Vape သောက်သုံးမှုကြောင့် အဆုတ်ရောဂါ ရသွားတဲ့ ၁၉ နှစ်သမီး

အမေရိကန်နိုင်ငံက ၁၉ နှစ် အရွယ် Claire ဟာ vape (e-cigarette) သောက်သုံးပြီးနောက် အဆုတ် ပျက်စီးသွားတဲ့ ပုံတွေကို Instagram မှာ တင်ခဲ့ပါတယ်။ Claireက လွန်ခဲ့တဲ့ သုံးပတ်တုန်းက တခြား ဘာရောဂါလက္ခဏာမှ မပြဘဲ အဖျားက ၁၀၄ ဒီဂရီဖာရင်ဟိုက် ဖြစ်သွားခဲ့ပါတယ်။

အဲဒါကြောင့် အစပိုင်းမှာတော့ တုပ်ကွေးဖြစ်တယ် လို့ပဲ သူမက ယူဆလိုက်ပါတယ် ။ ဆေးကုသမှု ခံယူခဲ့ပေမယ့်လည်း နှစ်ပတ်ကြာတဲ့အထိ မသက်သာလာခဲ့ပါဘူး။ X-ray နဲ့ စစ်ဆေးပြီးတဲ့အခါမှာတော့ အဆုတ်ရဲ့ ဘယ်ဘက်အောက်မှာ နမိုးရီးယား ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ပဋိဇီဝဆေးတွေကို သောက်ပြီး ၄၈ နာရီ အကြာမှာတော့ အဖျားက တက်နေတုန်းပါပဲ။


အဲဒါကြောင့် ခရစ္စမတ်နေ့ မနက်ရောက်တဲ့ အခါမှာ Claire ဟာ အရေးပေါ်ဌာနကို ရောက်သွားပြီး ပြင်းထန်တဲ့ ပဋိဇီဝဆေးတွေနဲ့ ကုသမှု ခံယူလိုက်ပါတယ်။ CT scan ရိုက်တဲ့အခါမှာတော့ ရလဒ်က သူမအတွက် စိတ်မချမ်းသာစရာပါပဲ။ CT scan ရိုက်တဲ့အခါ ကျန်းမာတဲ့ အဆုတ်က အနက်ရောင် ပေါ်ပါတယ် ။ ဒါပေမယ့် Claire ရဲ့အဆုတ်ကို ရိုက်ထားတဲ့ CT scan ကတော့ ဝိုးတိုးဝါးတားနဲ့ အဖြူရောင် ဖြစ်နေခဲ့ ပါတယ်။

Claire က ကျန်းမာတဲ့ အဆုတ်နဲ့ သူမရဲ့အဆုတ်ကို ယှဉ်ပြထားပါတယ်။ Clarie က အသက်ရှူကြပ်တာ၊ ချောင်းဆိုးတာ၊ ချောင်းဆိုးချွဲပါတာ၊ ရင်ဘတ်အောင့်တာ စတဲ့ အသက်ရှူမှုနဲ့ ဆိုင်တဲ့ ပြဿနာတွေ မခံစားခဲ့ရပါဘူး။ Claire က နီကိုတင်း ပါဝင်တဲ့ vape သောက်သုံးမှုကြောင့် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို တခြားသူတွေ ဆင်ခြင်နိုင်အောင် ဝေမျှပေးခဲ့ပါတယ်။

Vape ရဲ့ ပါဝင်ပစ္စည်းတွေက အဆုတ်ကို ထိခိုက်စေကြောင်း အမေရိကန် ကျန်းမာရေး ပြောရေးဆိုခွင့် ရှိသူတွေကလည်း ပြောထားပါသေးတယ်။

Zombie (Lovemedia)

