သေမင်းကို လာဘ်ထိုးသူ

တခါတုန်းက လူတစ်ယောက်ဟာ သူငယ်စဉ် ကတည်းက ပိုက်ဆံကို မစားရက် မသောက်ရက် စုဆောင်းတယ်။ အသက် ၄၀ ပြည့်တဲ့အခါ သူ့လက်ထဲမှာ ဒေါ်လာ တစ်သန်း စုမိနေပြီ။ သူ နှစ်ပေါင်းများစွာ ကြိတ်ပြီး ကြိုက်နေတဲ့ အမျိုးသမီး တစ်ယောက်ကို လက်ထပ်ခွင့် တောင်းလိုက်တယ်။ အမျိုးသမီးက လည်း သဘောတူလို့ မနက်ဖြန်မှာ လက်ထပ်ကြတော့မယ်။

တစ်သက်လုံး စုဆောင်းလာခဲ့တဲ့ ပိုက်ဆံနဲ့ သူ့ဘဝကို ပျော်ရွှင်စွာ နေသွားတော့မယ် ဆိုပြီး သူဟာ အရမ်း ပျော်ရွှင်နေတယ်။ အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေလို့ ညနက်မှ အိပ်ပျော်သွားခဲ့တယ်။ သူဟာ အိပ်နေရင်းကနေ လန့်နိုးလာတယ်။

အနက်ရောင် ဝတ်စုံရှည်ကြီး ရုံထားပြီး ခေါင်မြီးခြုံထားတဲ့ လူတစ်ယောက်ဟာ သူအိပ်နေတဲ့ ကုတင်နားမှာ လာရပ်နေတာကို ပြတင်းပေါက်က ဝင်လာတဲ့ လရောင်အောက်မှာ သူတွေ့လိုက်ရတယ်။

အဲဒီလူဟာ ဓါးကောက်ကြီး တတ်ထားတဲ့ တုတ်ရှည်ကြီး ကိုင်ထားတယ်။ ခေါင်းမြီးခြုံအောက်မှာ ပေါ်နေတဲ့ သူ့မျက်နှာဟာလည်း အရိုးခေါင်းခွံနဲ့ တူနေတယ်။ သူလည်း အရမ်းကြောက်သွားပြီး ရုတ်တရက် စကား မပြောနိုင်ဖြစ်နေတယ်။ နောက်မှ သူက အရဲစွန့်ပြီး အဲဒီလူကို " ခင်ဗျား ဘယ်သူလဲ " လို့ မေးလိုက်တယ်။

ဟိုလူက " ငါ သေမင်း ပဲကွ။ မင်း လူ့ပြည်မှာ နေတာ အချိန်စေ့သွားလို့ အခု လာခေါ်တာ။ လိုက်ခဲ့တော့ " ဆိုပြီး သူ့လက်ကို ဆွဲပါတော့တယ်။

သူလည်း မလိုက်ချင်လို့ အတင်း ရုန်းကန်ပေမယ့် သေမင်းက အားသန်လွန်းလို့ သူ့ဆွဲခေါ်ရာကို ပါနေတယ်။ သူဟာ ရုန်းလို့ ရမှာမဟုတ်ဘူး ဆိုတာကို သိလိုက်လို့ သေမင်းကို ခုလို တောင်းပန်ပြောလိုက်တယ်။

" ကျွန်တော့်ကို လူ့လောကမှာ ၃ ရက် ဆက်နေဖို့ ခွင့်ပြုပါလား.. ခင်ဗျား။ ကျွန်တော် မနက်ဖြန် လက်ထပ်တော့မှာမို့ ကျွန်တော့် မိန်းမ နဲ့ ၃ ရက်လောက် အတူ နေပါရစေပါ ။ ကျွန်တော်စုထားတဲ့ ဒေါ်လာ တစ်သန်းရဲ့ ၃ ပုံ ၁ ပုံကို ပေးပါမယ် " သေမင်းက ခွင့်မပြုဘူး ဆိုပြီး သူ့လက်ကို ဆက်ဆွဲတယ်။ ဒီတော့ သူက ခုလို သေမင်း ကို ပြောလိုက်ပြန်တယ်။

" ၃ ရက်နေခွင့် မရရင်လည်း ၂ ရက်လောက်တော့ ခွင့်ပြုပါလားဗျာ။ အဲဒီအတွက် ဒေါ်လာ တစ်သန်းရဲ့ တစ်ဝက်ကို ပေးပါမယ်။ လူ့ဘဝရဲ့ စည်းစိမ် ကို မသေခင် ခံစားသွားချင်လို့ပါ " ဒါလည်း သေမင်း က ခွင့်မပြုဘူးဆိုပြီး ဆက်ပြီး သူ့လက်ကို ဆွဲနေတယ်။

