ကိုယ်အလေးချိန်ကို အချိန်တိုအတွင်း လျင်လျင်မြန်မြန်ကျစေတဲ့ ကီတိုဝိတ်ချနည်း

ကိုယ်အလေးချိန်ကျဖို့အတွက် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ အစားလျှော့တာ၊ ဆေးသောက်တာ စသဖြင့် အမျိုးမျိုး လုပ်ကြပါတယ်။ ကိုယ်အလေးချိန်ကျစေဖို့ နည်းလမ်းများစွာထဲက တကယ်ထိရောက်ပြီး ဝိတ်တကယ် ကျတဲ့နည်းတွေထဲက တစ်ခုကတော့ ကီတို ဝိတ်ချနည်းဖြစ်ပါတယ်။ သင်က လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေသူဆိုရင် ဒီနည်းလမ်းက အသုံးဝင်မှာပါ။

ပုံမှန်အားဖြင့် ခန္ဓာကိုယ်မှာ ကာဗွန်ဟိုက်ဒရိတ်တွေကို glucose အဖြစ်ပြောင်းပြီး စွမ်းအင်အဖြစ် ရယူပါတယ်။ ဒါပေမယ့် ကာဗွန်ဟိုက်ဒရိတ်တွေ မရှိတော့ရင် စွမ်းအင်အတွက် ခန္ဓာကိုယ်မှာ သိမ်းထားတဲ့ အဆီတွေကို ထုတ်သုံးရပါတော့တယ်။ စွမ်းအင်အတွက် အဆီတွေ ထုတ်သုံးရလေ ကြွက်သားတွေ ကျန်လာလေပါ။

ခန္ဓာကိုယ်မှာ ကာဗွန်ဟိုက်ဒရိတ်တွေကို ဖြတ်တောက်လိုက်ပြီး အဆီတွေကို စွမ်းအင်အတွက် သုံးတဲ့နည်းက ကီတိုဝိတ်ချနည်းပါ။ ကီတိုဝိတ်ချနည်းကို အားကစားသမားတွေ၊ မာရသွန်ပြိုင်ပွဲဝင်သူတွေ သုံးကျပါတယ်။ လေ့လာမှုတွေအရ ကီတိုဝိတ်ချနည်းက ဗိုက်ဆာစေတဲ့ ဟော်မုန်းထုတ်လုပ်မှုကိုချုပ်ထိန်းကေးပါတယ်။

ကီတိုဝိတ်ချနည်းမှာ အဆီ ၇၅%၊ ပရိုတိန်း ၂၀%၊ ကာဗွန်ဟိုက်ဒရိတ် ၅% စားလို့ရပါတယ်။ ကိုယ်အလေးချိန် ၂ ပေါင်ကျဖို့ ပရိုတိန်း ၁ ဂရမ် လိုအပ်ပါတယ်။ သင်က ကိုယ်အလေးချိန် ၂၀၀ ပေါင်ရှိရင် ပရိုတိန်း ၉၀ ဂရမ်စားဖို့လိုပါတယ်။

ကီတိုဝိတ်ချနည်းမှာ စားလို့ရတာတွေကတော့

- အဆီနဲ့ထောပတ်

- အစေ့အဆံ

- ဥအမျိူးမျိုး

- ဝက်သား၊ ကြက်သား၊ ပင်လယ်စာ

- မှို

- အမျှင်ဓါတ်ပါသော အစိမ်းရောင်အသီးအရွက်၊ ခရမ်းချဉ်သီး

- အဆီပါဝင်တဲ့ နို့ထွက်ပစ္စည်းများ

ကီတိုဝိတ်ချနည်းမှာ စားလို့မရတာတွေကတော့

- ဂျုံနှင့်ပြုလုပ်ထားသော အစားအစာများ

- ဝက်အူချောင်း၊ ကြက်အူချောင်း

- သကြားနဲ့ ကာဗွန်ဟိုက်ဒရိတ် ပါဝင်မှုများသော အစားအစာများ (ဥပမာ ပြောင်းဖူး၊ အာလူး)

- သစ်သီးများ၊ သစ်သီးခြောက်များ

- အရက်၊ ဘီယာ၊ ဝိုင်၊ ခေါင်ရည်၊ အချိုရည်

- ထမင်း

ကီတိုဝိတ်ချနည်းက ကြွက်သားတွေကို မဆုံးရှုံးစေတဲ့ နည်းပါ။ ဆီနဲ့ကြော်ထားတဲ့ အစားအစာတွေကို စားလို့ရပါတယ်။ ဆီသန့်ဖို့တော့ အရေးကြီးပါတယ်။

