ဆရာငြိမ်း၏ (၇.၁၀.၂၀၂၁) မှ (၁၃.၁၀.၂၀၂၁) ထိ ၇ ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

ဒီကာလမှာတော့ အနည်းငယ် စိတ်ပင်ပန်း၊ လူပင်ပန်းရတာကလွဲလို့ အညံ့သိပ်မတွေ့ပါ။ မိမိဆိုင်လဲ မိတ်များပြီး လူစည်မဲ့ အချိန်ပါပဲ။ စိတ်ကူးသဘောထားတွေက ဒေါသဘက်ကို ဦးတည်စဉ်းစား နေ မိတတ်တယ်။ ဒါကြောင့် ဒီကာလဟာ မိမိကိုယ်ကို ထိန်းချုပ်နိုင်သူတွေက ပိုမိုအဆင်ပြေ အောင်မြင်ခွင့် ကြုံရပါလိမ့် မယ်။ အလုပ်သစ်တွေရှာ ဖွေလို့အလွန် ကောင်းပါတယ်။

မကောင်းသော အပေါင်းအသင်းအဖွဲ့အစည်း များ ကြောင့် ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရသောသူအတွက်စိတ်ဓါတ်ကျဆင်းခြင်း၊ သို့မဟုတ် အစွပ်အစွဲခံရ သကဲ့ သို့ ဖြစ်ခြင်း တို့ကို ဖြစ်စေလိမ့် မည်။ နာတာရှည်ဝေဒနာရှင်များ အထူးဂရုစိုက်နေထိုင်သင့်သည်။ အိမ်တွင်းရေး သာယာမှုမရှိ နိုင်ပေ။ အိမ်ယာ ပြောင်းကိန်း ရှိသည်။ စီးပွားရေးလုပ်ငန်းများတွင် အနည်းငယ် မြက်စွန်းမှု ရှိနိုင်သော်လည်း ငွေဖြုန်းတီးမှုကြောင့် မိမိ စုဆောင်းထားသောငွေများပင် ကုန်ဆုံးတတ်၍ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ စီးယာဉ် ဆုံးရှုံးကိန်းရှိ၏။

ဝန်ထမ်းများ ရာထူးတိုး၍ သင့်အားဦးဆောင်မှု တာဝန်ပေးလိမ့်မည်။ ကြိုးစားမှု အသီး အပွင့်များ ခံစားရလိမ့်မည်။ သု တေသနနှင့် ဖွံ့ဖြိုးရေးကဏ္ဍ၌ လုပ်ဆောင်သူများလည်း အကျိုးအမြတ်ရနိုင်ပါ သည်။ မည်သို့ပင်ဖြစ်စေ အလုပ်၌ မိမိနှင့် သင့်မြတ်သူတစ်ဦးကြောင့် မိမိ၏တိုးတတ်မှု ဖြစ်စေလိမ့်မည်။

အကျိုးပေးဂဏန်း ၁/ ၃/ ၄

အထူးဟော အနည်းငယ် ကျန်းမာရေး ဂရုပြုပါ

ယတြာ လူကြီးမိဘတွေကို ဖိနပ်ဝယ်လှူပါ

တနင်္လာ

ငွေကြေး ချေးငှားခြင်း မလုပ်ပါနဲ့။ ရလာသော လာဘ်ဦးလာဘ်ဖျားငွေကို လှူပြီးမှသုံးပါ။ လုပ်ငန်းရှင်များ စီးပွားရေးကောင်းပြီး ငွေမနိုင် ဖြစ်ရတတ်တယ်။ ငွေကြေးတွေ စုဆောင်းရ ခက်နေလိမ့်မယ်။ ရစရာ ရှိသော ငွေကြေး များ ပြန်တောင်းရ ခက်ခဲနေချိန်ပါ။ ကိုယ်ဝန်ဆောင်သည်မှာ ဒီကာလက မွေးရက်စေ့ပြီဆို ဆေးရုံဆေးခန်းမှာပဲ မွေး ပါ။ သားသမီးကြောင့် ဂုဏ်တတ်မဲ့ အချိန်ပါ။ ရပ်ဝေးရောက် နေတဲ့ သားသမီးတွေက လက်ဆောင် ပစ္စည်းပေးပို့တာ မျိုး ကြုံရမှာပါ။ အလုပ်မှာ မပျော်ပိုက်တာမျိုး ကြုံရပါလိမ့်မယ်။

ယာဉ်မောင်းများ အခြားယာဉ်ကို ပွတ်မိတိုက် မိရာကနေ လျော်ကြေးပေးရတတ်ပါတယ်။ ကောင်းတဲ့အချက်တွေကတော့ မိမိကို ကူညီချင်တဲ့သူတွေ ပေါများနေပါ လိမ့်မယ်။ စိတ်ချမ်းသာစရာကတော့ သင်ကြားရေး အလုပ်များ၊ ပညာရေးနဲ့ပတ်သက်သောအလုပ်များအဆင်ပြေ အောင်မြင်နိုင်ပါတယ်။ FA များ စန်းပွင့်နေတတ်သလို မိန်းကလေးတွေအနေနဲ့ ချစ်ရေးဆိုခြင်းခံရတတ်ပါတယ်။

အချို့သော သူတို့အတွက် အချစ်ရေး၌ အတိုက်အခိုက် သို့မဟုတ် ပြိုင်ဘက်ကြုံ လိမ့်မည်။ သင်နှင့်တစ်ရင်း တစ်နှီး ရှိသူ၏ စိုးမိုးခြယ်လှယ်မှုကို ရပ်တန့်ရန်ကြိုးစားခြင်း ခံရလိမ့်မည်။ ပြင်ပကိစ္စများတွင် စိတ်ဝင်စားမှုကြောင့် ပညာ ရေးတွင် အာရုံစူးစိုက်မှု နည်းနေလိမ့်မည်။

