အိမ်သာထဲမှာ ပိတ်ဆို့မှုတွေဖြစ်လာရင် ဘယ်လိုလုပ်မလဲ

လူတိုင်းကတော့ အိမ်သာတက်ပြီးလို့ ကိစ္စရှင်းတဲ့အခါ တစ်ခါတစ်လေ ရှင်းလို့မလွယ်တဲ့ ကိစ္စတွေကို ကြုံဖူးမှာပါ။ ဒါဟာ တော်တော်ကို ဇောချွေးပြန်စေပါတယ်။ ထားခဲ့ပြီး ထွက်သွားလို့လည်း မရပါဘူး။ ဒီလို လွှဲမရှောင်သာ အခြေအနေကို ကြုံလာတဲ့အခါ ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

Method 1: ရေနွေးနဲ့ လောင်းချပါ

တချို့ အခြေအနေတွေက ရေနွေးနဲ့ပြီးပါတယ်။

၁။ ရေကို အိုးထဲထည့်တည်ပါ။ ဆူပွက်အောင် တည်စရာ မလိုပါဘူး။။

၂။ ရေနွေးရလာတဲ့အခါ အိမ်သာခွက်ထဲကို နည်းနည်းချင်း လောင်းထည့် ကြည့်လိုက်ပါ။ တဖြည်းဖြည်းနဲ့ ပိတ်နေတာတွေ လျော့သွားတာကို တွေ့ရပါလိမ့်မယ်။

၃။ အကုန်လုံး ကုန်သွားပြီ ဆိုရင်တော့ အိမ်သာကို သေချာလေး ဆေးကြောသင့်ပါတယ်။

Method 2: ဆပ်ပြာရည် သုံးပါ

တကယ်လို့ ရေနွေးနဲ့ မရနိုင်တဲ့ အခြေအနေဆို ဆပ်ပြာရည် သုံးသင့်ပါတယ်။

၁။ အိမ်သာခွက်ထဲကို ဆပ်ပြာရည် ၁ ၊ ၄ ခွက်ခန့်လောင်းပါ။

၂။ ၅ - ၁၀ မိနစ်ခန့် ထားပါ။ ဒါဟာ အညစ်အကြေးတွေကို ရေနဲ့စီးကျသွားဖို့အတွက် လုံလောက်တဲ့ အချိန်ပါပဲ။

၃။ ရေနွေးအနည်းငယ်ကို လောင်းထည့်လိုက်ပါ။

၄။ ပြီးရင် ရေအနည်းငယ်ကို လောင်းထည့်လိုက်ပါ။ အကုန်လုံးအောက်ကို လျှောလျှောရှူရှူ ဆင်းသွားတာကို တွေ့ရပါလိမ့်မယ်။ ဒီလိုဖြစ်တဲ့အခါ တော်တော်များများကတော့ ဆပ်ပြာကို အသုံးပြုတာ များပါတယ်။ ဆပ်ပြာက ပိတ်နေတဲ့ အရာတွေကို ပိုက်ကနေတစ်ဆင့် ပွင့်အောင် လုပ်ပေးတာကြောင့်ပါ။

Method 3: မုန့်ဖုတ်ဆော်ဒါနဲ့ ရှာလကာရည်ကို ရောထည့်ပါ

၁။ အိမ်သာခွက်ထဲက ရေကိုထုတ်ပြီး နည်းနည်းပဲ ချန်ထားလိုက်ပါ။

၂။ မုန့်ဖုတ်ဆိုဒါ အိတ်တစ်ဝက်ခန့် ထည့်ပြီး အိမ်သာခွက်ထဲ ထည့်လိုက်ပါ။

၃။ ပြီးရင် ရှာလကာရည် တစ်ခွက်ထည့်ပြီး နာရီဝက်လောက် ထားထားပါ။

၄။ အကုန်လုံးဆင်းသွားပြီ ဆိုရင် ရေနွေး (၁) ဂါလန်ခွဲလောက် လောင်းထည့်လိုက်ပါ။

Method 4: ဓာတုဆေးရည်များကို သုံးပါ

၁။ ဆေးတွေဟာ တစ်ခုနဲ့တစ်ခု မတူညီတာကြောင့် အကျိုးရလဒ်တွေကလည်း ကွဲပြားသွားမှာပါ။ ဒါကြောင့် မသုံးခင် ဆေးအညွှန်းကို သေချာလေးဖတ်သင့်ပါတယ်။

၂။ ဆေးရည်ကို အိမ်သာခွက်ထဲ လောင်းထည့်ပြီးတဲ့ အခါမှာတော့ ဆေးဘူးမှာပြထားတဲ့ အချိန်အတိုင်း စောင့်ပါ။

