အစားစားချိန်မှာ ရေမသောက်သင့်တဲ့အချက် (၅) ချက်

အစားစားချိန်မှာ ဘာကြောင့် ရေမသောက်သင့်တာလဲ

သင်ဟာ အနောက်တိုင်း ရိုးရာဆိုင် တစ်ဆိုင်ကို သွားစားတဲ့အခါမှာ သံပုရာခြမ်းလေး တစ်ခုပါတဲ့ ရေခွက်တစ်ခွက်ကို ချပေးပါလိမ့်မယ်။ ဒါပေမယ့် ဂျပန်စားသောက်ဆိုင် တစ်ဆိုင်ကို သွားစားမယ် ဆိုရင်တော့ ရေနည်းနည်းလေးပဲ ပါတဲ့ ခွက်သေးသေးလေးကိုပဲ ချပေးပါလိမ့်မယ်။

ဘာလို့လဲ ဆိုတော့ ရေက အစာခြေဖျက်မှုကို နှောင့်နှေးစေတယ်လို့ ယုံကြည်ထားကြပါတယ်။ ရေဆိုတာက ခန္ဓာကိုယ်အတွက် မရှိဖြစ် လိုအပ်ပေမယ့်လည်း အစားစားချိန်မှာ ရေသောက်များရင်တော့ ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ ဒါဆိုရင် ဂျပန်လူမျိုးတွေ အစားစားချိန်မှာ ရေမသောက်တဲ့ အကြောင်းကို လေ့လာကြည့်လိုက်ရအောင်

၁။ သင့်ကို အာခြောက်စေတယ်

ရေသောက်တိုင်း အာခြောက်ပြေစေပေမယ့် အစာစားပြီးတိုင်း ရေသောက်ရင်တော့ သင့်ကိုပိုပြီး အာခြောက်စေမှာပါ။ တချို့လူတွေက ထမင်းစားပြီးတိုင်း အာသာပြေအောင် ရေသောက်ရင် သံပုရာသီးတစ်ခြမ်း ထည့်သောက်လေ့ ရှိပါတယ်။

ဒီလို သောက်တာဟာ တံတွေးထုတ်လုပ်မှုကို အနှောင့်အယှက် ဖြစ်စေတဲ့ အက်ဆစ်ဓာတ်မျိုးကို ထုတ်လွှတ်ပေးပါတယ်။ တံတွေးဟာ ခန္ဓာကိုယ်အတွက် အများကြီး အကျိူးပြုတာကြောင့် တံတွေးခမ်းခြောက်သွားရင် ခံတွင်းနံ့နံတာတွေပါ ဖြစ်လာနိုင်ပါတယ်။ သံပုရည်ကလည်း သောက်ပါများရင် သွားတွေကို ထိခိုက်စေနိုင်ပါတယ်။

၂။ အစာခြေဖျက်တာကို ထိခိုက်စေတယ်

ထမင်းစားပြီးတိုင်း ရေသောက်တဲ့အခါ သင့်တံတွေးတွေက အရည်ပျော်သွားပါတယ်။ ဒီလို အရည်ပျော်သွားတာက အစာခြေဖျက်ဖို့အတွက် အစာအိမ်ကထုတ်တဲ့ အရည်တွေကို သွားပြီးထိခိုက်စေပါတယ်။ ကြာလာရင် အစာချေဖျက်မှု အားနည်းလာပြီးတော့ ဗိုက်ဖောင်းတာတွေကို ဖြစ်စေပါတယ်။

၃။ အာဟာရစုပ်ယူမှုကို အားနည်းစေတယ်

အစားစားတဲ့အချိန်မှာ ရေသောက်တာက အစာချေရည်တွေကို ပျော့စေပါတယ်။ ဒါဟာ အစာအိမ်ရဲ့ သဘာဝအချဉ်ဓာတ် ထုတ်လုပ်မှုကို ထိခိုက်သွားစေတာပါ။ အစာခြေစနစ်ကို ထိခိုက်စေတဲ့အပြင် ဗီတာမင်နှင့် အာဟာရ စုပ်ယူမှုတွေကို နည်းပါးသွားစေပါတယ်။

