရှင်ဆီကို သွားရောက် တိုင်တန်းကြသတဲ့ ။ သူ့ခွေးနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေ များလာတဲ့အခါ ခွေးပိုင်ရှင်ဟာ အတန်ကြာ စဉ်းစားတယ်။ နောက်ဆုံးမှာ သူဟာ အကြံတခု ရခဲ့တော့တယ်။ ခွေးပိုင်ရှင်ဟာ ကြေးခလောက်တွေ တပ်ဆင်ထားတဲ့ လည်ပတ်ကြိုး တခုကို ပြုလုပ်ပြီး သူ့ရဲ့ ခွေးလည်ပင်းမှာ ပတ်ပေးထား ခဲ့တယ်။

လူတွေဟာ ခွေးလည်ပင်းက ခလောက်သံကို ကြားတာနဲ့ သူတို့နောက်ကို ခွေးရောက်နေပြီ ဆိုတာကို သိနိုင်ပြီး ရှောင်ရှားသွားနိုင် ကြတယ်။ အဲဒီလို လူတွေရဲ့ အဝေးက ရှောင်ရှားသွားတာကို မြင်တဲ့အခါ ခွေးက ဒီလို စဉ်းစားတယ်။

" ငါ့ဟာ အင်မတန်တော်တဲ့ ခွေးထူး၊ ခွေးမြတ် ပေတကား။ ငါတော်လွန်းတဲ့ အတွက် ငါ့သခင်တောင် မနေနိုင်ပဲ ဆုတံဆိပ် ချီးမြှင့်တာပဲ ၊ အဲဒီ ဆုတံဆိပ်ကို မြင်တာနဲ့ လူတွေတောင် ငါ့ကို ဖိန့်ဖိန့် တုန်အောင် ကြောက်နေကြပြီ ။ ငါလို ခွေးထူး ခွေးမြတ်တစ်ကောင်က သာမာန်လမ်းဘေးက ခွေးလေခွေးလွင့် တွေကို အဖက်လုပ်နေရင် ငါ့ဂုဏ်သိက္ခာ ထိခိုက်နိုင်တယ် "

အဲဒီအချိန်က စပြီး ခွေးမိုက်ဟာ သူ့အဖော် ခွေးတွေတင် မက၊ တရပ်ကွက်လုံးက ခွေးတွေကို ပါ အဖက်မလုပ်ပဲ နေခဲ့တော့တယ် ။ ခွေးတကောင်ကောင်နဲ့ မျက်နှာချင်း ဆိုင်မိရင်လည်း သူ့နှုတ်သီးကို အပေါ်ထောင်၊ ခေါင်းမော့ပြီး ခပ်မာမာပဲ ရှောင်ရှားသွား တော့တယ်။

တနေ့တော့ လည်ဆွဲပိုင်ရှင် ခွေးကို မျက်စေ့နောက်နေတဲ့ ခွေးကြီးတကောင်ဟာ သူ့ကို ဂုတ်က အပိုင်ဆွဲပြီး အရည်ပြားတွေ စုတ်ပြဲကုန်တဲ့အထိ ကိုက်ပြစ် လိုက်တယ်။ အဲဒီအခါ မှာတော့ မာန်မာနတက် နေတဲ့ ခွေးဟာ တဂိန်ဂိန် အော်မြည်ရင်း အမြီးကုပ်ကာ မှောက်မိုက်တဲ့ ချောင်တချောင်မှာ ဝင်ခွေနေရ ရှာပါတော့တယ် ။

ဒီပုံပြင်လေးဟာ အီစွတ်ရဲ့ ပုံပြင်တပုဒ်ပဲ ဖြစ်တယ်။ ဒီပုံပြင်ထဲက ခွေးဟာ " တလွဲမာန " အကြောင်းကို ကျနော်တို့ကို ပြောပြနေခဲ့တယ်။ တချို့သော သူတွေဟာ " ဆိုးခြင်း၊ မိုက်ခြင်း၊ သောက်စားခြင်း၊ နာမည်ဆိုးနဲ့ ကျော်ကြားခြင်း " တွေကို ဂုဏ်ဒြပ်တခု သဖွယ် ဂုဏ်ယူနေလေ့ ရှိကြတယ် ။

