မိုးကြိုးအပစ်ခံရပြီးနောက် ထူးခြားတဲ့ စွမ်းအားတွေကို ရရှိခဲ့ကြသူများ

လျှပ်စီးတွေက ကြောက်ဖို့ကောင်းပေမယ့် လှတဲ့အခါလည်း အရမ်းလှပါတယ်။ လျှပ်စီးလက် မိုးကြိုး အပစ်ခံရပြီးရင် အသက်မရှင်တဲ့သူ များပါတယ်။ တချို့ကလည်း မိုးကြိုးပစ်ခံရပြီးတော့ ကံကောင်းစွာနဲ့ အသက်မသေကြပါဘူး။ တချို့တွေဆိုရင် အသက်မသေတဲ့အပြင် ထူးခြားတဲ့ စွမ်းအားတွေကိုပါ ရရှိလာတတ်ကြပါတယ်။

၁။ Tony Cicoria

Tony Cicoria ဟာ အရိုးအထူးကု ဆရာဝန်ဖြစ်ပြီးတော့ သူက မိုးကြိုး အပစ်မခံရခင်က ဂီတကို စိတ်ဝင်စားခြင်း မရှိခဲ့ပါဘူး။ ၁၉၉၄ ခုနှစ်မှာ မုန်တိုင်းတိုက်နေတုန်း Tony ဖုန်းဆက်နေပါတယ်။ အဲဒီအချိန် လျှပ်စီးဝင်ပြီး မိုးကြိုး အပစ်ခံ လိုက်ရပါတယ်။ ကံကောင်းလို့ မသေခဲ့ပေမယ့် မိုးကြိုးပစ်ခံရပြီးနောက်ပိုင်းမှာ သီချင်းတွေ ရေးစပ်တတ်လာပြီး ပြောင်မြောက်တဲ့ စန္ဒယားဆရာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

၂။ Roy Sullivan

Roy Sullivan ဟာ ဘယ်လောက်တောင် ကံဆိုးသလဲဆိုရင် ၁၉၄၂ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အတွင်း ၇ ကြိမ်တောင် မိုးကြိုးအပစ်ခံ ခဲ့ရပါတယ်။

၃။ Adam Campbell

Adam Campbell ဟာ ကိုလိုရာဒိုမီတာ ၁၀၀အပြေးပြိုင်ပွဲမှာ အပြေးပြိုင်နေရင်း မိုးကြိုး အပစ်ခံခဲ့ရပါတယ်။ ကံကောင်းချင်တော့ မိုးကြိုးအပစ်ခံရတာတောင် မသေတဲ့အပြင် အပြေးပြိုင်ပွဲကိုလည်း ပြီးအောင် ပြိုင်နိုင်ခဲ့ပါတယ်။ တတိယဆုလည်း ရခဲ့ပါသေးတယ်။

၄။ Kendra Villanueva

Kendra Villanueva ဆိုတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးက လွတ်လပ်ရေးနေ့မှာ မီးပန်းဖောက်ရင်း မိုးကြိုး အပစ်ခံခဲ့ရပါတယ်။ ဒါပေမယ့် အသက်တော့ မသေခဲ့ပါဘူး။ မိုးကြိုး အပစ်ခံရတာကြောင့် ဆေးရုံကို သွားပြီး မြန်မြန်ခွဲမွေး လိုက်ရပါတယ်။ ကလေးကို စောပြီးမွေးပေမယ့် ကလေးလည်း ကျန်းမာပါတယ်။ မွေးလာတဲ့သမီးလေးကို Little Flash Gordan လို့ ခေါ်ကြပါတယ်။

၅။ Edwin E Robinson

Edwin E Robinson က ကားမတော်တဆမှုကြောင့် အမြင်အာရုံကွယ်ခဲ့ရပြီး နားကြားကိရိယာလည်း တပ်ခဲ့ရပါတယ်။ သူဟာ ကြက်ပေါက်စလေးကို လိုက်ရှာရင်း သစ်ပင်တစ်ပင်နားမှာ မိုးကြိုး အပစ်ခံလိုက်ရပါတယ်။ ကံကောင်းချင်တော့ မိုးကြိုး အပစ်ခံရပြီး နောက်ပိုင်းမှာ မျက်လုံးပြန်မြင်လာပြီး နားလည်း ပြန်ကြားလာခဲ့ပါတယ်။

မိုးကြိုး အပစ်ခံရပြီး အသက်မသေသူတွေမှာ လှပတဲ့ လျှပ်စီးအမာရွတ်လေးတွေ ကျန်ရှိနေတတ်ကြပါတယ်။ လျှပ်စီးအမာရွတ်တွေက ပန်းခက်ပန်းနွယ်တွေလို အရမ်းလှတာကြောင့် မသိရင် တက်တူးထိုးထားတဲ့ အတိုင်းပါပဲ။

လျှပ်စီးတစ်ခုရဲ့ ပျမ်းမျှအပူချိန်က ၃၆၀၀၀ ဒီဂရီ ဖာရင်ဟိုက်အထိ ရှိပါတယ်။ မိုးကြိုးအပစ်ခံရတာကြောင့် တစ်နှစ်မှာ ပျမ်းမျှ လူပေါင်း ၂ ထောင်ခန့် သေဆုံးပါတယ်။ လျှပ်စီးတစ်ခုရဲ့အရှည်က ပျမ်းမျှ ၂ မိုင်ကနေ ၃ မိုင်အထိ ရှည်လျားပါတယ်။

