ခရီးသွားတဲ့အခါ ကားပေါ်မှာ ကလေးတွေအတွက် လုံခြုံစိတ်ချရစေမယ့် နည်းလမ်း (၇) ခု

ခရီးသွားတဲ့အခါ မိသားစုနဲ့အတူတူ သွားရတာ အရမ်းကို ပျော်စရာ ကောင်းပါတယ်။ ကလေးလေးတွေလည်း ခရီးသွားရင် ပါတတ်တာကြောင့် ကားပေါ်မှာ ကလေးတွေအတွက် လုံခြုံစိတ်ချရစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးပါမယ်နော်။

၁။ မှန်ကန်တဲ့ထိုင်ခုံ ရွေးချယ်မှု

ကလေးအတွက် ထိုင်ခုံမဝယ်ခင်မှာ ကလေးရဲ့ အသက်၊ ကိုယ်အလေးချိန်၊ အရပ်မြင့်နဲ့ သင့်တော်တဲ့ ထိုင်ခုံဖြစ်လား ဆိုတာ အရေးကြီးပါတယ်။ ခရီးက ဘယ်လောက်တိုတို ကလေးကို ကားပေါ်မှာ ထိုင်ခုံသပ်သပ်နဲ့ ထားသင့်ပါတယ်။ လက်ပေါ်မှာ ချီမထားသင့်ပါဘူး။ ကလေးထိုင်ခုံတွေကို ဈေးကွက်ထဲမှာ ခွဲခြားထားပါတယ်။

Group 0

တစ်လကနေ ၉ လအရွယ်၊ ၂၂ ပေါင်သို့မဟုတ် ၁၀ ကီလိုဂရမ်လောက်ရှိတဲ့ ကလေးတွေအတွက် ထုတ်လုပ်ထားတာပါ။ အဲဒီ ထိုင်ခုံမှာ ကလေးကို လှဲပြီး သိပ်လည်းရပါတယ်။

Group 0+

အသက် ၁၂ လကနေ ၁၅ လအတွင်း ကိုယ်အလေးချိန် ၂၉ ပေါင် သို့မဟုတ် ၁၃ ကီလိုဂရမ်ခန့်ရှိတဲ့ ကလေးတွေက Group 0+ ထိုင်ခုံနဲ့ သင့်တော်ပါတယ်။ ဒီထိုင်ခုံကို ခရီးသွားရာလမ်းနဲ့ ဆန့်ကျင်ဘက်မှာ တပ်ဆင်ရမှာပါ။ ဆိုင်းကြိုးနဲ့ ကူရှင်ကို လိုသလို ညှိလို့ရပါတယ်။

Group 1

Group 1 ထိုင်ခုံကိုတော့ အသက် ၉ လကနေ ၄ နှစ်အတွင်း ကိုယ်အလေးချိန် ၂၀ ပေါင်ကနေ ၄၀ ပေါင်အတွင်း သို့မဟုတ် ၉ ဂရမ်ကနေ ၁၈ ဂရမ်အတွင်းရှိတဲ့ကလေးတွေအတွက် အသုံးပြုပါတယ်။ ဒီထိုင်ခုံမှာ ခါးပတ် ပါဝင်ပါတယ်။

Group 2

အသက် ၄ နှစ်ကနေ ၆ နှစ်အတွင်း၊ ကိုယ်အလေးချိန် ၃၃ ပေါင်ကနေ ၅၅ ပေါင် သို့မဟုတ် ၁၅ကီလိုဂရမ်ကနေ ၂၄ ကီလိုဂရမ်ရှိတဲ့ ကလေးအတွက် နောက်မှီပါတဲ့ထိုင်ခုံပါ။ ကလေးကို ကားထိုင်ခုံ ခါးပတ်နဲ့ ပတ်ပေးရမှာပါ။

Group 3

အသက် ၆ နှစ်ကနေ ၁၁နှစ်အတွင်း ကိုယ်အလေးချိန် ၄၈ ပေါင်ကနေ ပေါင် ၈၀ သို့မဟုတ် ၂၂ ကီလိုဂရမ်ကနေ ၃၆ ကီလိုဂရမ် အတွင်းရှိတဲ့ ကလေးတွေအတွက် ထိုင်ခုံပါ။ ဒီထိုင်ခုံကတော့ ကားမှာပါတဲ့ ခါးပတ်နဲ့ ပတ်ရမှာပါ။