ခွေးပိုင်ရှင်ရဲ့ လည်ပတ်နဲ့ တူတဲ့ " ဒီကောင်က ဇ ရှိတဲ့ကောင်၊ ရပ်ကွက်ထဲက ဘယ်ကောင်ကမှ သူ့ကို မော်မကြည့်ရဲဘူး " "မင်းကတော့ စံပဲဟေ့၊ မင်းလောက် သောက်နိုင်တဲ့ကောင် မရှိဘူး၊ တကယ့်ကောင် " " ငါ့ကောင်ကတော့ လက်သွက်တယ်ဟေ့၊ ဟောတယောက်၊ ဟောတယောက်ပဲ " စတဲ့ စကားတွေကို ဂုဏ်ယူနေတတ်ကြတဲ့ ခွေးမိုက်လို လူတွေ ဖြစ်တယ်။

မိမိရဲ့ ဆိုးခြင်း၊ မိုက်ခြင်း စတဲ့ ဂုဏ်ပုဒ်တွေကြောင့် သူတော်ကောင်းတွေရဲ့ ရှောင်ကျဉ်ခြင်း ခံရတဲ့ အခါမှာလည်း ခွေးရဲ့ မာန်တက်ခြင်းနဲ့ တူတဲ့ " ငါ့ရဲ့ အရှိန်အဝါကြောင့် ငါ့အနားတောင် မလာရဲဘူး " ဆိုတဲ့ မကောင်းသတင်းကို ဂုဏ်ဒြပ်တခု အဖြစ် ထင်မြင်နေကြ ပြန်တယ် ။ ခွေးလည်ပတ်ဟာ ဆိုးဝါးခြင်း၊ မိုက်မဲခြင်း ပြယုဂ် ဆိုတာကို မသိဘဲ၊ ဆုလာဘ်တခု ၊ ဂုဏ်ယူဖွယ် တခုလို့ ထင်နေကြ ပြန်တယ် ။

အဲဒီလို ခွေးမိုက်နဲ့တူတဲ့ မိုက်မဲခြင်း ဂုဏ်ဒြပ်ကို ခုံမင်ကြသူများဟာ ခွေးကြီးရဲ့ ကိုက်ခဲခြင်းနဲ့ တူတဲ့ ကိုယ့်ထက် မိုက်မဲသူ၊ လက်စားချေလိုသူများနဲ့ တွေ့တဲ့အခါ မှာတော့ ခွေးမိုက်ရဲ့ တဂိန်ဂိန် ညည်းညူခြင်းလို၊ ကြောက်ရွံ့ ထိတ်လန့်စွာနဲ့ ဘဝကို ရင်ဆိုင်ဖြတ်သန်း ရတတ်တယ်လို့ဆိုတယ် ။ ခွေးမိုက်ဟာ ချောင်မှာ ခွေနေသလို တရားဓမ္မ အလင်းရောင်နဲ့ ဝေးကွာရာ အရပ်မှာသာ ပုန်းကွယ် ဖြတ်သန်းရလိမ့်မယ် လို့ဆိုလိုရင်း ဖြစ်တယ်။

Sometimes what appears to be a clap on the back is actually a slap on the face ဆိုတဲ့ စကားလို ကိုယ့်ကို အားပေးနေတဲ့ လက်ခုပ်သံတွေဟာ ကိုယ့်မျက်နှာကို ဖြတ်ရိုက်နေတဲ့ ရိုက်ချက်တွေ ဖြစ်နေတတ်တယ် လို့ ဆိုတယ်။ ကိုယ့်ရဲ့ မိုက်မဲခြင်း၊ လမ်းမှားခြင်းကို ချီးကျူးတဲ့ ချီးကျူး ထောပနာပြုသူ တွေဟာလည်း ကိုယ့်ကို လောကရဲ့ အမှောင်ဆုံးနေရာကို တွန်းပို့နေသူများ ဖြစ်နေတတ်တာကို သတိပြုသင့်လှတယ်။ လည်ပတ်များ၏ သဘောကို ဆင်ခြင်နိုင်ကြပါစေ ။

crd

Zawgyi

ေခြးတေကာင္ရဲ႕ လည္ပတ္

တခါတုန္းက လူတေယာက္ဆီမွာ အင္မတန္မွ ကိုက္တတ္တဲ့ ေခြးတေကာင္ ရွိပါသတဲ့။ အဲဒီေခြးဟာ အျခားေခြးေတြလို ထိုးေဟာင္ၿပီး လိုက္ဆြဲတာမ်ိဳး မဟုတ္ဘဲ လူေတြရဲ႕ ေနာက္ကို တိတ္တဆိတ္သြားၿပီး အနားေရာက္မွ ေျခသလုံးကို ပိုင္ပိုင္ႏိုင္ႏိုင္ ကိုက္တတ္တာမ်ိဳး ျဖစ္တယ္။

