အတုယူစရာကောင်းတဲ့ အမျိုးသမီးတွေဆိုတာ

ထက်ထက်မြတ်မြတ်ရှိတဲ့ အမျိုးသမီးက အသည်းကွဲတာကို ဆွေးဖို့ အချိန် မပေးဘူး။ အချိန်မှီ သင်ခန်းစာ ယူပြီး အနာဂတ် တိုးတက်အောင်ပဲ တွေးဖို့ အချိန်ယူတယ်။

တည်ငြိမ်အေးချမ်းတဲ့ အမျိုးသမီး တစ်ဦးက သူ့ရဲ့ဒေါသကို ဘယ်တော့မှ ထုတ်မပြဘူး။ အေးဆေးတဲ့ အပြုံးတစ်ခုနဲ့ပဲ ဒေါသကို ထိန်းတယ်။

တည်ကြည်တဲ့ စိတ်ဓာတ်ရှိတဲ့ အမျိုးသမီးက တာဝန် တစ်ခုကို မနိုင်ဝန် မထမ်းဘူး။ ကတိစကား တစ်ခွန်းကို.. ချင့်ချိန်ပြီးမှ ပြောဆိုတတ်တယ်။

ရိုးသားကြိုးစားတဲ့ အမျိုးသမီး တစ်ဦးက ကိုယ်ကျိုး တစ်ခုဘဲ မကြည့်တတ်ဘူး။ လုပ်ဆောင်မှုတိုင်းမှာ သူတစ်ပါးအတွက် အမြဲထည့်တွက် ပေးတတ်တယ်။

ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝတဲ့ အမျိုးသမီးက ထက်မြက်တဲ့လူရဲ့ နောက်က လိုက်ရတဲ့ လမ်းကို မှီခိုပီး မလိုက်ဘူး။ ကိုယ်တိုင်လမ်းကို ကိုယ်တိုင်ဖောက်ဖို့ တခဏတာပဲ တပည့်ခံယူတယ်။

တကယ် ခေတ်မှီတဲ့ အမျိုးသမီးက မိတ်ကပ်နဲ့ မျက်နှာ ဆေးခြယ်သဖို့ပဲ တွေးမနေဘူး။ သူမဘဝ အောင်မြင်မှု ပတ်ဝန်းကျင်နဲ့ ဘယ်လို နေထိုင်သင့်တယ်.. ဘယ်လို တိုးတက်ပြောင်းလဲ နေတယ် ဆိုတာပဲ အဓိက အာရုံထားတယ်။

တော်တဲ့အမျိုးသမီး တစ်ဦးက အချစ်ကို မရှိမဖြစ် ဘဝ တစ်ခုလုံးလို သတ်မှတ် မထားဘူး။ ဘဝရဲ့ မရှိလည်းဖြစ်တဲ့ လိုအပ်ချက် တစ်စိတ်တစ်ပိုင်း လိုပဲ သတ်မှတ်ထားတယ်။

နှလုံးရည် ပြည့်ဝတဲ့ အမျိုးသမီးက ဘယ်တော့မှ တစ်ပါးသူ ပိုင်ဆိုင်ထားတာကို လုမယူဘူး။ ကိုယ်ပိုင် ပစ္စည်းဥစ္စာကိုပဲ အမြတ်တနိုး တန်ဖိုးထားတတ်တယ်။

ယဉ်ကျေးတဲ့ အမျိုးသမီးက စကားတစ်ခွန်းကို နှုတ်ခမ်းဖျားက မဖန်ဆင်းဘူး။ ဦးနှောက်နဲ့ ပိုင်းဖြတ်၊ နှလုံးသားနဲ့ ဆန်းစစ်ပြီးမှ စကားတစ်ခွန်း ဖန်ဆင်းတယ်။

မိန်းမမြတ်ဆိုတာ တဒင်္ဂ သာယာမှုကို အစဉ်အမြဲ ပိုင်ဆိုင်မှု ရမ္မက်အနေနဲ့ အသွင်ပြောင်း မယူဘူး။ ငရဲထိ ဆွဲချမဲ့ စက်ဆုပ်စရာ ရာဂစိတ်လို့ပဲ သဘောထားတယ်။

လေးစားစွာဖြင့်

crd

for zawgyi

အတုယူစရာေကာင္းတဲ့ အမ်ိဳးသမီးေတြဆိုတာ

ထက္ထက္ျမတ္ျမတ္ရွိတဲ့ အမ်ိဳးသမီးက အသည္းကြဲတာကို ေဆြးဖို႔ အခ်ိန္ မေပးဘူး။ အခ်ိန္မွီ သင္ခန္းစာ ယူၿပီး အနာဂတ္ တိုးတက္ေအာင္ပဲ ေတြးဖို႔ အခ်ိန္ယူတယ္။

တည္ၿငိမ္ေအးခ်မ္းတဲ့ အမ်ိဳးသမီး တစ္ဦးက သူ႔ရဲ႕ေဒါသကို ဘယ္ေတာ့မွ ထုတ္မျပဘူး။ ေအးေဆးတဲ့ အၿပဳံးတစ္ခုနဲ႔ပဲ ေဒါသကို ထိန္းတယ္။

တည္ၾကည္တဲ့ စိတ္ဓာတ္ရွိတဲ့ အမ်ိဳးသမီးက တာဝန္ တစ္ခုကို မႏိုင္ဝန္ မထမ္းဘူး။ ကတိစကား တစ္ခြန္းကို.. ခ်င့္ခ်ိန္ၿပီးမွ ေျပာဆိုတတ္တယ္။

႐ိုးသားႀကိဳးစားတဲ့ အမ်ိဳးသမီး တစ္ဦးက ကိုယ္က်ိဳး တစ္ခုဘဲ မၾကည့္တတ္ဘူး။ လုပ္ေဆာင္မႈတိုင္းမွာ သူတစ္ပါးအတြက္ အၿမဲထည့္တြက္ ေပးတတ္တယ္။

ဉာဏ္ရည္ဉာဏ္ေသြးျပည့္ဝတဲ့ အမ်ိဳးသမီးက ထက္ျမက္တဲ့လူရဲ႕ ေနာက္က လိုက္ရတဲ့ လမ္းကို မွီခိုပီး မလိုက္ဘူး။ ကိုယ္တိုင္လမ္းကို ကိုယ္တိုင္ေဖာက္ဖို႔ တခဏတာပဲ တပည့္ခံယူတယ္။

တကယ္ ေခတ္မွီတဲ့ အမ်ိဳးသမီးက မိတ္ကပ္နဲ႔ မ်က္ႏွာ ေဆးျခယ္သဖို႔ပဲ ေတြးမေနဘူး။ သူမဘဝ ေအာင္ျမင္မႈ ပတ္ဝန္းက်င္နဲ႔ ဘယ္လို ေနထိုင္သင့္တယ္.. ဘယ္လို တိုးတက္ေျပာင္းလဲ ေနတယ္ ဆိုတာပဲ အဓိက အာ႐ုံထားတယ္။

ေတာ္တဲ့အမ်ိဳးသမီး တစ္ဦးက အခ်စ္ကို မရွိမျဖစ္ ဘဝ တစ္ခုလုံးလို သတ္မွတ္ မထားဘူး။ ဘဝရဲ႕ မရွိလည္းျဖစ္တဲ့ လိုအပ္ခ်က္ တစ္စိတ္တစ္ပိုင္း လိုပဲ သတ္မွတ္ထားတယ္။

ႏွလုံးရည္ ျပည့္ဝတဲ့ အမ်ိဳးသမီးက ဘယ္ေတာ့မွ တစ္ပါးသူ ပိုင္ဆိုင္ထားတာကို လုမယူဘူး။ ကိုယ္ပိုင္ ပစၥည္းဥစၥာကိုပဲ အျမတ္တႏိုး တန္ဖိုးထားတတ္တယ္။

ယဥ္ေက်းတဲ့ အမ်ိဳးသမီးက စကားတစ္ခြန္းကို ႏႈတ္ခမ္းဖ်ားက မဖန္ဆင္းဘူး။ ဦးေႏွာက္နဲ႔ ပိုင္းျဖတ္၊ ႏွလုံးသားနဲ႔ ဆန္းစစ္ၿပီးမွ စကားတစ္ခြန္း ဖန္ဆင္းတယ္။

မိန္းမျမတ္ဆိုတာ တဒဂၤ သာယာမႈကို အစဥ္အၿမဲ ပိုင္ဆိုင္မႈ ရမၼက္အေနနဲ႔ အသြင္ေျပာင္း မယူဘူး။ ငရဲထိ ဆြဲခ်မဲ့ စက္ဆုပ္စရာ ရာဂစိတ္လို႔ပဲ သေဘာထားတယ္။

ေလးစားစြာျဖင့္

crd

Post a Comment

0 Comments