ချစ်ရသူနဲ့ နှလုံးသားချင်း အမြဲနီးစပ်လိုသူတွေအတွက် ဂျပန်ဒဏ္ဍာရီလာနည်းလမ်း

ဒီနေ့မှာတော့ အနီရောင် ကံကြမ္မာကြိုး အကြောင်းကို ပြောပြပေးပါမယ်နော်။ ဒီအကြောင်းက ဂျပန်နိုင်ငံကနေ ဆင်းသက်လာတဲ့ ဒဏ္ဍာရီလာ စကားပါ။ သင့်မှာ ချစ်သူရည်းစားရှိပြီး နှလုံးသားချင်း အမြဲ နီးစပ်စေချင်ရင် ဒီနည်းလေးကို စမ်းသပ်ကြည့်ပါ။

အရင်ဆုံး မျက်လုံးပိတ်ပြီး သင့်ခန္ဓာကိုယ်ကို ထွင်းဖောက် မြင်နေရတယ်လို့ စိတ်ကူးလိုက်ပါ။ ပြီးရင် နှလုံးကနေ လက်သန်းကို ဆက်နေတဲ့ သွေးကြောတွေကို မြင်ယောင်ကြည့်လိုက်ပါ။ အဲဒီသွေးကြောလေးတွေက သင့်လက်သန်းကနေတစ်ဆင့် သင့်ချစ်သူရဲ့ လက်သန်းထံ ရောက်သွားတယ်လို့ ဆက်လက်မြင်ယောင်ကြည့်လိုက်ပါ။

လက်သန်းဆိုတာက နှလုံးကို ကိုယ်စားပြုတယ်လို့ ဆိုကြပါတယ်။ အဲဒါကြောင့် တချို့တွေက လက်သန်းချင်းချိတ်ပြီး ကတိပေးတာက နှလုံးသားချင်း ကတိပေးတဲ့ သဘောပါ။

ဂျပန်နိုင်ငံရဲ့ ဒဏ္ဍာရီလာ စကားအရ နှလုံးကနေ ထွက်လာတဲ့သွေးကြောက လက်သန်းမှာတင် ရပ်သွားတာ မဟုတ်ပါဘူး။ မမြင်ရတဲ့ သွေးကြောလေးက သင့်ရဲ့ချစ်ရသူနဲ့ ဆက်လက် ဆက်သွယ်ပေးနေတယ်လို့ ဆိုပါတယ်။

တကယ် ဖူးစာပါတဲ့ ချစ်သူတွေက ဘယ်လောက်ပဲ ဝေးနေပါစေ၊ ဒီနည်းနဲ့ဆို အမြဲတမ်း နှလုံးသားချင်း ဆက်သွယ်ပေးနေပါတယ်။ နှလုံးသားချင်း ဆက်ပေးနေတဲ့ မမြင်ရတဲ့ ကြိုးလေးကို ယုံကြည်ကြတဲ့ စုံတွဲတွေက ဘယ်လောက်ပဲ ဝေးနေပါစေ၊ အမြန်ဆုံး တွေ့ဆုံရပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အခြေအနေ တင်းမာပြီး အဆင်မပြေလည်း ခဏပါ။ ဒီကြိုးလေးကတော့ တကယ်ချစ်ရင် ဘယ်တော့မှ မပြတ်တောက်သွားပါဘူး။

ချစ်သူတွေ ဆိုတာ အကြောင်းမဲ့ ဆုံဆည်းတာတော့ မဟုတ်ပါဘူး။ အဲဒါကြောင့် သင်တကယ် ချစ်ရသူနဲ့ နီးစပ်ပြီး အမြန်ဆုံးတွေ့ချင်ရင် ဒီနည်းကို အသုံးပြုကြည့်နိုင်ပါတယ်။

Zombie (Lovemedia)

for zawgyi

ခ်စ္ရသူနဲ႔ ႏွလုံးသားခ်င္း အၿမဲနီးစပ္လိုသူေတြအတြက္ ဂ်ပန္ဒ႑ာရီလာနည္းလမ္း

ဒီေန႔မွာေတာ့ အနီေရာင္ ကံၾကမၼာႀကိဳး အေၾကာင္းကို ေျပာျပေပးပါမယ္ေနာ္။ ဒီအေၾကာင္းက ဂ်ပန္ႏိုင္ငံကေန ဆင္းသက္လာတဲ့ ဒ႑ာရီလာစကားပါ။ သင့္မွာ ခ်စ္သူရည္းစားရွိၿပီး ႏွလုံးသားခ်င္း အၿမဲ နီးစပ္ေစခ်င္ရင္ ဒီနည္းေလးကို စမ္းသပ္ၾကည့္ပါ။

အရင္ဆုံး မ်က္လုံးပိတ္ၿပီး သင့္ခႏၶာကိုယ္ကို ထြင္းေဖာက္ ျမင္ေနရတယ္လို႔ စိတ္ကူးလိုက္ပါ။ ၿပီးရင္ ႏွလုံးကေန လက္သန္းကို ဆက္ေနတဲ့ ေသြးေၾကာေတြကို ျမင္ေယာင္ၾကည့္လိုက္ပါ။ အဲဒီေသြးေၾကာေလးေတြက သင့္လက္သန္းကေနတစ္ဆင့္ သင့္ခ်စ္သူရဲ႕ လက္သန္းထံ ေရာက္သြားတယ္လို႔ ဆက္လက္ျမင္ေယာင္ၾကည့္လိုက္ပါ။

လက္သန္းဆိုတာက ႏွလုံးကို ကိုယ္စားျပဳတယ္လို႔ ဆိုၾကပါတယ္။ အဲဒါေၾကာင့္ တခ်ိဳ႕ေတြက လက္သန္းခ်င္းခ်ိတ္ၿပီး ကတိေပးတာက ႏွလုံးသားခ်င္း ကတိေပးတဲ့ သေဘာပါ။

ဂ်ပန္ႏိုင္ငံရဲ႕ ဒ႑ာရီလာ စကားအရ ႏွလုံးကေန ထြက္လာတဲ့ေသြးေၾကာက လက္သန္းမွာတင္ ရပ္သြားတာ မဟုတ္ပါဘူး။ မျမင္ရတဲ့ ေသြးေၾကာေလးက သင့္ရဲ႕ခ်စ္ရသူနဲ႔ ဆက္လက္ ဆက္သြယ္ေပးေနတယ္လို႔ ဆိုပါတယ္။

တကယ္ ဖူးစာပါတဲ့ ခ်စ္သူေတြက ဘယ္ေလာက္ပဲ ေဝးေနပါေစ၊ ဒီနည္းနဲ႔ဆို အၿမဲတမ္း ႏွလုံးသားခ်င္း ဆက္သြယ္ေပးေနပါတယ္။ ႏွလုံးသားခ်င္း ဆက္ေပးေနတဲ့ မျမင္ရတဲ့ ႀကိဳးေလးကို ယုံၾကည္ၾကတဲ့ စုံတြဲေတြက ဘယ္ေလာက္ပဲ ေဝးေနပါေစ၊ အျမန္ဆုံး ေတြ႕ဆုံရပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အေျခအေန တင္းမာၿပီး အဆင္မေျပလည္း ခဏပါ။ ဒီႀကိဳးေလးကေတာ့ တကယ္ခ်စ္ရင္ ဘယ္ေတာ့မွ မျပတ္ေတာက္သြားပါဘူး။

ခ်စ္သူေတြ ဆိုတာ အေၾကာင္းမဲ့ ဆုံဆည္းတာေတာ့ မဟုတ္ပါဘူး။ အဲဒါေၾကာင့္ သင္တကယ္ ခ်စ္ရသူနဲ႔ နီးစပ္ၿပီး အျမန္ဆုံးေတြ႕ခ်င္ရင္ ဒီနည္းကို အသုံးျပဳၾကည့္ႏိုင္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments