ရှေးခေတ်ကလူတွေ သူတို့ရဲ့သေးကို ဘယ်လိုပြန် အသုံးချကြသလဲ

ကျန်းမာရေးကောင်းတဲ့ လူတစ်ယောက်ဟာ တစ်နေ့ကို (၄) ကြိမ်ကနေ (၁၀) ကြိမ်အထိ ဆီးသွားနိုင်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကတော့ မတူညီနိုင်ပါဘူး။ ဆီးဆိုတာ ခန္ဓာကိုယ်ကနေ မဖြစ်မနေ စွန့်ပစ်ရမယ့် အညစ်အကြေးလည်း ဖြစ်ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ရာစုနှစ်တွေ များစွာက ဘိုးဘေးတွေကတော့ မစွန့်ပစ်ပဲ ရွှေရည်လိုမျိုးတောင် သဘောထားပြီး အသုံးပြုခဲ့ ကြပါသေးတယ်။ ရောမမှာရှိတဲ့ ဂရိလူမျိုးတွေ၊ တရုတ်လူမျိုးတွေနဲ့ အိန္ဒိယလူမျိုးတွေဟာ ဆီးကို နှစ်ပေါင်းများစွာကြာအောင် အသုံးပြုခဲ့တာကို တွေ့ရှိခဲ့ပါတယ်။

၁။ ရောမတွေက သွားတွေဖြူအောင် ဆီးကိုသုံးပါတယ်။

မနက်ခင်း အိပ်ရာထတဲ့အခါမှာ ပါးစပ်အနံ့က နံနေတတ်ပါတယ်။ ဒါပေမယ့် ရောမတွေကတော့ သူတို့ပါးစပ်ကို သန့်နေအောင် လုပ်ပြီး သွားတွေကိုလည်း ဖြူစေမယ့် နည်းလမ်းကို အသုံးပြုခဲ့ ကြပါတယ်။ ရောမကဗျာဆရာ Catullus ဟာ သူ့ကို ပြုံးပြနေတဲ့ လူကို ဆက်မပြုံးဖို့အတွက် ကဗျာတစ်ပုဒ် ရေးစပ်ခဲ့ပါတယ်။

ကဗျာရဲ့ နိဂုံးချုပ်မှာတော့ “ အခုမင်းက စပိန်လူမျိုးပါ။ စပိန်လူမျိုးတွေလည်း အပေါ့သွားပါတယ်။ ဒါကြောင့် အဲ့တာတွေနဲ့ မင်းရဲ့သွားဖုံးနီနီကြီးနဲ့ သွားတွေကို သန့်ရှင်း‌ရေးလုပ်ပါ။ ” လို့ ရေးထားခဲ့ဖူးပါတယ်။

နည်းပညာတွေအရတော့ ဆီးမှာ အမိုးနီးယားဓာတ် ပါဝင်ပါတယ်။ အချိန်ကြာလေ ဆီးမှာရှိတဲ့ ယူရီးယားဓာတ်က အားကောင်းတဲ့ အမိုးနီးယားဖြစ်လာလေပါပဲ။ ဒီဓာတ်က အစွန်းအထင်းတွေကို ချေဖျက်ပေးပြီး သွားတွေကိုလည်း တကယ်ဖြူစေပါတယ်။

၂။ Pompeii မြို့က ခဝါသည်များ

အိမ်သန့်ရှင်းရေးသုံး ဆပ်ပြာအများစုမှာ အမိုးနီးယားတွေ ပါဝင်ပါတယ်။ သူက ဂျေးတွေ၊ ဆီတွေ၊ အညစ်အကြေးတွေကို ချေဖျက်ပေးနိုင်ပါတယ်။ ပြီးတော့ စွန့်ပစ်ပြီးသား ဆီးအဟောင်းတွေမှာလည်း အမိုးနီးယားကို တွေ့နိုင်ပါသေးတယ်။

