ဘဝအတွက် သင်ခန်းစာ

တစ်ရက်မှာ ဆရာမ ဖြစ်သူက ကျောက်သင်ပုန်းပေါ်မှာ ၉ အလီကို ချရေးလိုက်တယ် ။

၉ x ၁ = ၇

၉ x ၂ = ၁၈

၉ x ၃ = ၂၇

၉ x ၄ = ၃၆

၉ x ၅ = ၄၅

၉ x ၆ = ၅၄

၉ x ၇ = ၆၃

၉ x ၈ = ၇၂

၉ x ၉ = ၈၁

၉ x ၁ဝ = ၉ဝ

ရေးလို့လည်း ပြီးရော ဆရာမက ကျောင်းသားတွေကို တချက် ကြည့်လိုက်တယ်။ သူတို့က ဆရာမကို ဝိုင်းလှောင်ကြတယ်။ ဟားတိုက် ရယ်မောကြတယ်၊ ဝေဖန်ကဲ့ရဲ့ ကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပထမဆုံး ၉ အလီက မှားနေလို့ပါပဲ။

အဲ့ဒီမှာ ဆရာမဖြစ်တဲ့သူက အခုလို ပြောပါတယ်။ " တပည့်တို့ ဆရာမက ပထမဆုံး အလီကို ရည်ရွယ်ချက် ရှိရှိနဲ့ တမင်မှားအောင် ရေးခဲ့တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ငါ့တပည့်တွေကို သိပ်အရေးကြီးတဲ့ သင်ခန်းစာတစ်ခု ပေးချင်လို့ပါ။ "

" အဲ့ဒါ ဘာလဲ ဆိုတော့ တစ်နေ့မှာ ပြင်ပကမ္ဘာကြီးကနေ တပည့်တို့ကို ဘယ်လို ပြုမူ ဆက်ဆံမယ် ဆိုတာ အခု သင်ခန်းစာလေးကနေ တပည့်တို့ သိနိုင်ပါတယ်။ ဆရာမ ကိုးနှစ်လီကနေ ကိုးဆယ်လီအထိ မှန်အောင် ရေးနိုင်ပါတယ်။ ဒါပေမဲ့ ငါ့တပည့်တို့ ဆရာမကို အဲ့ဒီအတွက် အသိအမှတ် မပြုပါဘူး ။ "

" ငါ့တပည့်တွေက ဆရာမ မှားသွားခဲ့တဲ့ တစ်ကြိမ်ကိုပဲ လှောင်ပြောင်ရယ်မော ကြပါတယ်။ ဆရာမ မှားသွားတဲ့ တစ်ကြိမ်တည်းကိုပဲ ဝိုင်းဝန်းဝေဖန် ထိုးနှက်ကြပါတယ် ။ ဒါဟာ ငါ့တပည့်တွေ အတွက် သင်ခန်းစာ တစ်ခုပါပဲ။ "

" ကမ္ဘာကြီးက ငါ့တပည့်တွေ အကြိမ်များစွာ ပြုလုပ်ခဲ့တဲ့ ကောင်းတဲ့ကိစ္စ မှန်သမျှကို ချီးကျူး ဂုဏ်ပြုဖို့ မသိကျိုးကျွံပြု နေနိုင်သော်လည်း ငါ့တပည့်တွေ တစ်ကြိမ်ပဲ ပြုလုပ်ဖူးတဲ့ မကောင်းတဲ့ ကိစ္စတစ်ခုကိုတော့ ဝိုင်းဝန်းဝေဖန် ထိုးနှက်ဖို့ အစဉ်အမြဲ အသင့် ရှိနေကြတယ် ဆိုတာ ကိုပါပဲ။ "