Ref - says

for zawgyi

Vape ေသာက္သုံးမႈေၾကာင့္ အဆုတ္ေရာဂါ ရသြားတဲ့ ၁၉ ႏွစ္သမီး

အေမရိကန္ႏိုင္ငံက ၁၉ ႏွစ္ အ႐ြယ္ Claire ဟာ vape (e-cigarette) ေသာက္သုံးၿပီးေနာက္ အဆုတ္ ပ်က္စီးသြားတဲ့ ပုံေတြကို Instagram မွာ တင္ခဲ့ပါတယ္။ Claireက လြန္ခဲ့တဲ့ သုံးပတ္တုန္းက တျခား ဘာေရာဂါလကၡဏာမွ မျပဘဲ အဖ်ားက ၁၀၄ ဒီဂရီဖာရင္ဟိုက္ ျဖစ္သြားခဲ့ပါတယ္။

အဲဒါေၾကာင့္ အစပိုင္းမွာေတာ့ တုပ္ေကြးျဖစ္တယ္ လို႔ပဲ သူမက ယူဆလိုက္ပါတယ္ ။ ေဆးကုသမႈ ခံယူခဲ့ေပမယ့္လည္း ႏွစ္ပတ္ၾကာတဲ့အထိ မသက္သာလာခဲ့ပါဘူး။ X-ray နဲ႔ စစ္ေဆးၿပီးတဲ့အခါမွာေတာ့ အဆုတ္ရဲ႕ ဘယ္ဘက္ေအာက္မွာ နမိုးရီးယား ျဖစ္ေနတာကို ေတြ႕လိုက္ရပါတယ္။ ပဋိဇီဝေဆးေတြကို ေသာက္ၿပီး ၄၈ နာရီ အၾကာမွာေတာ့ အဖ်ားက တက္ေနတုန္းပါပဲ။

အဲဒါေၾကာင့္ ခရစၥမတ္ေန႔ မနက္ေရာက္တဲ့ အခါမွာ Claire ဟာ အေရးေပၚဌာနကို ေရာက္သြားၿပီး ျပင္းထန္တဲ့ ပဋိဇီဝေဆးေတြနဲ႔ ကုသမႈ ခံယူလိုက္ပါတယ္။ CT scan ႐ိုက္တဲ့အခါမွာေတာ့ ရလဒ္က သူမအတြက္ စိတ္မခ်မ္းသာစရာပါပဲ။ CT scan ႐ိုက္တဲ့အခါ က်န္းမာတဲ့ အဆုတ္က အနက္ေရာင္ ေပၚပါတယ္ ။ ဒါေပမယ့္ Claire ရဲ႕အဆုတ္ကို ႐ိုက္ထားတဲ့ CT scan ကေတာ့ ဝိုးတိုးဝါးတားနဲ႔ အျဖဴေရာင္ ျဖစ္ေနခဲ့ ပါတယ္။

Claire က က်န္းမာတဲ့ အဆုတ္နဲ႔ သူမရဲ႕အဆုတ္ကို ယွဥ္ျပထားပါတယ္။ Clarie က အသက္ရႉၾကပ္တာ၊ ေခ်ာင္းဆိုးတာ၊ ေခ်ာင္းဆိုးခြၽဲပါတာ၊ ရင္ဘတ္ေအာင့္တာ စတဲ့ အသက္ရႉမႈနဲ႔ ဆိုင္တဲ့ ျပႆနာေတြ မခံစားခဲ့ရပါဘူး။ Claire က နီကိုတင္း ပါဝင္တဲ့ vape ေသာက္သုံးမႈေၾကာင့္ ႀကဳံေတြ႕ခဲ့ရတဲ့ အေတြ႕အႀကဳံကို တျခားသူေတြ ဆင္ျခင္ႏိုင္ေအာင္ ေဝမွ်ေပးခဲ့ပါတယ္။ Vape ရဲ႕ ပါဝင္ပစၥည္းေတြက အဆုတ္ကို ထိခိုက္ေစေၾကာင္း အေမရိကန္ က်န္းမာေရး ေျပာေရးဆိုခြင့္ ရွိသူေတြကလည္း ေျပာထားပါေသးတယ္။

Zombie (Lovemedia)

Ref - says

Post a Comment

0 Comments