Pompeii မှာရှိတဲ့ အဝတ်လျှော်တဲ့ သူတွေကလည်း ဆီးဟာ အဝတ်တွေကို ဖြူပြီးသန့်စင်စေတဲ့ အကြောင်းကို သိခဲ့ကြပါတယ်။ ဒါကြောင့် အဝတ်လျှော်မယ်ဆိုရင် မစင်တွေ၊ ဆီးတွေ စွန့်ပစ်ထားတဲ့နေရာမှာ အဝတ်တွေကို အရင်စိမ် ထားတတ်ကြပါတယ်။ ဒီလို အဝတ်လျှော်တာကိုတော့ fullonicas လို့ခေါ်ပါတယ်။

၃။ ဂရိက ဆေးဆရာတွေက ဝက်ခြံပျောက်ဖို့ ဆီးကို သုံးခိုင်းပါတယ်။

လေ့လာချက်တွေအရ ယူရီးယားက အရေပြားအတွက် အလွန်ကောင်းပါတယ်။ သူတို့ကို အလှကုန်သုံးပစ္စည်း တော်တော်များများမှာလည်း တွေ့နိင်ပါဆီးတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ဘယ်ဆရာဝန်ကမှ ဝက်ခြံပျောက်အောင် ဆီးကိုသုံးဖို့ညွှန်းမှာမဟုတ်ပါဘူး။

တကယ်လို့ သင်သာ ရောမခေတ် (ဒါမှမဟုတ်) အိန္ဒိယမှာ မွေးဖွားခဲ့မယ် ဆိုရင်တော့ ဝက်ခြံပေါက်လာရင် ဆီးကို အသုံးပြုခိုင်းမှာပါ။ ဘယ်လောက်တောင် အသုံးပြုခဲ့လဲဆိုတော့ “ရွှေသွေး” နဲ့ “elixir of life” ဆိုပြီးတော့တောင် ကဗျာတွေ စပ်ခဲ့ကြပါဆီးတယ်။

၄။ ရောမခေတ်မှာ အဝတ်အစားတွေကို အရောင်တင်ဖို့ သုံးခဲ့ပါဆီးတယ်။

ဆီးကို ပိတ်စတွေကို တောက်ပစေနိုင်လို့ ရှေးပဝေသဏီ ခေတ်ကတည်းက အသုံးပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ကျောက်ချဉ်ကို အသုံးပြုပေမယ့် ရှေးခေတ်ကတော့ ဆီးကိုပဲ အသုံးပြုခဲ့ကြတာပါ။

ရောမတွေက ဒါကို အရင်ကတည်းကသိခဲ့ကြပြီး အင်္ဂလန်မှာလည်း အလယ်ခေတ်လောက်ကတည်းက အသုံးပြုခဲ့ကြပါတယ်။ သမိုင်းတွေထဲမှာတော့ ကျောက်ချဉ်ဟာ Yorkshire မှာ အခြေပြု စတင်ခဲ့ပါတယ်။ Yorkshire ကျောက်ချဉ်လုပ်ငန်း အောင်မြင်လာတဲ့အခါမှာတော့ ဆီးတွေဟာ ပိုမို လိုအပ်လာခဲ့ပါတယ်။ ဒါကြောင့် ဆီးတွေကို လန်ဒန်နှင့်နယူးကာဆယ်ကနေတောင် တင်သွင်းခဲ့ကြရပါတယ်။

၅။ ရှေးခေတ်ဆရာဝန်တွေ ဆီးကိုသောက်‌ပြီး ဆေးစစ်ကြပါတယ်။

ဒီနေ့ခေတ်မှာတော့ ဆီးချိုနဲ့ ကိုယ်ဝန်စစ်ဖို့အတွက် နည်းလမ်းတွေ အများကြီး ရှိနေပါပြီ။ ရှေးခေတ်တုန်းကတော့ ဒီလို နည်းပညာတွေ မထွန်းကားဆီးတဲ့အတွက် ဆရာဝန်တွေဟာ ရောဂါစစ်ချင်ရင် ဆီးကိုသောက်ပြီးမှ စစ်ခဲ့ကြပါတယ်။ ဆရာဝန်တွေက လူနာရဲ့ ဆီး၊ အရောင်၊ အနံ့နှင့်လိုက်ဖက်မှု ရှိမရှိကို ကြည့်ပြီး စစ်ဆေးခဲ့ကြတာပါ။