အကျိုးပေးဂဏန်း ၂ /၅/ ၈

အထူးဟော ကံအကောင်းတွေလဲ ကြုံရတတ်သလို ငွေလဲကုန်တတ်တယ်

ယတြာ ကျောက်ကျောတစ်ပန်းကန် ဘုရားကပ်လှူပေးပါ

အင်္ဂါ

သတိထားစရာတစ်ခုက ယာဉ်ကား သတိထားမောင်းနှင်ပါ။ ကားအချင်းချင်း ပွတ်မိတိုက်မိ ဖြစ်တတ်လို့ ပါပဲ။ လူမှုရေးကိစ္စများ ရှုပ်ထွေးမှုတွေ ရှိနေတတ်ပါတယ်။ ဓားခုတ်ရာ လက်လျှိုမိတတ် တဲ့အတွက် ဆင်ခြင်နေတာ အကောင်းဆုံးပါပဲ။ ခရီးကောင်းတွေ သွားရတတ်တယ်။ ခရီးသွားခြင်းကလဲ မိမိရဲ့ကံကို ကောင်းလာစေပါလိမ့်မယ်။ ဆွေမျိုးအသိုင်းအဝိုင်းတွေရဲ့ကူညီစောင်မခြင်းတွေရပါလိမ့်မယ်။ စိတ်ချမ်းသာရမဲ့အချိန်လို့ ပြောရမှာပါ။

လုပ်ငန်း စီးပွားတွေတိုးတတ်လာမဲ့ ကာလပါ။ ကိုယ်ပိုင်လုပ်ငန်းလုပ်သူ တွေ မိမိဆိုင် လူစည်နိုင်သလို ဖောက်သည်သစ်တွေ တိုးပွားမဲ့ ကာလပါပဲ။ အတိတ်ရဲ့ သတိရစရာ လွမ်းဆွတ် စရာတွေ ပြန်ခံစားရမဲ့အချိန်ပါ။ မိသားစုအတွင်းစိတ်ချမ်း သာစရာ ပျော်စရာလေးတွေ ကြုံရပါလိမ့်မယ်။ ဆွေမျိုးမိတ်သင်္ဂဟ အိမ်နီးချင်းများနှင့် သင့်တင့်အောင် ဆက်ဆံပါ။

ကျောင်းသား၊ ကျောင်းသူများ အချိန်တိုင်းလိုလို ပညာသင်ယူရာ၌ ခက်ခဲမှုများ ရှိနေသည်။ အကယ်၍ ကြိုးစား အားထုတ်မှုမရှိလျှင် အောင်မြင်မှုကို မဆွတ်ခူးနိုင်ပါ။ လုပ်ငန်းသစ်များ ဆောင်ရွက်လုပ်ကိုင်ခွင့် ရမည်။ နည်းပညာ နှင့် ပတ်သက်၍ ကံကောင်းအကျိုးရှိမည်။ အသုံး အဆောင်ပစ္စည်း အသစ်အဆန်းများ စိတ်ကြိုက်သုံးစွဲခွင့် ရမည်။

အကျိုးပေးဂဏန်း 4/ 7 /0

အထူးဟော စိတ်ချမ်းသာစရာများသည်

ယတြာ ဒိန်ချဉ်လေးတစ်ခွက် ဘုရားကပ်လှူလိုက်ပါ

ဗုဒ္ဓဟူး၊ ရာဟု

အလုပ်အကိုင် တိုးတတ်မည်။ ငွေကြေးမြက်စွန်းမှု အနည်းငယ် ရရှိပြီး အထင်ကြီးခံရမည်။ စာရေးသား ထုတ်ဝေခြင်း ပြုသူများ အဆင်ပြေမည်။ ဆုံးရှုံးမှု အချို့ရှိနေသည်။ မှန်းဆလုပ်ကိုင်ခြင်း၊ လောင်းကစားခြင်း တို့ ရှောင်ပါ။ မိမိ မနှစ်မြို့သော ခရီးများသွားလာ ခြင်းကြောင့် ဆုံးရှုံးမှုရှိနေသည်။ ဒါပေမဲ့ ဒီကာလဟာစိတ်ရှည် ဖို့ လိုတယ်။ လေးတွဲစွာနဲ့ အကျိုးပေး အောင်မြင်မဲ့ အချိန်ပါ။

လုပ်ထားသမျှတွေက ချက်ချင်းအကျိုးပေးမှာတော့ မဟုတ်သေးပါ ဘူး။အခုရေတွင်းတူး အခုရေကြည်သောက်ချင်လို့တော့ မရပါဘူး။ ကြီးမားစွာ ငွေကြေးမြုပ်နှံမှုတွေ ကို အများနဲ့ တိုင်ပင် လုပ်တာက ပိုမိုထိရောက်ပါတယ်။ စိတ်ပင် ပန်းလူပင်ပန်း အိပ်ရေးအပျက်ခံပြီး အလုပ် မလုပ် ပါနဲ့။ အလုပ် တာဝန်တွေကို ဒီနေ့အလုပ် ဒီနေ့ပြီးအောင် လုပ်ပါ။ အလုပ်အကြွေးထားခြင်းမျိုး ရှောင်ပါ။