၂။ အပေါ်ဝတ် အနွေးထည်တွေကို ချွတ်ပေးပါ။

ခါးပတ်ကို သေချာပတ်မိအောင်လို့ ကလေးရဲ့ အနွေးထည်တွေကို ချွတ်ပေးဖို့ အရေးကြီးပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ကလေးကို စောင်ခြုံပေးထားလို့ ရပါတယ်။

၃။ ကလေးကို ကားထဲမှာ တစ်ယောက်တည်း မထားခဲ့သင့်ပါဘူး။

ကားထဲမှာ အပူချိန် လွန်ကဲတာတွေ ဖြစ်တတ်တာကြောင့် ကလေးကို ကားထဲမှာ တစ်ယောက်တည်းမထားခဲ့သင့်ပါဘူး။ ကိုယ့်ရဲ့ မျက်စိအောက်မှာပဲ ထားသင့်ပါတယ်။ ခရီးတိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ၊ ရာသီဥတု အေးသည်ဖြစ်စေ၊ ပူသည်ဖြစ်စေ ကားထဲက အပူချိန်က အရမ်းမြင့် လာတတ်ပါတယ်။ ကားရပ်ထားတဲ့အခါမှာ တံခါးတွေကို ပိတ်ထားပြီး ကားသော့ကိုလည်း ကလေးမမှီနိုင်တဲ့ နေရာမှာ ထားပါ။

၄။ လုံခြုံရေးစနစ်ကို အသုံးပြုပါ။

ကလေး ကားပေါ်က ပြုတ်ကျတာတွေ၊ လက်ညှပ်တာတွေ မဖြစ်ဖို့ တံခါးနဲ့ မှန်ကို အမြဲလော့ချ ထားသင့်ပါတယ်။ တံခါးနဲ့မှန်ကို ကလေးကိုယ်တိုင် ဖွင့်လို့မရအောင် လုံခြုံရေးစနစ်ကို အသုံးပြုပါ။

၅။ အစားအစာကျွေးခြင်းကို ရှောင်ပါ။

ကားမောင်းနေတဲ့အခါ ကလေးတွေကို အစားမကျွေးသင့်ကြောင်း ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။ ကားမောင်းနေတုန်း ကလေးက အစားတစ်ခုခု စားတဲ့အခါ ဆို့နင်တာ ဖြစ်တတ်လို့ပါ။

၆။ ပြုတ်ကျနိုင်တဲ့ ပစ္စည်းတွေကို ကလေးနားမှာ မထားသင့်ပါဘူး။

ကားဘရိတ် အုပ်လိုက်တဲ့အခါ၊ တိုက်မိ၊ ဆောင့်မိတဲ့အခါ ကလေးနားမှာ ထားတဲ့ပစ္စည်းတွေ ပြုတ်ကျပြီး အနာတရ ရနိုင်ပါတယ်။ ပြီးတော့ ဘေးနားက ပါတဲ့ပစ္စည်းတွေကိုလည်း ကလေးက မသိဘဲ ဝါးစားတတ်တာကြောင့် ပစ္စည်းတွေကို အနောက်မှာပဲ ထားသင့်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေလည်း ကားပေါ်မှာ လိုက်လာရင် ခါးပတ် သို့မဟုတ် လှောင်အိမ်ကို သုံးပါ။

၇။ ခရီးတစ်လျှောက်လုံး ကလေးနဲ့ စကားပြောပေးပါ။

ကားထဲမှာ ကလေး အေးအေးဆေးဆေး လိုက်လာဖို့၊ မောင်းသူကို မနှောင့်ယှက်ဖို့ ကလေးကို စကားလေးတွေ ပြောပေးလို့ ရပါတယ်။ သွားမယ့်ခရီးအကြောင်းပြောပြတာ၊ သီချင်းဆိုပြတာတွေက ကလေးပို မပျင်းစေတော့ပါဘူး။

Zombie (Lovemedia)

for zawgyi

ခရီးသြားတဲ့အခါ ကားေပၚမွာ ကေလးေတြအတြက္ လုံၿခဳံစိတ္ခ်ရေစမယ့္ နည္းလမ္း (၇) ခု

ခရီးသြားတဲ့အခါ မိသားစုနဲ႔အတူတူ သြားရတာ အရမ္းကို ေပ်ာ္စရာ ေကာင္းပါတယ္။ ကေလးေလးေတြလည္း ခရီးသြားရင္ ပါတတ္တာေၾကာင့္ ကားေပၚမွာ ကေလးေတြအတြက္ လုံၿခဳံစိတ္ခ်ရေစမယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးပါမယ္ေနာ္။

