ဘုရင်ကြီးရဲ့ နောင်တ

တစ်ခါတုန်းက တိုင်းပြည်တစ်ခုမှာ ဘုရင်တစ်ပါး ရှိခဲ့တယ် ။ သူ့ဆီမှာ အမဲလိုက်ခွေး ဆယ်ကောင် မွေးထားတယ် ။ သူ့ရဲ့ ဝန်ကြီးတွေ ထဲက တစ်ယောက်ယောက် အမှားအယွင်း လုပ်ပြီဆိုတာနဲ့ အဲ့ဒီခွေးတွေ ရှေ့မှာ ပစ်ချခိုင်းလေ့ ရှိတယ် ။ ခွေးတွေက အဲ့ဒီ ဝန်ကြီးကို အရိုးနဲ့အသား တစ်ခြားစီ ဖြစ်အောင် လုပ်ပစ် လိုက်တယ် ။

တစ်နေ့တော့ ဘုရင့်ရဲ့ အထူး အရေးပါတဲ့ ဝန်ကြီးတစ်ဦးက ဘုရင်ကို မှားယွင်းစွာ အကြံဉာဏ် ပေးမိတယ် ။ ဒီအကြံကို ဘုရင်က မနှစ်မျို့ ခဲ့ဘူး ။ ဒါနဲ့ အဲ့ဒီဝန်ကြီးကိုလည်း ခွေးတွေ ရှေ့မှာ ပစ်ချဖို့ ဘုရင်က အမိန့်ချ လိုက်တယ် ။ အဲ့ဒါနဲ့ ဝန်ကြီးက ဘုရင်ဆီမှာ တောင်းဆိုမှု တစ်ခု ပြုလုပ်ခဲ့တယ် ။

" အရှင်မင်းကြီး.. ခင်ဗျား ကျွန်တော် အရှင့်မင်းကြီးဆီမှာ နေ့မှန်းမသိ ညမှန်းမသိ အလုပ်အကြွေး ပြုစုခဲ့ပါတယ် ။ ခု အရှင်မင်းကြီး ကတော့ ကျွန်တော်မျိုး အမှားလေးတစ်ခု လုပ်မိတဲ့ အပေါ်မှာ ဒီလောက် ကြီးမားတဲ့ ပစ်ဒဏ်ကို ပေးခဲ့ပါတယ် ။ ဘုရင့် အမိန့်အတိုင်း နာခံဖို့ အသင့်ပါပဲ ။ ဒါပေမယ့် ကျွန်တော်မျိုး အနွံတာခံ အလုပ်အကျွေး ပြုစုခဲ့တာလေးကို ထောက်ထားပြီး ဆယ်ရက်လောက် ကျွန်တော့်ကို အခွင့်အရေး ပေးပါ ။ ပြီးရင် မုချ ကျွန်တော့်ကို ခွေးတွေ ရှေ့မှာ ပစ်ချလိုက်ပါ "

ဒါနဲ့ ဘုရင်ကလည်း ဝန်ကြီးကို ဆယ်ရက်လောက် အခွင့်အရေး ပေးလိုက်တယ် ။ ဝန်ကြီးလည်း ဘုရင့်ဆီ ကနေ တန်းတန်း မတ်မတ် ခွေးတွေကို ထိန်းသိမ်း စောင့်ရှောက်တဲ့ သူဆီကို ထွက်လာခဲ့တယ်။ ပြီးတော့ ခွေးထိန်းကို ပြောတယ် ။

" ငါ ဒီခွေးတွေနဲ့ ဆယ်ရက်လောက် အတူ နေချင်တယ် ။ သူတို့ရဲ့ ဝေယျာဝစ္စ အားလုံးလည်း ငါတာဝန် ယူမယ် "

ခွေးထိန်းက ဝန်ကြီးရဲ့စကား ကြားတော့ အံသြ မှင်သက် သွားတယ်။ ဒါပေမယ့် ခွင့်ပြု ပေးလိုက်တယ် ။ အဲ့ဒီဆယ်ရက် အတွင်း ဝန်ကြီးက ခွေးတွေရဲ့ စားသောက်ဖို့ အိပ်ဖို့ ရေချိုးပေးဖို့က အစ အလုပ်အားလုံးကို သေချာ တာဝန်ယူ လုပ်ကိုင်တယ် ။ ဆယ်ရက်ပြည့်တော့ ဘုရင်က သူ့ အခိုင်းအစေတွေ ဝန်ကြီးကို ခွေးတွေ ရှေ့မှာ ပစ်ချဖို့ အမိန့်ပေးတယ် ။