ကျန်းမာရေး ကို အထူး ဂရုစိုက်ရမည်။ အိမ်တွင်းရေးသာယာချမ်းမြေ့မှု ရရှိစေနိုင်သော် လည်း သားချင်းတစ်ဦးတစ်ယောက်၏ ဆက်ဆံရေး တင်းမာမှုကြောင့် ချမ်းမြေ့မှုကို ဖျက်စီးပစ်လိမ့်မည်။ မိမိမနှစ်သက်သော ဆန့်ကျင်ဘက်လိင်တစ်ဦးနှင့် ယှဉ်တွဲ သွားလာမှုကို ရှောင်ကြဉ်ပါ။ အိမ်နီးနာချင်းတစ်ဦးကြောင့် စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်မည်။

အကျိုးပေးဂဏန်း ၁/ ၅ /၄

အထူးဟော ကျန်းမာရေး ထိခိုက်အောင် မနေထိုင်မိပါစေနဲ့။

ယတြာ ခေါက်မုန့် ဘုရားကပ်လှူ လိုက်ပါ

ကြာသပတေး

သတိထားရမှာကတော့ လူမျိုးခွဲ ဘာသာခြားကိုမယုံ သင့်တဲ့အချိန်ပါ။ စနေသားတစ်ဦး၏ လိမ်လည်ခြင်းကို ခံရနိုင် ဖွယ် ရှိပါတယ်။ အလုပ်ရှာနေသူများ အလုပ်သစ်ရလာ ပါလိမ့်မယ်။ ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ မိတ်ဆွေ အချင်းချင်း အချင်းများရတတ် ပါတယ်။ လုပ်ငန်းကြီးကြီး မားမား စတင်အကောင်အထည် ဖော်လို့မသင့်သေးပါဘူး။ အလုပ်အကိုင်ပြောင်းလဲကိန်း ရှိနေသည်။ နေ့စဉ် ပုံမှန်လုပ်ဆောင်နေကျ လုပ်ငန်းများ လွဲချော်သွားတတ်သည်။ လုပ်ငန်းရှင်၊ ကျွမ်းကျင်ပညာရှင်တို့ အနည်းငယ် ညံ့ဖျင်းနေသည်။

ကျောင်းသူ၊ ကျောင်းသားများ ပညာရေးတွင် ထူးချွန်သော အောင်မြင်မှုကို ရရှိနိုင်မည့် အခွင့်အရေး ကောင်းများ ပေါ်ပေါက်လာမည်။ နိုင်ငံခြားခရီးဝေးများ သွားလာရတတ်သည်။ မိသားစုအတွင် အိမ်၊ ခြံ၊ မြေ၊ ယာဉ်ကားကိစ္စများအတွက် အခွင့်အရေးကောင်းများ တွေ့ ကြုံလာတတ်သည်။ ဆွေမျိုးသားချင်းများဖြင့် အတိုက်အခံပဋိပက္ခများ ကြုံတတ်၏။

အောင်မြင်ထင်ရှား ကျော်ကြား သောကာလဖြစ်၍ အဖွဲ့အစည်းလုပ်ငန်းများ ကောင်းကျိုးပြုသည်။ လုပ်ငန်းတွင် ထင်ပေါ်ကျော်ကြား၍ စီးပွားရှာဖွေ ရလွယ်ကူလာမည်။ စပ်တူရှယ်ယာ လုပ်ငန်းများမှ ကောင်းကျိုးများပြုလိမ့်မည်။ အဖိုးတန်ရတနာများ ရရှိပိုင်ဆိုင် သုံးစွဲခွင့်ရမည်။ မမျှော်လင့်ဘဲ ငွေအစုလိုက် ဝင်ကိန်းရှိနေ၍ ထီမကြာခဏ ထိုးပေးပါ။

အကျိုးပေးဂဏန်း ၂/ ၆/ ၅

အထူးဟော ကောင်းသောပြောင်းလဲခြင်းတွေကို ကြုံရမယ်။

ယတြာ ကြက်သားဟင်းနဲ့ ဘုရားရှင်ကို ဆွမ်းကပ်လှူပါ

သောကြာ

ထူးခြားစွာ ကံမြင့်မားနေချိန်ပါ ။ဘာသာရေး မမေ့သူတွေ အထူးကံမြင့်နေပါလိမ့်မည်။ စိတ်ထဲ မျှော်လင့်မထား သော အံ့သြဖွယ်ရာကိစ္စများ ဖြစ်ပေါ်မည်။ ရည်ရွယ်ချက် ရည်မှန်းချက် ပြည့်မှီလိမ့်မည်။ စီးပွားရေး ကံကောင်းနေမဲ့ အချိန်ပါ။ ဘာသာရေးနဲ့ဆိုင်သော ပစ္စည်းများ လက်ဆောင်ရလိမ့်မည်။မိတ်ဆွေများ၏ ကူညီစောင်မမှု၊ စပ်တူ လုပ် ငန်း မှအနည်းငယ် မြတ်စွန်းမှု၊ ထို့အပြင် ပေါင်းသင်းဆက်ဆံရေး ကောင်းမှုတို့ကြောင့် လုပ်ငန်းပြိုင်ဆိုင်ဖက် များကို အနိုင်ယူနိုင်လိမ့်မည်။

သို့ရာတွင် မှန်းဆ လုပ်ကိုင်ရသော လုပ်ငန်းများမှ ဆုံးရှုံးမှုများစွာ ပေါ်ပေါက် လာ လိမ့် မည်။ မကောင်းဖက်ကို အတွေးလွန်၍ မကြာခဏ ဆုံးဖြတ်ချက် မရေမရာ ဖြစ်တတ်သည်။ အလုပ်ဒဏ်ပိမှုကြောင့် ကျန်းမာရေး အနည်းငယ်ညံ့ဖျင်းလိမ့်မည်။ အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ အိမ်တွင်းရေးသာယာမှု၊ မိတ်ဆွေ သင်္ဂဟများနှင့် အဆင်ပြေစွာ ဆက်ဆံနိုင်မှုတို့ ရှိနေလိမ့်မည်။