၁။ မွန္ကန္တဲ့ ထိုင္ခုံေ႐ြးခ်ယ္မႈ

ကေလးအတြက္ ထိုင္ခုံမဝယ္ခင္မွာ ကေလးရဲ႕ အသက္၊ ကိုယ္အေလးခ်ိန္၊ အရပ္ျမင့္နဲ႔ သင့္ေတာ္တဲ့ ထိုင္ခုံျဖစ္လား ဆိုတာ အေရးႀကီးပါတယ္။ ခရီးက ဘယ္ေလာက္တိုတို ကေလးကို ကားေပၚမွာ ထိုင္ခုံသပ္သပ္နဲ႔ ထားသင့္ပါတယ္။ လက္ေပၚမွာ ခ်ီမထားသင့္ပါဘူး။ ကေလးထိုင္ခုံေတြကို ေဈးကြက္ထဲမွာ ခြဲျခားထားပါတယ္။

Group 0

တစ္လကေန ၉ လအ႐ြယ္၊ ၂၂ ေပါင္သို႔မဟုတ္ ၁၀ ကီလိုဂရမ္ေလာက္ရွိတဲ့ ကေလးေတြအတြက္ ထုတ္လုပ္ထားတာပါ။ အဲဒီ ထိုင္ခုံမွာ ကေလးကို လွဲၿပီး သိပ္လည္းရပါတယ္။

Group 0+

အသက္ ၁၂ လကေန ၁၅ လအတြင္း ကိုယ္အေလးခ်ိန္ ၂၉ ေပါင္ သို႔မဟုတ္ ၁၃ ကီလိုဂရမ္ခန႔္ရွိတဲ့ ကေလးေတြက Group 0+ ထိုင္ခုံနဲ႔ သင့္ေတာ္ပါတယ္။ ဒီထိုင္ခုံကို ခရီးသြားရာလမ္းနဲ႔ ဆန႔္က်င္ဘက္မွာ တပ္ဆင္ရမွာပါ။ ဆိုင္းႀကိဳးနဲ႔ ကူရွင္ကို လိုသလို ညႇိလို႔ရပါတယ္။

Group 1

Group 1 ထိုင္ခုံကိုေတာ့ အသက္ ၉ လကေန ၄ ႏွစ္အတြင္း ကိုယ္အေလးခ်ိန္ ၂၀ ေပါင္ကေန ၄၀ ေပါင္အတြင္း သို႔မဟုတ္ ၉ ဂရမ္ကေန ၁၈ ဂရမ္အတြင္းရွိတဲ့ကေလးေတြအတြက္ အသုံးျပဳပါတယ္။ ဒီထိုင္ခုံမွာ ခါးပတ္ ပါဝင္ပါတယ္။

Group 2

အသက္ ၄ ႏွစ္ကေန ၆ ႏွစ္အတြင္း၊ ကိုယ္အေလးခ်ိန္ ၃၃ ေပါင္ကေန ၅၅ ေပါင္ သို႔မဟုတ္ ၁၅ကီလိုဂရမ္ကေန ၂၄ ကီလိုဂရမ္ရွိတဲ့ ကေလးအတြက္ ေနာက္မွီပါတဲ့ထိုင္ခုံပါ။ ကေလးကို ကားထိုင္ခုံ ခါးပတ္နဲ႔ ပတ္ေပးရမွာပါ။

Group 3

အသက္ ၆ ႏွစ္ကေန ၁၁ႏွစ္အတြင္း ကိုယ္အေလးခ်ိန္ ၄၈ ေပါင္ကေန ေပါင္ ၈၀ သို႔မဟုတ္ ၂၂ ကီလိုဂရမ္ကေန ၃၆ ကီလိုဂရမ္ အတြင္းရွိတဲ့ ကေလးေတြအတြက္ ထိုင္ခုံပါ။ ဒီထိုင္ခုံကေတာ့ ကားမွာပါတဲ့ ခါးပတ္နဲ႔ ပတ္ရမွာပါ။