ဒါပေမယ့် အဲ့ဒီမှာ ရပ်ကြည့်နေတဲ့ သူတွေ အားလုံး မြင်ကွင်းကို ကြည့်ပြီးအံ့အားသင့် သွားကြတယ် ။ ဘာလို့လည်း ဆိုတော့ ဒီနေ့ ဒီအချိန်ထိ ဒီခွေးတွေ ရှေ့မှာ မရေမတွက် နိုင်အောင် ဝန်ကြီးတွေ အသက်ပေးသွား ခဲ့ပြီးပြီ ။ ဝန်ကြီးတိုင်းကို အဲ့ဒီ ခွေးတွေက အပိုင်းပိုင်း အစစ လုပ်ပစ် ခဲ့တယ် ။ ဒါပေမယ့် အဲ့ဒီခွေးတွေပဲ ဒီနေ့ ဒီဝန်ကြီးရဲ့ ခြေထောက်တွေကို ယက်ပေးနေ ကြတယ် ။ ဘုရင်လည်း ဒါကို မြင်တော့ အံသြပြီးမေးတယ် ။

" ခွေးတွေ ဒီတစ်ခါ ဘယ်လို ဖြစ်သွား ကြရ တာတုန်း ? " ဆိုတော့မှ ဝန်ကြီးက ပြန်ဖြေတယ် ။

" အရှင်မင်းကြီး ကျန်းမာ ပါစေ ။ ကျွန်တော် အရှင်မင်းကြီးကို ဒီမြင်ကွင်းကိုပဲ ပြချင်နေ တာပါ ။ ကျွန်တော်မျိုး ဆယ်ရက်ပဲ ဒီခွေးတွေကို ပြုစု ခဲ့ပါတယ် ။ ဒါပေမယ့် ဒီခွေးတွေက ဒီနေ့ ကျွန်တော်မျိုး ပြုစု စောင့်ရှောက် ခဲ့တဲ့ ကျေးဇူးတွေကို မေ့မသွား ခဲ့ပါဘူး ။ ကျွန်တော်ဟာ အရှင်မင်းကြီး ဆီမှာ နေ့ရော ညပါ ဆယ်နှစ်လောက်ထိ ပြုစု စောင့်ရှောက်ခဲ့တယ် ။ ဒါပေမယ့်လည်း အရှင်မင်းကြီးက ကျွန်တော့်မျိုးရဲ့ အမှားတစ်ခု အတွက် ကျွန်တော့်မျိုးရဲ့ နှစ်ပေါင်း များစွာ ပြုစုခဲ့တာတွေကို ကျောခိုင်းပစ် လိုက်တယ် "

အဲ့ဒီအခါမှာ ဘုရင်က သူ့ရဲ့ အမှား အပေါ်မှာ ပြင်းပြင်း ထန်ထန် ခံစားမိသွားတယ်..

..

..

အဲ့ဒါနဲ့ ဝန်ကြီးကို အဲ့ဒီနေရာ ကနေ ခေါ်သွားခိုင်းပြီး မိကျောင်းကန် ထဲကို ပစ်ချခိုင်း လိုက်တယ် ။

ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ ကဗျာလေးကို သတိ ရသွားတယ် ။ မတရား လုပ်ဖို့ကိုပဲ စိတ်ပိုင်းဖြတ် ထားတဲ့ သူတစ်ယောက်ကို အထောက်အထား သက်သေ သာဓကတွေ ပြနေရင်လည်း အလကားပါပဲ ။

( အကျင့် ယုတ်တဲ့လူက အကျင့်ယုတ်နေဦးမှာပဲ )

ကိုဘုန်း

for zawgyi

ဘုရင္ႀကီးရဲ႕ ေနာင္တ

တစ္ခါတုန္းက တိုင္းျပည္တစ္ခုမွာ ဘုရင္တစ္ပါး ရွိခဲ့တယ္ ။ သူ႔ဆီမွာ အမဲလိုက္ေခြး ဆယ္ေကာင္ ေမြးထားတယ္ ။ သူ႔ရဲ႕ ဝန္ႀကီးေတြ ထဲက တစ္ေယာက္ေယာက္ အမွားအယြင္း လုပ္ၿပီဆိုတာနဲ႔ အဲ့ဒီေခြးေတြ ေရွ႕မွာ ပစ္ခ်ခိုင္းေလ့ ရွိတယ္ ။ ေခြးေတြက အဲ့ဒီ ဝန္ႀကီးကို အ႐ိုးနဲ႔အသား တစ္ျခားစီ ျဖစ္ေအာင္ လုပ္ပစ္ လိုက္တယ္ ။