စွန့်လွှတ် အနစ်နာခံလိုစိတ်များ ပေါ်ပေါက်လိမ့် မည်။ စိတ်ရှုတ်ထွေးလာပြီး တစ်ခါတစ်ရံ ရန်လိုသော သဘောရှိလိမ့်မည်။ အချစ်ရေးမှာချစ်သူကိုပဲ အပြစ်မြင်နေမိတတ် သည်။ အချစ်ရေးအတွက် ကောင်းသော မျှော်လင့်ချက်တွေကို မစွန့်လွှတ်လိုက်ပါနဲ့။ ပညာရေးမှာတော့ သေချာ ရေရာတဲ့လမ်းကို လျှောက်လှမ်းနိုင်ဖို့ လိုပါတယ်။

အကျိုးပေးဂဏန်း ၃/ ဝ/ ၆

အထူးဟော ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချမှတ်တတ်ပါစေ

ယတြာ နို့စိမ်းတီး တစ်ခွက် ဘုရားကပ်ပါ

စနေ

အိမ်ပြုပြင်ခြင်းတွေ၊ အခန့်ဖွဲ့ခြင်းတွေ ဒီကာလမှာ ဆောင်ရွက်လို့ မကောင်းပါဘူး။ အမိအဘတွေကို ခွန်းတုန့် ပြန် ပြောဆိုတာမျိုး အထူးရှောင်ပါ။ မိမိမဟုတ်တာ လုပ်မိပါက မိမိကို ထပ်လိမ်မဲ့သူနဲ့ တွေပါလိမ့်မယ်။ တရားပွဲ ဘာသာရေးပွဲများတွင် အလှူငွေထည့်ဝင်ခြင်းက မိမိအတွက် ကံအဆိုးတွေ လျော့ပါးသက်သာ စေမှာပါ။ မိတ်ဆွေ အပေါင်းအသင်းတစ်ဦး၏ မကျေနပ်ဒေါသဖြစ်မှုကြောင့် ရှုတ်ထွေးသော ပြဿနာများ ပေါ်ပေါက်တတ်သည်။

အိမ်တွင်းရေး ဝန်ထုတ်ဝန်ပိုးများ ကြီးထွားလာမှုကြောင့် ပြင်ဆင်မှုပြုရမည်။ ကျောင်းသူ၊ ကျောင်းသားများ ပညာ ရေး ပိုင်း၌ တိုးတတ်မှုများစွာ ကြုံရလိမ့်မည်။ ဆွေမျိုးရင်းချာ တစ်ယောက်နှင့် ဆက်ဆံရေး တင်းမာနေ၏။ အစ်ကို ကြီး သို့မဟုတ် ဝမ်းကွဲတစ်ယောက်နှင့် လမ်းခွဲရတတ်သည်။ ဆန့်ကျင်ဘက်လိင်တစ်ယောက်ကြောင့် ဒုက္ခ ရောက် တတ်သည်။

မကြီးမားသော ငွေကြေးပြဿနာ ရှိနေသော်လည်း မှန်းဆလုပ်ကိုင်သော လုပ်ငန်း တီထွင် လုပ် ဆောင် သောလုပ်ငန်းမှ အနည်းငယ်မြက်စွန်းမည်။ စိုက်ပျိုးရေးသမားများ၊ လယ်သမားများ အမြက်အစွန်း များမည်။ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများဆုံးရှုံးပျက်စီမှု အနည်းငယ်ပေါ်နိုင်သဖြင့်လိုအပ်သော သတိပြုမှုများ ထားရှိကာ ရှောင် ရှားနိုင်ပါသည်။

အကျိုးပေးဂဏန်း ၁/ ၄/ ၇

အထူးဟော ကံအင်အားနည်းမယ်

ယတြာ ဖိနပ်ပြတ်နေတာရှိရင် စွန့်ပစ်လိုက်ပါ

၇ ရက် သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

for zawgyi

ဆရာၿငိမ္း၏ (၇.၁၀.၂၀၂၁) မွ (၁၃.၁၀.၂၀၂၁) ထိ ၇ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ

ဒီကာလမွာေတာ့ အနည္းငယ္ စိတ္ပင္ပန္း၊ လူပင္ပန္းရတာကလြဲလို႔ အညံ့သိပ္မေတြ႕ပါ။ မိမိဆိုင္လဲ မိတ္မ်ားၿပီး လူစည္မဲ့ အခ်ိန္ပါပဲ။ စိတ္ကူးသေဘာထားေတြက ေဒါသဘက္ကို ဦးတည္စဥ္းစား ေန မိတတ္တယ္။ ဒါေၾကာင့္ ဒီကာလဟာ မိမိကိုယ္ကို ထိန္းခ်ဳပ္ႏိုင္သူေတြက ပိုမိုအဆင္ေျပ ေအာင္ျမင္ခြင့္ ႀကဳံရပါလိမ့္ မယ္။ အလုပ္သစ္ေတြရွာ ေဖြလို႔အလြန္ ေကာင္းပါတယ္။

မေကာင္းေသာ အေပါင္းအသင္းအဖြဲ႕အစည္း မ်ား ေၾကာင့္ ဆုံးရႈံးမႈႏွင့္ ရင္ဆိုင္ရေသာသူအတြက္စိတ္ဓါတ္က်ဆင္းျခင္း၊ သို႔မဟုတ္ အစြပ္အစြဲခံရ သကဲ့ သို႔ ျဖစ္ျခင္း တို႔ကို ျဖစ္ေစလိမ့္ မည္။ နာတာရွည္ေဝဒနာရွင္မ်ား အထူးဂ႐ုစိုက္ေနထိုင္သင့္သည္။ အိမ္တြင္းေရး သာယာမႈမရွိ ႏိုင္ေပ။ အိမ္ယာ ေျပာင္းကိန္း ရွိသည္။ စီးပြားေရးလုပ္ငန္းမ်ားတြင္ အနည္းငယ္ ျမက္စြန္းမႈ ရွိႏိုင္ေသာ္လည္း ေငြျဖဳန္းတီးမႈေၾကာင့္ မိမိ စုေဆာင္းထားေသာေငြမ်ားပင္ ကုန္ဆုံးတတ္၍ မေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္း မ်ား၊ စီးယာဥ္ ဆုံးရႈံးကိန္းရွိ၏။

ဝန္ထမ္းမ်ား ရာထူးတိုး၍ သင့္အားဦးေဆာင္မႈ တာဝန္ေပးလိမ့္မည္။ ႀကိဳးစားမႈ အသီး အပြင့္မ်ား ခံစားရလိမ့္မည္။ သု ေတသနႏွင့္ ဖြံ႕ၿဖိဳးေရးက႑၌ လုပ္ေဆာင္သူမ်ားလည္း အက်ိဳးအျမတ္ရႏိုင္ပါ သည္။ မည္သို႔ပင္ျဖစ္ေစ အလုပ္၌ မိမိႏွင့္ သင့္ျမတ္သူတစ္ဦးေၾကာင့္ မိမိ၏တိုးတတ္မႈ ျဖစ္ေစလိမ့္မည္။

အက်ိဳးေပးဂဏန္း ၁/ ၃/ ၄

အထူးေဟာ အနည္းငယ္ က်န္းမာေရး ဂ႐ုျပဳပါ

ယၾတာ လူႀကီးမိဘေတြကို ဖိနပ္ဝယ္လႉပါ

တနလၤာ

ေငြေၾကး ေခ်းငွားျခင္း မလုပ္ပါနဲ႔။ ရလာေသာ လာဘ္ဦးလာဘ္ဖ်ားေငြကို လႉၿပီးမွသုံးပါ။ လုပ္ငန္းရွင္မ်ား စီးပြားေရးေကာင္းၿပီး ေငြမႏိုင္ ျဖစ္ရတတ္တယ္။ ေငြေၾကးေတြ စုေဆာင္းရ ခက္ေနလိမ့္မယ္။ ရစရာ ရွိေသာ ေငြေၾကး မ်ား ျပန္ေတာင္းရ ခက္ခဲေနခ်ိန္ပါ။ ကိုယ္ဝန္ေဆာင္သည္မွာ ဒီကာလက ေမြးရက္ေစ့ၿပီဆို ေဆး႐ုံေဆးခန္းမွာပဲ ေမြး ပါ။ သားသမီးေၾကာင့္ ဂုဏ္တတ္မဲ့ အခ်ိန္ပါ။ ရပ္ေဝးေရာက္ ေနတဲ့ သားသမီးေတြက လက္ေဆာင္ ပစၥည္းေပးပို႔တာ မ်ိဳး ႀကဳံရမွာပါ။ အလုပ္မွာ မေပ်ာ္ပိုက္တာမ်ိဳး ႀကဳံရပါလိမ့္မယ္။

ယာဥ္ေမာင္းမ်ား အျခားယာဥ္ကို ပြတ္မိတိုက္ မိရာကေန ေလ်ာ္ေၾကးေပးရတတ္ပါတယ္။ ေကာင္းတဲ့အခ်က္ေတြကေတာ့ မိမိကို ကူညီခ်င္တဲ့သူေတြ ေပါမ်ားေနပါ လိမ့္မယ္။ စိတ္ခ်မ္းသာစရာကေတာ့ သင္ၾကားေရး အလုပ္မ်ား၊ ပညာေရးနဲ႔ပတ္သက္ေသာအလုပ္မ်ားအဆင္ေျပ ေအာင္ျမင္ႏိုင္ပါတယ္။ FA မ်ား စန္းပြင့္ေနတတ္သလို မိန္းကေလးေတြအေနနဲ႔ ခ်စ္ေရးဆိုျခင္းခံရတတ္ပါတယ္။

အခ်ိဳ႕ေသာ သူတို႔အတြက္ အခ်စ္ေရး၌ အတိုက္အခိုက္ သို႔မဟုတ္ ၿပိဳင္ဘက္ႀကဳံ လိမ့္မည္။ သင္ႏွင့္တစ္ရင္း တစ္ႏွီး ရွိသူ၏ စိုးမိုးျခယ္လွယ္မႈကို ရပ္တန႔္ရန္ႀကိဳးစားျခင္းခံရလိမ့္မည္။ ျပင္ပကိစၥမ်ားတြင္ စိတ္ဝင္စားမႈေၾကာင့္ ပညာ ေရးတြင္ အာ႐ုံစူးစိုက္မႈ နည္းေနလိမ့္မည္။