စာတမ်းတွေအရကတော့ အင်္ဂလိပ်ဆရာဝန် Thomas Willis သည်လူနာ၏ဆီးကို မြည်းစမ်းခဲ့ပါတယ်။ သူက ဒီလို စစ်ရင်းနဲ့ ဆီးချိုရောဂါကို တွေ့ရှိခဲ့တာပါ။ သူက ဘယ်လိုသိသွားလဲ ဆိုတော့ ဆီးချိုဖြစ်တဲ့ လူနာရဲ့ ဆီးဟာ ပျားရည် (သို့) သကြားရည်လို ချိုနေတာကို ခံစားမိခဲ့တာပါ။ ဒီလိုနဲ့ ရောဂါအသစ်တစ်မျိုးကို တွေ့ခဲ့ပါတယ်။

ရှေးခေတ်အီဂျစ်လူမျိုးတွေက အမျိုးသမီးတွေကို ကိုယ်ဝန်ရှိမရှိ စစ်ဆေးချင်တယ် ဆိုရင်လည်း မုယောစေ့ပေါ် ဆီးသွားခိုင်းခဲ့ပါတယ်။ ဆီးမှာပါတဲ့ ဟော်မုန်းတွေဟာ အစေ့တွေကို အပင်တောင်ပေါက်စေခဲ့ပါတယ်။ ရှေးခေတ်ကသူတွေဟာ သဘာဝပစ္စည်းတွေနဲ့တင် သိပ္ပံနည်းကျ စမ်းသပ်နိုင်ခဲ့ပါတယ်။

၆။ တရုတ်နှင့် အိန္ဒိယလယ်သမားတွေက မြေဩဇာအဖြစ်သုံးခဲ့ပါတယ်။

ယူရီးယားဟာ သီးနှံတွေကို ပိုပြီးဖြစ်ထွန်းစေတယ် ဆိုတာကို တရုတ်လယ်သမားတွေက တွေ့ခဲ့ကြပါတယ်။ ယူရီးယားကိုလည်း ဆီးကနေ လွယ်လွယ်ကူကူရရှိနိုင်ပါတယ်။ ဒါကြောင့် ရှေးခေတ်က သီးနှံတွေကို အထွက်တိုးဖို့ ဆီးကိုအသုံးပြုခဲ့ကြပါတယ်။

တရုတ်မှာသာမကပဲ အိန္ဒိယက လယ်သမားတွေကလည်း နွားကျင်ငယ်ရည်နဲ့‌ ရောပြီးတော့လည်း မြေဩဇာလုပ်ခဲ့ကြပါဆီးတယ်။ အခုအချိန်ထိ ဆီးကိုဓာတ်မြေဩဇာအဖြစ် သုံးနေပါတယ်။ သန့်စင်ထားတဲ့ဆီးက ဈေးသက်သက်သာသာနဲ့ရပြီးတော့ မြေဩဇာရှားပါးတဲ့ နေရာမှာ အသုံးပြုကြတယ်လို့ ဆိုပါတယ်။

၇။ ရှေးအာရှသားတွေဟာ ဆီးဖြင့်နှိပ်နယ်တာက သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။

ရှေးခေတ်က အာရှကလူတွေဟာ နှိပ်နယ်ရင် ဆီးကို အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ဆီးနဲ့ပဲ နှိပ်ပေးတာလား ဒါမှမဟုတ် လူအများစွန့်ပစ်ထားတဲ့ ဆီးကိုပဲသုံးပြီ းနှိပ်ပေးတာလား ဆိုတာကိုတော့ မသိခဲ့ကြပါဘူး။ ဆီးဟာ ဒဏ်ရာပေါ်မှာဖြစ်တဲ့ ဒဏ်ရာတွေနဲ့ အရေပြားရောဂါတွေကို ပျောက်ကင်းစေတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဆီးနဲ့ နှိပ်နယ်ရင်ခန္ဒာကိုယ်အတွက် ကောင်းတယ်ဆိုပြီး သုံးခဲ့ကြတာပါ။ ခေတ်သစ်လေ့လာမှုတွေအရကတော့ ဒီယုံကြည်မှုဟာ သိပ္ပံနည်းလမ်းကျ မှန်တယ်လို့ ဆိုပါတယ်။

