အဖွားကြီးပုံစံပေါက်နေတဲ့ (၁၆) နှစ်အရွယ် မိန်းကလေး (ရုပ်သံ)

Raizel Calago ဆိုတဲ့ မိန်းကလေးဟာ အသက်အရွယ်က (၁၆) နှစ်သာရှိသေးပေမယ့်လည်း ရောဂါတစ်ခုကြောင့် သူမရဲ့ ရှိရင်းစွဲအသက်ထက် (၄) ဆလောက် ပိုကြီးနေတဲ့မျက်နှာ ဖြစ်နေပါတယ်။ သူမဟာ progeria လို့ခေါ်တဲ့ ရှားပါးတဲ့ ရောဂါကို ခံစားနေရသူ တစ်ဦးပါ။

Raizel Calagoရဲ့ ရောဂါ မဖြစ်ခင် အလှဟာ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်နိုင်လောက်တဲ့အထိ လှပခဲ့ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ သူမဟာ (၂) နှစ်အတွင်းမှာပဲ ရုတ်တရက်ကြီးကို အိုမင်းသွားခဲ့ပါတယ်။

သူမဟာ စစဖြစ်ချင်း တစ်ကိုယ်လုံးမှာ အဖုတွေ ပေါက်လာပြီးတော့ အရေပြားမှာလည်း အရေးအကြောင်းတွေ ထလာတာကို သတိထားမိ ခဲ့ပါတယ်။ အနီဖုတွေကနေ ယားယံလာတာကြောင့် ဆရာဝန်ဆီကို သွားပြခဲ့ပါတယ်။

ဆရာဝန်ရဲ့ ဆေးစစ်ချက်အရကတော့ အင်းဆက်ပိုးကနေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဖုတွေကို သက်သာအောင် ဆေးတွေပေးခဲ့ပေမယ့် မသက်သာခဲ့ပါဘူး။ မကြာခင်မှာပဲ သူမဟာ တဖြည်းဖြည်းနဲ့ ရုပ်ရင့်လာပြီးတော့ အသက် (၁၆) နှစ်ပဲ ရှိသေးတယ်ဆိုတာကို ဘယ်သူမှ မယုံကြည်ခဲ့ပါဘူး။

" သမီးကို ကျွန်မထက် ရုပ်ရင့်တယ် လို့ ပြောရင် ကျွန်မရင်ထဲမှာ အရမ်းခံစားရတယ်။ သူမဟာ အရမ်းကို လှပတဲ့ ကောင်မလေးပါ” လို့ Raizel ရဲ့မိခင် Joela က ပြောပါတယ်။

" သူမဟာ ကလေးဘ၀ကတည်းက လှပခဲ့ပေမယ့် အခုချိန်မှာတော့ သူ့မျက်နှာက ငယ်ငယ်တုန်းက အလှအပနဲ့ အရမ်းကို ကွာခြားသွားတယ်" လို့လည်း ပြောပါတယ်။

ရုပ်ရည်က အရမ်းကို ပြောင်းလဲသွားတာကြောင့် သူမဟာ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ဖို့တောင် အရမ်းရှက်ပါတယ်။ တကယ်လို့ အပြင်သွားရင်လည်း mask ကို တပ်ပြီးမှပဲ ထွက်ပါတော့တယ်။ သူမ အလိုချင်ဆုံး အရာကတော့ အရင်လို မျက်နှာလှလှလေးပဲ ဖြစ်ပါတယ်။

“ တစ်စုံတစ်ယောက်က ကျွန်မကို ဘာလို့ ဒီလိုပြောင်းလဲသွားတာလဲလို့ မေးရင် ကျွန်မ မဖြေနိုင်ပါဘူး။ ကျွန်မကိုယ်တိုင်လည်း ဘာဖြစ်လို့ ဒီလောက်ထိ ပြောင်းလဲသွားတာလဲ ဆိုတာကို နားမလည်နိုင်ပါဘူး” လို့ Raizel ကပြောပါတယ်။

“ တစ်ချိန်ချိန်မှာတော့ အသားအရေတွေက နဂိုအတိုင်း ပြန်ဖြစ်သွားပါစေလို့ အမြဲတိုင်း ဆုတောင်းနေမိပါတယ်။ ဒါဆိုရင် သူငယ်ချင်းတွေနဲ့ တူတူသွားလို့ရပါပြီ။ အခုလိုဖြစ်နေတာကိုလည်း အရမ်းရှက်တယ်"လို့ Raizel က ပြောထားပါသေးတယ်။

