ဗီယက်နမ်နိုင်ငံက နာမည်ကြီးအစားအစာဖြစ်တဲ့ အိမ်မြှောင်ကင်

ကမ္ဘာပေါ်က နိုင်ငံတွေမှာ ယဉ်ကျေးမှုတွေ မတူညီသလို အစားအသောက်တွေကလည်း မတူညီပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ အစားအသောက်က သူတို့နိုင်ငံသားတွေအတွက် အရသာ ရှိနိုင်ပေမယ့် တခြား နိုင်ငံအတွက်တော့ မသတီစရာကောင်းရင် ကောင်းနေပါလိမ့်မယ်။

သင်ဟာ ဗီယက်နမ်နိုင်ငံကို သွားလည်တဲ့အခါ သေချာပေါက် ဒေသအစားအစာတွေကို မြည်းစမ်းကြည့်ချင် ပါလိမ့်မယ်။ ဗီယက်နမ်က ကော်ပြန့်လိပ်နဲ့ pho ခေါက်ဆွဲက နာမည်ကြီးပါပဲ။

ဒါပေမယ့် နောက်ထပ် ဗီယက်နမ်နိုင်ငံရဲ့နာမည်ကြီး အစားအစာ ရှိပါသေးတယ်။ အဲဒါကတော့ အိမ်မြှောင်ကင်ပါ။ အိမ်မြှောင်ကင်ကို ထမင်းပူပူလေးနဲ့ စားကြတာပါ။

အိမ်မြှောင်ကင် ဆိုတော့ အထူးမွေးမြူထားတဲ့ အိမ်မြှောင်ကို ကင်ပေးတာ မဟုတ်ပါဘူးနော်။ အိမ်မှာရှိတဲ့ အိမ်မြှောင်ကို ကင်ပေးတာပါ။ အိမ်မြှောင်တွေ အရွယ်အစား ကြီးမားလာတဲ့အခါ ပိုင်ရှင်တွေက ဈေးကို သွားရောင်းကြတာပါ။

အိမ်မြှောင်ကင် မစားချင်ရင် ဈေးထဲက မကင်ရသေးတဲ့ အိမ်မြှောင် အစိမ်းတွေကိုလည်း ဝယ်လို့ရပါတယ်။ အိမ်မြှောင်ကင်က ဗီယက်နမ်တွေအတွက်တော့ တကယ်ကို အရသာရှိတဲ့ အစားအစာပါ။

သင်လည်း ဗီယက်နမ်ကို ရောက်တဲ့အခါ နာမည်ကြီး အစားအစာဖြစ်တဲ့ အိမ်မြှောင်ကင်ကို စားဖြစ်အောင် စားခဲ့ဖို့ မမေ့ပါနဲ့နော်။

Zombie (Lovemedia)

for zawgyi

ဗီယက္နမ္ႏိုင္ငံက နာမည္ႀကီးအစားအစာျဖစ္တဲ့ အိမ္ေျမႇာင္ကင္

ကမာၻေပၚက ႏိုင္ငံေတြမွာ ယဥ္ေက်းမႈေတြ မတူညီသလို အစားအေသာက္ေတြကလည္း မတူညီပါဘူး။ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ အစားအေသာက္က သူတို႔ႏိုင္ငံသားေတြအတြက္ အရသာ ရွိႏိုင္ေပမယ့္ တျခား ႏိုင္ငံအတြက္ေတာ့ မသတီစရာေကာင္းရင္ ေကာင္းေနပါလိမ့္မယ္။

သင္ဟာ ဗီယက္နမ္ႏိုင္ငံကို သြားလည္တဲ့အခါ ေသခ်ာေပါက္ ေဒသအစားအစာေတြကို ျမည္းစမ္းၾကည့္ခ်င္ ပါလိမ့္မယ္။ ဗီယက္နမ္က ေကာ္ျပန႔္လိပ္နဲ႔ pho ေခါက္ဆြဲက နာမည္ႀကီးပါပဲ။

ဒါေပမယ့္ ေနာက္ထပ္ ဗီယက္နမ္ႏိုင္ငံရဲ႕နာမည္ႀကီး အစားအစာ ရွိပါေသးတယ္။ အဲဒါကေတာ့ အိမ္ေျမႇာင္ကင္ပါ။ အိမ္ေျမႇာင္ကင္ကို ထမင္းပူပူေလးနဲ႔ စားၾကတာပါ။

အိမ္ေျမႇာင္ကင္ ဆိုေတာ့ အထူးေမြးျမဴထားတဲ့ အိမ္ေျမႇာင္ကို ကင္ေပးတာ မဟုတ္ပါဘူးေနာ္။ အိမ္မွာရွိတဲ့ အိမ္ေျမႇာင္ကို ကင္ေပးတာပါ။ အိမ္ေျမႇာင္ေတြ အ႐ြယ္အစား ႀကီးမားလာတဲ့အခါ ပိုင္ရွင္ေတြက ေဈးကို သြားေရာင္းၾကတာပါ။

အိမ္ေျမႇာင္ကင္ မစားခ်င္ရင္ ေဈးထဲက မကင္ရေသးတဲ့ အိမ္ေျမႇာင္ အစိမ္းေတြကိုလည္း ဝယ္လို႔ရပါတယ္။ အိမ္ေျမႇာင္ကင္က ဗီယက္နမ္ေတြအတြက္ေတာ့ တကယ္ကို အရသာရွိတဲ့ အစားအစာပါ။

သင္လည္း ဗီယက္နမ္ကို ေရာက္တဲ့အခါ နာမည္ႀကီး အစားအစာျဖစ္တဲ့ အိမ္ေျမႇာင္ကင္ကို စားျဖစ္ေအာင္ စားခဲ့ဖို႔ မေမ့ပါနဲ႔ေနာ္။

Zombie (Lovemedia)

Post a Comment

0 Comments