ခရုသင်းရောဂါက ဘရာဇီးလူမျိုး ၃ သန်းနီးပါးမှာ အဖြစ်များပါတယ်။ ခရုသင်းရောဂါကို ကုသနိုင်မယ့် အခြေအနေတွေ အများကြီး ရှိပေမယ့် အခက်အခဲဆုံး အရာကတော့ ခရုသင်းရောဂါ ဖြစ်နေသူအပေါ်ထားတဲ့ တချို့လူတွေရဲ့ လွဲမှားတဲ့အမြင်ပါ။
João Stanganelli က အသက် ၆၄ နှစ်ရှိပါပြီ။ ခရုသင်းရောဂါရဲ့ လက္ခဏာတွေက အသက် ၃၈ နှစ်မှာ စတင်ပြလာခဲ့ပါတယ်။ João က အစားအသောက်စက်ရုံတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ဒါပေမယ့် နှလုံးရောဂါကြောင့် သူ့ဘဝက လုံးဝ ပြောင်းလဲသွားပါတယ်။ ဒါပေမယ့် João က နှလုံးရောဂါကို အာရုံမစိုက်ခဲ့ပါဘူး။
သူ့ရဲ့စိတ်ကို ပျော်ရွှင်အောင်၊ ကျန်းမာအောင်၊ တက်ကြွအောင် လုပ်နိုင်မယ့် ဝါသနာတစ်ခုခု လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့အမျိုးသမီး Marilena နဲ့အတူ ချည်တစ်ချောင်းထိုးတာ သင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ချည်တစ်ချောင်းထိုးတာက João အတွက် မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် အလျှော့မပေးဘဲ ဆက်လက်ကြိုးစားခဲ့ပါတယ်။
သင်ပြီး ၅ ရက်ကြာမှာတော့ ပထမဆုံး အရုပ်လေးကို ပြုလုပ်နိုင်ခဲ့ပါတယ်။ လူတိုင်းက João ရဲ့ တစ်ချောင်းထိုး အရုပ်လေးကို မရနိုင်ပါဘူး။ ချည်တစ်ချောင်းထိုးတာက လက်တွေကို အသားမာ တက်စေကြောင်း João က ရှင်းပြခဲ့ပါတယ်။ အဲဒါကြောင့် လူတချို့ကိုသာ အရုပ်လေးတွေ လုပ်ပေးခဲ့ပါတယ်။ အရုပ်လေးတွေကို စတင်ပြုလုပ်ရတဲ့ အကြောင်းကတော့ သူ့ရဲ့မြေးမလေးကို ပေးဖို့ပါ။
João က သူ့ကို အမြဲ မှတ်မိနေစေမယ့် အထူးလက်ဆောင်လေးတွေကို မြေးမလေးကို ပေးချင်ပါတယ်။ အဲဒါကြောင့် João က Vitilinda ဆိုတဲ့ ခရုသင်းစွဲနေတဲ့ အရုပ်မလေးကို ချည်နဲ့ဖန်တီးခဲ့ပါတယ်။ အရုပ်မလေး Vitilinda ရဲ့ မျက်နှာမှာလည်း အစက်အပျောက်တွေ ပါဝင်ပါတယ်။ Vitilinda အရုပ်လေး အောင်မြင်ပြီးနောက်မှာတော့ João က ချည်တွေနဲ့ အရုပ်လေးတွေ ဆက်ထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
နောက်ထပ် အရုပ်တွေကိုလည်း လူအများက သဘောကျခဲ့ပါတယ်။ João ရဲ့ အဓိကရည်ရွယ်ချက်က ခရုသင်းဖြစ်နေတဲ့ ကလေးတွေကို ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားစေဖို့၊ စိတ်ဓါတ်မကျစေဖို့ပါ။ João ရဲ့ အရုပ်လေးတွေကို ပိုင်ဆိုင်သွားသူတွေကလည်း အရုပ်လေးတွေကို တန်ဖိုးထားကြပါတယ်။ João ကလည်း အရုပ်လေးတွေကို နေ့စဉ်ဖန်တီးရတာကို ပျော်ရွှင်နေပါတယ်။
" ကျွန်တော့်ဆီမှာ ရှိတဲ့ အစက်အပြောက်တွေက လှပါတယ်။ ကျွန်တော့်ကို နာကျင်စေတာကတော့ လူတွေရဲ့ အကျင့်စရိုက်တွေထဲက အပြစ်အနာအဆာတွေပါပဲ " လို့ João က ပြောပြပါတယ်။
Zombie (Lovemedia)
for zawgyi
ခ႐ုသင္းျဖစ္ေနတဲ့ ကေလးေတြကို အားေပးဖို႔ အ႐ုပ္ေလးေတြ ျပဳလုပ္ေပးတဲ့အဘိုး
ခ႐ုသင္းေရာဂါက ဘရာဇီးလူမ်ိဳး ၃ သန္းနီးပါးမွာ အျဖစ္မ်ားပါတယ္။ ခ႐ုသင္းေရာဂါကို ကုသႏိုင္မယ့္ အေျခအေနေတြ အမ်ားႀကီး ရွိေပမယ့္ အခက္အခဲဆုံး အရာကေတာ့ ခ႐ုသင္းေရာဂါ ျဖစ္ေနသူအေပၚထားတဲ့ တခ်ိဳ႕လူေတြရဲ႕ လြဲမွားတဲ့အျမင္ပါ။
João Stanganelli က အသက္ ၆၄ ႏွစ္ရွိပါၿပီ။ ခ႐ုသင္းေရာဂါရဲ႕ လကၡဏာေတြက အသက္ ၃၈ ႏွစ္မွာ စတင္ျပလာခဲ့ပါတယ္။ João က အစားအေသာက္စက္႐ုံတစ္ခုမွာ အလုပ္လုပ္ပါတယ္။ ဒါေပမယ့္ ႏွလုံးေရာဂါေၾကာင့္ သူ႔ဘဝက လုံးဝ ေျပာင္းလဲသြားပါတယ္။ ဒါေပမယ့္ João က ႏွလုံးေရာဂါကို အာ႐ုံမစိုက္ခဲ့ပါဘူး။
သူ႔ရဲ႕စိတ္ကို ေပ်ာ္႐ႊင္ေအာင္၊ က်န္းမာေအာင္၊ တက္ႂကြေအာင္ လုပ္ႏိုင္မယ့္ ဝါသနာတစ္ခုခု လုပ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ အဲဒီေနာက္မွာေတာ့ သူ႔ရဲ႕အမ်ိဳးသမီး Marilena နဲ႔အတူ ခ်ည္တစ္ေခ်ာင္းထိုးတာ သင္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ခ်ည္တစ္ေခ်ာင္းထိုးတာက João အတြက္ မလြယ္ကူခဲ့ပါဘူး။ ဒါေပမယ့္ အေလွ်ာ့မေပးဘဲ ဆက္လက္ႀကိဳးစားခဲ့ပါတယ္။
သင္ၿပီး ၅ ရက္ၾကာမွာေတာ့ ပထမဆုံး အ႐ုပ္ေလးကို ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ လူတိုင္းက João ရဲ႕ တစ္ေခ်ာင္းထိုး အ႐ုပ္ေလးကို မရႏိုင္ပါဘူး။ ခ်ည္တစ္ေခ်ာင္းထိုးတာက လက္ေတြကို အသားမာ တက္ေစေၾကာင္း João က ရွင္းျပခဲ့ပါတယ္။ အဲဒါေၾကာင့္ လူတခ်ိဳ႕ကိုသာ အ႐ုပ္ေလးေတြ လုပ္ေပးခဲ့ပါတယ္။ အ႐ုပ္ေလးေတြကို စတင္ျပဳလုပ္ရတဲ့ အေၾကာင္းကေတာ့ သူ႔ရဲ႕ေျမးမေလးကို ေပးဖို႔ပါ။
João က သူ႔ကို အၿမဲ မွတ္မိေနေစမယ့္ အထူးလက္ေဆာင္ေလးေတြကို ေျမးမေလးကို ေပးခ်င္ပါတယ္။ အဲဒါေၾကာင့္ João က Vitilinda ဆိုတဲ့ ခ႐ုသင္းစြဲေနတဲ့ အ႐ုပ္မေလးကို ခ်ည္နဲ႔ဖန္တီးခဲ့ပါတယ္။ အ႐ုပ္မေလး Vitilinda ရဲ႕ မ်က္ႏွာမွာလည္း အစက္အေပ်ာက္ေတြ ပါဝင္ပါတယ္။ Vitilinda အ႐ုပ္ေလး ေအာင္ျမင္ၿပီးေနာက္မွာေတာ့ João က ခ်ည္ေတြနဲ႔ အ႐ုပ္ေလးေတြ ဆက္ထိုးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
ေနာက္ထပ္ အ႐ုပ္ေတြကိုလည္း လူအမ်ားက သေဘာက်ခဲ့ပါတယ္။ João ရဲ႕ အဓိကရည္႐ြယ္ခ်က္က ခ႐ုသင္းျဖစ္ေနတဲ့ ကေလးေတြကို ကိုယ့္ကိုယ္ကိုယ္ ေလးစားတန္ဖိုးထားေစဖို႔၊ စိတ္ဓါတ္မက်ေစဖို႔ပါ။ João ရဲ႕ အ႐ုပ္ေလးေတြကို ပိုင္ဆိုင္သြားသူေတြကလည္း အ႐ုပ္ေလးေတြကို တန္ဖိုးထားၾကပါတယ္။ João ကလည္း အ႐ုပ္ေလးေတြကို ေန႔စဥ္ဖန္တီးရတာကို ေပ်ာ္႐ႊင္ေနပါတယ္။
" ကြၽန္ေတာ့္ဆီမွာ ရွိတဲ့ အစက္အေျပာက္ေတြက လွပါတယ္။ ကြၽန္ေတာ့္ကို နာက်င္ေစတာကေတာ့ လူေတြရဲ႕ အက်င့္စ႐ိုက္ေတြထဲက အျပစ္အနာအဆာေတြပါပဲ " လို႔ João က ေျပာျပပါတယ္။
Zombie (Lovemedia)
0 Comments