ဆီးအရောင် (၁၁) မျိုးက ပြောပြတဲ့ သင့်ကျန်းမာရေး
ဆီးအရောင်က သင့်ရဲ့ကျန်းမာရေးကို ပြောပြပေးနိုင်ပါတယ်။ သင်က ဘာအစားအစာပဲ စားထားစားထား ကိစ္စမရှိပါဘူး။ သင့်ဆီးအရောင်က ကျန်းမာရေး အခြေအနေကို ပြောပြနိုင်ပါတယ်။
၁။ အကြည်
အရောင်မပါတဲ့ ဆီးက သင့်ခန္ဓာကိုယ်မှာ ရေဓါတ် အလွန်များပြားနေကြောင်း ပြသတာပါ။ ရေတွေကို လိုအပ်တာထက် ပိုသောက်တဲ့အခါ မရှိမဖြစ် လိုအပ်တဲ့ ဆားဓါတ်တွေက ပျော်ဝင်သွားပါတယ်။ အဲဒါကြောင့် ရေကိုလည်း လိုတာထက်ပိုပြီး မသောက်သင့်ပါဘူး။
၂။ အဝါဖျော့ရောင်
သင့်ရဲ့ဆီးက အဝါဖျော့ရောင် ဆိုရင်တော့ ဝမ်းသာစရာပါ။ သင်က ကျန်းမာပြီး ရေဓါတ်မျှတတာကို ဖော်ပြတာပါ။
၃။ အဝါရင့်ရောင်
အဝါရင့်ရောင်ကလည်း ခန္ဓာကိုယ် ကျန်းမာရေး ကောင်းတဲ့ထဲမှာ ပါဝင်နေပါသေးတယ်။ ဒါပေမယ့် ရေသောက်ဖို့တော့ လိုအပ်ပါတယ်။
၄။ ပယင်းရောင်
ပယင်းရောင်ကတော့ မကောင်းပါဘူး။ သင့်ခန္ဓာကိုယ်မှာ ရေဓါတ် လိုအပ်နေတာပါ။ ဘလက်ဘယ်ရီသီးလို အစားအစာတွေ စားတဲ့အခါနဲ့ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါတွေမှာ ဆီးက ပယင်းရောင် ဖြစ်တတ်ပါတယ်။
၅။ လိမ္မော်ရောင်
ဆီးက လိမ္မော်ဖျော့ရောင် ဖြစ်တာကလည်း ရေဓါတ် ခန်းခြောက်တာပါပဲ။ သည်းခြေရည်ပြွန်နဲ့ အသည်းမှာ ပြဿနာရှိတဲ့အခါ၊ ဆေးဆိုးအစားအစာတွေ စားမိတဲ့အခါတွေမှာလည်း လိမ္မော်ဖျော့ရောင် ဖြစ်ပါတယ်။ အလွန်အမင်း ရေဓါတ်ခန်းခြောက်ခြင်း၊ Rhabdomyolists ရောဂါနဲ့ Gilbert Syndrome ရောဂါဖြစ်တဲ့အခါ ဆီးအရောင်က လိမ္မော်ရင့်ရောင် ဖြစ်သွားပါတယ်။
၆။ ပန်းရောင်
ပီတမုန်လာနဲ့ ဘလူးဘယ်ရီသီးတွေ စားမိတဲ့အခါ ဆီးအရောင်က ပန်းရောင် ဖြစ်သွားတတ်ပါတယ်။ ဆရာဝန်ဆီ သွားပြစရာ မလိုပါဘူး။
၇။ အနီရောင်
ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ၊ ဆီးလမ်းကြောင်းမှာ ပိုးဝင်တဲ့အခါ ဆီးက အနီရောင် ဖြစ်သွားပါတယ်။ အမျိုးသားတွေမှာ ဆီးကျိတ်ပြဿနာ ရှိတဲ့အခါမှာလည်း အနီရောင် ဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
၈။ အစိမ်းရောင်
အစိမ်းရောင်က တွေ့ရခဲတဲ့ ဆီးအရောင်ပါ။ ကညွတ်တွေ အစားများရင် အစိမ်းရောင် ဖြစ်သွားတတ်ပါတယ်။ တစ်ခါတရံမှာလည်း ဆီးလမ်းကြောင်း ပိုးဝင်ရင် အစိမ်းရောင် ဖြစ်တတ်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
၉။ အပြာရောင်
ဆီးအပြာရောင် ဖြစ်တာကလည်း ဆိုးဆေး ပါဝင်တဲ့ အစားအစာကြောင့်ပါ။ တွေ့ရခဲတဲ့ သွေးတွင်းကယ်လ်ဆီယမ် များတဲ့အခါမှာလည်း ဆီးက အပြာရောင်ဖြစ်တာကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
၁၀။ အညိုရင့် သို့မဟုတ် အနက်ရောင်
ဆီးအညိုရင့်ရောင် ဖြစ်တာက အရောင်ပါတဲ့ အစားအစာကြောင့်လည်း ဖြစ်နိုင်သလို ရေဓါတ် အလွန်လိုအပ်ရင်လည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ များလာတဲ့အခါ၊ အသည်းရောဂါတွေနဲ့ သက်ဆိုင်နေတဲ့အခါ ဆီးက အညိုရင့် ဖြစ်တတ်တာကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
၁၁။ အဖြူရောင်
ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ဆီးက အဖြူရောင် ဖြစ်သွားပြီး အနံ့လည်း ဆိုးလာပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ ဖော့စဖိတ်နဲ့ ကယ်လ်ဆီယမ် များတဲ့အခါမှာလည်း ဆီးအဖြူရောင်တွေ တွေ့ရနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသင့်ပါတယ်။
Zombie (Lovemedia)
for zawgyi
၁။ အကြည်
၂။ အဝါဖျော့ရောင်
၃။ အဝါရင့်ရောင်
၎။ ပယင်းရောင်
၅။ လိမ္မော်ရောင်
၆။ ပန်းရောင်
၇။ အနီရောင်
၈။ အစိမ်းရောင်
၉။ အပြာရောင်
၁၁။ အဖြူရောင်
Zombie (Lovemedia)
Post a Comment
0 Comments