ဒီတော့ သူက ခုလို သေမင်းကို ပြောလိုက်ပြန်တယ်။ နောက်ဆုံး သူဟာ သူ့ရဲ့ ဒေါ်လာ တစ်သန်း အားလုံးကို ပေးပါမယ်။ လူ့လောကမှာ တစ်ရက်လေးပဲ နေခွင့်ပေးပါတဲ့။ သေမင်းက မရဘူးလို့ အပြတ်ပြောလိုက်တယ်။

ဒီတော့ သူ သိလိုက်ရပြီ။ သေမင်းကို ဘယ်လိုမှ ဈေးဆစ်လို့ ရမှာ မဟုတ်တော့ဘူး။ ဒါကြောင့် သူက သေမင်းကို စာလေးတစ်စောင်တော့ ရေးခဲ့ပါရစေ လို့ ခွင့်တောင်းလိုက်တယ်။

ဒါကိုတော့ သေမင်းက ခွင့်ပြုပေး လိုက်တယ်။ သူလည်း ကုတင်ဘေး စားပွဲပေါ်က စာရွက် တစ်ရွက်ပေါ်မှာ စာကို ကမန်းကတန်း ချရေးလိုက်တယ်။ သူရေးလိုက်တာက..

" မိတ်ဆွေတို့.. လူ့လောကမှာ နေရတဲ့ အခိုက်အတန့်လေးမှာ သင့်တို့ဘဝကို အကျိုးရှိအောင် လုပ်ပါ။ ကျွန်တော် တစ်ရက်လေး ဆက်နေချင်လို့ ဒေါ်လာ တစ်သန်း ပေးတာတောင် နေခွင့်မရပါဘူး။ ကျွန်တော့်ရဲ့ အဖြစ်အပျက်ကို ကြည့်ပြီး အချိန်ဆိုတာ ဘယ်လောက် အဖိုးတန်တယ် ဆိုတာကို မိတ်ဆွေတို့ သိလောက်ပါပြီ " ။

crd

မေတ္တာဖြင့် ပြန်လည်မျှဝေသူ

for zawgyi

ေသမင္းကို လာဘ္ထိုးသူ

တခါတုန္းက လူတစ္ေယာက္ဟာ သူငယ္စဥ္ ကတည္းက ပိုက္ဆံကို မစားရက္ မေသာက္ရက္ စုေဆာင္းတယ္။ အသက္ ၄၀ ျပည့္တဲ့အခါ သူ႔လက္ထဲမွာ ေဒၚလာ တစ္သန္း စုမိေနၿပီ။ သူ ႏွစ္ေပါင္းမ်ားစြာ ႀကိတ္ၿပီး ႀကိဳက္ေနတဲ့ အမ်ိဳးသမီး တစ္ေယာက္ကို လက္ထပ္ခြင့္ ေတာင္းလိုက္တယ္။ အမ်ိဳးသမီးက လည္း သေဘာတူလို႔ မနက္ျဖန္မွာ လက္ထပ္ၾကေတာ့မယ္။

တစ္သက္လုံး စုေဆာင္းလာခဲ့တဲ့ ပိုက္ဆံနဲ႔ သူ႔ဘဝကို ေပ်ာ္႐ႊင္စြာ ေနသြားေတာ့မယ္ ဆိုၿပီး သူဟာ အရမ္း ေပ်ာ္႐ႊင္ေနတယ္။ အရမ္းေပ်ာ္ၿပီး စိတ္လႈပ္ရွားေနလို႔ ညနက္မွ အိပ္ေပ်ာ္သြားခဲ့တယ္။ သူဟာ အိပ္ေနရင္းကေန လန႔္ႏိုးလာတယ္။

အနက္ေရာင္ ဝတ္စုံရွည္ႀကီး ႐ုံထားၿပီး ေခါင္ၿမီးၿခဳံထားတဲ့ လူတစ္ေယာက္ဟာ သူအိပ္ေနတဲ့ ကုတင္နားမွာ လာရပ္ေနတာကို ျပတင္းေပါက္က ဝင္လာတဲ့ လေရာင္ေအာက္မွာ သူေတြ႕လိုက္ရတယ္။

အဲဒီလူဟာ ဓါးေကာက္ႀကီး တတ္ထားတဲ့ တုတ္ရွည္ႀကီး ကိုင္ထားတယ္။ ေခါင္းၿမီးၿခဳံေအာက္မွာ ေပၚေနတဲ့ သူ႔မ်က္ႏွာဟာလည္း အ႐ိုးေခါင္းခြံနဲ႔ တူေနတယ္။ သူလည္း အရမ္းေၾကာက္သြားၿပီး ႐ုတ္တရက္ စကား မေျပာႏိုင္ျဖစ္ေနတယ္။ ေနာက္မွ သူက အရဲစြန႔္ၿပီး အဲဒီလူကို " ခင္ဗ်ား ဘယ္သူလဲ " လို႔ ေမးလိုက္တယ္။