Crd

(Inspiring stuff ရဲ့ photo ကို အင်္ဂလိပ်မှ မြန်မာသို့ ဆီလျော်အောင် ဘာသာပြန်ဆို ထားတာဖြစ်ပါတယ်)

for zawgyi

ဘဝအတြက္ သင္ခန္းစာ

တစ္ရက္မွာ ဆရာမ ျဖစ္သူက ေက်ာက္သင္ပုန္းေပၚမွာ ၉ အလီကို ခ်ေရးလိုက္တယ္ ။

၉ x ၁ = ၇

၉ x ၂ = ၁၈

၉ x ၃ = ၂၇

၉ x ၄ = ၃၆

၉ x ၅ = ၄၅

၉ x ၆ = ၅၄

၉ x ၇ = ၆၃

၉ x ၈ = ၇၂

၉ x ၉ = ၈၁

၉ x ၁ဝ = ၉ဝ

ေရးလို႔လည္း ၿပီးေရာ ဆရာမက ေက်ာင္းသားေတြကို တခ်က္ ၾကည့္လိုက္တယ္။ သူတို႔က ဆရာမကို ဝိုင္းေလွာင္ၾကတယ္။ ဟားတိုက္ ရယ္ေမာၾကတယ္၊ ေဝဖန္ကဲ့ရဲ႕ ၾကတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ပထမဆုံး ၉ အလီက မွားေနလို႔ပါပဲ။

အဲ့ဒီမွာ ဆရာမျဖစ္တဲ့သူက အခုလို ေျပာပါတယ္။ " တပည့္တို႔ ဆရာမက ပထမဆုံး အလီကို ရည္႐ြယ္ခ်က္ ရွိရွိနဲ႔ တမင္မွားေအာင္ ေရးခဲ့တာပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ ငါ့တပည့္ေတြကို သိပ္အေရးႀကီးတဲ့ သင္ခန္းစာတစ္ခု ေပးခ်င္လို႔ပါ။ "

" အဲ့ဒါ ဘာလဲ ဆိုေတာ့ တစ္ေန႔မွာ ျပင္ပကမာၻႀကီးကေန တပည့္တို႔ကို ဘယ္လို ျပဳမူ ဆက္ဆံမယ္ ဆိုတာ အခု သင္ခန္းစာေလးကေန တပည့္တို႔ သိႏိုင္ပါတယ္။ ဆရာမ ကိုးႏွစ္လီကေန ကိုးဆယ္လီအထိ မွန္ေအာင္ ေရးႏိုင္ပါတယ္။ ဒါေပမဲ့ ငါ့တပည့္တို႔ ဆရာမကို အဲ့ဒီအတြက္ အသိအမွတ္ မျပဳပါဘူး ။ "

" ငါ့တပည့္ေတြက ဆရာမ မွားသြားခဲ့တဲ့ တစ္ႀကိမ္ကိုပဲ ေလွာင္ေျပာင္ရယ္ေမာ ၾကပါတယ္။ ဆရာမ မွားသြားတဲ့ တစ္ႀကိမ္တည္းကိုပဲ ဝိုင္းဝန္းေဝဖန္ ထိုးႏွက္ၾကပါတယ္ ။ ဒါဟာ ငါ့တပည့္ေတြ အတြက္ သင္ခန္းစာ တစ္ခုပါပဲ။ "

" ကမာၻႀကီးက ငါ့တပည့္ေတြ အႀကိမ္မ်ားစြာ ျပဳလုပ္ခဲ့တဲ့ ေကာင္းတဲ့ကိစၥ မွန္သမွ်ကို ခ်ီးက်ဴး ဂုဏ္ျပဳဖို႔ မသိက်ိဳးကြၽံျပဳ ေနႏိုင္ေသာ္လည္း ငါ့တပည့္ေတြ တစ္ႀကိမ္ပဲ ျပဳလုပ္ဖူးတဲ့ မေကာင္းတဲ့ ကိစၥတစ္ခုကိုေတာ့ ဝိုင္းဝန္းေဝဖန္ ထိုးႏွက္ဖို႔ အစဥ္အၿမဲ အသင့္ ရွိေနၾကတယ္ ဆိုတာ ကိုပါပဲ။ "

Crd

(Inspiring stuff ရဲ႕ photo ကို အဂၤလိပ္မွ ျမန္မာသို႔ ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆို ထားတာျဖစ္ပါတယ္)

Post a Comment

0 Comments