၃။ ပြီးရင် ရေအနည်းငယ် လောင်းထည့်ပါ။

၄။ တကယ်လို့ ဆင်းမသွားဘူး ဆိုရင်တော့ တခြားနည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ ဒါမှမဟုတ် ဆေးရည်ကို နောက်ထပ်များများလေး ပိုသုံးကြည့်လိုက်ပါ။

Method 5: ပိုက်လိုင်းကို သန့်ရှင်းရေးလုပ်ဖို့ plunger (ဒါမှမဟုတ်) special cable ကိုသုံးပါ

၁။ ရေတွေစီးကျသွားဖို့အတွက် ရေထဲကို plunger ကို ဖိချလိုက်ပါ။ ရာဘာကို လေကူရှင်မပါပဲ ထိုးချလိုက်တာက ပိုကောင်းပါတယ်။

၂။ plunger ရဲ့ လက်ကိုင်ကို သေချာကိုင်ပြီးတော့ ဖိချသင့်ပါတယ်။ ဖိတဲ့အခါမှာလည်း အားများများသုံးလေ ပိုကောင်းလေပါပဲ။ ပြီးတော့ လုပ်လို့မပြီးမချင်း plunger ကို ဆွဲမထုတ်သင့်ပါဘူး။

၃။ အကြိမ်ကြိမ် ဖိချပါ များတဲ့အခါ အကုန်လုံးအောက်ကို ဆင်းသွားတာကို တွေ့ရပါလိမ့်မယ်။

plunger ဟာ အိမ်သာထဲမှာပိတ်နေတဲ့ အရာတွေကို ဆင်းသွားစေဖို့အတွက် တော်တော်အထောက်အကူ ဖြစ်‌စေပါတယ်။

တကယ်လို့ plunger နဲ့ ရေစီးပိုက်က အရမ်းဝေးနေတဲ့ အခြေအနေ ဆိုရင်တော့ သိပ်အဆင်မပြေပါဘူး။ ဒီလို အခြေအနေမျိုးမှာ ဆိုရင်တော့ special cable ကို သုံးသင့်ပါတယ်။

ဘယ်လို သုံးရမလဲဆိုတော့ special cable ကို ပိုက်နဲ့ ထိမိလောက်တဲ့အထိ တွန်းထည့်ပါ။ ပိုက်နဲ့ ထိမိသွားပြီ ဆိုရင် ကြိုးတွေကို ဆွဲချလိုက်ပါ။ အကုန်လုံး စီးကျသွားတာကို တွေ့ရပါလိမ့်မယ်။ အကုန်လုံး ပြီးသွားရင်တော့ သေချာဆေးကြော သင့်ပါတယ်။

သင့်မှာ special cable မရှိဘူး ဆိုရင်လည်း တခြားတစ်နေရာက ကြိုးကို သုံးနိုင်ပါတယ်။ ဥပမာ ဝါယာကြိုးလိုမျိုး။ ဒီလိုလုပ်ဖို့အတွက် အရင်ဆုံးကြိုးကို ဖြောင့်တန်းနေအောင် အရင်လုပ်ပါ။

အိမ်သာခွက်ထဲ ထည့်တဲ့အခါမှာ ဘေးနားက ကြွေသားတွေကို မထိခိုက်အောင် တတ်နိုင်သလောက် ထိန်းပြီးထည့်ပါ။ ခြစ်ရာပေါ်သွားရင် တော်တော်ကိုကြည့်ရဆိုးပြီး ဒီလို ထုတ်ခဲ့တဲ့အချိန်တွေကို သင်ပြန်သတိရနေပါလိမ့်မယ်။

ပြီးတော့ ပိတ်ဆို့နေတဲ့အရာကို တွေ့တာနဲ့ တန်းပြီးဆွဲထုတ်လိုက်ပါ။ အကုန်လုံးကျဆင်းသွားပြီဆိုရင်တော့ အိမ်သာကို သေချာလေးသန့်ရှင်းရေး လုပ်သင့်ပါတယ်။

Zombie (Lovemedia)

for zawgyi

အိမ္သာထဲမွာ ပိတ္ဆို႔မႈေတြျဖစ္လာရင္ ဘယ္လိုလုပ္မလဲ

လူတိုင္းကေတာ့ အိမ္သာတက္ၿပီးလို႔ ကိစၥရွင္းတဲ့အခါ တစ္ခါတစ္ေလ ရွင္းလို႔မလြယ္တဲ့ ကိစၥေတြကို ႀကဳံဖူးမွာပါ။ ဒါဟာ ေတာ္ေတာ္ကို ေဇာေခြၽးျပန္ေစပါတယ္။ ထားခဲ့ၿပီး ထြက္သြားလို႔လည္း မရပါဘူး။ ဒီလို လႊဲမေရွာင္သာ အေျခအေနကို ႀကဳံလာတဲ့အခါ ဘယ္လို ေျဖရွင္းရမလဲ ဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

Method 1: ေရေႏြးနဲ႔ ေလာင္းခ်ပါ

တခ်ိဳ႕ အေျခအေနေတြက ေရေႏြးနဲ႔ၿပီးပါတယ္။

၁။ ေရကို အိုးထဲထည့္တည္ပါ။ ဆူပြက္ေအာင္ တည္စရာ မလိုပါဘူး။။

၂။ ေရေႏြးရလာတဲ့အခါ အိမ္သာခြက္ထဲကို နည္းနည္းခ်င္း ေလာင္းထည့္ ၾကည့္လိုက္ပါ။ တျဖည္းျဖည္းနဲ႔ ပိတ္ေနတာေတြ ေလ်ာ့သြားတာကို ေတြ႕ရပါလိမ့္မယ္။

၃။ အကုန္လုံး ကုန္သြားၿပီ ဆိုရင္ေတာ့ အိမ္သာကို ေသခ်ာေလး ေဆးေၾကာသင့္ပါတယ္။

Method 2: ဆပ္ျပာရည္ သုံးပါ

တကယ္လို႔ ေရေႏြးနဲ႔ မရႏိုင္တဲ့ အေျခအေနဆို ဆပ္ျပာရည္ သုံးသင့္ပါတယ္။

၁။ အိမ္သာခြက္ထဲကို ဆပ္ျပာရည္ ၁ ၊ ၄ ခြက္ခန႔္ေလာင္းပါ။

၂။ ၅ - ၁၀ မိနစ္ခန႔္ ထားပါ။ ဒါဟာ အညစ္အေၾကးေတြကို ေရနဲ႔စီးက်သြားဖို႔အတြက္ လုံေလာက္တဲ့ အခ်ိန္ပါပဲ။

၃။ ေရေႏြးအနည္းငယ္ကို ေလာင္းထည့္လိုက္ပါ။

၄။ ၿပီးရင္ ေရအနည္းငယ္ကို ေလာင္းထည့္လိုက္ပါ။ အကုန္လုံးေအာက္ကို ေလွ်ာေလွ်ာရႉရႉ ဆင္းသြားတာကို ေတြ႕ရပါလိမ့္မယ္။ ဒီလိုျဖစ္တဲ့အခါ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဆပ္ျပာကို အသုံးျပဳတာ မ်ားပါတယ္။ ဆပ္ျပာက ပိတ္ေနတဲ့ အရာေတြကို ပိုက္ကေနတစ္ဆင့္ ပြင့္ေအာင္ လုပ္ေပးတာေၾကာင့္ပါ။

Method 3: မုန႔္ဖုတ္ေဆာ္ဒါနဲ႔ ရွာလကာရည္ကို ေရာထည့္ပါ

၁။ အိမ္သာခြက္ထဲက ေရကိုထုတ္ၿပီး နည္းနည္းပဲ ခ်န္ထားလိုက္ပါ။

၂။ မုန႔္ဖုတ္ဆိုဒါ အိတ္တစ္ဝက္ခန႔္ ထည့္ၿပီး အိမ္သာခြက္ထဲ ထည့္လိုက္ပါ။

၃။ ၿပီးရင္ ရွာလကာရည္ တစ္ခြက္ထည့္ၿပီး နာရီဝက္ေလာက္ ထားထားပါ။

၄။ အကုန္လုံးဆင္းသြားၿပီ ဆိုရင္ ေရေႏြး (၁) ဂါလန္ခြဲေလာက္ ေလာင္းထည့္လိုက္ပါ။

Method 4: ဓာတုေဆးရည္မ်ားကို သုံးပါ

၁။ ေဆးေတြဟာ တစ္ခုနဲ႔တစ္ခု မတူညီတာေၾကာင့္ အက်ိဳးရလဒ္ေတြကလည္း ကြဲျပားသြားမွာပါ။ ဒါေၾကာင့္ မသုံးခင္ ေဆးအၫႊန္းကို ေသခ်ာေလးဖတ္သင့္ပါတယ္။

၂။ ေဆးရည္ကို အိမ္သာခြက္ထဲ ေလာင္းထည့္ၿပီးတဲ့ အခါမွာေတာ့ ေဆးဘူးမွာျပထားတဲ့ အခ်ိန္အတိုင္း ေစာင့္ပါ။

