တစ်ခါက ဝံပုလွေ တစ်ကောင်ဟာ သားကောင် တစ်ကောင်ကို အငမ်းမရ စားနေရင်း လည်ချောင်း ထဲမှာ အရိုး တစ်ချောင်း ကန့်လန့်ဖြတ် ခံသွားတယ်။ အဲ့ဒီအရိုးကို အန်ထုတ်လို့လည်း မရ ၊ မျိုချ လို့လည်း မရတာကြောင့် လည်ချောင်းမှာ နာကျင်တဲ့ ဝေဒနာ ခံစားနေရတဲ့အပြင် နောက်ထပ် ဘာအစား အသောက်မှ ထပ်စားလို့ မရတော့လို့ ဆာလောင်တဲ့ ဝေဒနာကိုပါ ခံစား နေရတယ် ။
အဲ့ဒါနဲ့ ဝံပုလွေဟာ သူ့လည်ချောင်းထဲမှာ ကန့်လန့်ခံ နေတဲ့ အရိုးကို ထုတ်ပေး နိုင်မယ့် သတ္တဝါကို စဉ်းစား ကြည့်လိုက်တော့ ကြိုးကြာငှက်ကို စဉ်းစား မိပါတယ်။ ကြိုးကြာငှက် ဟာ နှုတ်သီးကလည်း ရှည် ၊ လည်ပင်း ကလည်း ရှည်တာမို့လို့ သူ့လည်ချောင်းထဲကို နှုတ်သီး ထိုးသွင်းပြီး အရိုးကို ဆွဲထုတ် ပေးလို့ ရနိုင်တယ် လို့ တွေးမိ လိုက်ပါတယ်။
ဒါနဲ့ သူဟာ ကြိုးကြာငှက် ရှိတဲ့နေရာကို သွားပြီး တောင်းပန်ကာ အကူအညီ တောင်း တယ် ။
" အဆွေကြိုးကြာ ကျွန်ုပ်ကို ကူညီပေးပါ၊ ကျွန်ုပ်ရဲ့ လည်ချောင်းထဲမှာ အရိုးတစ်ရိုး ကန့်လန့် ခံနေတာမို့ မစားနိုင် မသောက်နိုင် ဖြစ်နေတာ ကြာနေပါပြီ၊ သင့် နှုတ်သီးနဲ့ ကိုက်ပြီး ဆွဲထုတ် ပေးမယ်ဆိုရင် ရနိုင်ပါ တယ်၊ အဲဒီ အရိုးသာ ထွက်သွားရင် ကျွန်ုပ် သင့်ကို ကျေးဇူး ဆပ်ပါ့မယ် "
ဝံပုလွေရဲ့တောင်းပန်ပြောကြားမှုကြောင့်..
ကြိုးကြာငှက်က ဝံပုလွေရဲ့ ပါးစပ်ကို ဟခိုင်း လိုက်ပါတယ်။ သူ့ရဲ့ ရှည်လျားတဲ့ နှုတ်သီးနဲ့ သေးသွယ်တဲ့ လည်ပင်းကို ဝံပုလွေရဲ့ အာခေါင်က တစ်ဆင့် လည်ချောင်းထဲ ထိုးသွင်းပီး ကန့်လန့် ခံနေတဲ့ အရိုးကို ကိုက်ချီဆွဲထုတ်ပေး လိုက်တယ်။ ဝံပုလွေလည်း ဝေဒနာ ပျောက်ကင်း သွားတာမို့ ဝမ်းသာအားရ ဖြစ်သွားတယ်။
ကြိုးကြာငှက်ကို ကျေးဇူးတင် စကား ပြောပြီး ပြန်လှည့်အထွက်မှာ.. ကြိုးကြာငှက်က နောက်ကနေ လှမ်းမေး လိုက်ပါတယ်။
" အဆွေ အသင်ပြောတော့ အရိုး ထွက်သွားရင် ကျွန်ုပ်ကို ကျေးဇူး ဆပ်မယ်ဆို ၊ ဘာဖြစ်လို့ လှည့်ထွက်သွားတာလဲ "
ဒီတော့ ဝံပုလွေက နောက်ကို ပြန်လှည့် ကြည့် ပြီး ပြောလိုက်ပါတယ်။
