အားပေးစကား

တစ်ခါတုန်းက ခရီးသွား ကုန်သည်အဖွဲ့ တစ်ဖွဲ့ဟာ တောင်တန်းတစ်ခုကို ဖြတ်ပြီး ခရီးသွားကြရင် မထင်မှတ်ပဲ အဖွဲ့ထဲမှ တစ်ယောက်ဟာ ခြေချော်ပီး ဂျောက် ကမ်းပါးထဲ ကို ပြုတ်ကျ သွားခဲ့တယ် ။ ပြုတ်ကျသူဟာ ဂျောက်ကမ်းပါးရဲ့ ထက်ဝက်မှာ ရှိတဲ့ ကျောက်စွယ်လေးမှာ တင်နေတယ်။

ဂျောက်ကမ်းပါးကြီး ကလဲ အင်မတန်မှ နက်ရှိုင်းတော့ ဘယ်သူမှလည်း ဆင်း မကယ်ဝံ့ ကြဘူးပေါ့ ။ ဒီတော့ ကုန်သည်အဖွဲ့က ပြုတ်ကျသူ ကို ကူညီဖို့ဟာ တကယ့်ကို မလွယ်ကူဘူး။ သူဟာ သေလူ ဖြစ်သွား ပါပြီ။ ဒီတော့ သူ့အိမ်ကို ဘာများ မှာချင်လဲ ဆိုပြီး ကမ်းပါးထိပ် ကနေ အော်ဟစ်ပြီး မေးကြမယ် ဆိုပီး..

" ဟေ့လူ မင်းဟာ မကြာခင် သေရတော့မယ်။ ဒီဂျောက် ကမ်းပါးကြီးကို မင်း တက်နိုင်မှာ မဟုတ်ဘူး။ ငါတို့လည်း ဆင်းကယ်လို့ မရနိုင်ဘူး။ ဒီတော့ မင်းအိမ်က မိသားစုကို ဘာတွေမှာချင်လဲ ပြော ငါတို့ သွားပြောပေးမယ် " လို့ အော်ပြောကြသတဲ့ ။

ဒီအချိန်မှာ ပြုတ်ကျသူဟာ ဂျောက်ကမ်းပါးကြီးကို ကုတ်ခြစ်ပီး တက်ဖို့ ကြိုးစားပါတော့တယ် ။

ကမ်းပါးထိပ်က အဖွဲ့ကလဲ တက်ဖို့ မကြိုးစားနဲ့တော့ ဆက်ပီး အောက်ကို ပြုတ်ကျလိမ့်မယ် ၊ မင်းအိမ်ကို မှာချင်တဲ့ စကားကိုသာ ငါတို့ကိုပြောပါ။ အဖွဲ့ကရမယ့် မင်းရဲ့ ဝေစုကိုလဲ မင်းအိမ်ကို ပေးပေးပါ့မယ် လို့ အော်ဟစ်ပြောဆို ကြပြန်တယ်။

အဲ့ဒီလိုပြောလေ ပြုတ်ကျသူဟာ ကြိုးစားပီး ကုတ်ခြစ်တက်လာလေပါပဲ။ ဒီလိုနဲ့ တက်လာလိုက်တာ မယုံနိုင်အောင်ပဲ သူဟာ အပေါ်ကို ရောက်လာနိုင်ခဲ့ပါတယ် ။ ဒီတော့မှ အပေါ်က သူ့အဖွဲ့ဟာ ဝမ်းသာအားရဖြစ်ပြီး..

" မင်းကို မဖြစ်နိုင်ပါဘူး မကြိုးစားနဲ့တော့လို့ ပြောတာကို ဂရုမစိုက်ပဲ ဘာလို့ ဇွတ်အတင်း တက်လာနိုင်ခဲ့တာလဲ " လို့ ဝိုင်းမေးကြတော့..

" ငါဟာ နား သိပ်မကြားတဲ့သူ တစ်ယောက်ပါ။ မင်းတို့ ပြောတာကို ငါ မကြားဘူး။ ငါက မင်းတို့ဟာ ငါ့ကို အပေါ် တက်ဖို့ တိုက်တွန်း အားပေး နေကြတာ လို့ ထင်တာနဲ့ အားကြိုး မာန်တက် တက်လာခဲ့တာပါ " လို့ ပြန်ပြောလိုက် ပါတော့တယ်။

ဒီလိုပါပဲ ၊ ဘဝမှာ အောင်မြင်ဖို့ အတွက် အခက်အခဲတွေ ပြဿနာတွေနဲ့ ရင်ဆိုင် ရတဲ့အခါ ပတ်ဝန်းကျင်ရဲ့ အထင်သေး ကဲ့ရဲ့ ထိုးနှက်ချက် စကားတွေကို လျစ်လျူရှုပြီး သင့်ရဲ့ ခွန်အားတွေ အဖြစ် အသုံးချလိုက်ပါ ။

