သားဦးသားနှောင်း မယူကောင်းဆိုတာ

( လက်ထပ် မင်္ဂလာပြုလုပ်မယ့် မြန်မာ အမျိုးကောင်း သားသမီးများအတွက် အရမ်းကောင်းတဲ့ ဆောင်းပါးလေးတစ်ခုပါ)

" ဦးဇော်.. ရှိသလားဗျို့" ဟု အော်ဟစ် အသံပေး၍ ဝင်ရောက်လာသူမှာ မောင်သန့်ဇင်ထွန်း ဖြစ်သည်။

" သြော်.. မောင်သန့်ဇင်ထွန်း ပါလား။ အိမ်ကို အလည်မလာတာတောင် အတော်ကြာ သွားပြီနော်။ ဒါနဲ့ စီးပွားရေး လုပ်ငန်းရော အဆင်ပြေ ရဲ့လား။ "

" ဟုတ်ကဲ့။ စီးပွားရေး လုပ်ငန်း ကတော့ အဆင် ပြေပါတယ်။ ဒါပေမဲ့ အဆင် မပြေတာလေး တစ်ခု ရှိနေလို့။ " မောင်သန့်ဇင်ထွန်းက ရယ်၍ ပြောသည်။

" မင်း ဒါပေမဲ့က ဘာလဲဟ၊ ငါ့ကို ပြောပြစမ်း ပါအုံး။ "

" ဒီလိုပါ ဦးဇော်ရေ၊ ကျွန်တော်နဲ့ မိန်းကလေး တစ်ယောက် လူငယ်သဘာဝ မေတ္တာ မျှနေတယ်။ အဲဒါ ဒုက္ခ အကြီးအကျယ် တွေ့နေတယ် ဆိုပါတော့ဗျာ။ "

" ဘယ်လို ဒုက္ခမျိုး ရောက်နေတာလဲကွ။ "

" မိသားစုထဲမှာ ကျွန်တော်က အငယ်ဆုံး မဟုတ်လား။ အဲ.. ကျွန်တော့်ချစ်သူ ကတော့ သူတို့ မိသားစုထဲမှာ အကြီးဆုံးလေ။ အဲဒီတော့ သားဦးနဲ့ သားနှောင်းဖြစ် မနေဘူးလား။ "

" အင်း.. လုပ်စမ်းပါအုံး။ အဲဒါနဲ့ ဘာဆိုင်လို့ လဲ။

" ဆိုင်ပါသကောဗျာ။ ကျွန်တော့် မိတ်ဆွေ တစ်ယောက်က ပြောတယ်။ သားဦး သားနှောင်း မယူကောင်းဘူး တဲ့။ ယူရင် ဇနီးမောင်နှံ ကွဲတတ်တယ် တဲ့။ မကွဲဘူး ဆိုရင်လဲ စီးပွားရေး မဖြစ်ထွန်းဘူးတဲ့။ အဲဒါကြောင့် ကျွန်တော့် အနေနဲ့ လက်ထပ်ဖို့ ခက်နေတယ်။ ဒုက္ခ အကြီးအကျယ် တွေ့နေတယ် ဆိုပါတော့ ဗျာ။ "

" အယူသီး တာတွေ ကြုံနေရတဲ့ ဒုက္ခမျိုးတွေပေါ့.. ဘုရားဟော ကျမ်းဂန်တွေထဲမှာ သားဦး သားနှောင်း မယူကောင်းလို့ မပါ ပါဘူး။ လူကြီးချင်းရော အဆင်ပြေရဲ့လား။ "

" လူကြီးချင်း ကတော့ အဆင်ပြေ ပါတယ်။ "

" လူငယ်ချင်းလဲ မေတ္တာမျှ၊ လူကြီးချင်းလဲ အဆင်ပြေနေပါလျက်နဲ့ သားဦးသားနှောင်း ဖြစ်လို့ မယူလိုက်ဘးူ ဆိုရင် မိုက်မဲရာ ကျတာ ပေါ့ကွာ။ သေသေချာချာ စဉ်းစားပါအုံး။ တို့ရွာက ဦးမြင့်မောင်ကို မင်းသိတယ် မဟုတ်လား။ အဲဒီ ဦးမြင့်မောင်က ဘုန်းကြီးလူထွက်ကွ။ စာချတန်း (ဓမ္မာစရိယ) ရောက်တဲ့အထိ စာတွေ သင်ခဲ့ဖူး တယ။ ရဟန်းဘောင်မှာ ငြီးငွေ့လို လူထွက်လိုက်တာလေ ။ လူထွက်ပြီးတဲ့နောက် သုံးနှစ်လောက်ကြာတဲ့ အခါမှာ တို့ရွာ အနောက်ပိုင်းက အမျိုးသမီး တစ်ယောက်နဲ့ မေတ္တာမျှကြတယ်။ "

" ဦးမြင့်မောင်က အကြီးဆုံးသား။ ဦးမြင့်မောင်နဲ့ကြိုက်တဲ့ အမျိုးသမီးက အငယ်ဆုံး သမီး။ အဲ.. သားဦးသားနှောင်း ဖြစ်နေပေမယ့် ဦးမြင့်မောင်က ဘုန်းကြီးလူထွက် ဆိုတော့ အယူသီးတာတွေ လက်မခံဘူး။ နောက်ဆုံးမှာ သူတို့နှစ်ယောက် လက်ထပ် လိုက်ကြတယ်။ "

" အခုနေဆိုရင် သူတို့ သားလေးတောင် တော်တော် အရွယ် ရောက်နေလောက်ပြီ။ စီးပွားရေးလဲ အရင်ကထက် ပိုပြီး ဖြစ်ထွန်းလာတယ် ။ ဒါကြောင့် မင်းလဲ အယူမသီးစေချင်ဘူး။ သေသေချာချာ စဉ်းစားပေါ့ကွာ။ "

စာရေးသူအနေဖြင့် မောင်သန့်ဇင်ထွန်းကို အယူမသီးရန် အကျိုးအကြောင်း ပြောပြ နားချခဲ့ရသည်။

" မောင်သန့်ဇင်ထွန်းရေ.. သားဦး သားနှောင်း ဆိုတဲ့ သဘောက ဒီလိုကွဲ့။ မိသားစုတိုင်းမှာ သားဦး၊ သမီးဦးမွေးလာရင် ချစ်တဲ့ စိတ်နဲ့ အလိုလိုက်၊ လိုအပ်တာ ဖြည့်ဆည်းပေးကြတယ် မဟုတ်လား။ သားနှောင်းလို့ ခေါ်တဲ့ အငယ်ဆုံး သားသမီးကိုလဲ ဒီလိုပဲကွဲ့။ အငယ်ဆုံးလေး၊ အထွေးဆုံးလေးနဲ့ အလိုလိုက် အချစ်ပိုကြတာပေါ့ကွယ်။ အဲဒီလို အလိုလိုက်ခံရတဲ့ သားဦး၊ သားနှောင်း ပေါင်းဖက်ရင် မိဘတွေအပေါ် နွဲ့ဆိုး ဆိုးချင်တိုင်း ဆိုးသလို ဖြစ်နေရင် အိမ်ထောင်ရေး မသာယာ တကျက်ကျက်ရန်ဖြစ် နေမှာစိုးလို့ပါ ကွယ်။ "

" စာရေးသူ ရှင်းပြလိုက်သည်ကို မောင်သန့်ဇင်ထွန်း နားလည် သဘောပေါက် သွားပုံရသည်။ သူ့အိမ်ထောင်ရေးအတွက်လည်း ဆုံးမစကားပြော မသိလို ဖြစ်သွားသည့်အတွက် စာရေးသူသည်လည်း ကျေနပ် ပီတိ ဖြစ်မိသည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင် လက်ထပ်မင်္ဂလာ ပြုခြင်းနှင့် ပတ်သက်၍ အယူသီးမှုများစွာ ရှိသည်။