၈။ ကျန်းမာရေးကောင်းဖို့ ဆီးကို သောက်ကြတယ်။

ရှေးကျမ်းတွေ အရကတော့ ဆီးကို သောက်တာက ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတယ်လို့ ဆိုထားပါတယ်။ ရှေးခေတ် အိန္ဒိယမှဂျပန်၊ တရုတ်နှင့်ကမ္ဘာ့အခြားနေရာတွေမှာလည်း ဆီးကို ရောဂါအမျိုးမျိုးအတွက် ကုထုံးဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဆီးနဲ့ ပတ်သက်တဲ့ ဆေးညွှန်းတွေကိုလည်း ရှေးခေတ်အီဂျစ်၊ ဂရိနှင့် ရောမတို့ကနေ ပြန်လည်တွေ့ရှိ ခဲ့ပါတယ်။

ဆေးဘက်ဆိုင်ရာ နည်းလမ်းတွေအရ မဖြစ်နိုင်ဘူးလို့ ပြောနေကြပေမယ့်လည်း တချို့နေရာတွေမှာတော့ ဆီးကိုဆေးလို သောက်နေကြတုန်းပါပဲ။

Bonus

ရောမမှာ ဆီးခွန်ကောက်ခဲ့ပါတယ်။

ရောမမြို့ကဧကရာဇ် Vespasianဟာ နိုင်ငံသူ နိုင်ငံသားအားလုံးကို ဆီးသွားချင်ရင် အများသုံးအိမ်သာမှာပဲ စွန့်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒီလိုလုပ်တာကို ကြည့်ခြင်းအားဖြင့် အဲ့ခေတ်က ဆီးကဘယ်လောက် အဖိုးတန်တယ်ဆိုကို တွေ့ရမှာပါ။ ဒီလို အမိန့်ပေးခဲ့တာကလည်း အံ့ဩစရာတော့ မဟုတ်ပါဘူး။

ပြီးတော့ စွန့်ပစ်ထားတဲ့ဆီးတွေကို စုဆောင်းပြီးတော့ အမျိုးမျိုးသော နေရာတွေမှာ ရောင်းချခဲ့ကြပါတယ်။ ဒီလိုရောင်းတဲ့အခါမှာ ဝယ်တဲ့သူရော ရောင်းတဲ့သူပါ နိုင်ငံကို အခွန်ပေးဆောင်ခဲ့ရပါတယ်။ ဆီးရဲ့ ရွှေအိုရောင်ကနေ တလက်လက်ထနေတဲ့ ငွေသားတွေအဖြစ် ပြောင်းလဲသွားပါတော့တယ်။

Zombie (Lovemedia)

for zawgyi

ေရွးေခတ္ကလူေတြ သူတို႔ရဲ႕ေသးကို ဘယ္လိုျပန္ အသုံးခ်ၾကသလဲ

က်န္းမာေရးေကာင္းတဲ့ လူတစ္ေယာက္ဟာ တစ္ေန႔ကို (၄) ႀကိမ္ကေန (၁၀) ႀကိမ္အထိ ဆီးသြားႏိုင္ပါတယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ကေတာ့ မတူညီႏိုင္ပါဘူး။ ဆီးဆိုတာ ခႏၶာကိုယ္ကေန မျဖစ္မေန စြန႔္ပစ္ရမယ့္ အညစ္အေၾကးလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ လြန္ခဲ့တဲ့ ရာစုႏွစ္ေတြ မ်ားစြာက ဘိုးေဘးေတြကေတာ့ မစြန႔္ပစ္ပဲ ေ႐ႊရည္လိုမ်ိဳးေတာင္ သေဘာထားၿပီး အသုံးျပဳခဲ့ ၾကပါဆီးတယ္။ ေရာမမွာရွိတဲ့ ဂရိလူမ်ိဳးေတြ၊ တ႐ုတ္လူမ်ိဳးေတြနဲ႔ အိႏၵိယလူမ်ိဳးေတြဟာ ဆီးကို ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အသုံးျပဳခဲ့တာကို ေတြ႕ရွိခဲ့ပါတယ္။