အက်ိဳးေပးဂဏန္း ၂ /၅/ ၈

အထူးေဟာ ကံအေကာင္းေတြလဲ ႀကဳံရတတ္သလို ေငြလဲကုန္တတ္တယ္

ယၾတာ ေက်ာက္ေက်ာတစ္ပန္းကန္ ဘုရားကပ္လႉေပးပါ

အဂၤါ

သတိထားစရာတစ္ခုက ယာဥ္ကား သတိထားေမာင္းႏွင္ပါ။ ကားအခ်င္းခ်င္း ပြတ္မိတိုက္မိ ျဖစ္တတ္လို႔ ပါပဲ။ လူမႈေရးကိစၥမ်ား ရႈပ္ေထြးမႈေတြ ရွိေနတတ္ပါတယ္။ ဓားခုတ္ရာ လက္လွ်ိဳမိတတ္ တဲ့အတြက္ ဆင္ျခင္ေနတာ အေကာင္းဆုံးပါပဲ။ ခရီးေကာင္းေတြ သြားရတတ္တယ္။ ခရီးသြားျခင္းကလဲ မိမိရဲ႕ကံကို ေကာင္းလာေစပါလိမ့္မယ္။ ေဆြမ်ိဳးအသိုင္းအဝိုင္းေတြရဲ႕ကူညီေစာင္မျခင္းေတြရပါလိမ့္မယ္။ စိတ္ခ်မ္းသာရမဲ့အခ်ိန္လို႔ ေျပာရမွာပါ။

လုပ္ငန္း စီးပြားေတြတိုးတတ္လာမဲ့ ကာလပါ။ ကိုယ္ပိုင္လုပ္ငန္းလုပ္သူ ေတြ မိမိဆိုင္ လူစည္ႏိုင္သလို ေဖာက္သည္သစ္ေတြ တိုးပြားမဲ့ ကာလပါပဲ။ အတိတ္ရဲ႕ သတိရစရာ လြမ္းဆြတ္ စရာေတြ ျပန္ခံစားရမဲ့အခ်ိန္ပါ။ မိသားစုအတြင္းစိတ္ခ်မ္း သာစရာ ေပ်ာ္စရာေလးေတြ ႀကဳံရပါလိမ့္မယ္။ ေဆြမ်ိဳးမိတ္သဂၤဟ အိမ္နီးခ်င္းမ်ားႏွင့္ သင့္တင့္ေအာင္ ဆက္ဆံပါ။

ေက်ာင္းသား၊ ေက်ာင္းသူမ်ား အခ်ိန္တိုင္းလိုလို ပညာသင္ယူရာ၌ ခက္ခဲမႈမ်ား ရွိေနသည္။ အကယ္၍ ႀကိဳးစား အားထုတ္မႈမရွိလွ်င္ ေအာင္ျမင္မႈကို မဆြတ္ခူးႏိုင္ပါ။ လုပ္ငန္းသစ္မ်ား ေဆာင္႐ြက္လုပ္ကိုင္ခြင့္ ရမည္။ နည္းပညာ ႏွင့္ ပတ္သက္၍ ကံေကာင္းအက်ိဳးရွိမည္။ အသုံး အေဆာင္ပစၥည္း အသစ္အဆန္းမ်ား စိတ္ႀကိဳက္သုံးစြဲခြင့္ ရမည္။

အက်ိဳးေပးဂဏန္း 4/ 7 /0

အထူးေဟာ စိတ္ခ်မ္းသာစရာမ်ားသည္

ယၾတာ ဒိန္ခ်ဥ္ေလးတစ္ခြက္ ဘုရားကပ္လႉလိုက္ပါ

ဗုဒၶဟူး၊ ရာဟု

အလုပ္အကိုင္ တိုးတတ္မည္။ ေငြေၾကးျမက္စြန္းမႈ အနည္းငယ္ ရရွိၿပီး အထင္ႀကီးခံရမည္။ စာေရးသား ထုတ္ေဝျခင္း ျပဳသူမ်ား အဆင္ေျပမည္။ ဆုံးရႈံးမႈ အခ်ိဳ႕ရွိေနသည္။ မွန္းဆလုပ္ကိုင္ျခင္း၊ ေလာင္းကစားျခင္း တို႔ ေရွာင္ပါ။ မိမိ မႏွစ္ၿမိဳ႕ေသာ ခရီးမ်ားသြားလာ ျခင္းေၾကာင့္ ဆုံးရႈံးမႈရွိေနသည္။ ဒါေပမဲ့ ဒီကာလဟာစိတ္ရွည္ ဖို႔ လိုတယ္။ ေလးတြဲစြာနဲ႔ အက်ိဳးေပး ေအာင္ျမင္မဲ့ အခ်ိန္ပါ။

လုပ္ထားသမွ်ေတြက ခ်က္ခ်င္းအက်ိဳးေပးမွာေတာ့ မဟုတ္ေသးပါ ဘူး။အခုေရတြင္းတူး အခုေရၾကည္ေသာက္ခ်င္လို႔ေတာ့ မရပါဘူး။ ႀကီးမားစြာ ေငြေၾကးျမဳပ္ႏွံမႈေတြ ကို အမ်ားနဲ႔ တိုင္ပင္ လုပ္တာက ပိုမိုထိေရာက္ပါတယ္။ စိတ္ပင္ ပန္းလူပင္ပန္း အိပ္ေရးအပ်က္ခံၿပီး အလုပ္ မလုပ္ ပါနဲ႔။ အလုပ္ တာဝန္ေတြကို ဒီေန႔အလုပ္ ဒီေန႔ၿပီးေအာင္ လုပ္ပါ။ အလုပ္အေႂကြးထားျခင္းမ်ိဳး ေရွာင္ပါ။

က်န္းမာေရး ကို အထူး ဂ႐ုစိုက္ရမည္။ အိမ္တြင္းေရးသာယာခ်မ္းေျမ့မႈ ရရွိေစႏိုင္ေသာ္ လည္း သားခ်င္းတစ္ဦးတစ္ေယာက္၏ ဆက္ဆံေရး တင္းမာမႈေၾကာင့္ ခ်မ္းေျမ့မႈကို ဖ်က္စီးပစ္လိမ့္မည္။ မိမိမႏွစ္သက္ေသာ ဆန႔္က်င္ဘက္လိင္တစ္ဦးႏွင့္ ယွဥ္တြဲ သြားလာမႈကို ေရွာင္ၾကဥ္ပါ။ အိမ္နီးနာခ်င္းတစ္ဦးေၾကာင့္ စိတ္အေႏွာက္အယွက္ အနည္းငယ္ျဖစ္မည္။

အက်ိဳးေပးဂဏန္း ၁/ ၅ /၄

အထူးေဟာ က်န္းမာေရး ထိခိုက္ေအာင္ မေနထိုင္မိပါေစနဲ႔။

ယၾတာ ေခါက္မုန႔္ ဘုရားကပ္လႉ လိုက္ပါ

ၾကာသပေတး

သတိထားရမွာကေတာ့ လူမ်ိဳးခြဲ ဘာသာျခားကိုမယုံ သင့္တဲ့အခ်ိန္ပါ။ စေနသားတစ္ဦး၏ လိမ္လည္ျခင္းကို ခံရႏိုင္ ဖြယ္ ရွိပါတယ္။ အလုပ္ရွာေနသူမ်ားအလုပ္သစ္ရလာ ပါလိမ့္မယ္။ ဘာမဟုတ္တဲ့ ကိစၥေလးေတြနဲ႔ မိတ္ေဆြ အခ်င္းခ်င္း အခ်င္းမ်ားရတတ္ ပါတယ္။ လုပ္ငန္းႀကီးႀကီး မားမား စတင္အေကာင္အထည္ ေဖာ္လို႔မသင့္ေသးပါဘူး။ အလုပ္အကိုင္ေျပာင္းလဲကိန္း ရွိေနသည္။ ေန႔စဥ္ ပုံမွန္လုပ္ေဆာင္ေနက် လုပ္ငန္းမ်ား လြဲေခ်ာ္သြားတတ္သည္။ လုပ္ငန္းရွင္၊ ကြၽမ္းက်င္ပညာရွင္တို႔ အနည္းငယ္ ညံ့ဖ်င္းေနသည္။

ေက်ာင္းသူ၊ ေက်ာင္းသားမ်ား ပညာေရးတြင္ ထူးခြၽန္ေသာ ေအာင္ျမင္မႈကို ရရွိႏိုင္မည့္ အခြင့္အေရး ေကာင္းမ်ား ေပၚေပါက္လာမည္။ ႏိုင္ငံျခားခရီးေဝးမ်ား သြားလာရတတ္သည္။ မိသားစုအတြင္ အိမ္၊ ၿခံ၊ ေျမ၊ ယာဥ္ကားကိစၥမ်ားအတြက္ အခြင့္အေရးေကာင္းမ်ား ေတြ႕ ႀကဳံလာတတ္သည္။ ေဆြမ်ိဳးသားခ်င္းမ်ားျဖင့္ အတိုက္အခံပဋိပကၡမ်ား ႀကဳံတတ္၏။

ေအာင္ျမင္ထင္ရွား ေက်ာ္ၾကား ေသာကာလျဖစ္၍ အဖြဲ႕အစည္းလုပ္ငန္းမ်ား ေကာင္းက်ိဳးျပဳသည္။ လုပ္ငန္းတြင္ ထင္ေပၚေက်ာ္ၾကား၍ စီးပြားရွာေဖြ ရလြယ္ကူလာမည္။ စပ္တူရွယ္ယာ လုပ္ငန္းမ်ားမွ ေကာင္းက်ိဳးမ်ားျပဳလိမ့္မည္။ အဖိုးတန္ရတနာမ်ား ရရွိပိုင္ဆိုင္ သုံးစြဲခြင့္ရမည္။ မေမွ်ာ္လင့္ဘဲ ေငြအစုလိုက္ ဝင္ကိန္းရွိေန၍ ထီမၾကာခဏ ထိုးေပးပါ။

အက်ိဳးေပးဂဏန္း ၂/ ၆/ ၅

အထူးေဟာ ေကာင္းေသာေျပာင္းလဲျခင္းေတြကို ႀကဳံရမယ္။

ယၾတာ ၾကက္သားဟင္းနဲ႔ ဘုရားရွင္ကို ဆြမ္းကပ္လႉပါ

ေသာၾကာ

ထူးျခားစြာ ကံျမင့္မားေနခ်ိန္ပါ ။ဘာသာေရး မေမ့သူေတြ အထူးကံျမင့္ေနပါလိမ့္မည္။ စိတ္ထဲ ေမွ်ာ္လင့္မထား ေသာ အံ့ၾသဖြယ္ရာကိစၥမ်ား ျဖစ္ေပၚမည္။ ရည္႐ြယ္ခ်က္ ရည္မွန္းခ်က္ ျပည့္မွီလိမ့္မည္။ စီးပြားေရး ကံေကာင္းေနမဲ့ အခ်ိန္ပါ။ ဘာသာေရးနဲ႔ဆိုင္ေသာ ပစၥည္းမ်ား လက္ေဆာင္ရလိမ့္မည္။မိတ္ေဆြမ်ား၏ ကူညီေစာင္မမႈ၊ စပ္တူ လုပ္ ငန္း မွအနည္းငယ္ ျမတ္စြန္းမႈ၊ ထို႔အျပင္ ေပါင္းသင္းဆက္ဆံေရး ေကာင္းမႈတို႔ေၾကာင့္ လုပ္ငန္းၿပိဳင္ဆိုင္ဖက္ မ်ားကို အႏိုင္ယူႏိုင္လိမ့္မည္။