Zombie (Lovemedia)

for zawgyi

မိုးႀကိဳးအပစ္ခံရၿပီးေနာက္ ထူးျခားတဲ့ စြမ္းအားေတြကို ရရွိခဲ့ၾကသူမ်ား

လွ်ပ္စီးေတြက ေၾကာက္ဖို႔ေကာင္းေပမယ့္ လွတဲ့အခါလည္း အရမ္းလွပါတယ္။ လွ်ပ္စီးလက္ မိုးႀကိဳး အပစ္ခံရၿပီးရင္ အသက္မရွင္တဲ့သူ မ်ားပါတယ္။ တခ်ိဳ႕ကလည္း မိုးႀကိဳးပစ္ခံရၿပီးေတာ့ ကံေကာင္းစြာနဲ႔ အသက္မေသၾကပါဘူး။ တခ်ိဳ႕ေတြဆိုရင္ အသက္မေသတဲ့အျပင္ ထူးျခားတဲ့ စြမ္းအားေတြကိုပါ ရရွိလာတတ္ၾကပါတယ္။

၁။ Tony Cicoria ဟာ အ႐ိုးအထူးကု ဆရာဝန္ျဖစ္ၿပီးေတာ့ သူက မိုးႀကိဳး အပစ္မခံရခင္က ဂီတကို စိတ္ဝင္စားျခင္း မရွိခဲ့ပါဘူး။ ၁၉၉၄ ခုႏွစ္မွာ မုန္တိုင္းတိုက္ေနတုန္း Tony ဖုန္းဆက္ေနပါတယ္။ အဲဒီအခ်ိန္ လွ်ပ္စီးဝင္ၿပီး မိုးႀကိဳး အပစ္ခံ လိုက္ရပါတယ္။ ကံေကာင္းလို႔ မေသခဲ့ေပမယ့္ မိုးႀကိဳးပစ္ခံရၿပီးေနာက္ပိုင္းမွာ သီခ်င္းေတြ ေရးစပ္တတ္လာၿပီး ေျပာင္ေျမာက္တဲ့ စႏၵယားဆရာတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

၂။ Roy Sullivan ဟာ ဘယ္ေလာက္ေတာင္ ကံဆိုးသလဲဆိုရင္ ၁၉၄၂ ခုႏွစ္ကေန ၁၉၇၇ ခုႏွစ္အတြင္း ၇ ႀကိမ္ေတာင္ မိုးႀကိဳးအပစ္ခံ ခဲ့ရပါတယ္။

၃။ Adam Campbell ဟာ ကိုလိုရာဒိုမီတာ ၁၀၀အေျပးၿပိဳင္ပြဲမွာ အေျပးၿပိဳင္ေနရင္း မိုးႀကိဳး အပစ္ခံခဲ့ရပါတယ္။ ကံေကာင္းခ်င္ေတာ့ မိုးႀကိဳးအပစ္ခံရတာေတာင္ မေသတဲ့အျပင္ အေျပးၿပိဳင္ပြဲကိုလည္း ၿပီးေအာင္ ၿပိဳင္ႏိုင္ခဲ့ပါတယ္။ တတိယဆုလည္း ရခဲ့ပါေသးတယ္။

၄။ Kendra Villanueva ဆိုတဲ့ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးက လြတ္လပ္ေရးေန႔မွာ မီးပန္းေဖာက္ရင္း မိုးႀကိဳး အပစ္ခံခဲ့ရပါတယ္။ ဒါေပမယ့္ အသက္ေတာ့ မေသခဲ့ပါဘူး။ မိုးႀကိဳး အပစ္ခံရတာေၾကာင့္ ေဆး႐ုံကို သြားၿပီး ျမန္ျမန္ခြဲေမြး လိုက္ရပါတယ္။ ကေလးကို ေစာၿပီးေမြးေပမယ့္ ကေလးလည္း က်န္းမာပါတယ္။ ေမြးလာတဲ့သမီးေလးကို Little Flash Gordan လို႔ ေခၚၾကပါတယ္။

၅။ Edwin E Robinson က ကားမေတာ္တဆမႈေၾကာင့္ အျမင္အာ႐ုံကြယ္ခဲ့ရၿပီး နားၾကားကိရိယာလည္း တပ္ခဲ့ရပါတယ္။ သူဟာ ၾကက္ေပါက္စေလးကို လိုက္ရွာရင္း သစ္ပင္တစ္ပင္နားမွာ မိုးႀကိဳး အပစ္ခံလိုက္ရပါတယ္။ ကံေကာင္းခ်င္ေတာ့ မိုးႀကိဳး အပစ္ခံရၿပီး ေနာက္ပိုင္းမွာ မ်က္လုံးျပန္ျမင္လာၿပီး နားလည္း ျပန္ၾကားလာခဲ့ပါတယ္။

မိုးႀကိဳး အပစ္ခံရၿပီး အသက္မေသသူေတြမွာ လွပတဲ့ လွ်ပ္စီးအမာ႐ြတ္ေလးေတြ က်န္ရွိေနတတ္ၾကပါတယ္။ လွ်ပ္စီးအမာ႐ြတ္ေတြက ပန္းခက္ပန္းႏြယ္ေတြလို အရမ္းလွတာေၾကာင့္ မသိရင္ တက္တူးထိုးထားတဲ့ အတိုင္းပါပဲ။ လွ်ပ္စီးတစ္ခုရဲ႕ ပ်မ္းမွ်အပူခ်ိန္က ၃၆၀၀၀ ဒီဂရီ ဖာရင္ဟိုက္အထိ ရွိပါတယ္။ မိုးႀကိဳးအပစ္ခံရတာေၾကာင့္ တစ္ႏွစ္မွာ ပ်မ္းမွ် လူေပါင္း ၂ ေထာင္ခန႔္ ေသဆုံးပါတယ္။ လွ်ပ္စီးတစ္ခုရဲ႕အရွည္က ပ်မ္းမွ် ၂ မိုင္ကေန ၃ မိုင္အထိ ရွည္လ်ားပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments