ကောင်းလိုက်တဲ့ ဆုတောင်း

တခါတုန်းက အလွန် ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်း နှစ်ယောက် ပင်လယ်ထဲကို သင်္ဘောနဲ့ အပျော်ခရီး ထွက်ခဲ့ပါတယ် ။ ဒါပေမယ့် မုန်တိုင်းတစ်ခုနဲ့ ကြုံပြီး သင်္ဘော ပျက်သွားတာကြောင့် နှစ်ဦးစလုံး ရေကူးပြီး ကျွန်းတစ်ကျွန်းပေါ်ကို ရောက်လာကြပါတယ် ။

ကျွန်းလေးပေါ် ရောက်တော့ သူတို့ သူငယ်ချင်း နှစ်ယောက် ဘယ်သူက ပိုကံကောင်းတယ် ဆိုတာ သိရှိရအောင် ကျွန်းရဲ့ တဖက်တခြမ်းစီမှာ သီးသန့်နေထိုင်ဖို့ လုပ်ကြပါတယ် ။

ပထမနေ့မှာ တစ်ယောက်က အစားအသောက်ရဖို့ ဆုတောင်းတော့ သစ်သီးပင် တပင်ကို သူ့ကျွန်းဘက်ခြမ်းမှာ တွေ့ပါတယ် ။ ဒုတိယလူ ကတော့ စားသောက်ဖို့ ဘာပင်မှ မတွေ့တာကြောင့် ရှိတဲ့ အရွက်တွေကိုပဲ ခူးစားရပါတယ် ။

နောက်တနေ့မှာလည်း ပထမလူကပဲ ဆုတောင်းတိုင်း ရရှိနေ ပါတော့တယ် ။ မိန်းမ အဖော် လိုချင်တယ် လို့ ဆုတောင်းတော့ သင်္ဘောပျက်ပေါ်က အမျိုးသမီး တယောက်က သူ့ကျွန်းဘက်ခြမ်းမှာ ရောက်လာ ပါတယ် ။

အဲဒီလိုပဲ အဝတ်အစားတွေ ၊ အစားအသောက်တွေပါ သူဆုတောင်းတိုင်း ရရှိပါတယ် ။ နောက်ဆုံးတော့ သူက သင်္ဘောတစီးကို ဆုတောင်းပြီး ကျွန်းကနေ ပြန်ဖို့ လုပ်ပါတယ် ။

ပထမလူက သူဆုတောင်းလိုက်တဲ့ သင်္ဘော တကယ်ပဲ ရောက်လာတော့ သူရယ် ၊ သူ့အဖော် အမျိုးသမီးရယ် ကျွန်းကနေ ထွက်ခွာဖို့ လုပ်ပါတယ် ။ အဲဒီအချိန်မှာ သိကြားမင်းက ပေါ်လာပြီး မေးပါတယ်။

" ဘာလို့ မင်းရဲ့ သူငယ်ချင်းကိုပါ မခေါ်သွားတာလဲ " ဆိုတော့ သူက ဖြေပါတယ် ။

" သူက ကံ မကောင်းဘူးလေ ။ သူ ဆုတောင်းသမျှ ပြည့်မှ မပြည့်တာ ။ သူ့ကြောင့် ကျနော်တို့ သင်္ဘောပျက်ပြီး ဒုက္ခရောက်တာလားတောင် မသိဘူး ။ ဒါကြောင့် ဒီတခါတော့.. သူ့ကို ကျနော် ထားခဲ့တော့မယ် " ဆိုပြီး ပြောလိုက်တယ် ။ ထိုအခါ သိကြားမင်းက ပြောတယ် ။

" အသင် မှားနေပြီ.. ကျွန်ုပ် ဆုတောင်း ဖြည့်ပေးခဲ့တာက သင့်သူငယ်ချင်းရဲ့ ဆုတောင်း တခုထဲ ကိုပါ.. သင့်ဆုတောင်းတွေကို ကျွန်ုပ် မဖြည့်စီးပေးခဲ့ ပါဘူး "

ထိုအခါကျမှ ပထမလူ လည်း အံ့သြသွားပြီး..

" ဒါဆိုရင်.. ကျနော့် သူငယ်ချင်းရဲ့ ဆုတောင်းက ဘာပါလဲ " လို့ မေးလိုက်တော့.. သိကြားမင်းက..

" သင့် သူငယ်ချင်းရဲ့ ဆုတောင်းကတော့.. သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ သင့်ရဲ့ တောင်းဆုများ အားလုံး ပြည့်ပါစေတဲ့.. အဲ့ဒီ ဆုတောင်းတာကိုပဲ ငါဖြည့်စည်း ပေးခဲ့တာပါ "..

လောကကြီးမှာလည်း ဒီလိုပါပဲ ။ ကိုယ့်ရဲ့ ကံကောင်းမှုတိုင်းက လူတစ်ဦးတယောက်ရဲ့ ဖြည့်စီးပေးမှုတွေလည်း ပါဝင်နိုင်တယ် ဆိုတာကို မမေ့ပါနဲ့။ သင်အချစ်ဆုံး လူတွေကို ဘယ်တော့မှ ချန်မထားခဲ့ပါနဲ့.. ။

Crd

for zawgyi

ေကာင္းလိုက္တဲ့ ဆုေတာင္း

တခါတုန္းက အလြန္ ခင္မင္ရင္းႏွီးတဲ့ သူငယ္ခ်င္း ႏွစ္ေယာက္ ပင္လယ္ထဲကို သေဘၤာနဲ႔ အေပ်ာ္ခရီး ထြက္ခဲ့ပါတယ္ ။ ဒါေပမယ့္ မုန္တိုင္းတစ္ခုနဲ႔ ႀကဳံၿပီး သေဘၤာ ပ်က္သြားတာေၾကာင့္ ႏွစ္ဦးစလုံး ေရကူးၿပီး ကြၽန္းတစ္ကြၽန္းေပၚကို ေရာက္လာၾကပါတယ္ ။

ကြၽန္းေလးေပၚ ေရာက္ေတာ့ သူတို႔ သူငယ္ခ်င္း ႏွစ္ေယာက္ ဘယ္သူက ပိုကံေကာင္းတယ္ ဆိုတာ သိရိွရေအာင္ ကြၽန္းရဲ႕ တဖက္တျခမ္းစီမွာ သီးသန႔္ေနထိုင္ဖို႔ လုပ္ၾကပါတယ္ ။

ပထမေန႔မွာ တစ္ေယာက္က အစားအေသာက္ရဖို႔ ဆုေတာင္းေတာ့ သစ္သီးပင္ တပင္ကို သူ႔ကြၽန္းဘက္ျခမ္းမွာ ေတြ႕ပါတယ္ ။ ဒုတိယလူ ကေတာ့ စားေသာက္ဖို႔ ဘာပင္မွ မေတြ႕တာေၾကာင့္ ရွိတဲ့ အ႐ြက္ေတြကိုပဲ ခူးစားရပါတယ္ ။

ေနာက္တေန႔မွာလည္း ပထမလူကပဲ ဆုေတာင္းတိုင္း ရရွိေန ပါေတာ့တယ္ ။ မိန္းမ အေဖာ္ လိုခ်င္တယ္ လို႔ ဆုေတာင္းေတာ့ သေဘၤာပ်က္ေပၚက အမ်ိဳးသမီး တေယာက္က သူ႔ကြၽန္းဘက္ျခမ္းမွာ ေရာက္လာ ပါတယ္ ။

အဲဒီလိုပဲ အဝတ္အစားေတြ ၊ အစားအေသာက္ေတြပါ သူဆုေတာင္းတိုင္း ရရွိပါတယ္ ။ ေနာက္ဆုံးေတာ့ သူက သေဘၤာတစီးကို ဆုေတာင္းၿပီး ကြၽန္းကေန ျပန္ဖို႔ လုပ္ပါတယ္ ။

ပထမလူက သူဆုေတာင္းလိုက္တဲ့ သေဘၤာ တကယ္ပဲ ေရာက္လာေတာ့ သူရယ္ ၊ သူ႔အေဖာ္ အမ်ိဳးသမီးရယ္ ကြၽန္းကေန ထြက္ခြာဖို႔ လုပ္ပါတယ္ ။ အဲဒီအခ်ိန္မွာ သိၾကားမင္းက ေပၚလာၿပီး ေမးပါတယ္။

" ဘာလို႔ မင္းရဲ႕ သူငယ္ခ်င္းကိုပါ မေခၚသြားတာလဲ " ဆိုေတာ့ သူက ေျဖပါတယ္ ။

" သူက ကံ မေကာင္းဘူးေလ ။ သူ ဆုေတာင္းသမွ် ျပည့္မွ မျပည့္တာ ။ သူ႔ေၾကာင့္ က်ေနာ္တို႔ သေဘၤာပ်က္ၿပီး ဒုကၡေရာက္တာလားေတာင္ မသိဘူး ။ ဒါေၾကာင့္ ဒီတခါေတာ့.. သူ႔ကို က်ေနာ္ ထားခဲ့ေတာ့မယ္ " ဆိုၿပီး ေျပာလိုက္တယ္ ။ ထိုအခါ သိၾကားမင္းက ေျပာတယ္ ။

" အသင္ မွားေနၿပီ.. ကြၽႏ္ုပ္ပ္ ဆုေတာင္း ျဖည့္ေပးခဲ့တာက သင့္သူငယ္ခ်င္းရဲ႕ ဆုေတာင္း တခုထဲ ကိုပါ.. သင့္ဆုေတာင္းေတြကို ကြၽႏ္ုပ္ မျဖည့္စီးေပးခဲ့ ပါဘူး "

ထိုအခါက်မွ ပထမလူ လည္း အံ့ၾသသြားၿပီး..

" ဒါဆိုရင္.. က်ေနာ့္ သူငယ္ခ်င္းရဲ႕ ဆုေတာင္းက ဘာပါလဲ " လို႔ ေမးလိုက္ေတာ့.. သိၾကားမင္းက..

" သင့္ သူငယ္ခ်င္းရဲ႕ ဆုေတာင္းကေတာ့.. သူ႔အခ်စ္ဆုံး သူငယ္ခ်င္းျဖစ္တဲ့ သင့္ရဲ႕ ေတာင္းဆုမ်ား အားလုံး ျပည့္ပါေစတဲ့.. အဲ့ဒီ ဆုေတာင္းတာကိုပဲ ငါျဖည့္စည္း ေပးခဲ့တာပါ "..

ေလာကႀကီးမွာလည္း ဒီလိုပါပဲ ။ ကိုယ့္ရဲ႕ ကံေကာင္းမႈတိုင္းက လူတစ္ဦးတေယာက္ရဲ႕ ျဖည့္စီးေပးမႈေတြလည္း ပါဝင္ႏိုင္တယ္ ဆိုတာကို မေမ့ပါနဲ႔။ သင္အခ်စ္ဆုံး လူေတြကို ဘယ္ေတာ့မွ ခ်န္မထားခဲ့ပါနဲ႔.. ။

Crd

Post a Comment

0 Comments