- ကီတိုဝိတ်ချနည်းမှာ အသားကို မှိုတွေ၊ ကြက်ဥတွေနဲ့ တွဲစားလို့ရပါတယ်။

- အစားအစာ အရသာရှိစေဖို့ ထည့်တဲ့ ဆားကိုလည်း ဖြတ်စရာ မလိုပါဘူး။

- ဒီနည်းကို အမြဲတမ်းတော့ သုံးလို့မရပါဘူး။

- ဝိတ်ကျဖို့ တစ်နေ့ကို ကယ်လိုရီ ၅ ထောင်ထက် ပိုမစားသင့်ပါဘူး။

ဒီဝိတ်ချနည်းက ညနေ ၆ နာရီကျော်လည်း စားလို့ရပါတယ်။ အခက်ဆုံးကတော့ ကာဗွန်ဟိုက်ဒရိတ်ကို ဖြတ်ဖို့ပါ။

ကီတိုဝိတ်ချနည်းရဲ့ ဘေးထွက်ဆိုးကျိူးအနေနဲ့ ပါးစပ်ထဲမှာ လက်သည်းဖျက်ဆေးအနံ့မျိုး ရလာတတ်ပါတယ်။ အဲဒါကြောင့် တစ်နေ့ကို ရေ ၈ ခွက်ထက်နည်းပြီး မသောက်သင့်ပါဘူး။

Kim Kardashian က ကလေးမွေးပြီးနောက်မှာ ကီတိုဝိတ်ချနည်းနဲ့ ပေါင် ၆၀ ကျသွားပါတယ်။ Halle Berry ကလည်း ကီတိုဝိတ်ချနည်နဲ့ လှပတဲ့ ခန္ဓာကိုယ်ရလာကြောင်း ပြောဖူးပါတယ်။ Adriana Lima နဲ့ Megan Fox ကလည်း ကီတိုဝိတ်ချနည်းကြောင့် လှပနေကြောင်း ဖော်ပြထားပါသေးတယ်။

Zombie (Lovemedia)

for zawgyi

ကိုယ္အေလးခ်ိန္ကို အခ်ိန္တိုအတြင္း လ်င္လ်င္ျမန္ျမန္က်ေစတဲ့ ကီတိုဝိတ္ခ်နည္း

ကိုယ္အေလးခ်ိန္က်ဖို႔အတြက္ နည္းလမ္းေတြ အမ်ားႀကီး ရွိပါတယ္။ ေလ့က်င့္ခန္းလုပ္တာ၊ အစားေလွ်ာ့တာ၊ ေဆးေသာက္တာ စသျဖင့္ အမ်ိဳးမ်ိဳး လုပ္ၾကပါတယ္။ ကိုယ္အေလးခ်ိန္က်ေစဖို႔ နည္းလမ္းမ်ားစြာထဲက တကယ္ထိေရာက္ၿပီး ဝိတ္တကယ္ က်တဲ့နည္းေတြထဲက တစ္ခုကေတာ့ ကီတို ဝိတ္ခ်နည္းျဖစ္ပါတယ္။ သင္က ေလ့က်င့္ခန္းလုပ္ဖို႔ အဆင္မေျပသူဆိုရင္ ဒီနည္းလမ္းက အသုံးဝင္မွာပါ။

ပုံမွန္အားျဖင့္ ခႏၶာကိုယ္မွာ ကာဗြန္ဟိုက္ဒရိတ္ေတြကို glucose အျဖစ္ေျပာင္းၿပီး စြမ္းအင္အျဖစ္ ရယူပါတယ္။ ဒါေပမယ့္ ကာဗြန္ဟိုက္ဒရိတ္ေတြ မရွိေတာ့ရင္ စြမ္းအင္အတြက္ ခႏၶာကိုယ္မွာ သိမ္းထားတဲ့ အဆီေတြကို ထုတ္သုံးရပါေတာ့တယ္။ စြမ္းအင္အတြက္ အဆီေတြ ထုတ္သုံးရေလ ႂကြက္သားေတြ က်န္လာေလပါ။ ခႏၶာကိုယ္မွာ ကာဗြန္ဟိုက္ဒရိတ္ေတြကို ျဖတ္ေတာက္လိုက္ၿပီး အဆီေတြကို စြမ္းအင္အတြက္ သုံးတဲ့နည္းက ကီတိုဝိတ္ခ်နည္းပါ။ ကီတိုဝိတ္ခ်နည္းကို အားကစားသမားေတြ၊ မာရသြန္ၿပိဳင္ပြဲဝင္သူေတြ သုံးက်ပါတယ္။ ေလ့လာမႈေတြအရ ကီတိုဝိတ္ခ်နည္းက ဗိုက္ဆာေစတဲ့ ေဟာ္မုန္းထုတ္လုပ္မႈကိုခ်ဳပ္ထိန္းေကးပါတယ္။