၃။ ၿပီးရင္ ေရအနည္းငယ္ ေလာင္းထည့္ပါ။

၄။ တကယ္လို႔ ဆင္းမသြားဘူး ဆိုရင္ေတာ့ တျခားနည္းလမ္းကို သုံးၾကည့္သင့္ပါတယ္။ ဒါမွမဟုတ္ ေဆးရည္ကို ေနာက္ထပ္မ်ားမ်ားေလး ပိုသုံးၾကည့္လိုက္ပါ။

Method 5: ပိုက္လိုင္းကို သန႔္ရွင္းေရးလုပ္ဖို႔ plunger (ဒါမွမဟုတ္) special cable ကိုသုံးပါ

၁။ ေရေတြစီးက်သြားဖို႔အတြက္ ေရထဲကို plunger ကို ဖိခ်လိုက္ပါ။ ရာဘာကို ေလကူရွင္မပါပဲ ထိုးခ်လိုက္တာက ပိုေကာင္းပါတယ္။

၂။ plunger ရဲ႕ လက္ကိုင္ကို ေသခ်ာကိုင္ၿပီးေတာ့ ဖိခ်သင့္ပါတယ္။ ဖိတဲ့အခါမွာလည္း အားမ်ားမ်ားသုံးေလ ပိုေကာင္းေလပါပဲ။ ၿပီးေတာ့ လုပ္လို႔မၿပီးမခ်င္း plunger ကို ဆြဲမထုတ္သင့္ပါဘူး။

၃။ အႀကိမ္ႀကိမ္ ဖိခ်ပါ မ်ားတဲ့အခါ အကုန္လုံးေအာက္ကို ဆင္းသြားတာကို ေတြ႕ရပါလိမ့္မယ္။

plunger ဟာ အိမ္သာထဲမွာပိတ္ေနတဲ့ အရာေတြကို ဆင္းသြားေစဖို႔အတြက္ ေတာ္ေတာ္အေထာက္အကူ ျဖစ္‌ေစပါတယ္။

တကယ္လို႔ plunger နဲ႔ ေရစီးပိုက္က အရမ္းေဝးေနတဲ့ အေျခအေန ဆိုရင္ေတာ့ သိပ္အဆင္မေျပပါဘူး။ ဒီလို အေျခအေနမ်ိဳးမွာ ဆိုရင္ေတာ့ special cable ကို သုံးသင့္ပါတယ္။

ဘယ္လို သုံးရမလဲဆိုေတာ့ special cable ကို ပိုက္နဲ႔ထိမိေလာက္တဲ့အထိ တြန္းထည့္ပါ။ ပိုက္နဲ႔ ထိမိသြားၿပီ ဆိုရင္ ႀကိဳးေတြကို ဆြဲခ်လိုက္ပါ။ အကုန္လုံး စီးက်သြားတာကို ေတြ႕ရပါလိမ့္မယ္။ အကုန္လုံး ၿပီးသြားရင္ေတာ့ ေသခ်ာေဆးေၾကာ သင့္ပါတယ္။

သင့္မွာ special cable မရွိဘူး ဆိုရင္လည္း တျခားတစ္ေနရာက ႀကိဳးကို သုံးႏိုင္ပါတယ္။ ဥပမာ ဝါယာႀကိဳးလိုမ်ိဳး။ ဒီလိုလုပ္ဖို႔အတြက္ အရင္ဆုံးႀကိဳးကို ေျဖာင့္တန္းေနေအာင္ အရင္လုပ္ပါ။

အိမ္သာခြက္ထဲ ထည့္တဲ့အခါမွာ ေဘးနားက ေႂကြသားေတြကို မထိခိုက္ေအာင္ တတ္ႏိုင္သေလာက္ ထိန္းၿပီးထည့္ပါ။ ျခစ္ရာေပၚသြားရင္ ေတာ္ေတာ္ကိုၾကည့္ရဆိုးၿပီး ဒီလို ထုတ္ခဲ့တဲ့အခ်ိန္ေတြကို သင္ျပန္သတိရေနပါလိမ့္မယ္။

ၿပီးေတာ့ ပိတ္ဆို႔ေနတဲ့အရာကို ေတြ႕တာနဲ႔ တန္းၿပီးဆြဲထုတ္လိုက္ပါ။ အကုန္လုံးက်ဆင္းသြားၿပီဆိုရင္ေတာ့ အိမ္သာကို ေသခ်ာေလးသန႔္ရွင္းေရး လုပ္သင့္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments