မထားသင့်တဲ့ ပညာမာန

တစ်ခါတုန်းက တိုင်းပြည် တစ်ပြည်မှာ အလွန်တော်တဲ့ ပန်းပုဆရာ တစ်ယောက် ရှိပါတယ် ။ သူ့ရဲ့ ပန်းပုပညာဟာ ဘယ်လောက် လက်ရာ မြောက်သလဲ ဆိုရင် အစစ်နဲ့တောင် ခွဲဖို့ ခက်လှပါတယ်။

ညတစ်ညမှာတော့ ပန်းပုဆရာဟာ ထူးဆန်းတဲ့ အိပ်မက် တစ်ခုကို မက်တယ်။ အိပ်မက်ထဲမှာ သေမင်းက နောက် ၁၅ ရက်အကြာမှာ သူ့ကို လာခေါ်မယ်လို့ အသေအချာ ပြောသွားတာမို့ ပန်းပုဆရာဟာ အရမ်းကို တုန်လှုပ်သွားခဲ့တယ်။

အဲ့ဒါနဲ့ သူနဲ့ ပုံစံတူ ပန်းပုရုပ် ( ၉ ) ရုပ်ကို နေ့မနား ညမနား ပြီးမြောက်အောင် ထုလုပ် ပါတော့တယ်။ သေမင်း လာခေါ်မယ့် နေ့မှာတော့ ပန်းပုဆရာ ဟာ သူ့ပုံစံတူ ပန်းပု ( ၉ ) ရုပ်တွေ ကြားမှာ ရောပြီး ဝင်နေလိုက်တယ်။

သေမင်းဟာ ပန်းပုဆရာ ( ၁၀ ) ယောက်ကို မြင်လိုက်ရတဲ့ အချိန်မှာ ပန်းပုဆရာလား ရုပ်ထုလား ခွဲခြားမရတဲ့ အတွက် အတော်ကို အကြပ်ရိုက် သွားတယ်။ ပန်းပုဆရာ ကိုလည်း စိတ်ဆိုးဆိုးနဲ့ ထွက်လာဖို့ ပြောပေမယ့် ပန်းပုဆရာက မလှုပ်မယှက် ဟန်ဆောင်ထားတဲ့ အတွက် အရာ မရောက်ခဲ့ဘူး။

အတန်ကြာ စဉ်းစားပြီး တော့မှ သေမင်းက စကားတစ်ခွန်း ပြောလိုက်တယ်။

" အို.. ပန်းပုဆရာ သင့်ရဲ့ ပန်းပုရုပ်တွေဟာ တကယ့်ကို အစစ်နဲ့ မခြား အသက်ဝင်လှ ပါတယ်.. ဒါပေမယ့် အားနည်းချက် တစ်ခု ရှိနေတာကိုတော့ သင် သတိ မထားမိခဲ့ဘူး မဟုတ်လား.. "

ပန်းပုဆရာဟာ သူ့ပညာနဲ့ ကြံဆ ထုလုပ်မှု အပေါ် ဝေဖန် လိုက်တဲ့ အားနည်းချက် ဆိုတဲ့ စကားကို မခံမရပ်နိုင် ဖြစ်သွားတယ်။ ဒါကြောင့် ရုပ်ထုတွေ ကြားထဲက ထွက်ပြီး မေးလိုက်တယ်။

" ကျွန်တော့ရဲ့ အားနည်းချက် ဆိုတာ ဘယ်မှာလဲ ပြစမ်းပါ "

သေမင်းက သူ့ကို ဖမ်းလိုက်တယ် ။ ပြီးတော့ ပြောလိုက်တယ်..

" ဟော ဒီမှာပဲ "

အမှန်တကယ်တော့ ရုပ်ထုတွေ အားလုံးဟာ အားနည်းချက် မရှိအောင် ပြည့်စုံ ကောင်းမွန် လှပါပေတယ်။ ပန်းပုဆရာဟာ သူ့ရဲ့ ပညာအပေါ် ထားတဲ့ မျက်မာန်ဒေါသကြောင့်ပဲ သေမင်းရဲ့ ဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံလိုက်ရတာ ဖြစ်ပါတယ်။

သင်ခန်းစာ - အတွေးအခေါ်တွေ ပညာတွေဟာ ပြည့်စုံ ကောင်းမွန် နေခဲ့ရင်တောင် ဒီပညာအပေါ် ထားရှိတဲ့ မာန်မာန ဒေါသ တွေကြောင့် ကျရှုံး သွားနိုင် ပါတယ်။