Raizel Calago ဟာ မကြာသေးခင်က နာမည်ကျော် “ Kapuso Mo, Jessica Soho” တီဗီရှိုးမှာ ဖော်ပြခံခဲ့ရပြီးတော့ ထုတ်လုပ်ရေးအဖွဲ့က သူမကို endocrinologist Dr. James Young ဆီကို ပြသပေးခဲ့ပါတယ်။ ဒီလို မယုံနိုင်လောက်အောင် ရှားပါးတဲ့ ရောဂါက အရေပြားတွန့်ခြင်း (သို့မဟုတ်) အိုမင်းရင့်ရော်ခြင်းနှင့် ကြီးထွားမှု နှေးကွေးခြင်း၊ နှလုံးထိခိုက်ခြင်း၊ နှလုံးအားနည်းခြင်းနှင့် လေဖြတ်ခြင်းတို့ကိုတောင် ဖြစ်စေနိုင်ပါတယ်။

ကံမကောင်းစွာနဲ့ progeria ကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေဟာ ကုသဖို့အတွက် မလွယ်ကူလှပါဘူး။ ဒါကြောင့် ဆရာဝန်တွေက Raizelကို progeria ရောဂါရဲ့အဖြစ်များဆုံး ဘေးထွက်ဆိုးကျိုးနှစ်ခုဖြစ်တဲ့ အရိုးပွခြင်းနှင့် အဆစ်ပြဿနာတွေကိုကို ကုသပေးနေပါတယ်။

Raizel ရဲ့မိဘတွေဟာလည်း လိုအပ်တဲ့ ကုသမှုတွေအတွက် ငွေမရှိတာကြောင့် သူမရဲ့မိသားစုတွေဟာ ဆေးကုသဖို့အတွက် လိုအပ်တဲ့ အရာတွေကို လှူဒါန်းဖို့ စေတနာရှိတဲ့ လူတွေကို မေတ္တာရပ်ခံခဲ့ပါတယ်။

ရုပ်သံ (၁)

ရုပ်သံ (၂)

Zombie (Lovemedia)

for zawgyi

အဖြားႀကီးပုံစံေပါက္ေနတဲ့ (၁၆) ႏွစ္အ႐ြယ္ မိန္းကေလး

Raizel Calago ဆိုတဲ့ မိန္းကေလးဟာ အသက္အ႐ြယ္က (၁၆) ႏွစ္သာရွိေသးေပမယ့္လည္း ေရာဂါတစ္ခုေၾကာင့္ သူမရဲ႕ ရွိရင္းစြဲအသက္ထက္ (၄) ဆေလာက္ ပိုႀကီးေနတဲ့မ်က္ႏွာ ျဖစ္ေနပါတယ္။ သူမဟာ progeria လို႔ေခၚတဲ့ ရွားပါးတဲ့ ေရာဂါကို ခံစားေနရသူတစ္ဦးပါ။

Raizel Calagoရဲ႕ ေရာဂါ မျဖစ္ခင္ အလွဟာ ၿပိဳင္ပြဲေတြမွာ ဝင္ၿပိဳင္ႏိုင္ေလာက္တဲ့အထိ လွပခဲ့ပါတယ္။ စိတ္မေကာင္းစြာနဲ႔ပဲ သူမဟာ (၂) ႏွစ္အတြင္းမွာပဲ ႐ုတ္တရက္ႀကီးကို အိုမင္းသြားခဲ့ပါတယ္။

သူမဟာ စစျဖစ္ခ်င္း တစ္ကိုယ္လုံးမွာ အဖုေတြ ေပါက္လာၿပီးေတာ့ အေရျပားမွာလည္း အေရးအေၾကာင္းေတြ ထလာတာကို သတိထားမိ ခဲ့ပါတယ္။ အနီဖုေတြကေန ယားယံလာတာေၾကာင့္ ဆရာဝန္ဆီကို သြားျပခဲ့ပါတယ္။

ဆရာဝန္ရဲ႕ ေဆးစစ္ခ်က္အရကေတာ့ အင္းဆက္ပိုးကေန ျဖစ္တယ္လို႔ ဆိုပါတယ္။ အဖုေတြကို သက္သာေအာင္ ေဆးေတြေပးခဲ့ေပမယ့္ မသက္သာခဲ့ပါဘူး။ မၾကာခင္မွာပဲ သူမဟာ တျဖည္းျဖည္းနဲ႔ ႐ုပ္ရင့္လာၿပီးေတာ့ အသက္ (၁၆) ႏွစ္ပဲ ရွိေသးတယ္ဆိုတာကို ဘယ္သူမွ မယုံၾကည္ခဲ့ပါဘူး။

