လက်သမားကြီးရဲ့ နောင်တ

တခါတုန်းက လက်သမားဆရာ တဦးဟာ အသက်အရွယ်ကြီးလို့ အလုပ်က အငြိမ်းစားယူဖို့ ပြင်ပါတယ်။ ဒါကို အလုပ်ရှင် ကန်ထရိုက်က သိတော့ နှစ်ပေါင်းများစွာ လက်တွဲ လုပ်လာကြတဲ့ သူတွေမို့ စိတ်မကောင်း ဖြစ်မိတယ်။

အဲ့ဒါနဲ့ပဲ လက်သမားဆရာကို နောက်ဆုံးအနေနဲ့ အိမ်တလုံးလောက် ထပ်ဆောက်ပေးနိုင်မလားလို့ တောင်းဆိုတယ်။ လက်သမားဆရာကလည်း မငြင်းသာလို့ သဘောတူလိုက်တယ်။

အိမ်ကို ဆောက်သာ ဆောက်နေရပေမယ့် လက်သမားဆရာဟာ အလုပ်မှာ ယခင်လို စိတ်မဝင်စားတော့ ပြီးစလွယ် လက်ရာတွေနဲ့ အညံ့စား ပစ္စည်းတွေကို အသုံးပြုခဲ့တယ်။

လက်သမားဆရာက အိမ်ကို လက်စသတ် ဆောက်လုပ်ပြီးတဲ့အခါ အလုပ်ရှင်ကို အိမ်ကို အပ်ပါတယ်။ အလုပ်ရှင်က ကြည့်ရှုစစ်ဆေးပြီး လက်သမားဆရာရဲ့ လက်ထဲ အိမ်သော့ကို အပ်ကာ..

" ဒီအိမ်ဟာ ခင်ဗျား လုပ်ဆောင်ပေးခဲ့သမျှ အတွက် ဂုဏ်ပြုတာပါ။ အခု ခင်ဗျားအိမ်ဖြစ်သွားပါပြီ "

ဒီတော့မှ လက်သမားဆရာကြီးဟာ သူ ဖြစ်ကတတ်ဆန်း ဆောက်ခဲ့တဲ့ အိမ်ကိုကြည့်ပြီး နောင်တကြီးစွာ ရခဲ့ပါတယ်။ သူနေရမယ့် အိမ်လို့သာ သိခဲ့ရင် ဒီလိုပုံစံမျိုး ဘယ်ဆောက်ခဲ့ပါ့ မလဲ။

ကျွန်တော်တို့တွေလည်း လက်သမားဆရာနဲ့ အဖြစ်ချင်း တူများနေမလားပဲ။ ကျွန်တော်တို့ရဲ့ စိတ်သွားတိုင်း ကိုယ်ပါတဲ့ ငယ်ဘဝတွေကို အမှုမဲ့ အမှတ်မဲ့ ကုန်ဆုံးစေခဲ့ကြတယ်။ အချိန်တန်လို့ ကိုယ်တည်ဆောက်ခဲ့တဲ့ အိမ် (ဘဝ) ထဲမှာ ပြန်နေရတဲ့ အချိန်ကျမှ.. ။

မိတ်ဆွေ.. သင်ဟာ လက်သမား ဆရာတယောက် ဆိုတာ မမေ့ပါနဲ့။

crd

Zawgyi

လက္သမားႀကီးရဲ႕ ေနာင္တ

တခါတုန္းက လက္သမားဆရာတဦးဟာ အသက္အ႐ြယ္ႀကီးလို႔ အလုပ္က အၿငိမ္းစားယူဖို႔ ျပင္ပါတယ္။ ဒါကို အလုပ္ရွင္ ကန္ထ႐ိုက္က သိေတာ့ ႏွစ္ေပါင္းမ်ားစြာ လက္တြဲ လုပ္လာၾကတဲ့ သူေတြမို႔ စိတ္မေကာင္း ျဖစ္မိတယ္။

အဲ့ဒါနဲ႔ပဲ လက္သမားဆရာကို ေနာက္ဆုံးအေနနဲ႔ အိမ္တလုံးေလာက္ ထပ္ေဆာက္ေပးႏိုင္မလားလို႔ ေတာင္းဆိုတယ္။ လက္သမားဆရာကလည္း မျငင္းသာလို႔ သေဘာတူလိုက္တယ္။

အိမ္ကို ေဆာက္သာ ေဆာက္ေနရေပမယ့္ လက္သမားဆရာဟာ အလုပ္မွာ ယခင္လို စိတ္မဝင္စားေတာ့ ၿပီးစလြယ္ လက္ရာေတြနဲ႔ အညံ့စားပစၥည္းေတြကို အသုံးျပဳခဲ့တယ္။

လက္သမားဆရာက အိမ္ကို လက္စသတ္ ေဆာက္လုပ္ၿပီးတဲ့အခါ အလုပ္ရွင္ကို အိမ္ကို အပ္ပါတယ္။ အလုပ္ရွင္က ၾကည့္ရႈစစ္ေဆးၿပီး လက္သမားဆရာရဲ႕ လက္ထဲ အိမ္ေသာ့ကို အပ္ကာ

" ဒီအိမ္ဟာ ခင္ဗ်ား လုပ္ေဆာင္ေပးခဲ့သမွ် အတြက္ ဂုဏ္ျပဳတာပါ။ အခု ခင္ဗ်ားအိမ္ျဖစ္သြားပါၿပီ "

ဒီေတာ့မွ လက္သမားဆရာႀကီးဟာ သူ ျဖစ္ကတတ္ဆန္း ေဆာက္ခဲ့တဲ့ အိမ္ကိုၾကည့္ၿပီး ေနာင္တႀကီးစြာ ရခဲ့ပါတယ္။ သူေနရမယ့္ အိမ္လို႔သာ သိခဲ့ရင္ ဒီလိုပုံစံမ်ိဳး ဘယ္ေဆာက္ခဲ့ပါ့ မလဲ။

ကြၽန္ေတာ္တို႔ေတြလည္း လက္သမားဆရာနဲ႔ အျဖစ္ခ်င္း တူမ်ားေနမလားပဲ။ ကြၽန္ေတာ္တို႔ရဲ႕ စိတ္သြားတိုင္း ကိုယ္ပါတဲ့ ငယ္ဘဝေတြကို အမႈမဲ့ အမွတ္မဲ့ ကုန္ဆုံးေစခဲ့ၾကတယ္။ အခ်ိန္တန္လို႔ ကိုယ္တည္ေဆာက္ခဲ့တဲ့ အိမ္ (ဘဝ) ထဲမွာ ျပန္ေနရတဲ့ အခ်ိန္က်မွ.. ။

မိတ္ေဆြ.. သင္ဟာ လက္သမားဆရာတေယာက္ ဆိုတာ မေမ့ပါနဲ႔။

crd

Post a Comment

0 Comments