၁။ ေရာမေတြက သြားေတြျဖဴေအာင္ ဆီးကိုသုံးပါတယ္။

မနက္ခင္း အိပ္ရာထတဲ့အခါမွာ ပါးစပ္အနံ႔က နံေနတတ္ပါတယ္။ ဒါေပမယ့္ ေရာမေတြကေတာ့ သူတို႔ပါးစပ္ကို သန႔္ေနေအာင္ လုပ္ၿပီး သြားေတြကိုလည္း ျဖဴေစမယ့္ နည္းလမ္းကို အသုံးျပဳခဲ့ ၾကပါတယ္။ ေရာမကဗ်ာဆရာ Catullus ဟာ သူ႔ကို ၿပဳံးျပေနတဲ့ လူကို ဆက္မၿပဳံးဖို႔အတြက္ ကဗ်ာတစ္ပုဒ္ ေရးစပ္ခဲ့ပါတယ္။

ကဗ်ာရဲ႕ နိဂုံးခ်ဳပ္မွာေတာ့ “ အခုမင္းက စပိန္လူမ်ိဳးပါ။ စပိန္လူမ်ိဳးေတြလည္း အေပါ့သြားပါတယ္။ ဒါေၾကာင့္ အဲ့တာေတြနဲ႔ မင္းရဲ႕သြားဖုံးနီနီႀကီးနဲ႔ သြားေတြကို သန႔္ရွင္း‌ေရးလုပ္ပါ။ ” လို႔ ေရးထားခဲ့ဖူးပါတယ္။

နည္းပညာေတြအရေတာ့ ဆီးမွာ အမိုးနီးယားဓာတ္ ပါဝင္ပါတယ္။ အခ်ိန္ၾကာေလ ဆီးမွာရွိတဲ့ ယူရီးယားဓာတ္က အားေကာင္းတဲ့ အမိုးနီးယားျဖစ္လာေလပါပဲ။ ဒီဓာတ္က အစြန္းအထင္းေတြကို ေခ်ဖ်က္ေပးၿပီး သြားေတြကိုလည္း တကယ္ျဖဴေစပါတယ္။

၂။ Pompeii ၿမိဳ႕က ခဝါသည္မ်ား

အိမ္သန႔္ရွင္းေရးသုံး ဆပ္ျပာအမ်ားစုမွာ အမိုးနီးယားေတြ ပါဝင္ပါတယ္။ သူက ေဂ်းေတြ၊ ဆီေတြ၊ အညစ္အေၾကးေတြကို ေခ်ဖ်က္ေပးႏိုင္ပါတယ္။ ၿပီးေတာ့ စြန႔္ပစ္ၿပီးသား ဆီးအေဟာင္းေတြမွာလည္း အမိုးနီးယားကို ေတြ႕ႏိုင္ပါေသးတယ္။

Pompeii မွာရွိတဲ့ အဝတ္ေလွ်ာ္တဲ့ သူေတြကလည္း ဆီးဟာ အဝတ္ေတြကို ျဖဴၿပီးသန႔္စင္ေစတဲ့ အေၾကာင္းကို သိခဲ့ၾကပါတယ္။ ဒါေၾကာင့္ အဝတ္ေလွ်ာ္မယ္ဆိုရင္ မစင္ေတြ၊ ဆီးေတြ စြန႔္ပစ္ထားတဲ့ေနရာမွာ အဝတ္ေတြကို အရင္စိမ္ ထားတတ္ၾကပါတယ္။ ဒီလို အဝတ္ေလွ်ာ္တာကိုေတာ့ fullonicas လို႔ေခၚပါတယ္။