ကီတိုဝိတ္ခ်နည္းမွာ အဆီ ၇၅%၊ ပ႐ိုတိန္း ၂၀%၊ ကာဗြန္ဟိုက္ဒရိတ္ ၅% စားလို႔ရပါတယ္။ ကိုယ္အေလးခ်ိန္ ၂ ေပါင္က်ဖို႔ ပ႐ိုတိန္း ၁ ဂရမ္ လိုအပ္ပါတယ္။ သင္က ကိုယ္အေလးခ်ိန္ ၂၀၀ ေပါင္ရွိရင္ ပ႐ိုတိန္း ၉၀ ဂရမ္စားဖို႔လိုပါတယ္။

ကီတိုဝိတ္ခ်နည္းမွာ စားလို႔ရတာေတြကေတာ့

- အဆီနဲ႔ေထာပတ္

- အေစ့အဆံ

- ဥအမ်ိဴးမ်ိဳး

- ဝက္သား၊ ၾကက္သား၊ ပင္လယ္စာ

- မႈိ

- အမွ်င္ဓါတ္ပါေသာ အစိမ္းေရာင္အသီးအ႐ြက္၊ ခရမ္းခ်ဥ္သီး

- အဆီပါဝင္တဲ့ ႏို႔ထြက္ပစၥည္းမ်ား

ကီတိုဝိတ္ခ်နည္းမွာ စားလို႔မရတာေတြကေတာ့

- ဂ်ဳံႏွင့္ျပဳလုပ္ထားေသာ အစားအစာမ်ား

- ဝက္အူေခ်ာင္း၊ ၾကက္အူေခ်ာင္း

- သၾကားနဲ႔ ကာဗြန္ဟိုက္ဒရိတ္ ပါဝင္မႈမ်ားေသာ အစားအစာမ်ား (ဥပမာ ေျပာင္းဖူး၊ အာလူး)

- သစ္သီးမ်ား၊ သစ္သီးေျခာက္မ်ား

- အရက္၊ ဘီယာ၊ ဝိုင္၊ ေခါင္ရည္၊ အခ်ိဳရည္

- ထမင္း

ကီတိုဝိတ္ခ်နည္းက ႂကြက္သားေတြကို မဆုံးရႈံးေစတဲ့ နည္းပါ။ ဆီနဲ႔ေၾကာ္ထားတဲ့ အစားအစာေတြကို စားလို႔ရပါတယ္။ ဆီသန႔္ဖို႔ေတာ့ အေရးႀကီးပါတယ္။

- ကီတိုဝိတ္ခ်နည္းမွာ အသားကို မႈိေတြ၊ ၾကက္ဥေတြနဲ႔ တြဲစားလို႔ရပါတယ္။

- အစားအစာ အရသာရွိေစဖို႔ ထည့္တဲ့ ဆားကိုလည္း ျဖတ္စရာ မလိုပါဘူး။

- ဒီနည္းကို အၿမဲတမ္းေတာ့ သုံးလို႔မရပါဘူး။

- ဝိတ္က်ဖို႔ တစ္ေန႔ကို ကယ္လိုရီ ၅ ေထာင္ထက္ ပိုမစားသင့္ပါဘူး။

ဒီဝိတ္ခ်နည္းက ညေန ၆ နာရီေက်ာ္လည္း စားလို႔ရပါတယ္။ အခက္ဆုံးကေတာ့ ကာဗြန္ဟိုက္ဒရိတ္ကို ျဖတ္ဖို႔ပါ။

ကီတိုဝိတ္ခ်နည္းရဲ႕ ေဘးထြက္ဆိုးက်ိဴးအေနနဲ႔ ပါးစပ္ထဲမွာ လက္သည္းဖ်က္ေဆးအနံ႔မ်ိဳး ရလာတတ္ပါတယ္။ အဲဒါေၾကာင့္ တစ္ေန႔ကို ေရ ၈ ခြက္ထက္နည္းၿပီး မေသာက္သင့္ပါဘူး။

Kim Kardashian က ကေလးေမြးၿပီးေနာက္မွာ ကီတိုဝိတ္ခ်နည္းနဲ႔ ေပါင္ ၆၀ က်သြားပါတယ္။ Halle Berry ကလည္း ကီတိုဝိတ္ခ်နည္နဲ႔ လွပတဲ့ ခႏၶာကိုယ္ရလာေၾကာင္း ေျပာဖူးပါတယ္။ Adriana Lima နဲ႔ Megan Fox ကလည္း ကီတိုဝိတ္ခ်နည္းေၾကာင့္ လွပေနေၾကာင္း ေဖာ္ျပထားပါေသးတယ္။

Zombie (Lovemedia)

Post a Comment

0 Comments