အဲဒီလိုနဲ႔ အဲ့ေခြး လက္ခ်က္မိတဲ့ လူေတြဟာ ေခြးပိုင္ရွင္ဆီကို သြားေရာက္ တိုင္တန္းၾကသတဲ့ ။ သူ႔ေခြးနဲ႔ပတ္သက္ၿပီး တိုင္ၾကားမႈေတြ မ်ားလာတဲ့အခါ ေခြးပိုင္ရွင္ဟာ အတန္ၾကာ စဥ္းစားတယ္။ ေနာက္ဆုံးမွာ သူဟာ အႀကံတခု ရခဲ့ေတာ့တယ္။ ေခြးပိုင္ရွင္ဟာ ေၾကးခေလာက္ေတြ တပ္ဆင္ထားတဲ့ လည္ပတ္ႀကိဳး တခုကို ျပဳလုပ္ၿပီး သူ႔ရဲ႕ ေခြးလည္ပင္းမွာ ပတ္ေပးထား ခဲ့တယ္။

လူေတြဟာ ေခြးလည္ပင္းက ခေလာက္သံကို ၾကားတာနဲ႔ သူတို႔ေနာက္ကို ေခြးေရာက္ေနၿပီ ဆိုတာကို သိႏိုင္ၿပီး ေရွာင္ရွားသြားႏိုင္ ၾကတယ္။ အဲဒီလို လူေတြရဲ႕ အေဝးက ေရွာင္ရွားသြားတာကို ျမင္တဲ့အခါ ေခြးက ဒီလို စဥ္းစားတယ္။

" ငါ့ဟာ အင္မတန္ေတာ္တဲ့ ေခြးထူး၊ ေခြးျမတ္ ေပတကား။ ငါေတာ္လြန္းတဲ့ အတြက္ ငါ့သခင္ေတာင္ မေနႏိုင္ပဲ ဆုတံဆိပ္ ခ်ီးျမႇင့္တာပဲ ၊ အဲဒီ ဆုတံဆိပ္ကို ျမင္တာနဲ႔ လူေတြေတာင္ ငါ့ကို ဖိန႔္ဖိန႔္ တုန္ေအာင္ ေၾကာက္ေနၾကၿပီ ။ ငါလို ေခြးထူး ေခြးျမတ္တစ္ေကာင္က သာမာန္လမ္းေဘးက ေခြးေလေခြးလြင့္ ေတြကို အဖက္လုပ္ေနရင္ ငါ့ဂုဏ္သိကၡာ ထိခိုက္ႏိုင္တယ္ "

အဲဒီအခ်ိန္က စၿပီး ေခြးမိုက္ဟာ သူ႔အေဖာ္ ေခြးေတြတင္ မက၊ တရပ္ကြက္လုံးက ေခြးေတြကို ပါ အဖက္မလုပ္ပဲ ေနခဲ့ေတာ့တယ္ ။ ေခြးတေကာင္ေကာင္နဲ႔ မ်က္ႏွာခ်င္း ဆိုင္မိရင္လည္း သူ႔ႏႈတ္သီးကို အေပၚေထာင္၊ ေခါင္းေမာ့ၿပီး ခပ္မာမာပဲ ေရွာင္ရွားသြား ေတာ့တယ္။

တေန႔ေတာ့ လည္ဆြဲပိုင္ရွင္ ေခြးကို မ်က္ေစ့ေနာက္ေနတဲ့ ေခြးႀကီးတေကာင္ဟာ သူ႔ကို ဂုတ္က အပိုင္ဆြဲၿပီး အရည္ျပားေတြ စုတ္ၿပဲကုန္တဲ့အထိ ကိုက္ျပစ္ လိုက္တယ္။ အဲဒီအခါ မွာေတာ့ မာန္မာနတက္ ေနတဲ့ ေခြးဟာ တဂိန္ဂိန္ ေအာ္ျမည္ရင္း အၿမီးကုပ္ကာ ေမွာက္မိုက္တဲ့ ေခ်ာင္တေခ်ာင္မွာ ဝင္ေခြေနရ ရွာပါေတာ့တယ္ ။

ဒီပုံျပင္ေလးဟာ အီစြတ္ရဲ႕ ပုံျပင္တပုဒ္ပဲ ျဖစ္တယ္။ ဒီပုံျပင္ထဲက ေခြးဟာ " တလြဲမာန " အေၾကာင္းကို က်ေနာ္တို႔ကို ေျပာျပေနခဲ့တယ္။ တခ်ိဳ႕ေသာ သူေတြဟာ " ဆိုးျခင္း၊ မိုက္ျခင္း၊ ေသာက္စားျခင္း၊ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားျခင္း " ေတြကို ဂုဏ္ျဒပ္တခု သဖြယ္ ဂုဏ္ယူေနေလ့ ရွိၾကတယ္ ။