" သမီးကို ကြၽန္မထက္ ႐ုပ္ရင့္တယ္ လို႔ ေျပာရင္ ကြၽန္မရင္ထဲမွာ အရမ္းခံစားရတယ္။ သူမဟာ အရမ္းကို လွပတဲ့ ေကာင္မေလးပါ” လို႔ Raizel ရဲ႕မိခင္ Joela က ေျပာပါတယ္။

" သူမဟာ ကေလးဘ၀ကတည္းက လွပခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ သူ႔မ်က္ႏွာက ငယ္ငယ္တုန္းက အလွအပနဲ႔ အရမ္းကို ကြာျခားသြားတယ္" လို႔လည္း

ေျပာပါတယ္။

႐ုပ္ရည္က အရမ္းကို ေျပာင္းလဲသြားတာေၾကာင့္ သူမဟာ သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္ဖို႔ေတာင္ အရမ္းရွက္ပါတယ္။ တကယ္လို႔ အျပင္သြားရင္လည္း mask ကို တပ္ၿပီးမွပဲ ထြက္ပါေတာ့တယ္။ သူမ အလိုခ်င္ဆုံး အရာကေတာ့ အရင္လို မ်က္ႏွာလွလွေလးပဲ ျဖစ္ပါတယ္။

“ တစ္စုံတစ္ေယာက္က ကြၽန္မကို ဘာလို႔ ဒီလိုေျပာင္းလဲသြားတာလဲလို႔ ေမးရင္ ကြၽန္မ မေျဖႏိုင္ပါဘူး။ ကြၽန္မကိုယ္တိုင္လည္း ဘာျဖစ္လို႔ ဒီေလာက္ထိေျပာင္းလဲသြားတာလဲဆိုတာကို နားမလည္ႏိုင္ပါဘူး” လို႔ Raizel ကေျပာပါတယ္။

“ တစ္ခ်ိန္ခ်ိန္မွာေတာ့ အသားအေရေတြက နဂိုအတိုင္း ျပန္ျဖစ္သြားပါေစလို႔ အၿမဲတိုင္း ဆုေတာင္းေနမိပါတယ္။ ဒါဆိုရင္ သူငယ္ခ်င္းေတြနဲ႔ တူတူသြားလို႔ရပါၿပီ။ အခုလိုျဖစ္ေနတာကိုလည္း အရမ္းရွက္တယ္"လို႔ Raizel က ေျပာထားပါေသးတယ္။

Raizel Calago ဟာ မၾကာေသးခင္က နာမည္ေက်ာ္ “ Kapuso Mo, Jessica Soho” တီဗီရႈိးမွာ ေဖာ္ျပခံခဲ့ရၿပီးေတာ့ ထုတ္လုပ္ေရးအဖြဲ႕က သူမကို endocrinologist Dr. James Young ဆီကို ျပသေပးခဲ့ပါတယ္။ ဒီလို မယုံႏိုင္ေလာက္ေအာင္ ရွားပါးတဲ့ ေရာဂါက အေရျပားတြန႔္ျခင္း (သို႔မဟုတ္) အိုမင္းရင့္ေရာ္ျခင္းႏွင့္ ႀကီးထြားမႈ ေႏွးေကြးျခင္း၊ ႏွလုံးထိခိုက္ျခင္း၊ ႏွလုံးအားနည္းျခင္းႏွင့္ ေလျဖတ္ျခင္းတို႔ကိုေတာင္ ျဖစ္ေစႏိုင္ပါတယ္။

ကံမေကာင္းစြာနဲ႔ progeria ေၾကာင့္ ျဖစ္ေပၚလာတဲ့ ႐ုပ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈေတြဟာ ကုသဖို႔အတြက္ မလြယ္ကူလွပါဘူး။ ဒါေၾကာင့္ ဆရာဝန္ေတြက Raizelကို progeria ေရာဂါရဲ႕အျဖစ္မ်ားဆုံး ေဘးထြက္ဆိုးက်ိဳးႏွစ္ခုျဖစ္တဲ့ အ႐ိုးပြျခင္းႏွင့္ အဆစ္ျပႆနာေတြကိုကို ကုသေပးေနပါတယ္။

Raizel ရဲ႕မိဘေတြဟာလည္း လိုအပ္တဲ့ ကုသမႈေတြအတြက္ ေငြမရွိတာေၾကာင့္ သူမရဲ႕မိသားစုေတြဟာ ေဆးကုသဖို႔အတြက္ လိုအပ္တဲ့ အရာေတြကို လႉဒါန္းဖို႔ ေစတနာရွိတဲ့ လူေတြကို ေမတၱာရပ္ခံခဲ့ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments