Petroleum jelly ဟာ အလှကုန် တစ်ခုတည်း သာမဟုတ်ပဲ တခြား အသုံးဝင်တဲ့အရာတွေ အများကြီး ရှိပါသေးတယ်။ သူ့ကို ထုတ်လုပ်တဲ့ ကုမ္ပဏီကလည်း
ဘက်စုံသုံးလို့ ရစေတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားတာလဲ ဖြစ်ပါတယ်။
၁။ eyeshadow အနေနဲ့ အသုံးပြုလို့ ရပါတယ်။
- သစ်သားဇွန်းလေးနဲ့ Vaseline ကို ဖန်ခွက်တစ်ခုထဲသို့ ထည့်ပါ။
- ပြီးရင် glitter ကို လောင်းထည့်ပါ။
- သင်လိုချင်တဲ့ အရောင်ကို ထည့်ပါ။
- သေချာလေးမွှေပါ။
- ဆေးထိုးအပ်နဲ့ ခွက်ထဲကနေ ယူလိုက်ပါ။
- နောက်ဆုံးအဆင့်ကတော့ သင်အသုံးပြုမယ့် ခွက်ထဲကို အကုန်ထည့်ပြီး သေချာသိမ်းထားလိုက်ပါ။
၂။ ဇကာက နံရံမှာ မကပ်တော့ရင်လည်း ပြန်ကပ်အောင် လုပ်လို့ရပါတယ်။
- သင်ရဲ့ မှန်တွေ နံရံတွေမှာကပ်တဲ့ ဇကာလေးတွေက ကပ်နိုင်စွမ်းမရှိရင် ကွာကျလာတာကို ဖြစ်ဖူးမှာပါ။ တကယ်လို့ ဒီလိုဖြစ်လာရင် Vaseline ကို သုံးသင့်ပါတယ်။
- စက္ကူပေါ်မှာ Vaseline အနည်းငယ် သုတ်လိမ်းလိုက်ပါ။
- Vaseline သုတ်ထားတဲ့ စက္ကူကို ဇကာရဲ့အထဲကို လိမ်းလိုက်ပါ။
- ပြီးရင် ကပ်မယ့်နေရာကို သေချာသန့်ရှင်းအောင် လုပ်ပြီး ခြောက်သွေ့နေအောင် ထားပါ။ ကပ်သွားပါလိမ့်မယ်။
၃။ မျက်တောင်မွှေးတွေ ထူလာအောင်လည်း လုပ်လို့ရပါတယ်။
- သန့်ရှင်းတဲ့ mascara brush ကိုယူပြီး Vaseline နဲ့ မျက်တောင်ပေါ် သုတ်လိမ်းပေးပါ။
- နည်းနည်းပဲ သုတ်လိမ်းရင် ရပါပြီ။ တကယ်လို့များသွားရင်လည်း mascara brush နဲ့ ပြန်ယူလိုက်ပါ။
၄။ နှုတ်ခမ်းနီလည်း လုပ်လို့ရပါတယ်။
- ဖန်ခွက်ထဲကို သင်လိုချင်တဲ့အရောင် ထည့်ပါ။
- petroleum jelly အနည်းငယ် ထည့်ပါ။
- အကုန်လုံးကို သေချာရောသမအောင် မွှေပါ။
- ပြီးရင်တော့ ဘူးတစ်ခုထဲကို ထည့်ပြီး အသုံးပြုလို့ ရပါပြီ။
၅။ eyeshadow ကနေ mascara လုပ်လို့ရတယ်။
- အနက်ရောင် eyeshadow ကိုယူပါ။
- ပြီးရင် eyeshadowနဲ့ vaseline ကို ရောလိုက်ပါ။
- အကုန်ပြီးသွားရင် သွားပွတ်တံကို အသုံးပြုပြီးတော့ မျက်တောင်ပေါ်ကို ညင်သာစွာ လိမ်းပါ။
၆။ ဆေးသုတ်တဲ့အခါမှာ သတ္ထုပစ္စည်းတွေကို ကာကွယ်ပေးပါတယ်။
- ဆေးသုတ်မယ့်နေရာက သံတွေ၊ စတီးတွေကို vaseline နဲ့ ဂရုတစိုက်သုတ်ပါ။
- ပုံမှာ ပြထားတဲ့အတိုင်း နေရာတိုင်းကို လိုက်သုတ်ပါ။ ဒီလိုသုတ်တဲ့ အခါမှာလည်း Vaseline တွေကို ပျက်မသွားစေဖို့လည်း ဂရုစိုက်ပါ။
- အကုန်ပြီးသွားရင်တော့ တစ်သျှူးစလေးနဲ့ လိုက်သုတ်ချလိုက်ပါ။
၇။ ဆံပင်ကို လိမ်းလို့လဲ ရပါတယ်။
- petroleum jelly ကို သင့်လက်နဲ့ယူလိုက်ပါ။
- ပြီးရင် တစ်ခေါင်းလုံးအနှံ့ လိုက်လိမ်းလို့ရပါပြီ။
၈။ ဒဏ်ရာတွေလည်း မြန်မြန်ပျောက်စေပါတယ်။
- Vaseline အနည်းငယ်ကိုယူပါ။
- ပြီးရင် ဒဏ်ရာ ဖြစ်တဲ့နေရာကို သေချာလေး လိမ်းထားလိုက်ပါ။
Zombie (Lovemedia)
for zawgyi
သင်မသိသေးတဲ့ Vaseline ရဲ့အသုံးဝင်ပုံ (၈) မျိုး
- သေချာလေးမွှေပါ။
Zombie (Lovemedia)
0 Comments