" အဆွေကြိုးကြာ ကျွန်ုပ် အသင့်ကို ကျေးဇူး ဆပ်ခဲ့ပြီး ပါပြီ ၊ ကျွန်ုပ်ရဲ့ အာခံတွင်းထဲ ရောက်လာတဲ့ သင့်ဦးခေါင်းကို ကိုက်မဖြတ်ဘဲ ထားလိုက်တာ ကျေးဇူး ဆပ်တာပဲပေါ့၊ အသင့်ကို သတ်ဖြတ် မစားသွား တာကိုပဲ ဝမ်းသာပါတော့ "
( ကိုယ့်အကျိုးကိုသာ ကြည့်ပြီး သူတစ်ပါးအတွက် ထည့်မစဉ်းစား ပေးတဲ့ ဝံပုလွေနဲ့ အလားသဏ္ဌာန် တူတဲ့ လူတွေ သိပ်ကို ပေါများပါတယ် ။)
အဲဒီလို လူမျိုးတွေနဲ့ ကြုံဆုံရရင် နောက်ထပ် ဒုက္ခပေး မသွားတာကိုပဲ ကိုယ်က ပြန်ဝမ်းသာရ ပါလိမ့်မယ်။ နောက်ထပ် အထူး သတိထား ဆက်ဆံ ရမှာ ဖြစ်ပါတယ်။
Myint Soe
for zawgyi
ေက်းဇူးျပန္ဆပ္တဲ့ ဝံပုေလြ
တစ္ခါက ဝံပုေလြ တစ္ေကာင္ဟာ သားေကာင္တစ္ေကာင္ကို အငမ္းမရ စားေနရင္း လည္ေခ်ာင္း ထဲမွာ အ႐ိုး တစ္ေခ်ာင္း ကန႔္လန႔္ျဖတ္ ခံသြားတယ္။ အဲ့ဒီအ႐ိုးကို အန္ထုတ္လို႔လည္း မရ ၊ မ်ိဳခ် လို႔လည္း မရတာေၾကာင့္ လည္ေခ်ာင္းမွာ နာက်င္တဲ့ ေဝဒနာ ခံစားေနရတဲ့အျပင္ ေနာက္ထပ္ ဘာအစား အေသာက္မွ ထပ္စားလို႔ မရေတာ့လို႔ ဆာေလာင္တဲ့ ေဝဒနာကိုပါ ခံစား ေနရတယ္ ။
အဲ့ဒါနဲ႔ ဝံပုေလြဟာ သူ႔လည္ေခ်ာင္းထဲမွာ ကန႔္လန႔္ခံ ေနတဲ့ အ႐ိုးကို ထုတ္ေပး ႏိုင္မယ့္ သတၱဝါကို စဥ္းစား ၾကည့္လိုက္ေတာ့ ႀကိဳးၾကာငွက္ကို စဥ္းစား မိပါတယ္။ ႀကိဳးၾကာငွက္ ဟာ ႏႈတ္သီးကလည္း ရွည္ ၊ လည္ပင္း ကလည္း ရွည္တာမို႔လို႔ သူ႔လည္ေခ်ာင္းထဲကို ႏႈတ္သီး ထိုးသြင္းၿပီး အ႐ိုးကို ဆြဲထုတ္ ေပးလို႔ ရႏိုင္တယ္ လို႔ ေတြးမိ လိုက္ပါတယ္။
ဒါနဲ႔ သူဟာ ႀကိဳးၾကာငွက္ ရွိတဲ့ေနရာကို သြားၿပီး ေတာင္းပန္ကာ အကူအညီ ေတာင္း တယ္ ။
" အေဆြႀကိဳးၾကာ ကြၽႏ္ုပ္ကို ကူညီေပးပါ၊ ကြၽႏ္ုပ္ရဲ႕ လည္ေခ်ာင္းထဲမွာ အ႐ိုးတစ္႐ိုး ကန႔္လန႔္ ခံေနတာမို႔ မစားႏိုင္ မေသာက္ႏိုင္ ျဖစ္ေနတာ ၾကာေနပါၿပီ၊ သင့္ ႏႈတ္သီးနဲ႔ ကိုက္ၿပီး ဆြဲထုတ္ ေပးမယ္ဆိုရင္ ရႏိုင္ပါ တယ္၊ အဲဒီ အ႐ိုးသာ ထြက္သြားရင္ ကြၽႏ္ုပ္ သင့္ကို ေက်းဇူး ဆပ္ပါ့မယ္ "
ဝံပုေလြရဲ႕ေတာင္းပန္ေျပာၾကားမႈေၾကာင့္..
ႀကိဳးၾကာငွက္က ဝံပုေလြရဲ႕ ပါးစပ္ကို ဟခိုင္း လိုက္ပါတယ္။ သူ႔ရဲ႕ ရွည္လ်ားတဲ့ ႏႈတ္သီးနဲ႔ ေသးသြယ္တဲ့ လည္ပင္းကို ဝံပုေလြရဲ႕ အာေခါင္က တစ္ဆင့္ လည္ေခ်ာင္းထဲ ထိုးသြင္းပီး ကန႔္လန႔္ ခံေနတဲ့ အ႐ိုးကို ကိုက္ခ်ီဆြဲထုတ္ေပး လိုက္တယ္။ ဝံပုေလြလည္း ေဝဒနာ ေပ်ာက္ကင္း သြားတာမို႔ ဝမ္းသာအားရ ျဖစ္သြားတယ္။
ႀကိဳးၾကာငွက္ကို ေက်းဇူးတင္ စကား ေျပာၿပီး ျပန္လွည့္အထြက္မွာ.. ႀကိဳးၾကာငွက္က ေနာက္ကေန လွမ္းေမး လိုက္ပါတယ္။
" အေဆြ အသင္ေျပာေတာ့ အ႐ိုး ထြက္သြားရင္ ကြၽႏ္ုပ္ကို ေက်းဇူး ဆပ္မယ္ဆို ၊ ဘာျဖစ္လို႔ လွည့္ထြက္သြားတာလဲ "
ဒီေတာ့ ဝံပုေလြက ေနာက္ကို ျပန္လွည့္ ၾကည့္ ၿပီး ေျပာလိုက္ပါတယ္။
" အေဆြႀကိဳးၾကာ ကြၽႏ္ုပ္ အသင့္ကို ေက်းဇူး ဆပ္ခဲ့ၿပီး ပါၿပီ ၊ ကြၽႏ္ုပ္ရဲ႕ အာခံတြင္းထဲ ေရာက္လာတဲ့ သင့္ဦးေခါင္းကို ကိုက္မျဖတ္ဘဲ ထားလိုက္တာ ေက်းဇူး ဆပ္တာပဲေပါ့၊ အသင့္ကို သတ္ျဖတ္ မစားသြား တာကိုပဲ ဝမ္းသာပါေတာ့ "
( ကိုယ့္အက်ိဳးကိုသာ ၾကည့္ၿပီး သူတစ္ပါးအတြက္ ထည့္မစဥ္းစား ေပးတဲ့ ဝံပုေလြနဲ႔ အလားသဏၭာန္ တူတဲ့ လူေတြ သိပ္ကို ေပါမ်ားပါတယ္ ။)
အဲဒီလို လူမ်ိဳးေတြနဲ႔ ႀကဳံဆုံရရင္ ေနာက္ထပ္ ဒုကၡေပး မသြားတာကိုပဲ ကိုယ္က ျပန္ဝမ္းသာရ ပါလိမ့္မယ္။ ေနာက္ထပ္ အထူး သတိထား ဆက္ဆံ ရမွာ ျဖစ္ပါတယ္။
Myint Soe
0 Comments