ဥပမာဆိုရသော် ဦး-သာ၊ စိန်-ပန်း၊ ဒန်း-လှ၊ ကို-ရှာ ဟူသော စကားအရ တနင်္ဂနွေနှင့် သောကြာ၊ အင်္ဂါနှင့် ကြာသပတေး၊ စနေနှင့် ဗုဒ္ဓဟူး၊ တနင်္လာနှင့် ဗုဒ္ဓဟူး သားသမီးများသည် အိမ်ထောင်ဖက်အဖြစ် ရွေးချယ် အချက်များကို မလိုက်နာကြတော့ဘဲ အယူသီး မှုများ နောက်သို့သာ လိုက်ပါနေကြတော့သည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အယူမသီးကြ စေရန် နမ္မား ဆရာတော်ကြီး၏ " သစ္စာသုံးခိုင် နိဗ္ဗာန်တိုင် " တရားတော်ကို အနည်းငယ် ထုတ်နုတ်တင် ပြပါမည်။

" ရက်ရာဇာနေ့ မှာ ငရုတ်သီး စားရင် မစပ်ဘူးလား။ "

" စပ်ပါတယ် ဘုရား။ "

" ရက်ရာဇာနေ့မှာ လုပ်သော အကုသိုလ်သည် မကောင်းကျိုးကို မပေးဘဲ နေပါ့မလား။ "

" မနေပါဘုရား။ "

" ကံမကောင်းသော သူသည် ရက်ရာဇာနေ့မှာ အိမ်တိုင် ထူခြင်းကြောင့် ချမ်းသာပါ့မလား။ "

" မချမ်းသာပါ ဘုရား။ "

" မောင်စိန်တို့ရွာ အိမ်ခြေ ဘယ်လောက်ရှိလဲ။ "

" တစ်ရာရှိပါတယ်ဘုရား။ "

" အဲဒီ အိမ်ခြေ တစ်ရာမှာ ရက်မရွေးဘဲ ဆောက်တဲ့ အိမ်ရှိပါရဲ့လား။ "

" မပါပါဘုရား။ "

" ရက်ရွေးပြီး ဆောက်တဲ့ အိမ်တွေဟာ ချမ်းသာတဲ့ အိမ်တွေချည်း ပဲလား။ "

" မွဲတဲ့အိမ်တွေပဲ များပါတယ် ဘုရား။ "

" ဒီလိုဆိုရင် ရက်ကောင်းတွေက ကောင်းကျိုးပေး နိုင်သေးရဲ့လား။ "

" မပေးနိုင်ပါ ဘုရား။ "

" ရက်မရွေးဘဲ မင်္ဂလာဆောင် တဲ့ ဇနီးမောင်နှံ ရှိရဲ့လား။ "

" မရှိပါဘုရား။ "

" ဇနီးမောင်နှံတိုင်း မကွဲမကွာ ဘဲနဲ့ ချမ်းသာတာ ချည်း ပဲလား။ "

" မဟုတ်ပါဘုရား။ "

" ရက်ကောင်းတွေကို အားကိုး ရတာ အလကားပေါ့။ "

" အလကားပါ ဘုရား။ "

" ကုသိုလ်ကို အားကိုးမှ ဗုဒ္ဓဘာသာကွဲ့ မောင်စိန်ရဲ့။ "

" မှန်ပါဘုရား။ "

နမ္မား ဆရာတော်ကြီး၏ တရားတော်ကို နှလုံးမူပြီး အရာရာတွင် ဝိဘဇ္ဇဉာဏ်ဖြင့် ဆင်ခြင်နိုင်ကြစေရန် ရည်ရွယ်၍ တင်ပြလိုက် ရပါသည်။

ဇော်ဦး ( မြန်မာစာ)

for zawgyi

သားဦးသားေႏွာင္း မယူေကာင္းဆိုတာ

( လက္ထပ္ မဂၤလာျပဳလုပ္မယ့္ ျမန္မာ အမ်ိဳးေကာင္း သားသမီးမ်ားအတြက္ အရမ္းေကာင္းတဲ့ ေဆာင္းပါးေလးတစ္ခုပါ)

" ဦးေဇာ္.. ရွိသလားဗ်ိဳ႕" ဟု ေအာ္ဟစ္ အသံေပး၍ ဝင္ေရာက္လာသူမွာ ေမာင္သန႔္ဇင္ထြန္း ျဖစ္သည္။

" ေၾသာ္.. ေမာင္သန႔္ ဇင္ထြန္း ပါလား။ အိမ္ကို အလည္မလာတာေတာင္ အေတာ္ၾကာ သြားၿပီေနာ္။ ဒါနဲ႔ စီးပြားေရး လုပ္ငန္းေရာ အဆင္ေျပ ရဲ႕လား။ "

" ဟုတ္ကဲ့။ စီးပြားေရး လုပ္ငန္း ကေတာ့ အဆင္ ေျပပါတယ္။ ဒါေပမဲ့ အဆင္ မေျပတာေလး တစ္ခု ရွိေနလို႔။ " ေမာင္သန႔္ဇင္ထြန္းက ရယ္၍ ေျပာသည္။

" မင္း ဒါေပမဲ့က ဘာလဲဟ၊ ငါ့ကို ေျပာျပစမ္း ပါအုံး။ "

" ဒီလိုပါ ဦးေဇာ္ေရ၊ ကြၽန္ေတာ္နဲ႔ မိန္းကေလး တစ္ေယာက္ လူငယ္သဘာဝ ေမတၱာ မွ်ေနတယ္။ အဲဒါ ဒုကၡ အႀကီးအက်ယ္ ေတြ႕ေနတယ္ ဆိုပါေတာ့ဗ်ာ။ "

" ဘယ္လို ဒုကၡမ်ိဳး ေရာက္ေနတာလဲကြ။ "

" မိသားစုထဲမွာ ကြၽန္ေတာ္က အငယ္ဆုံး မဟုတ္လား။ အဲ.. ကြၽန္ေတာ့္ခ်စ္သူ ကေတာ့ သူတို႔ မိသားစုထဲမွာ အႀကီးဆုံးေလ။ အဲဒီေတာ့ သားဦးနဲ႔ သားေႏွာင္းျဖစ္ မေနဘူးလား။ "

" အင္း.. လုပ္စမ္းပါအုံး။ အဲဒါနဲ႔ ဘာဆိုင္လို႔ လဲ။

" ဆိုင္ပါသေကာဗ်ာ။ ကြၽန္ေတာ့္ မိတ္ေဆြ တစ္ေယာက္က ေျပာတယ္။ သားဦး သားေႏွာင္း မယူေကာင္းဘူး တဲ့။ ယူရင္ ဇနီးေမာင္ႏွံ ကြဲတတ္တယ္ တဲ့။ မကြဲဘူး ဆိုရင္လဲ စီးပြားေရး မျဖစ္ထြန္းဘူးတဲ့။ အဲဒါေၾကာင့္ ကြၽန္ေတာ့္ အေနနဲ႔ လက္ထပ္ဖို႔ ခက္ေနတယ္။ ဒုကၡ အႀကီးအက်ယ္ ေတြ႕ေနတယ္ ဆိုပါေတာ့ ဗ်ာ။ "

" အယူသီး တာေတြ ႀကဳံေနရတဲ့ ဒုကၡမ်ိဳးေတြေပါ့.. ဘုရားေဟာ က်မ္းဂန္ေတြထဲမွာ သားဦး သားေႏွာင္း မယူေကာင္းလို႔ မပါ ပါဘူး။ လူႀကီးခ်င္းေရာ အဆင္ေျပရဲ႕လား။ "

" လူႀကီးခ်င္း ကေတာ့ အဆင္ေျပ ပါတယ္။ "

" လူငယ္ခ်င္းလဲ ေမတၱာမွ်၊ လူႀကီးခ်င္းလဲ အဆင္ေျပေနပါလ်က္နဲ႔ သားဦးသားေႏွာင္း ျဖစ္လို႔ မယူလိုက္ဘးူ ဆိုရင္ မိုက္မဲရာ က်တာ ေပါ့ကြာ။ ေသေသခ်ာခ်ာ စဥ္းစားပါအုံး။ တို႔႐ြာက ဦးျမင့္ေမာင္ကို မင္းသိတယ္ မဟုတ္လား။ အဲဒီ ဦးျမင့္ေမာင္က ဘုန္းႀကီးလူထြက္ကြ။ စာခ်တန္း (ဓမၼာစရိယ) ေရာက္တဲ့အထိ စာေတြ သင္ခဲ့ဖူး တယ။ ရဟန္းေဘာင္မွာ ၿငီးေငြ႕လို လူထြက္လိုက္တာေလ ။ လူထြက္ၿပီးတဲ့ေနာက္ သုံးႏွစ္ေလာက္ၾကာတဲ့ အခါမွာ တို႔႐ြာ အေနာက္ပိုင္းက အမ်ိဳးသမီး တစ္ေယာက္နဲ႔ ေမတၱာမွ်ၾကတယ္။ "