၄။ ရင်ပူစေပါတယ်

အစာစားနေချိန် ရေကို သောက်လိုက်တာကြောင့် အစာနှင့်ရေဟာ ဗိုက်ထဲကို တူတူရောက်သွားပြီး အစာအိမ်ကို ဖိအားများ လာစေပါတယ်။ ဖိအားများလာတာကြောင့် အစာအိမ်ဟာ ခြေဖျက်ခြင်းကို အပြင်းအထန် လုပ်လာရပါတယ်။ ဒီလို ပြင်းထန်လာခြင်းက အက်ဆစ်ထုတ်လုပ်မှုကို ထိခိုက်စေပြီးတော့ အချိန်တွေကြာလာရင် ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ စားနေတဲ့အချိန်မှာ ရေသောက်လိုက်တာကြောင့် အင်ဇိုင်းဓာတ်တွေဟာ လျော့နည်းသွားပြီး အကျိူးဆက်အနေနဲ့ ခန္ဒာကိုယ်ကို ပူလောင်လာစေပါတယ်။

၅။ ကိုယ်အလေးချိန် တက်စေတယ်

အစားစားနေတဲ့အချိန် ရေသောက်တာက သင့်ကို ဝိတ်တက်စေမှာပါ။ ဘာလို့လဲဆိုတော့ အစာအိမ်က ကောင်းကောင်း အလုပ်မလုပ်ရတဲ့အတွက် အဆီတွေပိုလာပြီး အလေးချိန် တက်လာစေတာကြောင့်ပါ။ စားနေတဲ့အချိန် ရေသောက်တာက အင်ဆူလင်ထုတ်လုပ်မှုကို များစေတဲ့အတွက် အဆီတွေကို ပိုတိုးစေပါတယ်။

Bonus

အစားစားနေတဲ့အချိန် ရေသောက်တဲ့ အကျင့်ကို ဘယ်လိုလျှော့ချမလဲ

- အငန်ပါတဲ့ အစားအစာတွေကို လျှော့စားပါ

ဆားမှာ ဆိုဒီယမ်ဓာတ်တွေ ပါတာကြောင့် သင့်ကို ရေခဏခဏ ဆာစေပါတယ်။

- အစာကို ကျေညက်အောင်ဝါးပါ

အစာကို ကျေအောင်ဝါးတာက အစာကြေ လွယ်စေပါတယ်။ သင်ဝါးလေ တံတွေးက ထွက်လေဖြစ်တာကြောင့် သင့်ကို ရေမဆာစေတော့ပါဘူး။

- အစာမစားခင် နာရီဝက်အလိုမှာ ရေသောက်ပါ

အစာမစားခင် နာရီဝက်အလိုမှာ ရေသောက်တာက ရေဓာတ်ဖြည့်တင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ ကယ်လိုရီ နည်းတာတွေကို စားတာတွေကလည်း သင့်ကို ရေမဆာစေပါဘူး။

- မြန်မြန်မစားပါနဲ့

တစ်ခုခုလုပ်ဖို့ လောနေတဲ့အချိန်မှာ အစာကို မြန်မြန်စား တတ်ကြပါတယ်။ ဒါကြောင့် အစာစားဖို့အတွက် အချိန်ကို သပ်သပ်ထားပါ။

Zombie (Lovemedia)

for zawgyi

အစားစားခ်ိန္မွာ ေရမေသာက္သင့္တဲ့အခ်က္ (၅) ခ်က္

အစားစားခ်ိန္မွာ ဘာေၾကာင့္ ေရမေသာက္သင့္တာလဲ

သင္ဟာ အေနာက္တိုင္း႐ိုးရာဆိုင္ တစ္ဆိုင္ကို သြားစားတဲ့အခါမွာ သံပုရာျခမ္းေလး တစ္ခုပါတဲ့ ေရခြက္တစ္ခြက္ကို ခ်ေပးပါလိမ့္မယ္။ ဒါေပမယ့္ ဂ်ပန္စားေသာက္ဆိုင္ တစ္ဆိုင္ကို သြားစားမယ္ ဆိုရင္ေတာ့ ေရနည္းနည္းေလးပဲ ပါတဲ့ ခြက္ေသးေသးေလးကိုပဲ ခ်ေပးပါလိမ့္မယ္။ ဘာလို႔လဲ ဆိုေတာ့ ေရက အစာေျခဖ်က္မႈကို ေႏွာင့္ေႏွးေစတယ္လို႔ ယုံၾကည္ထားၾကပါတယ္။ ေရဆိုတာက ခႏၶာကိုယ္အတြက္ မရွိျဖစ္ လိုအပ္ေပမယ့္လည္း အစားစားခ်ိန္မွာ ေရေသာက္မ်ားရင္ေတာ့ ဆိုးက်ိဳးေတြ ျဖစ္ေစပါတယ္။ ဒါဆိုရင္ ဂ်ပန္လူမ်ိဳးေတြ အစားစားခ်ိန္မွာ ေရမေသာက္တဲ့ အေၾကာင္းကို ေလ့လာၾကည့္လိုက္ရေအာင္

၁။ သင့္ကို အာေျခာက္ေစတယ္

ေရေသာက္တိုင္း အာေျခာက္ေျပေစေပမယ့္ အစာစားၿပီးတိုင္း ေရေသာက္ရင္ေတာ့ သင့္ကိုပိုၿပီး အာေျခာက္ေစမွာပါ။ တခ်ိဳ႕လူေတြက ထမင္းစားၿပီးတိုင္း အာသာေျပေအာင္ ေရေသာက္ရင္ သံပုရာသီးတစ္ျခမ္း ထည့္ေသာက္ေလ့ ရွိပါတယ္။ ဒီလို ေသာက္တာဟာ တံေတြးထုတ္လုပ္မႈကို အေႏွာင့္အယွက္ ျဖစ္ေစတဲ့ အက္ဆစ္ဓာတ္မ်ိဳးကို ထုတ္လႊတ္ေပးပါတယ္။ တံေတြးဟာ ခႏၶာကိုယ္အတြက္ အမ်ားႀကီး အက်ိဴးျပဳတာေၾကာင့္ တံေတြးခမ္းေျခာက္သြားရင္ ခံတြင္းနံ႔နံတာေတြပါ ျဖစ္လာႏိုင္ပါတယ္။ သံပုရည္ကလည္း ေသာက္ပါမ်ားရင္ သြားေတြကို ထိခိုက္ေစႏိုင္ပါတယ္။

၂။ အစာေျခဖ်က္တာကို ထိခိုက္ေစတယ္

ထမင္းစားၿပီးတိုင္း ေရေသာက္တဲ့အခါ သင့္တံေတြးေတြက အရည္ေပ်ာ္သြားပါတယ္။ ဒီလို အရည္ေပ်ာ္သြားတာက အစာေျခဖ်က္ဖို႔အတြက္ အစာအိမ္ကထုတ္တဲ့ အရည္ေတြကို သြားၿပီးထိခိုက္ေစပါတယ္။ ၾကာလာရင္ အစာေခ်ဖ်က္မႈ အားနည္းလာၿပီးေတာ့ ဗိုက္ေဖာင္းတာေတြကို ျဖစ္ေစပါတယ္။

၃။ အာဟာရစုပ္ယူမႈကို အားနည္းေစတယ္

အစားစားတဲ့အခ်ိန္မွာ ေရေသာက္တာက အစာေခ်ရည္ေတြကို ေပ်ာ့ေစပါတယ္။ ဒါဟာ အစာအိမ္ရဲ႕ သဘာဝအခ်ဥ္ဓာတ္ ထုတ္လုပ္မႈကို ထိခိုက္သြားေစတာပါ။ အစာေျခစနစ္ကို ထိခိုက္ေစတဲ့အျပင္ ဗီတာမင္ႏွင့္ အာဟာရ စုပ္ယူမႈေတြကို နည္းပါးသြားေစပါတယ္။