ဓမ္မအလင်းရောင်

for zawgyi

အားေပးစကား

တစ္ခါတုန္းက ခရီးသြား ကုန္သည္အဖြဲ႕ တစ္ဖြဲ႕ဟာ ေတာင္တန္းတစ္ခုကို ျဖတ္ၿပီး ခရီးသြားၾကရင္ မထင္မွတ္ပဲ အဖြဲ႕ထဲမွ တစ္ေယာက္ဟာ ေျခေခ်ာ္ပီး ေဂ်ာက္ ကမ္းပါးထဲ ကို ျပဳတ္က် သြားခဲ့တယ္ ။ ျပဳတ္က်သူဟာ ေဂ်ာက္ကမ္းပါးရဲ႕ ထက္ဝက္မွာ ရွိတဲ့ ေက်ာက္စြယ္ေလးမွာ တင္ ေနတယ္။

ေဂ်ာက္ကမ္းပါးႀကီး ကလဲ အင္မတန္မွ နက္ရႈိင္းေတာ့ ဘယ္သူမွလည္း ဆင္း မကယ္ဝံ့ ၾကဘူးေပါ့ ။ ဒီေတာ့ ကုန္သည္အဖြဲ႕က ျပဳတ္က်သူ ကို ကူညီဖို႔ဟာ တကယ့္ကို မလြယ္ကူဘူး။ သူဟာ ေသလူ ျဖစ္သြား ပါၿပီ။ ဒီေတာ့ သူ႔အိမ္ကို ဘာမ်ား မွာခ်င္လဲ ဆိုၿပီး ကမ္းပါးထိပ္ ကေန ေအာ္ဟစ္ၿပီး ေမးၾကမယ္ ဆိုပီး..

" ေဟ့လူ မင္းဟာ မၾကာခင္ ေသရေတာ့မယ္။ ဒီေဂ်ာက္ ကမ္းပါးႀကီးကို မင္း တက္ႏိုင္မွာ မဟုတ္ဘူး။ ငါတို႔လည္း ဆင္းကယ္လို႔ မရႏိုင္ဘူး။ ဒီေတာ့ မင္းအိမ္က မိသားစုကို ဘာေတြမွာခ်င္လဲ ေျပာ ငါတို႔ သြားေျပာေပးမယ္ " လို႔ ေအာ္ေျပာၾကသတဲ့ ။

ဒီအခ်ိန္မွာ ျပဳတ္က်သူဟာ ေဂ်ာက္ကမ္းပါးႀကီးကို ကုတ္ျခစ္ပီး တက္ဖို႔ ႀကိဳးစားပါေတာ့တယ္ ။

ကမ္းပါးထိပ္က အဖြဲ႕ကလဲ တက္ဖို႔ မႀကိဳးစားနဲ႔ေတာ့ ဆက္ပီး ေအာက္ကို ျပဳတ္က်လိမ့္မယ္ ၊ မင္းအိမ္ကို မွာခ်င္တဲ့ စကားကိုသာ ငါတို႔ကိုေျပာပါ။ အဖြဲ႕ကရမယ့္ မင္းရဲ႕ ေဝစုကိုလဲ မင္းအိမ္ကို ေပးေပးပါ့မယ္ လို႔ ေအာ္ဟစ္ေျပာဆို ၾကျပန္တယ္။

အဲ့ဒီလိုေျပာေလ ျပဳတ္က်သူဟာ ႀကိဳးစားပီး ကုတ္ျခစ္တက္လာေလပါပဲ။ ဒီလိုနဲ႔ တက္လာလိုက္တာ မယုံႏိုင္ေအာင္ပဲ သူဟာ အေပၚကို ေရာက္လာႏိုင္ခဲ့ပါတယ္ ။ ဒီေတာ့မွ အေပၚက သူ႔အဖြဲ႕ဟာ ဝမ္းသာအားရျဖစ္ၿပီး..

" မင္းကို မျဖစ္ႏိုင္ပါဘူး မႀကိဳးစားနဲ႔ေတာ့လို႔ ေျပာတာကို ဂ႐ုမစိုက္ပဲ ဘာလို႔ ဇြတ္အတင္း တက္လာႏိုင္ခဲ့တာလဲ " လို႔ ဝိုင္းေမးၾကေတာ့..

" ငါဟာ နား သိပ္မၾကားတဲ့သူ တစ္ေယာက္ပါ။ မင္းတို႔ ေျပာတာကို ငါ မၾကားဘူး။ ငါက မင္းတို႔ဟာ ငါ့ကို အေပၚ တက္ဖို႔ တိုက္တြန္း အားေပး ေနၾကတာ လို႔ ထင္တာနဲ႔ အားႀကိဳး မာန္တက္ တက္လာခဲ့တာပါ " လို႔ ျပန္ေျပာလိုက္ ပါေတာ့တယ္။

ဒီလိုပါပဲ ၊ ဘဝမွာ ေအာင္ျမင္ဖို႔ အတြက္ အခက္အခဲေတြ ျပႆနာေတြနဲ႔ ရင္ဆိုင္ ရတဲ့အခါ ပတ္ဝန္းက်င္ရဲ႕ အထင္ေသး ကဲ့ရဲ႕ ထိုးႏွက္ခ်က္ စကားေတြကို လ်စ္လ်ဴရႈၿပီး သင့္ရဲ႕ ခြန္အားေတြ အျဖစ္ အသုံးခ်လိုက္ပါ ။

ဓမၼအလင္းေရာင္

Post a Comment

0 Comments