ဘဝရသ

for zawgyi

မထားသင့္တဲ့ ပညာမာန

တစ္ခါတုန္းက တိုင္းျပည္ တစ္ျပည္မွာ အလြန္ေတာ္တဲ့ ပန္းပုဆရာ တစ္ေယာက္ ရွိပါတယ္ ။ သူ႔ရဲ႕ ပန္းပုပညာဟာ ဘယ္ေလာက္ လက္ရာ ေျမာက္သလဲ ဆိုရင္ အစစ္နဲ႔ေတာင္ ခြဲဖို႔ ခက္လွပါတယ္။

ညတစ္ညမွာေတာ့ ပန္းပုဆရာဟာ ထူးဆန္းတဲ့ အိပ္မက္ တစ္ခုကို မက္တယ္။ အိပ္မက္ထဲမွာ ေသမင္းက ေနာက္ ၁၅ ရက္အၾကာမွာ သူ႔ကို လာေခၚမယ္လို႔ အေသအခ်ာ ေျပာသြားတာမို႔ ပန္းပုဆရာဟာ အရမ္းကို တုန္လႈပ္သြားခဲ့တယ္။

အဲ့ဒါနဲ႔ သူနဲ႔ ပုံစံတူ ပန္းပု႐ုပ္ ( ၉ ) ႐ုပ္ကို ေန႔မနား ညမနား ၿပီးေျမာက္ေအာင္ ထုလုပ္ ပါေတာ့တယ္။ ေသမင္း လာေခၚမယ့္ ေန႔မွာေတာ့ ပန္းပုဆရာ ဟာ သူ႔ပုံစံတူ ပန္းပု ( ၉ ) ႐ုပ္ေတြ ၾကားမွာ ေရာၿပီး ဝင္ေနလိုက္တယ္။

ေသမင္းဟာ ပန္းပုဆရာ ( ၁၀ ) ေယာက္ကို ျမင္လိုက္ရတဲ့ အခ်ိန္မွာ ပန္းပုဆရာလား ႐ုပ္ထုလား ခြဲျခားမရတဲ့ အတြက္ အေတာ္ကို အၾကပ္႐ိုက္ သြားတယ္။ ပန္းပုဆရာ ကိုလည္း စိတ္ဆိုးဆိုးနဲ႔ ထြက္လာဖို႔ ေျပာေပမယ့္ ပန္းပုဆရာက မလႈပ္မယွက္ ဟန္ေဆာင္ထားတဲ့ အတြက္ အရာ မေရာက္ခဲ့ဘူး။

အတန္ၾကာ စဥ္းစားၿပီး ေတာ့မွ ေသမင္းက စကားတစ္ခြန္း ေျပာလိုက္တယ္။

" အို.. ပန္းပုဆရာ သင့္ရဲ႕ ပန္းပု႐ုပ္ေတြဟာ တကယ့္ကို အစစ္နဲ႔ မျခား အသက္ဝင္လွ ပါတယ္.. ဒါေပမယ့္ အားနည္းခ်က္ တစ္ခု ရွိေနတာကိုေတာ့ သင္ သတိ မထားမိခဲ့ဘူး မဟုတ္လား.. "

ပန္းပုဆရာဟာ သူ႔ပညာနဲ႔ ႀကံဆ ထုလုပ္မႈ အေပၚ ေဝဖန္ လိုက္တဲ့ အားနည္းခ်က္ ဆိုတဲ့ စကားကို မခံမရပ္ႏိုင္ ျဖစ္သြားတယ္။ ဒါေၾကာင့္ ႐ုပ္ထုေတြ ၾကားထဲက ထြက္ၿပီး ေမးလိုက္တယ္။

" ကြၽန္ေတာ့ရဲ႕ အားနည္းခ်က္ ဆိုတာ ဘယ္မွာလဲ ျပစမ္းပါ "

ေသမင္းက သူ႔ကို ဖမ္းလိုက္တယ္ ။ ၿပီးေတာ့ ေျပာလိုက္တယ္..

" ေဟာ ဒီမွာပဲ "

အမွန္တကယ္ေတာ့ ႐ုပ္ထုေတြ အားလုံးဟာ အားနည္းခ်က္ မရွိေအာင္ ျပည့္စုံ ေကာင္းမြန္ လွပါေပတယ္။ ပန္းပုဆရာဟာ သူ႔ရဲ႕ ပညာအေပၚ ထားတဲ့ မ်က္မာန္ေဒါသေၾကာင့္ပဲ ေသမင္းရဲ႕ ဖမ္းဆီး ေခၚေဆာင္ျခင္းကို ခံလိုက္ရတာ ျဖစ္ပါတယ္။

သင္ခန္းစာ - အေတြးအေခၚေတြ ပညာေတြဟာ ျပည့္စုံ ေကာင္းမြန္ ေနခဲ့ရင္ေတာင္ ဒီပညာအေပၚ ထားရွိတဲ့ မာန္မာန ေဒါသ ေတြေၾကာင့္ က်ရႈံး သြားႏိုင္ ပါတယ္။

ဘဝရသ

Post a Comment

0 Comments