၄။ ရင္ပူေစပါတယ္

အစာစားေနခ်ိန္ ေရကို ေသာက္လိုက္တာေၾကာင့္ အစာႏွင့္ေရဟာ ဗိုက္ထဲကို တူတူေရာက္သြားၿပီး အစာအိမ္ကို ဖိအားမ်ား လာေစပါတယ္။ ဖိအားမ်ားလာတာေၾကာင့္ အစာအိမ္ဟာ ေျခဖ်က္ျခင္းကို အျပင္းအထန္ လုပ္လာရပါတယ္။ ဒီလို ျပင္းထန္လာျခင္းက အက္ဆစ္ထုတ္လုပ္မႈကို ထိခိုက္ေစၿပီးေတာ့ အခ်ိန္ေတြၾကာလာရင္ က်န္းမာေရးကို ထိခိုက္လာေစပါတယ္။ စားေနတဲ့အခ်ိန္မွာ ေရေသာက္လိုက္တာေၾကာင့္ အင္ဇိုင္းဓာတ္ေတြဟာ ေလ်ာ့နည္းသြားၿပီး အက်ိဴးဆက္အေနနဲ႔ ခႏၵာကိုယ္ကို ပူေလာင္လာေစပါတယ္။

၅။ ကိုယ္အေလးခ်ိန္ တက္ေစတယ္

အစားစားေနတဲ့အခ်ိန္ ေရေသာက္တာက သင့္ကို ဝိတ္တက္ေစမွာပါ။ ဘာလို႔လဲဆိုေတာ့ အစာအိမ္က ေကာင္းေကာင္း အလုပ္မလုပ္ရတဲ့အတြက္ အဆီေတြပိုလာၿပီး အေလးခ်ိန္ တက္လာေစတာေၾကာင့္ပါ။ စားေနတဲ့အခ်ိန္ ေရေသာက္တာက အင္ဆူလင္ထုတ္လုပ္မႈကို မ်ားေစတဲ့အတြက္ အဆီေတြကို ပိုတိုးေစပါတယ္။

Bonus

အစားစားေနတဲ့အခ်ိန္ ေရေသာက္တဲ့ အက်င့္ကို ဘယ္လိုေလွ်ာ့ခ်မလဲ

- အငန္ပါတဲ့ အစားအစာေတြကို ေလွ်ာ့စားပါ

ဆားမွာ ဆိုဒီယမ္ဓာတ္ေတြ ပါတာေၾကာင့္ သင့္ကို ေရခဏခဏ ဆာေစပါတယ္။

- အစာကို ေက်ညက္ေအာင္ဝါးပါ

အစာကို ေက်ေအာင္ဝါးတာက အစာေၾက လြယ္ေစပါတယ္။ သင္ဝါးေလ တံေတြးက ထြက္ေလျဖစ္တာေၾကာင့္ သင့္ကို ေရမဆာေစေတာ့ပါဘူး။

- အစာမစားခင္ နာရီဝက္အလိုမွာ ေရေသာက္ပါ

အစာမစားခင္ နာရီဝက္အလိုမွာ ေရေသာက္တာက ေရဓာတ္ျဖည့္တင္းဖို႔အတြက္ အေကာင္းဆုံးနည္းလမ္းပဲ ျဖစ္ပါတယ္။ ကယ္လိုရီ နည္းတာေတြကို စားတာေတြကလည္း သင့္ကို ေရမဆာေစပါဘူး။

- ျမန္ျမန္မစားပါနဲ႔

တစ္ခုခုလုပ္ဖို႔ ေလာေနတဲ့အခ်ိန္မွာ အစာကို ျမန္ျမန္စားတတ္ၾကပါတယ္။ ဒါေၾကာင့္ အစာစားဖို႔အတြက္ အခ်ိန္ကို သပ္သပ္ထားပါ။

Zombie (Lovemedia)

Post a Comment

0 Comments