ကောလဟာလ

တခါတုန်းက အဖိုးအို တဦးသည် သူ၏ အိမ်နီးနားချင်း လူငယ်လေး တဦးအား သူခိုးတယောက် ဆိုပီး ကောလဟာလများ လိုက်၍ ပြောဆိုလေသည် ။ ထိုသို့ သွားပုပ်လေလွင့် ပြောဆိုမှုကြောင့် ကောင်လေးမှာ များမကြာခင် အဖမ်းခံရလေ တော့သည် ။

သို့သော် ရက်အနည်းငယ် အကြာတွင် ကောင်လေးမှာ အပြစ်တစုံတရာ မရှိသောကြောင့် ပြန်လည် လွတ်မြောက်ခဲ့လေသည် ။ ကောင်လေးသည် အိမ်အပြန် လမ်းတလျှောက် မိမိအား မဟုတ်တမ်းတရား စွပ်စွဲခံရသည်ကို လွန်စွာ ရှက်မိသည့် အလျောက် အဖိုးအိုအား အသရေဖြတ်မှုဖြင့် တရားရုံးတွင် တရားပြန်စွဲလေ တော့သည် ။

တရားရုံးထဲတွင် အဖိုးအိုမှ တရားသူကြီးအား ပြောသည်မှာ..

" ကျနော့် ထင်မြင်ယူဆချက်ကို ကျနော် ပြောခဲ့တာပါ။ ဘယ်သူ့ကိုမှ မထိခိုက်စေ ပါဘူး " ဟူ၍ ဖြစ်သည် ။

ထိုအခါ တရားသူကြီးမှ အမိန့်မချခင် အဖိုးအိုအား ပြောလိုက်သည်မှာ..

" သင် သူနဲ့ ပတ်သတ်ပီး ပြောတဲ့ စကားတွေကို စာရွက် တရွက်ပေါ်မှာ ချရေးလိုက်ပါ ။ ပြီးရင် အဲဒီစာရွက်ကို တစစီ ဆုတ်ဖြဲပြီး လမ်းပေါ်မှာ ပစ်ခဲ့လိုက်ပါ။ မနက်ဖြန်ကျမှ အမိန့်ချပါမယ် " ဟူ၍ ဖြစ်သည် ။

နောက်တနေ့ ရုံးတွင် တရားသူကြီးမှ အဖိုးအိုအား ပြောသည်မှာ..

" အမိန့်မချခင် သင်မနေ့က ဆုတ်ဖြဲပြီး လမ်းပေါ် လွှင့်ပစ် ခဲ့သော စာရွက်အပိုင်းအစ များကို သွားပြန်ကောက် ခဲ့ပါ ။ ထိုအခါ အဖိုးအိုက..

" ဒါတော့ ကျနော် ဘယ်လို ပြန်ကောက်လို့ ရတော့မလဲ ။ အခုလောက်ဆို လေတိုက်လို့ လွင့်ကုန်ပြီး ဘယ်မှာ သွားရှာရမှန်းတောင် မသိတော့ဘူး " ဆိုပြီး တရားသူကြီးအား ပြန်ပြောလိုက်လေသည်။ ယင်းနောက် တရားသူကြီးက အဖိုးအိုအား ပြောသည်မှာ..

" ဤကဲ့သို့ပင် သင်၏ ဘာမဟုတ်သော ထင်မြင်ယူဆချက်မှာ သူတဖက်သား၏ ဂုဏ်သိက္ခာအား ပြန်ပြင်လို့ မရအောင် အတိုင်းအတာ တခုထိ ထိခိုက်စေနိုင်ကြောင်း " ပြောကြားလိုက်လေသည် ။

အဖိုးအိုလည်း ထိုအခါမှ သူ၏အမှားကို သိမြင်သွားကာ ခွင့်လွှတ်ပေးပါရန် တောင်းပန်လေတော့သည် ။

" Choose Your Words Wisely " ကို ဆီလျော်အောင် ဘာသာပြန်သည် ။

ဟိန်းထက်စံ

for zawgyi

ေကာလဟာလ

တခါတုန္းက အဖိုးအို တဦးသည္ သူ၏ အိမ္နီးနားခ်င္း လူငယ္ေလး တဦးအား သူခိုးတေယာက္ ဆိုပီး ေကာလဟာလမ်ား လိုက္၍ ေျပာဆိုေလသည္ ။ ထိုသို႔ သြားပုပ္ေလလြင့္ ေျပာဆိုမႈေၾကာင့္ ေကာင္ေလးမွာ မ်ားမၾကာခင္ အဖမ္းခံရေလ ေတာ့သည္ ။