တစ္ေန႔ေတာ့ ဘုရင့္ရဲ႕ အထူး အေရးပါတဲ့ ဝန္ႀကီးတစ္ဦးက ဘုရင္ကို မွားယြင္းစြာ အႀကံဥာဏ္ ေပးမိတယ္ ။ ဒီအႀကံကို ဘုရင္က မႏွစ္မ်ိဳ႕ ခဲ့ဘူး ။ ဒါနဲ႔ အဲ့ဒီဝန္ႀကီးကိုလည္း ေခြးေတြ ေရွ႕မွာ ပစ္ခ်ဖို႔ ဘုရင္က အမိန႔္ခ် လိုက္တယ္ ။ အဲ့ဒါနဲ႔ ဝန္ႀကီးက ဘုရင္ဆီမွာ ေတာင္းဆိုမႈ တစ္ခု ျပဳလုပ္ခဲ့တယ္ ။

" အရွင္မင္းႀကီး.. ခင္ဗ်ား ကြၽန္ေတာ္ အရွင့္မင္းႀကီး ဆီမွာ ေန႔မွန္းမသိ ညမွန္းမသိ အလုပ္အေႂကြး ျပဳစုခဲ့ပါတယ္ ။ ခု အရွင္မင္းႀကီး ကေတာ့ ကြၽန္ေတာ္မ်ဳိး အမွားေလးတစ္ခု လုပ္မိတဲ့ အေပၚမွာ ဒီေလာက္ ႀကီးမားတဲ့ ပစ္ဒဏ္ကို ေပးခဲ့ပါတယ္ ။ ဘုရင့္ အမိန႔္အတိုင္း နာခံဖို႔ အသင့္ပါပဲ ။ ဒါေပမယ့္ ကြၽန္ေတာ္မ်ဳိး အႏြံတာခံ အလုပ္အေကြၽး ျပဳစုခဲ့တာေလးကို ေထာက္ထားၿပီး ဆယ္ရက္ေလာက္ ကြၽန္ေတာ့္ကို အခြင့္အေရး ေပးပါ ။ ၿပီးရင္ မုခ် ကြၽန္ေတာ့္ကို ေခြးေတြ ေရွ႕မွာ ပစ္ခ်လိုက္ပါ "

ဒါနဲ႔ ဘုရင္ကလည္း ဝန္ႀကီးကို ဆယ္ရက္ေလာက္ အခြင့္အေရး ေပးလိုက္တယ္ ။ ဝန္ႀကီးလည္း ဘုရင့္ဆီ ကေန တန္းတန္း မတ္မတ္ ေခြးေတြကို ထိန္းသိမ္း ေစာင့္ေရွာက္တဲ့ သူဆီကို ထြက္လာခဲ့တယ္။ ၿပီးေတာ့ ေခြးထိန္းကို ေျပာတယ္ ။

" ငါ ဒီေခြးေတြနဲ႔ ဆယ္ရက္ေလာက္ အတူ ေနခ်င္တယ္ ။ သူတို႔ရဲ႕ ေဝယ်ာဝစၥ အားလုံးလည္း ငါတာဝန္ ယူမယ္ "

ေခြးထိန္းက ဝန္ႀကီးရဲ႕စကား ၾကားေတာ့ အံၾသ မွင္သက္ သြားတယ္။ ဒါေပမယ့္ ခြင့္ျပဳ ေပးလိုက္တယ္ ။ အဲ့ဒီဆယ္ရက္ အတြင္း ဝန္ႀကီးက ေခြးေတြရဲ႕ စားေသာက္ဖို႔ အိပ္ဖို႔ ေရခ်ိဳးေပးဖို႔က အစ အလုပ္အားလုံးကို ေသခ်ာ တာဝန္ယူ လုပ္ကိုင္တယ္ ။ ဆယ္ရက္ျပည့္ေတာ့ ဘုရင္က သူ႔ အခိုင္းအေစေတြ ဝန္ႀကီးကို ေခြးေတြ ေရွ႕မွာ ပစ္ခ်ဖို႔ အမိန႔္ေပးတယ္ ။