ဟိုလူက " ငါ ေသမင္း ပဲကြ။ မင္း လူ႔ျပည္မွာ ေနတာ အခ်ိန္ေစ့သြားလို႔ အခု လာေခၚတာ။ လိုက္ခဲ့ေတာ့ " ဆိုၿပီး သူ႔လက္ကို ဆြဲပါေတာ့တယ္။

သူလည္း မလိုက္ခ်င္လို႔ အတင္း ႐ုန္းကန္ေပမယ့္ ေသမင္းက အားသန္လြန္းလို႔ သူ႔ဆြဲေခၚရာကို ပါေနတယ္။ သူဟာ ႐ုန္းလို႔ ရမွာမဟုတ္ဘူး ဆိုတာကို သိလိုက္လို႔ ေသမင္းကို ခုလို ေတာင္းပန္ေျပာလိုက္တယ္။

" ကြၽန္ေတာ့္ကို လူ႔ေလာကမွာ ၃ ရက္ ဆက္ေနဖို႔ ခြင့္ျပဳပါလား.. ခင္ဗ်ား။ ကြၽန္ေတာ္ မနက္ျဖန္ လက္ထပ္ေတာ့မွာမို႔ ကြၽန္ေတာ့္ မိန္းမ နဲ႔ ၃ ရက္ေလာက္ အတူ ေနပါရေစပါ ။ ကြၽန္ေတာ္စုထားတဲ့ ေဒၚလာ တစ္သန္းရဲ႕ ၃ ပုံ ၁ ပုံကို ေပးပါမယ္ " ေသမင္းက ခြင့္မျပဳဘူး ဆိုၿပီး သူ႔လက္ကို ဆက္ဆြဲတယ္။ ဒီေတာ့ သူက ခုလို ေသမင္း ကို ေျပာလိုက္ျပန္တယ္။

" ၃ ရက္ေနခြင့္ မရရင္လည္း ၂ ရက္ေလာက္ေတာ့ ခြင့္ျပဳပါလားဗ်ာ။ အဲဒီအတြက္ ေဒၚလာ တစ္သန္းရဲ႕ တစ္ဝက္ကို ေပးပါမယ္။ လူ႔ဘဝရဲ႕ စည္းစိမ္ ကို မေသခင္ ခံစားသြားခ်င္လို႔ပါ " ဒါလည္း ေသမင္း က ခြင့္မျပဳဘူးဆိုၿပီး ဆက္ၿပီး သူ႔လက္ကို ဆြဲေနတယ္။

ဒီေတာ့ သူက ခုလို ေသမင္းကို ေျပာလိုက္ျပန္တယ္။ ေနာက္ဆုံး သူဟာ သူ႔ရဲ႕ ေဒၚလာ တစ္သန္း အားလုံးကို ေပးပါမယ္။ လူ႔ေလာကမွာ တစ္ရက္ေလးပဲ ေနခြင့္ေပးပါတဲ့။ ေသမင္းက မရဘူးလို႔ အျပတ္ေျပာလိုက္တယ္။

ဒီေတာ့ သူ သိလိုက္ရၿပီ။ ေသမင္းကို ဘယ္လိုမွ ေဈးဆစ္လို႔ ရမွာ မဟုတ္ေတာ့ဘူး။ ဒါေၾကာင့္ သူက ေသမင္းကို စာေလးတစ္ေစာင္ေတာ့ ေရးခဲ့ပါရေစ လို႔ ခြင့္ေတာင္းလိုက္တယ္။

ဒါကိုေတာ့ ေသမင္းက ခြင့္ျပဳေပး လိုက္တယ္။ သူလည္း ကုတင္ေဘး စားပြဲေပၚက စာ႐ြက္ တစ္႐ြက္ေပၚမွာ စာကို ကမန္းကတန္း ခ်ေရးလိုက္တယ္။ သူေရးလိုက္တာက..

" မိတ္ေဆြတို႔.. လူ႔ေလာကမွာ ေနရတဲ့ အခိုက္အတန႔္ေလးမွာ သင့္တို႔ဘ၀ကို အက်ိဳးရွိေအာင္ လုပ္ပါ။ ကြၽန္ေတာ္ တစ္ရက္ေလး ဆက္ေနခ်င္လို႔ ေဒၚလာ တစ္သန္း ေပးတာေတာင္ ေနခြင့္မရပါဘူး။ ကြၽန္ေတာ့္ရဲ႕ အျဖစ္အပ်က္ကို ၾကည့္ၿပီး အခ်ိန္ဆိုတာ ဘယ္ေလာက္ အဖိုးတန္တယ္ ဆိုတာကို မိတ္ေဆြတို႔ သိေလာက္ပါၿပီ " ။

crd

ေမတၱာျဖင့္ ျပန္လည္မွ်ေဝသူ

Post a Comment

0 Comments