အဝတ်လျှော်စက် ဆိုတာ အိမ်မှာ မရှိမဖြစ်ကို လိုအပ်ပြီးတော့ အရမ်း အသုံးဝင်ပါတယ်။ ဒါပေမယ့် သေချာ ဂရုမစိုက်ရင်တော့ အလွယ်တကူ ပျက်နိုင်ပြီးတော့ ခဏခဏ စိတ်ရှုပ်စေမှာပါ။ ဒါကြောင့် အဝတ်လျှော်စက်ကို ဘယ်လို ထိန်းသိမ်းရမလဲ ဆိုတာကို love media ကနေ ပြောပြပေးသွားပါမယ်။
၁။ ဆပ်ပြာကို အလွန်အကျွံသုံးခြင်း
လူတော်တော်များများက ဆပ်ပြာ များများသုံးလေ အဝတ်တွေ ပိုသန့်ပြီးတော့ စက်ကိုလဲ ရှင်းစေတယ်လို့ မှတ်ယူထားကြပါတယ်။ တကယ်တော့ ဒါဟာ အလွန်ကို မှားယွင်းတဲ့ နည်းလမ်းပါ။ ထုတ်လုပ်သူတွေ ကိုယ်တိုင်ကလည်း ဆပ်ပြာကို အလွန်အကျွံမသုံးဖို့ မှာထားပြီးသားပါ။ ဆပ်ပြာကို အလွန်အကျွံသုံးရင် ဘာတွေဖြစ်လာနိုင်လဲ ဆိုတော့ အမြှုပ်တွေ အရမ်းထလာပြီး ရေထွက်ပေါက်ကို ပိတ်ဆို့စေပါတယ်။
ပြီးတော့ ဆပ်ပြာခွက်ထဲမှာကျန်တဲ့ ဆပ်ပြာ အကျွင်းအကျန်တွေကလည်း ခဲသွားပြီးတော့ ကြာလာရင် ခွာမရ ဖြစ်လာတတ်ပါတယ်။ အဲဒီလို ဖြစ်လာရင် အသစ်ထည့်တဲ့ ဆပ်ပြာတွေကို ထည့်သလောက် မရောက်တော့ပဲ အဝတ်တွေကို ပိုညစ်ပတ်စေပါတယ်။
၂။ ခြေအိတ်နဲ့ အတွင်းခံတွေကို အိတ်တစ်ခုထဲ ထည့်မလျှော်ခြင်း
အဝတ်လျှော်အိတ် တစ်ခုထဲကို သေးငယ်တဲ့ အဝတ်အစားတွေ ထည့်လျှော်တာက ပိုကောင်းပါတယ်။ မဟုတ်ရင် ခြေအိတ်က ငြိနေတတ်ပါတယ်။ အိတ်ထဲထည့်လျှော်ရင် တစ်ခုချင်းစီလည်း လိုက်ရှာစရာ မလိုတော့ပါဘူး။ ပြီးတော့ အစသေးသေးလေးတွေကလည်း filter ထဲကို ဝင်ပါများရင် filter ကွဲတတ်ပါတယ်။
၃။ Filter ကို ပုံမှန်သန့်ရှင်းရေး မလုပ်ပေးခြင်း
အဝတ်လျှော်စက်တွေမှာ Filter က အရမ်းအရေးကြီးပါတယ်။ Filter က အဝတ်လျှော်ရင်း ပါလာတဲ့ အမှုန်တွေ၊ အမှိုက်တွေကို စုစည်းပေးထားတာပါ။ သင့်ရဲ့ စက်ကအနံ့ဆိုးတွေ ထွက်လာပြီ (ဒါမှမဟုတ်) စက်ကကောင်းကောင်း အလုပ်မလုပ်တော့ဘူး ဆိုရင်တော့ Filter ကို သန့်ရှင်းရေး လုပ်ပေးသင့်ပါပြီ။
၄။ အဝတ်တွေ အများကြီး ဖိသိပ်လျှော်ခြင်း
သင့်မှာ လျှော်စရာအဝတ်တွေ အများကြီး ရှိနေရင်တောင် အကုန်လုံးကို တစ်ခါတည်း ရောမလျှော်သင့်ပါဘူး။ ဒါဟာ စက်ကို အရမ်းခိုင်းလွန်းတာဖြစ်သွားပြီးတော့ စက်ကို တော်တော်ထိစေပါတယ်။ ဒုတိယအချက်ကတော့ အဝတ်ကို သတ်မှတ်ထားတဲ့ စံနှုန်းနှင့်သာ လှည့်သင့်ပါတယ်။ ဘယ်လိုမျိုးတွေလဲ ဆိုတော့..
- ချည်ထည်နဲ့ ပိတ်စတွေအတွက် ၃ ၊ ၄
- နည်းနည်းပါးတာတွေအတွက် ၁ ၊ ၂
- သိုးမွှေးတွေအတွက် ၁ ၊ ၃ တို့ပဲ ဖြစ်ပါတယ်။
၅။ စက်ကိုထားတာ နေရာပုံစံ မကျခြင်း
အဝတ်လျှော်စက်ကို ထားတာ ပုံစံမကျရင်လည်း စက်ပျက်နိုင်ပါတယ်။ ကြမ်းပြင်မညီတဲ့ပေါ် တင်ထားပြီး စက်ကို လည်ပတ်ခိုင်းထားတဲ့အတွက် ကြာလာရင် စက်ပျက်စီးနိုင်ပါတယ်။ ဒီလိုတွေ မဖြစ်အောင် ကြမ်းပြင်ရဲ့ မျက်နှာပြင် ညီမညီ သေချာအောင် ကြည့်ပါ။ စက်ရဲ့အောက်မှာပါတဲ့ မူလီလေးတွေ မြဲမမြဲကိုစစ်ပါ။ ကျိူးနေရင်လည်း အသစ်အစားထိုး ပြန်ထည့်ပါ။
၆။ အဝတ်လျှော်ဆပ်ပြာကိုသာ သုံးပါ
တချို့လူတွေက စက်ကို ဝယ်ပြီးတာနဲ့ ပါလာတဲ့ အညွှန်းစာအုပ်ကို မဖတ်ပဲ လွှင့်ပစ်တတ်ကြပါတယ်။ အမှန်တကယ် ဒီလို မလုပ်သင့်ပါဘူး။ စက်ဝယ်ပြီးတာနဲ့ အညွှန်းစာအုပ်ကို သေချာဖတ်ပါ။ ထုတ်လုပ်တဲ့ ကုမ္ပဏီက ဘယ်ဆပ်ပြာနဲ့ သင့်တော်တယ် ဘယ်ဆပ်ပြာက စက်ကိုထိခိုက်စေတယ် ဆိုတာကို ရေးထားပါတယ်။ ပြီးတော့ လက်နဲ့လျှော်တဲ့ ဆပ်ပြာကိုလည်း စက်ထဲ ထည့်မလျှော်သင့်ပါဘူး။
၇။ စက်ကို သန့်ရှင်းရေး မလုပ်ခြင်း
စက်ကနေ အနံ့ထွက်လာရင် အနံ့ပျောက်အောင်ဆိုပြီး ဆပ်ပြာတွေကို ပိုပြီး ထည့်လျှော်တတ်ကြပါတယ်။ ဒီလို လျှော်တာက အနံ့တွေ မပျောက်တဲ့အပြင် ဆပ်ပြာများလွန်းတာက စက်ကို ဒုက္ခပေးပါတယ်။ အနံ့ထွက်တာနဲ့ Filter ကို အရင် ဆေးသင့်ပါတယ်။ ပြီးရင် Drum wash mode ကိုလည်း ဖွင့်သင့်ပါတယ်။ တကယ်လို့ ဒီလို Mode မပါဘူး ဆိုရင်လည်း ရှာလကာရည် အနည်းငယ်ထည့်ပြီး စက်ကို လှည့်သင့်ပါတယ်။ ပြီးတော့ စက်ကို အမြဲတမ်း ပိတ်ထားတာကလည်း မကောင်းပါဘူး။ အထဲမှာက စိုစွတ်ပြီး နွေးနေတာကြောင့် မှိုတက်နိုင်ပါတယ်။ ပြီးတော့ ဆပ်ပြာထည့်တဲ့ ခွက်ကိုလည်း သန့်ရှင်းရေး လုပ်သင့်ပါတယ်။
၈။ ပုံမှန်ရေကိုသာ အသုံးပြုပါ
ကျန်းမာရေးအတွက် ရေကို ရေစစ်နဲ့ ခပ်သောက်လိုက်၊ ရေသန့်သောက်လိုက် လုပ်နေပေမယ့်လည်း အဝတ်လျှော်တဲ့အခါမှာ ရေသန့်နဲ့ လျှော်တာက မကောင်းပါဘူး။ ရေသန့်နဲ့ လျှော်တာက အဝတ်လျှော်စက်ရဲ့ အရည်အသွေးကို ကျစေပါတယ်။ ဒါကြောင့် ပုံမှန်ရေ အသုံးပြုတာက အကောင်းဆုံးပါ။ သင့်အိမ်ကရေနဲ့ အဝတ်လျှော်စက် အဆင်ပြေမပြေကို သင်ကိုယ်တိုင် စမ်းကြည်လို့ ရပါတယ်။
ဘာတွေလိုလဲ ဆိုတော့ ဆပ်ပြာရည်၊ ရေနှင့် ပုလင်းတစ်လုံးတို့ပဲ လိုပါတယ်။
ပုလင်းရဲ့ ၃ ပုံ ၁ ပုံလောက်ကို ရေထည့်ပြီးတော့ ဆပ်ပြာရည် ရောလိုက်ပါ။ ပြီးတော့ အဖုံးပိတ်ပြီး အားရပါးရ လှုပ်လိုက်ပါ။ ရေကမကြည်ပဲ နို့နှစ်ရောင် ရှိနေတယ် ဆိုရင်တော့ သင့်အတွက် အဆင်ပြေပါတယ်။ အမြှုပ်တွေထနေပြီး ရေကကြည်လင်နေရင်တော့ သင့်စက်နဲ့ သိပ်အဆင်မပြေပါဘူး။
bonus
နောက်ဆုံးအချက်ကတော့ လျှော်ပြီးသား အဝတ်တွေကို စက်ထဲမှာ အကြာကြီး မထားသင့်ပါဘူး။ အလွန်ဆုံး (၁၂) နာရီလောက်ပဲ ထားသင့်ပါတယ်။ တစ်ခါတစ်လေ အပြင်သွားခါနီး စိတ်ကလောနေတာနဲ့ လျှော်ပြီးသား အဝတ်တွေကို ထုတ်ဖို့မေ့ခဲ့တာတွေ ရှိပါတယ်။ ဒါကြောင့် မလောပဲနဲ့ အဝတ်တွေကို ထုတ်ခဲ့တာက သင့်အဝတ်တွေကို ကြာကြာဝတ်ရတဲ့အပြင် စက်ကိုလည်း မထိခိုက်စေပါဘူး။ ကျွမ်းကျင်သူတွေကတော့ စက်ကို အဖုံးဖွင့်ထားပါ၊ အထဲကိုလည်း အမြဲ သန့်ရှင်းရေး လုပ်ပါလို့ ပြောထားပါတယ်။
Zombie (Lovemedia)
for zawgyi
သင့္ရဲ႕ အဝတ္ေလွ်ာ္စက္ကို ပ်က္စီးေစႏိုင္တဲ့ အမူအက်င့္ (၈) ခု
အဝတ္ေလွ်ာ္စက္ ဆိုတာ အိမ္မွာမရွိမျဖစ္ကို လိုအပ္ၿပီးေတာ့ အရမ္း အသုံးဝင္ပါတယ္။ ဒါေပမယ့္ ေသခ်ာ ဂ႐ုမစိုက္ရင္ေတာ့ အလြယ္တကူ ပ်က္ႏိုင္ၿပီးေတာ့ ခဏခဏ စိတ္ရႈပ္ေစမွာပါ။ ဒါေၾကာင့္ အဝတ္ေလွ်ာ္စက္ကို ဘယ္လို ထိန္းသိမ္းရမလဲ ဆိုတာကို love media ကေန ေျပာျပေပးသြားပါမယ္။
၁။ ဆပ္ျပာကို အလြန္အကြၽံသုံးျခင္း
လူေတာ္ေတာ္မ်ားမ်ားက ဆပ္ျပာ မ်ားမ်ားသုံးေလ အဝတ္ေတြ ပိုသန႔္ၿပီးေတာ့ စက္ကိုလဲ ရွင္းေစတယ္လို႔ မွတ္ယူထားၾကပါတယ္။ တကယ္ေတာ့ ဒါဟာ အလြန္ကို မွားယြင္းတဲ့ နည္းလမ္းပါ။ ထုတ္လုပ္သူေတြ ကိုယ္တိုင္ကလည္း ဆပ္ျပာကို အလြန္အကြၽံမသုံးဖို႔ မွာထားၿပီးသားပါ။ ဆပ္ျပာကို အလြန္အကြၽံသုံးရင္ ဘာေတြျဖစ္လာႏိုင္လဲ ဆိုေတာ့ အျမႇဳပ္ေတြ အရမ္းထလာၿပီး ေရထြက္ေပါက္ကို ပိတ္ဆို႔ေစပါတယ္။
ၿပီးေတာ့ ဆပ္ျပာခြက္ထဲမွာက်န္တဲ့ ဆပ္ျပာ အကြၽင္းအက်န္ေတြကလည္း ခဲသြားၿပီးေတာ့ ၾကာလာရင္ ခြာမရ ျဖစ္လာတတ္ပါတယ္။ အဲဒီလို ျဖစ္လာရင္ အသစ္ထည့္တဲ့ ဆပ္ျပာေတြကို ထည့္သေလာက္ မေရာက္ေတာ့ပဲ အဝတ္ေတြကို ပိုညစ္ပတ္ေစပါတယ္။
၂။ ေျခအိတ္နဲ႔ အတြင္းခံေတြကို အိတ္တစ္ခုထဲ ထည့္မေလွ်ာ္ျခင္း
အဝတ္ေလွ်ာ္အိတ္ တစ္ခုထဲကို ေသးငယ္တဲ့ အဝတ္အစားေတြ ထည့္ေလွ်ာ္တာက ပိုေကာင္းပါတယ္။ မဟုတ္ရင္ ေျခအိတ္က ၿငိေနတတ္ပါတယ္။ အိတ္ထဲထည့္ေလွ်ာ္ရင္ တစ္ခုခ်င္းစီလည္း လိုက္ရွာစရာ မလိုေတာ့ပါဘူး။ ၿပီးေတာ့ အစေသးေသးေလးေတြကလည္း filter ထဲကို ဝင္ပါမ်ားရင္ filter ကြဲတတ္ပါတယ္။
၃။ Filter ကို ပုံမွန္သန႔္ရွင္းေရး မလုပ္ေပးျခင္း
အဝတ္ေလွ်ာ္စက္ေတြမွာ Filter က အရမ္းအေရးႀကီးပါတယ္။ Filter က အဝတ္ေလွ်ာ္ရင္း ပါလာတဲ့ အမႈန္ေတြ၊ အမႈိက္ေတြကို စုစည္းေပးထားတာပါ။ သင့္ရဲ႕ စက္ကအနံ႔ဆိုးေတြ ထြက္လာၿပီ (ဒါမွမဟုတ္) စက္ကေကာင္းေကာင္း အလုပ္မလုပ္ေတာ့ဘူး ဆိုရင္ေတာ့ Filter ကို သန႔္ရွင္းေရး လုပ္ေပးသင့္ပါၿပီ။
၄။ အဝတ္ေတြ အမ်ားႀကီး ဖိသိပ္ေလွ်ာ္ျခင္း
သင့္မွာ ေလွ်ာ္စရာအဝတ္ေတြ အမ်ားႀကီး ရွိေနရင္ေတာင္ အကုန္လုံးကို တစ္ခါတည္း ေရာမေလွ်ာ္သင့္ပါဘူး။ ဒါဟာ စက္ကို အရမ္းခိုင္းလြန္းတာျဖစ္သြားၿပီးေတာ့ စက္ကို ေတာ္ေတာ္ထိေစပါတယ္။ ဒုတိယအခ်က္ကေတာ့ အဝတ္ကို သတ္မွတ္ထားတဲ့ စံႏႈန္းႏွင့္သာ လွည့္သင့္ပါတယ္။ ဘယ္လိုမ်ိဳးေတြလဲ ဆိုေတာ့..
- ခ်ည္ထည္နဲ႔ ပိတ္စေတြအတြက္ ၃ ၊ ၄
- နည္းနည္းပါးတာေတြအတြက္ ၁ ၊ ၂
- သိုးေမႊးေတြအတြက္ ၁ ၊ ၃ တို႔ပဲ ျဖစ္ပါတယ္။
၅။ စက္ကိုထားတာ ေနရာပုံစံ မက်ျခင္း
အဝတ္ေလွ်ာ္စက္ကို ထားတာ ပုံစံမက်ရင္လည္း စက္ပ်က္ႏိုင္ပါတယ္။ ၾကမ္းျပင္မညီတဲ့ေပၚ တင္ထားၿပီး စက္ကို လည္ပတ္ခိုင္းထားတဲ့အတြက္ ၾကာလာရင္ စက္ပ်က္စီးႏိုင္ပါတယ္။ ဒီလိုေတြ မျဖစ္ေအာင္ ၾကမ္းျပင္ရဲ႕ မ်က္ႏွာျပင္ ညီမညီ ေသခ်ာေအာင္ ၾကည့္ပါ။ စက္ရဲ႕ေအာက္မွာပါတဲ့ မူလီေလးေတြ ၿမဲမၿမဲကိုစစ္ပါ။ က်ိဴးေနရင္လည္း အသစ္အစားထိုး ျပန္ထည့္ပါ။
၆။ အဝတ္ေလွ်ာ္ဆပ္ျပာကိုသာ သုံးပါ
တခ်ိဳ႕လူေတြက စက္ကို ဝယ္ၿပီးတာနဲ႔ ပါလာတဲ့ အၫႊန္းစာအုပ္ကို မဖတ္ပဲ လႊင့္ပစ္တတ္ၾကပါတယ္။ အမွန္တကယ္ ဒီလို မလုပ္သင့္ပါဘူး။ စက္ဝယ္ၿပီးတာနဲ႔ အၫႊန္းစာအုပ္ကို ေသခ်ာဖတ္ပါ။ ထုတ္လုပ္တဲ့ ကုမၸဏီက ဘယ္ဆပ္ျပာနဲ႔ သင့္ေတာ္တယ္ ဘယ္ဆပ္ျပာက စက္ကိုထိခိုက္ေစတယ္ ဆိုတာကို ေရးထားပါတယ္။ ၿပီးေတာ့ လက္နဲ႔ေလွ်ာ္တဲ့ ဆပ္ျပာကိုလည္း စက္ထဲ ထည့္မေလွ်ာ္သင့္ပါဘူး။
၇။ စက္ကို သန႔္ရွင္းေရး မလုပ္ျခင္း
စက္ကေန အနံ႔ထြက္လာရင္ အနံ႔ေပ်ာက္ေအာင္ဆိုၿပီး ဆပ္ျပာေတြကို ပိုၿပီး ထည့္ေလွ်ာ္တတ္ၾကပါတယ္။ ဒီလို ေလွ်ာ္တာက အနံ႔ေတြ မေပ်ာက္တဲ့အျပင္ ဆပ္ျပာမ်ားလြန္းတာက စက္ကို ဒုကၡေပးပါတယ္။ အနံ႔ထြက္တာနဲ႔ Filter ကို အရင္ ေဆးသင့္ပါတယ္။ ၿပီးရင္ Drum wash mode ကိုလည္း ဖြင့္သင့္ပါတယ္။ တကယ္လို႔ ဒီလို Mode မပါဘူး ဆိုရင္လည္း ရွာလကာရည္ အနည္းငယ္ထည့္ၿပီး စက္ကို လွည့္သင့္ပါတယ္။ ၿပီးေတာ့ စက္ကို အၿမဲတမ္း ပိတ္ထားတာကလည္း မေကာင္းပါဘူး။ အထဲမွာက စိုစြတ္ၿပီး ေႏြးေနတာေၾကာင့္ မႈိတက္ႏိုင္ပါတယ္။ ၿပီးေတာ့ ဆပ္ျပာထည့္တဲ့ ခြက္ကိုလည္း သန႔္ရွင္းေရး လုပ္သင့္ပါတယ္။
၈။ ပုံမွန္ေရကိုသာ အသုံးျပဳပါ
က်န္းမာေရးအတြက္ ေရကို ေရစစ္နဲ႔ ခပ္ေသာက္လိုက္၊ ေရသန႔္ေသာက္လိုက္ လုပ္ေနေပမယ့္လည္း အဝတ္ေလွ်ာ္တဲ့အခါမွာ ေရသန႔္နဲ႔ ေလွ်ာ္တာက မေကာင္းပါဘူး။ ေရသန႔္နဲ႔ ေလွ်ာ္တာက အဝတ္ေလွ်ာ္စက္ရဲ႕ အရည္အေသြးကို က်ေစပါတယ္။ ဒါေၾကာင့္ ပုံမွန္ေရ အသုံးျပဳတာက အေကာင္းဆုံးပါ။ သင့္အိမ္ကေရနဲ႔ အဝတ္ေလွ်ာ္စက္ အဆင္ေျပမေျပကို သင္ကိုယ္တိုင္ စမ္းၾကည္လို႔ ရပါတယ္။
ဘာေတြလိုလဲ ဆိုေတာ့ ဆပ္ျပာရည္၊ ေရႏွင့္ ပုလင္းတစ္လုံးတို႔ပဲ လိုပါတယ္။
ပုလင္းရဲ႕ ၃ ပုံ ၁ ပုံေလာက္ကို ေရထည့္ၿပီးေတာ့ ဆပ္ျပာရည္ ေရာလိုက္ပါ။ ၿပီးေတာ့ အဖုံးပိတ္ၿပီး အားရပါးရ လႈပ္လိုက္ပါ။ ေရကမၾကည္ပဲ ႏို႔ႏွစ္ေရာင္ ရွိေနတယ္ ဆိုရင္ေတာ့ သင့္အတြက္ အဆင္ေျပပါတယ္။ အျမႇဳပ္ေတြထေနၿပီး ေရကၾကည္လင္ေနရင္ေတာ့ သင့္စက္နဲ႔ သိပ္အဆင္မေျပပါဘူး။
ေနာက္ဆုံးအခ်က္ကေတာ့ ေလွ်ာ္ၿပီးသား အဝတ္ေတြကို စက္ထဲမွာ အၾကာႀကီး မထားသင့္ပါဘူး။ အလြန္ဆုံး (၁၂) နာရီေလာက္ပဲ ထားသင့္ပါတယ္။ တစ္ခါတစ္ေလ အျပင္သြားခါနီး စိတ္ကေလာေနတာနဲ႔ ေလွ်ာ္ၿပီးသား အဝတ္ေတြကို ထုတ္ဖို႔ေမ့ခဲ့တာေတြ ရွိပါတယ္။ ဒါေၾကာင့္ မေလာပဲနဲ႔ အဝတ္ေတြကို ထုတ္ခဲ့တာက သင့္အဝတ္ေတြကို ၾကာၾကာဝတ္ရတဲ့အျပင္ စက္ကိုလည္း မထိခိုက္ေစပါဘူး။ ကြၽမ္းက်င္သူေတြကေတာ့ စက္ကို အဖုံးဖြင့္ထားပါ၊ အထဲကိုလည္း အၿမဲ သန႔္ရွင္းေရး လုပ္ပါလို႔ ေျပာထားပါတယ္။
Zombie (Lovemedia)
0 Comments