၂။ အေပၚဝတ္ အေႏြးထည္ေတြကို ခြၽတ္ေပးပါ။

ခါးပတ္ကို ေသခ်ာပတ္မိေအာင္လို႔ ကေလးရဲ႕ အေႏြးထည္ေတြကို ခြၽတ္ေပးဖို႔ အေရးႀကီးပါတယ္။ ရာသီဥတု ေအးလာတဲ့အခါ ကေလးကို ေစာင္ၿခဳံေပးထားလို႔ ရပါတယ္။

၃။ ကေလးကို ကားထဲမွာ တစ္ေယာက္တည္း မထားခဲ့သင့္ပါဘူး။

ကားထဲမွာ အပူခ်ိန္ လြန္ကဲတာေတြ ျဖစ္တတ္တာေၾကာင့္ ကေလးကို ကားထဲမွာ တစ္ေယာက္တည္းမထားခဲ့သင့္ပါဘူး။ ကိုယ့္ရဲ႕ မ်က္စိေအာက္မွာပဲ ထားသင့္ပါတယ္။ ခရီးတိုသည္ျဖစ္ေစ၊ ရွည္သည္ျဖစ္ေစ၊ ရာသီဥတု ေအးသည္ျဖစ္ေစ၊ ပူသည္ျဖစ္ေစ ကားထဲက အပူခ်ိန္က အရမ္းျမင့္ လာတတ္ပါတယ္။ ကားရပ္ထားတဲ့အခါမွာ တံခါးေတြကို ပိတ္ထားၿပီး ကားေသာ့ကိုလည္း ကေလးမမွီႏိုင္တဲ့ ေနရာမွာ ထားပါ။

၄။ လုံၿခဳံေရးစနစ္ကို အသုံးျပဳပါ။

ကေလး ကားေပၚက ျပဳတ္က်တာေတြ၊ လက္ညႇပ္တာေတြ မျဖစ္ဖို႔ တံခါးနဲ႔ မွန္ကို အၿမဲေလာ့ခ် ထားသင့္ပါတယ္။ တံခါးနဲ႔မွန္ကို ကေလးကိုယ္တိုင္ ဖြင့္လို႔မရေအာင္ လုံၿခဳံေရးစနစ္ကို အသုံးျပဳပါ။

၅။ အစားအစာေကြၽးျခင္းကို ေရွာင္ပါ။

ကားေမာင္းေနတဲ့အခါ ကေလးေတြကို အစားမေကြၽးသင့္ေၾကာင္း ကြၽမ္းက်င္သူေတြက အႀကံေပးထားပါတယ္။ ကားေမာင္းေနတုန္း ကေလးက အစားတစ္ခုခု စားတဲ့အခါ ဆို႔နင္တာ ျဖစ္တတ္လို႔ပါ။

၆။ ျပဳတ္က်ႏိုင္တဲ့ ပစၥည္းေတြကို ကေလးနားမွာ မထားသင့္ပါဘူး။

ကားဘရိတ္ အုပ္လိုက္တဲ့အခါ၊ တိုက္မိ၊ ေဆာင့္မိတဲ့အခါ ကေလးနားမွာ ထားတဲ့ပစၥည္းေတြ ျပဳတ္က်ၿပီး အနာတရ ရႏိုင္ပါတယ္။ ၿပီးေတာ့ ေဘးနားက ပါတဲ့ပစၥည္းေတြကိုလည္း ကေလးက မသိဘဲ ဝါးစားတတ္တာေၾကာင့္ ပစၥည္းေတြကို အေနာက္မွာပဲ ထားသင့္ပါတယ္။ အိမ္ေမြးတိရစာၦန္ေလးေတြလည္း ကားေပၚမွာ လိုက္လာရင္ ခါးပတ္ သို႔မဟုတ္ ေလွာင္အိမ္ကို သုံးပါ။

၇။ ခရီးတစ္ေလွ်ာက္လုံး ကေလးနဲ႔ စကားေျပာေပးပါ။

ကားထဲမွာ ကေလး ေအးေအးေဆးေဆး လိုက္လာဖို႔၊ ေမာင္းသူကို မေႏွာင့္ယွက္ဖို႔ ကေလးကို စကားေလးေတြ ေျပာေပးလို႔ ရပါတယ္။ သြားမယ့္ခရီးအေၾကာင္းေျပာျပတာ၊ သီခ်င္းဆိုျပတာေတြက ကေလးပို မပ်င္းေစေတာ့ပါဘူး။

Zombie (Lovemedia)

Post a Comment

0 Comments