ေခြးပိုင္ရွင္ရဲ႕ လည္ပတ္နဲ႔ တူတဲ့ " ဒီေကာင္က ဇ ရွိတဲ့ေကာင္၊ ရပ္ကြက္ထဲက ဘယ္ေကာင္ကမွ သူ႔ကို ေမာ္မၾကည့္ရဲဘူး " "မင္းကေတာ့ စံပဲေဟ့၊ မင္းေလာက္ ေသာက္ႏိုင္တဲ့ေကာင္ မရွိဘူး၊ တကယ့္ေကာင္ " " ငါ့ေကာင္ကေတာ့ လက္သြက္တယ္ေဟ့၊ ေဟာတေယာက္၊ ေဟာတေယာက္ပဲ " စတဲ့ စကားေတြကို ဂုဏ္ယူေနတတ္ၾကတဲ့ ေခြးမိုက္လို လူေတြ ျဖစ္တယ္။

မိမိရဲ႕ ဆိုးျခင္း၊ မိုက္ျခင္း စတဲ့ ဂုဏ္ပုဒ္ေတြေၾကာင့္ သူေတာ္ေကာင္းေတြရဲ႕ ေရွာင္က်ဥ္ျခင္း ခံရတဲ့ အခါမွာလည္း ေခြးရဲ႕ မာန္တက္ျခင္းနဲ႔ တူတဲ့ " ငါ့ရဲ႕ အရွိန္အဝါေၾကာင့္ ငါ့အနားေတာင္ မလာရဲဘူး " ဆိုတဲ့ မေကာင္းသတင္းကို ဂုဏ္ျဒပ္တခု အျဖစ္ ထင္ျမင္ေနၾက ျပန္တယ္ ။ ေခြးလည္ပတ္ဟာ ဆိုးဝါးျခင္း၊ မိုက္မဲျခင္း ျပယုဂ္ ဆိုတာကို မသိဘဲ၊ ဆုလာဘ္တခု ၊ ဂုဏ္ယူဖြယ္ တခုလို႔ ထင္ေနၾက ျပန္တယ္ ။

အဲဒီလို ေခြးမိုက္နဲ႔တူတဲ့ မိုက္မဲျခင္း ဂုဏ္ျဒပ္ကို ခုံမင္ၾကသူမ်ားဟာ ေခြးႀကီးရဲ႕ ကိုက္ခဲျခင္းနဲ႔ တူတဲ့ ကိုယ့္ထက္ မိုက္မဲသူ၊ လက္စားေခ်လိုသူမ်ားနဲ႔ ေတြ႕တဲ့အခါ မွာေတာ့ ေခြးမိုက္ရဲ႕ တဂိန္ဂိန္ ညည္းညဴျခင္းလို၊ ေၾကာက္႐ြံ႕ ထိတ္လန႔္စြာနဲ႔ ဘဝကို ရင္ဆိုင္ျဖတ္သန္း ရတတ္တယ္လို႔ဆိုတယ္ ။ ေခြးမိုက္ဟာ ေခ်ာင္မွာ ေခြေနသလို တရားဓမၼ အလင္းေရာင္နဲ႔ ေဝးကြာရာ အရပ္မွာသာ ပုန္းကြယ္ ျဖတ္သန္းရလိမ့္မယ္ လို႔ဆိုလိုရင္း ျဖစ္တယ္။

Sometimes what appears to be a clap on the back is actually a slap on the face ဆိုတဲ့ စကားလို ကိုယ့္ကို အားေပးေနတဲ့ လက္ခုပ္သံေတြဟာ ကိုယ့္မ်က္ႏွာကို ျဖတ္႐ိုက္ေနတဲ့ ႐ိုက္ခ်က္ေတြ ျဖစ္ေနတတ္တယ္ လို႔ ဆိုတယ္။ ကိုယ့္ရဲ႕ မိုက္မဲျခင္း၊ လမ္းမွားျခင္းကို ခ်ီးက်ဴးတဲ့ ခ်ီးက်ဴး ေထာပနာျပဳသူ ေတြဟာလည္း ကိုယ့္ကို ေလာကရဲ႕ အေမွာင္ဆုံးေနရာကို တြန္းပို႔ေနသူမ်ား ျဖစ္ေနတတ္တာကို သတိျပဳသင့္လွတယ္။ လည္ပတ္မ်ား၏ သေဘာကို ဆင္ျခင္ႏိုင္ၾကပါေစ ။

crd

Post a Comment

0 Comments