" ဦးျမင့္ေမာင္က အႀကီးဆုံးသား။ ဦးျမင့္ေမာင္နဲ႔ႀကိဳက္တဲ့ အမ်ိဳးသမီးက အငယ္ဆုံး သမီး။ အဲ.. သားဦးသားေႏွာင္း ျဖစ္ေနေပမယ့္ ဦးျမင့္ေမာင္က ဘုန္းႀကီးလူထြက္ ဆိုေတာ့ အယူသီးတာေတြ လက္မခံဘူး။ ေနာက္ဆုံးမွာ သူတို႔ႏွစ္ေယာက္ လက္ထပ္ လိုက္ၾကတယ္။ "

" အခုေနဆိုရင္ သူတို႔ သားေလးေတာင္ ေတာ္ေတာ္ အ႐ြယ္ ေရာက္ေနေလာက္ၿပီ။ စီးပြားေရးလဲ အရင္ကထက္ ပိုၿပီး ျဖစ္ထြန္းလာတယ္ ။ ဒါေၾကာင့္ မင္းလဲ အယူမသီးေစခ်င္ဘူး။ ေသေသခ်ာခ်ာ စဥ္းစားေပါ့ကြာ။ "

စာေရးသူအေနျဖင့္ ေမာင္သန႔္ဇင္ထြန္းကို အယူမသီးရန္ အက်ိဳးအေၾကာင္း ေျပာျပ နားခ်ခဲ့ရသည္။

" ေမာင္သန႔္ဇင္ထြန္းေရ.. သားဦး သားေႏွာင္း ဆိုတဲ့ သေဘာက ဒီလိုကြဲ႕။ မိသားစုတိုင္းမွာ သားဦး၊ သမီးဦးေမြးလာရင္ ခ်စ္တဲ့ စိတ္နဲ႔ အလိုလိုက္၊ လိုအပ္တာ ျဖည့္ဆည္းေပးၾကတယ္ မဟုတ္လား။ သားေႏွာင္းလို႔ ေခၚတဲ့ အငယ္ဆုံး သားသမီးကိုလဲ ဒီလိုပဲကြဲ႕။ အငယ္ဆုံးေလး၊ အေထြးဆုံးေလးနဲ႔ အလိုလိုက္ အခ်စ္ပိုၾကတာေပါ့ကြယ္။ အဲဒီလို အလိုလိုက္ခံရတဲ့ သားဦး၊ သားေႏွာင္း ေပါင္းဖက္ရင္ မိဘေတြအေပၚ ႏြဲ႕ဆိုး ဆိုးခ်င္တိုင္း ဆိုးသလို ျဖစ္ေနရင္ အိမ္ေထာင္ေရး မသာယာ တက်က္က်က္ရန္ျဖစ္ ေနမွာစိုးလို႔ပါ ကြယ္။ "

" စာေရးသူ ရွင္းျပလိုက္သည္ကို ေမာင္သန႔္ဇင္ထြန္း နားလည္ သေဘာေပါက္ သြားပုံရသည္။ သူ႔အိမ္ေထာင္ေရးအတြက္လည္း ဆုံးမစကားေျပာ မသိလို ျဖစ္သြားသည့္အတြက္ စာေရးသူသည္လည္း ေက်နပ္ ပီတိ ျဖစ္မိသည္။ စာေရးသူတို႔ ျမန္မာႏိုင္ငံတြင္ လက္ထပ္မဂၤလာ ျပဳျခင္းႏွင့္ ပတ္သက္၍ အယူသီးမႈမ်ားစြာ ရွိသည္။

ဥပမာဆိုရေသာ္ ဦး-သာ၊ စိန္-ပန္း၊ ဒန္း-လွ၊ ကို-ရွာ ဟူေသာ စကားအရ တနဂၤေႏြႏွင့္ ေသာၾကာ၊ အဂၤါႏွင့္ ၾကာသပေတး၊ စေနႏွင့္ ဗုဒၶဟူး၊ တနလၤာႏွင့္ ဗုဒၶဟူး သားသမီးမ်ားသည္ အိမ္ေထာင္ဖက္အျဖစ္ ေ႐ြးခ်ယ္ အခ်က္မ်ားကို မလိုက္နာၾကေတာ့ဘဲ အယူသီး မႈမ်ား ေနာက္သို႔သာ လိုက္ပါေနၾကေတာ့သည္။

ထို႔ေၾကာင့္ ဗုဒၶဘာသာဝင္မ်ား အေနျဖင့္ အယူမသီးၾက ေစရန္ နမၼား ဆရာေတာ္ႀကီး၏ " သစၥာသုံးခိုင္ နိဗၺာန္တိုင္ " တရားေတာ္ကို အနည္းငယ္ ထုတ္ႏုတ္တင္ ျပပါမည္။

" ရက္ရာဇာေန႔ မွာ င႐ုတ္သီး စားရင္ မစပ္ဘူးလား။ "

" စပ္ပါတယ္ ဘုရား။ "

" ရက္ရာဇာေန႔မွာ လုပ္ေသာ အကုသိုလ္သည္ မေကာင္းက်ိဳးကို မေပးဘဲ ေနပါ့မလား။ "

" မေနပါဘုရား။ "

" ကံမေကာင္းေသာ သူသည္ ရက္ရာဇာေန႔မွာ အိမ္တိုင္ ထူျခင္းေၾကာင့္ ခ်မ္းသာပါ့မလား။ "

" မခ်မ္းသာပါ ဘုရား။ "

" ေမာင္စိန္တို႔႐ြာ အိမ္ေျခ ဘယ္ေလာက္ရွိလဲ။ "

" တစ္ရာရွိပါတယ္ဘုရား။ "

" အဲဒီ အိမ္ေျခ တစ္ရာမွာ ရက္မေ႐ြးဘဲ ေဆာက္တဲ့ အိမ္ရွိပါရဲ႕လား။ "

" မပါပါဘုရား။ "

" ရက္ေ႐ြးၿပီး ေဆာက္တဲ့ အိမ္ေတြဟာ ခ်မ္းသာတဲ့ အိမ္ေတြခ်ည္း ပဲလား။ "

" မြဲတဲ့အိမ္ေတြပဲ မ်ားပါတယ္ ဘုရား။ "

" ဒီလိုဆိုရင္ ရက္ေကာင္းေတြက ေကာင္းက်ိဳးေပး ႏိုင္ေသးရဲ႕လား။ "

" မေပးႏိုင္ပါ ဘုရား။ "

" ရက္မေ႐ြးဘဲ မဂၤလာေဆာင္ တဲ့ ဇနီးေမာင္ႏွံ ရွိရဲ႕လား။ "

" မရွိပါဘုရား။ "

" ဇနီးေမာင္ႏွံတိုင္း မကြဲမကြာ ဘဲနဲ႔ ခ်မ္းသာတာ ခ်ည္း ပဲလား။ "

" မဟုတ္ပါဘုရား။ "

" ရက္ေကာင္းေတြကို အားကိုး ရတာ အလကားေပါ့။ "

" အလကားပါ ဘုရား။ "

" ကုသိုလ္ကို အားကိုးမွ ဗုဒၶဘာသာကြဲ႕ ေမာင္စိန္ရဲ႕။ "

" မွန္ပါဘုရား။ "

နမၼား ဆရာေတာ္ႀကီး၏ တရားေတာ္ကို ႏွလုံးမူၿပီး အရာရာတြင္ ဝိဘဇၨဉာဏ္ျဖင့္ ဆင္ျခင္ႏိုင္ၾကေစရန္ ရည္႐ြယ္၍ တင္ျပလိုက္ ရပါသည္။

ေဇာ္ဦး ( ျမန္မာစာ)

Post a Comment

0 Comments