၃။ ဂရိက ေဆးဆရာေတြက ဝက္ၿခံေပ်ာက္ဖို႔ ဆီးကို သုံးခိုင္းပါတယ္။

ေလ့လာခ်က္ေတြအရ ယူရီးယားက အေရျပားအတြက္ အလြန္ေကာင္းပါတယ္။ သူတို႔ကို အလွကုန္သုံးပစၥည္း ေတာ္ေတာ္မ်ားမ်ားမွာလည္း ေတြ႕နိင္ပါဆီးတယ္။ ဒါေပမယ့္ ဒီေန႔ေခတ္မွာေတာ့ ဘယ္ဆရာဝန္ကမွ ဝက္ၿခံေပ်ာက္ေအာင္ ဆီးကိုသုံးဖို ႔ၫႊန္းမွာမဟုတ္ပါဘူး။

တကယ္လို႔ သင္သာ ေရာမေခတ္ (ဒါမွမဟုတ္) အိႏၵိယမွာ ေမြးဖြားခဲ့မယ္ ဆိုရင္ေတာ့ ဝက္ၿခံေပါက္လာရင္ ဆီးကို အသုံးျပဳခိုင္းမွာပါ။ ဘယ္ေလာက္ေတာင္ အသုံးျပဳခဲ့လဲဆိုေတာ့ “ေ႐ႊေသြး” နဲ႔ “elixir of life” ဆိုၿပီးေတာ့ေတာင္ ကဗ်ာေတြ စပ္ခဲ့ၾကပါဆီးတယ္။

၄။ ေရာမေခတ္မွာ အဝတ္အစားေတြကို အေရာင္တင္ဖို႔ သုံးခဲ့ပါဆီးတယ္။

ဆီးကို ပိတ္စေတြကို ေတာက္ပေစႏိုင္လို႔ ေရွးပေဝသဏီ ေခတ္ကတည္းက အသုံးျပဳခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ဒီေန႔ေခတ္မွာေတာ့ ေက်ာက္ခ်ဥ္ကို အသုံးျပဳေပမယ့္ ေရွးေခတ္ကေတာ့ ဆီးကိုပဲ အသုံးျပဳခဲ့ၾကတာပါ။

ေရာမေတြက ဒါကို အရင္ကတည္းကသိခဲ့ၾကၿပီး အဂၤလန္မွာလည္း အလယ္ေခတ္ေလာက္ကတည္းက အသုံးျပဳခဲ့ၾကပါတယ္။ သမိုင္းေတြထဲမွာေတာ့ ေက်ာက္ခ်ဥ္ဟာ Yorkshire မွာ အေျချပဳ စတင္ခဲ့ပါတယ္။ Yorkshire ေက်ာက္ခ်ဥ္လုပ္ငန္း ေအာင္ျမင္လာတဲ့အခါမွာေတာ့ ဆီးေတြဟာ ပိုမို လိုအပ္လာခဲ့ပါတယ္။ ဒါေၾကာင့္ ဆီးေတြကို လန္ဒန္ႏွင့္နယူးကာဆယ္ကေနေတာင္ တင္သြင္းခဲ့ၾကရပါတယ္။

၅။ ေရွးေခတ္ဆရာဝန္ေတြ ဆီးကိုေသာက္‌ၿပီး ေဆးစစ္ၾကပါတယ္။

ဒီေန႔ေခတ္မွာေတာ့ ဆီးခ်ိဳနဲ႔ ကိုယ္ဝန္စစ္ဖို႔အတြက္ နည္းလမ္းေတြ အမ်ားႀကီး ရွိေနပါၿပီ။ ေရွးေခတ္တုန္းကေတာ့ ဒီလို နည္းပညာေတြ မထြန္းကားဆီးတဲ့အတြက္ ဆရာဝန္ေတြဟာ ေရာဂါစစ္ခ်င္ရင္ ဆီးကိုေသာက္ၿပီးမွ စစ္ခဲ့ၾကပါတယ္။ ဆရာဝန္ေတြက လူနာရဲ႕ ဆီး၊ အေရာင္၊ အနံ႔ႏွင့္လိုက္ဖက္မႈ ရွိမရွိကို ၾကည့္ၿပီး စစ္ေဆးခဲ့ၾကတာပါ။

စာတမ္းေတြအရကေတာ့ အဂၤလိပ္ဆရာဝန္ Thomas Willis သည္လူနာ၏ဆီးကို ျမည္းစမ္းခဲ့ပါတယ္။ သူက ဒီလို စစ္ရင္းနဲ႔ ဆီးခ်ိဳေရာဂါကို ေတြ႕ရွိခဲ့တာပါ။ သူက ဘယ္လိုသိသြားလဲ ဆိုေတာ့ ဆီးခ်ိဳျဖစ္တဲ့ လူနာရဲ႕ ဆီးဟာ ပ်ားရည္ (သို႔) သၾကားရည္လို ခ်ိဳေနတာကို ခံစားမိခဲ့တာပါ။ ဒီလိုနဲ႔ ေရာဂါအသစ္တစ္မ်ိဳးကို ေတြ႕ခဲ့ပါတယ္။

ေရွးေခတ္အီဂ်စ္လူမ်ိဳးေတြက အမ်ိဳးသမီးေတြကို ကိုယ္ဝန္ရွိမရွိ စစ္ေဆးခ်င္တယ္ ဆိုရင္လည္း မုေယာေစ့ေပၚ ဆီးသြားခိုင္းခဲ့ပါတယ္။ ဆီးမွာပါတဲ့ ေဟာ္မုန္းေတြဟာ အေစ့ေတြကို အပင္ေတာင္ေပါက္ေစခဲ့ပါတယ္။ ေရွးေခတ္ကသူေတြဟာ သဘာဝပစၥည္းေတြနဲ႔တင္ သိပၸံနည္းက် စမ္းသပ္ႏိုင္ခဲ့ပါတယ္။

၆။ တ႐ုတ္ႏွင့္ အိႏၵိယလယ္သမားေတြက ေျမဩဇာအျဖစ္သုံးခဲ့ပါတယ္။

ယူရီးယားဟာ သီးႏွံေတြကို ပိုၿပီးျဖစ္ထြန္းေစတယ္ ဆိုတာကို တ႐ုတ္လယ္သမားေတြက ေတြ႕ခဲ့ၾကပါတယ္။ ယူရီးယားကိုလည္း ဆီးကေန လြယ္လြယ္ကူကူရရွိႏိုင္ပါတယ္။ ဒါေၾကာင့္ ေရွးေခတ္က သီးႏွံေတြကို အထြက္တိုးဖို႔ ဆီးကိုအသုံးျပဳခဲ့ၾကပါတယ္။

တ႐ုတ္မွာသာမကပဲ အိႏၵိယက လယ္သမားေတြကလည္း ႏြားက်င္ငယ္ရည္နဲ႔‌ ေရာၿပီးေတာ့လည္း ေျမဩဇာလုပ္ခဲ့ၾကပါဆီးတယ္။ အခုအခ်ိန္ထိ ဆီးကိုဓာတ္ေျမဩဇာအျဖစ္ သုံးေနပါတယ္။ သန႔္စင္ထားတဲ့ဆီးက ေဈးသက္သက္သာသာနဲ႔ရၿပီးေတာ့ ေျမဩဇာရွားပါးတဲ့ ေနရာမွာ အသုံးျပဳၾကတယ္လို႔ ဆိုပါတယ္။

၇။ ေရွးအာရွသားေတြဟာ ဆီးျဖင့္ႏွိပ္နယ္တာက သက္သာေစတယ္လို႔ ယုံၾကည္ၾကပါတယ္။

ေရွးေခတ္က အာရွကလူေတြဟာ ႏွိပ္နယ္ရင္ ဆီးကို အသုံးျပဳခဲ့ၾကပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ဆီးနဲ႔ပဲ ႏွိပ္ေပးတာလား ဒါမွမဟုတ္ လူအမ်ားစြန႔္ပစ္ထားတဲ့ ဆီးကိုပဲသုံးၿပီ းႏွိပ္ေပးတာလား ဆိုတာကိုေတာ့ မသိခဲ့ၾကပါဘူး။ ဆီးဟာ ဒဏ္ရာေပၚမွာျဖစ္တဲ့ ဒဏ္ရာေတြနဲ႔ အေရျပားေရာဂါေတြကို ေပ်ာက္ကင္းေစတယ္လို႔ ယုံၾကည္ခဲ့ၾကပါတယ္။ ဒါေၾကာင့္လည္း ဆီးနဲ႔ ႏွိပ္နယ္ရင္ခႏၵာကိုယ္အတြက္ ေကာင္းတယ္ဆိုၿပီး သုံးခဲ့ၾကတာပါ။ ေခတ္သစ္ေလ့လာမႈေတြအရကေတာ့ ဒီယုံၾကည္မႈဟာ သိပၸံနည္းလမ္းက် မွန္တယ္လို႔ ဆိုပါတယ္။

၈။ က်န္းမာေရးေကာင္းဖို႔ ဆီးကို ေသာက္ၾကတယ္။

ေရွးက်မ္းေတြ အရကေတာ့ ဆီးကို ေသာက္တာက က်န္းမာေရးကို အေထာက္အကူ ျဖစ္ေစတယ္လို႔ ဆိုထားပါတယ္။ ေရွးေခတ္ အိႏၵိယမွဂ်ပန္၊ တ႐ုတ္ႏွင့္ကမာၻ႔အျခားေနရာေတြမွာလည္း ဆီးကို ေရာဂါအမ်ိဳးမ်ိဳးအတြက္ ကုထုံးျဖစ္တယ္လို႔ ယုံၾကည္ထားၾကပါတယ္။ ဆီးနဲ႔ ပတ္သက္တဲ့ ေဆးၫႊန္းေတြကိုလည္း ေရွးေခတ္အီဂ်စ္၊ ဂရိႏွင့္ ေရာမတို႔ကေန ျပန္လည္ေတြ႕ရွိ ခဲ့ပါတယ္။

ေဆးဘက္ဆိုင္ရာ နည္းလမ္းေတြအရ မျဖစ္ႏိုင္ဘူးလို႔ ေျပာေနၾကေပမယ့္လည္း တခ်ိဳ႕ေနရာေတြမွာေတာ့ ဆီးကိုေဆးလို ေသာက္ေနၾကတုန္းပါပဲ။

Bonus

ေရာမမွာ ဆီးခြန္ေကာက္ခဲ့ပါတယ္။

ေရာမၿမိဳ႕ကဧကရာဇ္ Vespasianဟာ ႏိုင္ငံသူ ႏိုင္ငံသားအားလုံးကို ဆီးသြားခ်င္ရင္ အမ်ားသုံးအိမ္သာမွာပဲ စြန႔္ဖို႔ အမိန႔္ေပးခဲ့ပါတယ္။ ဒီလိုလုပ္တာကို ၾကည့္ျခင္းအားျဖင့္ အဲ့ေခတ္က ဆီးကဘယ္ေလာက္ အဖိုးတန္တယ္ဆိုကို ေတြ႕ရမွာပါ။ ဒီလို အမိန႔္ေပးခဲ့တာကလည္း အံ့ဩစရာေတာ့ မဟုတ္ပါဘူး။

ၿပီးေတာ့ စြန႔္ပစ္ထားတဲ့ဆီးေတြကို စုေဆာင္းၿပီးေတာ့ အမ်ိဳးမ်ိဳးေသာေနရာေတြမွာ ေရာင္းခ်ခဲ့ၾကပါတယ္။ ဒီလိုေရာင္းတဲ့အခါမွာ ဝယ္တဲ့သူေရာ ေရာင္းတဲ့သူပါ ႏိုင္ငံကို အခြန္ေပးေဆာင္ခဲ့ရပါတယ္။ ဆီးရဲ႕ ေ႐ႊအိုေရာင္ကေန တလက္လက္ထေနတဲ့ ေငြသားေတြအျဖစ္ ေျပာင္းလဲသြားပါေတာ့တယ္။

Zombie (Lovemedia)

Post a Comment

0 Comments