သို႔ေသာ္ ရက္အနည္းငယ္ အၾကာတြင္ ေကာင္ေလးမွာ အျပစ္တစုံတရာ မရွိေသာေၾကာင့္ ျပန္လည္ လြတ္ေျမာက္ခဲ့ေလသည္ ။ ေကာင္ေလးသည္ အိမ္အျပန္ လမ္းတေလွ်ာက္ မိမိအား မဟုတ္တမ္းတရား စြပ္စြဲခံရသည္ကို လြန္စြာ ရွက္မိသည့္ အေလ်ာက္ အဖိုးအိုအား အသေရျဖတ္မႈျဖင့္ တရား႐ုံးတြင္ တရားျပန္စြဲေလ ေတာ့သည္ ။ တရား႐ုံးထဲတြင္ အဖိုးအိုမွ တရားသူႀကီးအား ေျပာသည္မွာ..

" က်ေနာ့္ ထင္ျမင္ယူဆခ်က္ကို က်ေနာ္ ေျပာခဲ့တာပါ။ ဘယ္သူ႔ကိုမွ မထိခိုက္ေစ ပါဘူး " ဟူ၍ ျဖစ္သည္ ။

ထိုအခါ တရားသူႀကီးမွ အမိန႔္မခ်ခင္ အဖိုးအိုအား ေျပာလိုက္သည္မွာ..

" သင္ သူနဲ႔ ပတ္သတ္ပီး ေျပာတဲ့ စကားေတြကို စာ႐ြက္ တ႐ြက္ေပၚမွာ ခ်ေရးလိုက္ပါ ။ ၿပီးရင္ အဲဒီစာ႐ြက္ကို တစစီ ဆုတ္ၿဖဲၿပီး လမ္းေပၚမွာ ပစ္ခဲ့လိုက္ပါ။ မနက္ျဖန္က်မွ အမိန႔္ခ်ပါမယ္ " ဟူ၍ ျဖစ္သည္ ။

ေနာက္တေန႔ ရုံးတြင္ တရားသူႀကီးမွ အဖိုးအိုအား ေျပာသည္မွာ..

" အမိန႔္မခ်ခင္ သင္မေန႔က ဆုတ္ၿဖဲၿပီး လမ္းေပၚ လႊင့္ပစ္ ခဲ့ေသာ စာ႐ြက္အပိုင္းအစ မ်ားကို သြားျပန္ေကာက္ ခဲ့ပါ ။ ထိုအခါ အဖိုးအိုက..

" ဒါေတာ့ က်ေနာ္ ဘယ္လို ျပန္ေကာက္လို႔ ရေတာ့မလဲ ။ အခုေလာက္ဆို ေလတိုက္လို႔ လြင့္ကုန္ၿပီး ဘယ္မွာ သြားရွာရမွန္းေတာင္ မသိေတာ့ဘူး " ဆိုၿပီး တရားသူႀကီးအား ျပန္ေျပာလိုက္ေလသည္။ ယင္းေနာက္ တရားသူႀကီးက အဖိုးအိုအား ေျပာသည္မွာ..

" ဤကဲ့သို႔ပင္ သင္၏ ဘာမဟုတ္ေသာ ထင္ျမင္ယူဆခ်က္မွာ သူတဖက္သား၏ ဂုဏ္သိကၡာအား ျပန္ျပင္လို႔ မရေအာင္ အတိုင္းအတာ တခုထိ ထိခိုက္ေစႏိုင္ေၾကာင္း " ေျပာၾကားလိုက္ေလသည္ ။

အဖိုးအိုလည္း ထိုအခါမွ သူ၏အမွားကို သိျမင္သြားကာ ခြင့္လႊတ္ေပးပါရန္ ေတာင္းပန္ေလေတာ့သည္ ။

" Choose Your Words Wisely " ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္သည္ ။

ဟိန္းထက္စံ

Post a Comment

0 Comments