ဒါေပမယ့္ အဲ့ဒီမွာ ရပ္ၾကည့္ေနတဲ့ သူေတြ အားလုံး ျမင္ကြင္းကို ၾကည့္ၿပီးအံ့အားသင့္ သြားၾကတယ္ ။ ဘာလို႔လည္း ဆိုေတာ့ ဒီေန႔ ဒီအခ်ိန္ထိ ဒီေခြးေတြ ေရွ႕မွာ မေရမတြက္ ႏိုင္ေအာင္ ဝန္ႀကီးေတြ အသက္ေပးသြား ခဲ့ၿပီးၿပီ ။ ဝန္ႀကီးတိုင္းကို အဲ့ဒီ ေခြးေတြက အပိုင္းပိုင္း အစစ လုပ္ပစ္ ခဲ့တယ္ ။ ဒါေပမယ့္ အဲ့ဒီေခြးေတြပဲ ဒီေန႔ ဒီဝန္ႀကီးရဲ႕ ေျခေထာက္ေတြကို ယက္ေပးေန ၾကတယ္ ။ ဘုရင္လည္း ဒါကို ျမင္ေတာ့ အံၾသၿပီးေမးတယ္ ။

" ေခြးေတြ ဒီတစ္ခါ ဘယ္လို ျဖစ္သြား ၾကရ တာတုန္း ? " ဆိုေတာ့မွ ဝန္ႀကီးက ျပန္ေျဖတယ္ ။

" အရွင္မင္းႀကီး က်န္းမာ ပါေစ ။ ကြၽန္ေတာ္ အရွင္မင္းႀကီးကို ဒီျမင္ကြင္းကိုပဲ ျပခ်င္ေန တာပါ ။ ကြၽန္ေတာ္မ်ဳိး ဆယ္ရက္ပဲ ဒီေခြးေတြကို ျပဳစု ခဲ့ပါတယ္ ။ ဒါေပမယ့္ ဒီေခြးေတြက ဒီေန႔ ကြၽန္ေတာ္မ်ဳိး ျပဳစု ေစာင့္ေရွာက္ ခဲ့တဲ့ ေက်းဇူးေတြကို ေမ့မသြား ခဲ့ပါဘူး ။ ကြၽန္ေတာ္ဟာ အရွင္မင္းႀကီး ဆီမွာ ေန႔ေရာ ညပါ ဆယ္ႏွစ္ေလာက္ထိ ျပဳစု ေစာင့္ေရွာက္ခဲ့တယ္ ။ ဒါေပမယ့္လည္း အရွင္မင္းႀကီးက ကြၽန္ေတာ့္မ်ဳိးရဲ႕ အမွားတစ္ခု အတြက္ ကြၽန္ေတာ့္မ်ဳိးရဲ႕ ႏွစ္ေပါင္း မ်ားစြာ ျပဳစုခဲ့တာေတြကို ေက်ာခိုင္းပစ္ လိုက္တယ္ "

အဲ့ဒီအခါမွာ ဘုရင္က သူ႔ရဲ႕ အမွား အေပၚမွာ ျပင္းျပင္း ထန္ထန္ ခံစားမိသြားတယ္..

..

..

အဲ့ဒါနဲ႔ ဝန္ႀကီးကို အဲ့ဒီေနရာ ကေန ေခၚသြားခိုင္းၿပီး မိေက်ာင္းကန္ ထဲကို ပစ္ခ်ခိုင္း လိုက္တယ္ ။

ငယ္ငယ္တုန္းက ဖတ္ခဲ့ရတဲ့ ကဗ်ာေလးကို သတိ ရသြားတယ္ ။ မတရား လုပ္ဖို႔ကိုပဲ စိတ္ပိုင္းျဖတ္ ထားတဲ့ သူတစ္ေယာက္ကို အေထာက္အထား သက္ေသ သာဓကေတြ ျပေနရင္လည္း အလကားပါပဲ ။

( အက်င့္ ယုတ္တဲ့လူက အက်င့္ယုတ္ေနဦးမွာပဲ )

ကိုဘုန္း

Post a Comment

0 Comments