သို႔ရာတြင္ မွန္းဆ လုပ္ကိုင္ရေသာ လုပ္ငန္းမ်ားမွ ဆုံးရႈံးမႈမ်ားစြာ ေပၚေပါက္ လာ လိမ့္ မည္။ မေကာင္းဖက္ကို အေတြးလြန္၍ မၾကာခဏ ဆုံးျဖတ္ခ်က္ မေရမရာ ျဖစ္တတ္သည္။ အလုပ္ဒဏ္ပိမႈေၾကာင့္ က်န္းမာေရး အနည္းငယ္ညံ့ဖ်င္းလိမ့္မည္။ အထူးဂ႐ုစိုက္ရန္ လိုအပ္ပါသည္။ အိမ္တြင္းေရးသာယာမႈ၊ မိတ္ေဆြ သဂၤဟမ်ားႏွင့္ အဆင္ေျပစြာ ဆက္ဆံႏိုင္မႈတို႔ ရွိေနလိမ့္မည္။

စြန႔္လႊတ္ အနစ္နာခံလိုစိတ္မ်ား ေပၚေပါက္လိမ့္ မည္။ စိတ္ရႈတ္ေထြးလာၿပီး တစ္ခါတစ္ရံ ရန္လိုေသာ သေဘာရွိလိမ့္မည္။ အခ်စ္ေရးမွာခ်စ္သူကိုပဲ အျပစ္ျမင္ေနမိတတ္ သည္။ အခ်စ္ေရးအတြက္ ေကာင္းေသာ ေမွ်ာ္လင့္ခ်က္ေတြကို မစြန႔္လႊတ္လိုက္ပါနဲ႔။ ပညာေရးမွာေတာ့ ေသခ်ာ ေရရာတဲ့လမ္းကို ေလွ်ာက္လွမ္းႏိုင္ဖို႔ လိုပါတယ္။

အက်ိဳးေပးဂဏန္း ၃/ ဝ/ ၆

အထူးေဟာ ဆုံးျဖတ္ခ်က္ကို ခိုင္မာစြာ ခ်မွတ္တတ္ပါေစ

ယၾတာ ႏို႔စိမ္းတီး တစ္ခြက္ ဘုရားကပ္ပါ

စေန

အိမ္ျပဳျပင္ျခင္းေတြ၊ အခန႔္ဖြဲ႕ျခင္းေတြ ဒီကာလမွာ ေဆာင္႐ြက္လို႔ မေကာင္းပါဘူး။ အမိအဘေတြကို ခြန္းတုန႔္ ျပန္ ေျပာဆိုတာမ်ိဳး အထူးေရွာင္ပါ။ မိမိမဟုတ္တာ လုပ္မိပါက မိမိကို ထပ္လိမ္မဲ့သူနဲ႔ ေတြပါလိမ့္မယ္။ တရားပြဲ ဘာသာေရးပြဲမ်ားတြင္ အလႉေငြထည့္ဝင္ျခင္းက မိမိအတြက္ ကံအဆိုးေတြ ေလ်ာ့ပါးသက္သာ ေစမွာပါ။ မိတ္ေဆြ အေပါင္းအသင္းတစ္ဦး၏ မေက်နပ္ေဒါသျဖစ္မႈေၾကာင့္ ရႈတ္ေထြးေသာ ျပႆနာမ်ား ေပၚေပါက္တတ္သည္။

အိမ္တြင္းေရး ဝန္ထုတ္ဝန္ပိုးမ်ား ႀကီးထြားလာမႈေၾကာင့္ ျပင္ဆင္မႈျပဳရမည္။ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား ပညာ ေရး ပိုင္း၌ တိုးတတ္မႈမ်ားစြာ ႀကဳံရလိမ့္မည္။ ေဆြမ်ိဳးရင္းခ်ာ တစ္ေယာက္ႏွင့္ ဆက္ဆံေရး တင္းမာေန၏။ အစ္ကို ႀကီး သို႔မဟုတ္ ဝမ္းကြဲတစ္ေယာက္ႏွင့္ လမ္းခြဲရတတ္သည္။ ဆန႔္က်င္ဘက္လိင္တစ္ေယာက္ေၾကာင့္ ဒုကၡ ေရာက္ တတ္သည္။

မႀကီးမားေသာ ေငြေၾကးျပႆနာ ရွိေနေသာ္လည္း မွန္းဆလုပ္ကိုင္ေသာ လုပ္ငန္း တီထြင္ လုပ္ ေဆာင္ ေသာလုပ္ငန္းမွ အနည္းငယ္ျမက္စြန္းမည္။ စိုက္ပ်ိဳးေရးသမားမ်ား၊ လယ္သမားမ်ား အျမက္အစြန္း မ်ားမည္။ မေ႐ႊ႕ မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားဆုံးရႈံးပ်က္စီမႈ အနည္းငယ္ေပၚႏိုင္သျဖင့္လိုအပ္ေသာ သတိျပဳမႈမ်ား ထားရွိကာ ေရွာင္ ရွားႏိုင္ပါသည္။

အက်ိဳးေပးဂဏန္း ၁/ ၄/ ၇

အထူးေဟာ ကံအင္အားနည္းမယ္

ယၾတာ ဖိနပ္ျပတ္ေနတာရွိရင္ စြန႔္ပစ္လိုက္ပါ

၇ ရက္ သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ

ဆရာၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

Post a Comment

0 Comments