ထွက်လာတဲ့ အပေါက်
တခါတုန်းက ကုလားတစ်ယောက်ရယ်၊ တရုတ်တစ်ယောက်ရယ်၊ ဗမာတစ်ယောက်ရယ် ငရဲကို ကျလာတယ်။ အဲ့ဒီမှာ ငရဲမင်းကြီးက ဒီလို ပြောသတဲ့...
" မင်းတို့အထဲက တစ်ယောက်ကို ကြိုက်တဲ့မေးခွန်း ၁ ခုစီမေး၊ ငါ မဖြေနိုင်အောင် မေးနိုင်တဲ့ကောင်ကို ငရဲက လွတ်မယ် "
ဆိုတော့... ကုလားက အရင် စ မေးတယ်..
" ကျုပ်ခေါင်းမှာ ဆံပင် ဘယ်နှမွေး ရှိသလဲ "
ငရဲမင်းကြီးက ကုလားရဲ့ခေါင်းကို ဆွဲယူပြီး သူ့ရဲ့တန်ခိုးနဲ့ ဆံပင်ကို တမွှေးချင်း မြန်မြန်ရေလိုက်တယ် ။
" ၁၇၃၂၅၁ ပင်ကွာ "
အတိအကျ မှန်သွားတဲ့အတွက် ကုလားခမျာ ငရဲကျ သွားရှာတယ်။ တရုတ်က မေးပြန်တယ် ။
" ကျုပ်တို့ တရုတ်ပြည်ရဲ့ လူဦးရေ အတိအကျကို ပြောဗျာ"
ငရဲမင်းကို ဒါမျိုးလာစမ်းလို့ ဘယ်ရမလဲ၊ အင်တာနက် ခေတ်ကိုး။ iPhone 12 ထုတ်ပြီး အင်တာနက် ခေါက်လိုက်တာ အဖြေတန်းရရော ။
" ၁၄၁၁,၇၇၈,၇၂၄ ယောက်ကွာ "
ဒီတရုတ်လည်း ငရဲကျသွားတယ်။
ဒီတခါ ဗမာ အလှည့်။ ဗမာကောင်က ပလပ်စတစ်ဘူး အလွတ်တခုကို ယူလိုက်တယ်။ အဲ့ဘူးထဲကို အီးပေါက်ထည့် လိုက်ပြီး အဖုံးပြန်ပိတ် လိုက်တယ်။
ပြီးတာနဲ့ ဘူးရဲ့ထိပ်ကို သံချွန်နဲ့ထိုးပြီး အပေါက် ၄-၅ ပေါက် ဖောက်လိုက်တယ်။ ပီးတော့ ဘူးကို ငရဲမင်းကို ပေးလိုက်ရင်း ပြောတယ် ။
" ကဲ.. ရော့၊ ကျုပ်ရဲ့အီး.. ဘယ်အပေါက်က ထွက်လာလဲ ဖြေ "
ငရဲမင်းက ဘူးကို ယူပြီး နမ်းကြည့်တယ်..
" ဒီအပေါက်က ထွက်တာ.. အဲ မဟုတ်ဘူး ဒီအပေါက်က၊ ဟာ.. ဒီအပေါက်ကကွာ၊ ဟင်... ဒီအပေါက်က.. အဲ.. "
ငရဲမင်းခမျာ နားခေါင်း တရှုတ်ရှုတ်နဲ့ တပေါက်ပြီး တပေါက် ပြောင်းရှူရင်း တော်တော် အလုပ်ရှုပ်သွားတယ်။
နောက်ဆုံး စိတ်မရှည်တော့ဘဲ အကျယ်ဆုံး အပေါက်ကို လက်ညိုးထိုးပြီး ဖြေတယ် ။
" ဒီအပေါက်က ထွက်လာတာကွာ၊ ဟုတ်တယ် မဟုတ်လား၊ မင်း မညစ်နဲ့ ဟျောင့် '' ဆိုတော့...
ဗမာကောင်က အောင်နိုင်သူ အပြုံးကြီးနဲ့ ငရဲမင်းကို ကြည့်ရင်း ဖြေတယ် ။
" မှားတယ်.. ဒီအပေါက်က ထွက်လာတာဗျ ".. ဆိုပြီး သူ့ဖင်ပေါက်ကို လက်ညိုးထိုးပြ လိုက်သတဲ့။ ငရဲမင်းလည်း ဘာမှပြန်မပြောနိုင်တော့ဘဲ ခေါင်းငိုက်စိုက် ကျသွားတယ်။ အေးရော..။
သန် ၄ ကို - ရမ်းဘာသာပြန်သည်။
for zawgyi
ထွက်လာတဲ့ အပေါက်
ဆိုတော့...
ကုလားက အရင် စ မေးတယ်..
" ၁၇၃၂၅၁ ပင်ကွာ "
" ၁၄၁၁,၇၇၈,၇၂၄ ယောက်ကွာ "
ဒီတရုတ်လည်း ငရဲကျသွာတယ်။
Post a Comment
0 Comments