" ငါ့မှာက သူများတွေလို အင်္ဂလိပ်စာလည်း မတတ်ဘူး၊ ဘွဲ့ဆိုလည်း မရခဲ့ဘူး၊ ဒီတစ်သတ်တော့ အောင်မြင်မယ် မထင်တော့ ပါဘူးကွာ " ဆိုပြီး သူငယ်ချင်း တစ်ယောက်က သူ့ အားနည်းချက် တွေကို ရင်ဖွင့်လာ ပါတယ်။
အင်္ဂလိပ်စာ မတတ်တိုင်း၊ ဘွဲ့မရတိုင်း ဘဝမှာ လူချမ်းသာ တစ်ယောက် မဖြစ်နိုင်တော့ ဘူးလားဗျာ။ ဒီနေ့ ခေတ်မှာ အင်္ဂလိပ်စာ မတတ်ဘဲနဲ့ အောင်မြင် နေတဲ့ လူတွေ အများကြီး ရှိသလို ဘွဲ့မရ ဘဲနဲ့ (ဘီလ်ဂိတ် တို့လို မက်ခ်ဇူကာဘတ် တို့လို ) ချမ်းသာ နေတဲ့ သူတွေလည်း တစ်ပုံတစ်ပင် ပါပဲ။
ကဲ.. ဒါဆို ဥပမာ တစ်ခု ပေးကြည့် ရအောင်ဗျာ။
ဟိမဝန္တာ တောနတ်ကြီး ထဲမှာ ကိုယ်ခန္ဓာ အကြီးဆုံး သတ္တဝါ ကတော့ ဆင် ပါ။ အပြေး အမြန်ဆုံး သတ္တဝါ ကတော့ ကျားသစ် နော်။ အရပ် အရှည်ဆုံး သတ္တဝါ ကလည်း သစ်ကုလားအုတ် ပါပဲ။ ဒါပေမယ့် တောသုံးတန်၊ တောင်သုံးတန်ကို အုပ်ချုပ် နေတဲ့ သတ္တဝါက ဆင်လည်း မဟုတ်သလို၊ ကျားသစ်လည်း မဟုတ်ဖူး နော်။ အားလုံး သိတဲ့ တောဘုရင်က ခြင်္သေ့ ပါပဲ။
ခြင်္သေ့ ဟိန်းဟောက်လိုက်မယ် ဆိုရင် ကျန်တဲ့ အကောင်တွေ ဖိန့်ဖိန့် တုန်အောင် ကြောက်ကြ တယ်။ အံ့သြစရာ မကောင်းဘူးလား ဗျာ။ ခြင်္သေ့က ဆင်လောက်လည်း အကောင် မကြီး သလို ကျားသစ် လောက်လည်း အပြေး မမြန် ပါဘူး။ သစ်ကုလားအုတ် လိုလည်း အရပ်မြင့်ဖို့ နေနေ သာသာ ခြင်္သေ့ တစ်ကောင်ဟာ အရပ် ၄ ပေ ထက် မပိုပါဘူး။
ခြင်္သေ့မှာ သူများတွေ ရှိတဲ့ အားသာချက်တွေ မရှိဘဲနဲ့ ဘာဖြစ်လို့ တောဘုရင် ဖြစ်နေတာလဲ။ ခြင်္သေ့ဟာ ရဲစွမ်းသတ္တိ အပြည့် ရှိတယ်။ သူ့ရှေ့မှာ ဖြတ်သွားတဲ့ ဘယ်သတ္တဝါ မဆို အကောင် ဘယ်လောက် ကြီးကြီး ဂရု မစိုက်ဖူး၊ အကုန်လုံး ဟာ သူ့ သားကောင်ပဲ။ လမ်းလျှောက် တာက အစ ယုံကြည်မှု အပြည့်နဲ့ လျှောက်တယ်၊ အားသွန် ခွန်စိုက် ရုန်းကန်တယ်။ ဘယ်လို အန္တရာယ်မျိုးပဲ ကြုံလာ ပါစေ၊ အကုန်လုံး ရင်ဆိုင်မယ် ဆိုတဲ့ သတ္တိမျိုး ရှိတယ်။
ကဲ.. တောဘုရင်ခြင်္သေ့ကို သင်ခန်းစာ ယူပြီးတော့ ကျွန်တော်တို့ တွေလည်း ဘာတွေ လုပ်နိုင်မလဲ။ အင်္ဂလိပ်စာ ကျွမ်းကျင်တာ တွေ၊ ဘွဲ့ ဒီဂရီ အားသာချက် တွေ မရှိ ရင်လည်း နေပါစေတော့။ တကယ်တမ်း လိုအပ်တာက အနိုင်မခံ အရှုံး မပေးတဲ့ စိတ်ဓာတ်၊ ရဲစွမ်း သတ္တိ၊ ယုံကြည်ချက်တွေ ရယ်ပါ။
ကဲ.. မိမိကိုယ်ကိုသာ ယုံကြည်ချက် အပြည့် ရှိရင် အားလုံး စွမ်းဆောင်နိုင် ပါတယ်။ နေ့တိုင်း အတွက် ခြင်္သေ့လို ယုံကြည်ချက် တွေ မွေးဖွား ရအောင်လား ဗျာ။
ကျော်စိုးအောင် (အခရာ)
for zawgyi
အားနည္းခ်က္ရွိရင္ မေအာင္ျမင္ႏိုင္ဘူးလား
" ငါ့မွာက သူမ်ားေတြလို အဂၤလိပ္စာလည္း မတတ္ဘူး၊ ဘြဲ႕ဆိုလည္း မရခဲ့ဘူး၊ ဒီတစ္သတ္ေတာ့ ေအာင္ျမင္မယ္ မထင္ေတာ့ ပါဘူးကြာ " ဆိုၿပီး သူငယ္ခ်င္း တစ္ေယာက္က သူ႔ အားနည္းခ်က္ ေတြကို ရင္ဖြင့္လာ ပါတယ္။
အဂၤလိပ္စာ မတတ္တိုင္း၊ ဘြဲ႕မရတိုင္း ဘဝမွာ လူခ်မ္းသာ တစ္ေယာက္ မျဖစ္ႏိုင္ေတာ့ ဘူးလားဗ်ာ။ ဒီေန႔ ေခတ္မွာ အဂၤလိပ္စာ မတတ္ဘဲနဲ႔ ေအာင္ျမင္ ေနတဲ့ လူေတြ အမ်ားႀကီး ရွိသလို ဘြဲ႕မရ ဘဲနဲ႔ (ဘီလ္ဂိတ္ တို႔လို မက္ခ္ဇူကာဘတ္ တို႔လို ) ခ်မ္းသာ ေနတဲ့ သူေတြလည္း တစ္ပုံတစ္ပင္ ပါပဲ။
ကဲ.. ဒါဆို ဥပမာ တစ္ခု ေပးၾကည့္ ရေအာင္ဗ်ာ။
ဟိမဝႏၲာ ေတာနတ္ႀကီး ထဲမွာ ကိုယ္ခႏၶာ အႀကီးဆုံး သတၱဝါ ကေတာ့ ဆင္ ပါ။ အေျပး အျမန္ဆုံး သတၱဝါ ကေတာ့ က်ားသစ္ ေနာ္။ အရပ္ အရွည္ဆုံး သတၱဝါ ကလည္း သစ္ကုလားအုတ္ ပါပဲ။ ဒါေပမယ့္ ေတာသုံးတန္၊ ေတာင္သုံးတန္ကို အုပ္ခ်ဳပ္ ေနတဲ့ သတၱဝါက ဆင္လည္း မဟုတ္သလို၊ က်ားသစ္လည္း မဟုတ္ဖူး ေနာ္။ အားလုံး သိတဲ့ ေတာဘုရင္က ျခေသၤ့ ပါပဲ။
ျခေသၤ့ ဟိန္းေဟာက္လိုက္မယ္ ဆိုရင္ က်န္တဲ့ အေကာင္ေတြ ဖိန႔္ဖိန႔္ တုန္ေအာင္ ေၾကာက္ၾက တယ္။ အံ့ၾသစရာ မေကာင္းဘူးလား ဗ်ာ။ ျခေသၤ့က ဆင္ေလာက္လည္း အေကာင္ မႀကီး သလို က်ားသစ္ ေလာက္လည္း အေျပး မျမန္ ပါဘူး။ သစ္ကုလားအုတ္ လိုလည္း အရပ္ျမင့္ဖို႔ ေနေန သာသာ ျခေသၤ့ တစ္ေကာင္ဟာ အရပ္ ၄ ေပ ထက္ မပိုပါဘူး။
ျခေသၤ့မွာ သူမ်ားေတြ ရွိတဲ့ အားသာခ်က္ေတြ မရွိဘဲနဲ႔ ဘာျဖစ္လို႔ ေတာဘုရင္ ျဖစ္ေနတာလဲ။ ျခေသၤ့ဟာ ရဲစြမ္းသတၱိ အျပည့္ ရွိတယ္။ သူ႔ေရွ႕မွာ ျဖတ္သြားတဲ့ ဘယ္သတၱဝါ မဆို အေကာင္ ဘယ္ေလာက္ ႀကီးႀကီး ဂ႐ု မစိုက္ဖူး၊ အကုန္လုံး ဟာ သူ႔ သားေကာင္ပဲ။ လမ္းေလွ်ာက္ တာက အစ ယုံၾကည္မႈ အျပည့္နဲ႔ ေလွ်ာက္တယ္၊ အားသြန္ ခြန္စိုက္ ႐ုန္းကန္တယ္။ ဘယ္လို အႏၲရာယ္မ်ိဳးပဲ ႀကဳံလာ ပါေစ၊ အကုန္လုံး ရင္ဆိုင္မယ္ ဆိုတဲ့ သတၱိမ်ိဳး ရွိတယ္။
ကဲ.. ေတာဘုရင္ျခေသၤ့ကို သင္ခန္းစာ ယူၿပီးေတာ့ ကြၽန္ေတာ္တို႔ ေတြလည္း ဘာေတြ လုပ္ႏိုင္မလဲ။ အဂၤလိပ္စာ ကြၽမ္းက်င္တာ ေတြ၊ ဘြဲ႕ ဒီဂရီ အားသာခ်က္ ေတြ မရွိ ရင္လည္း ေနပါေစေတာ့။ တကယ္တမ္း လိုအပ္တာက အႏိုင္မခံ အရႈံး မေပးတဲ့ စိတ္ဓာတ္၊ ရဲစြမ္း သတၱိ၊ ယုံၾကည္ခ်က္ေတြ ရယ္ပါ။
ကဲ.. မိမိကိုယ္ကိုသာ ယုံၾကည္ခ်က္ အျပည့္ ရွိရင္ အားလုံး စြမ္းေဆာင္ႏိုင္ ပါတယ္။ ေန႔တိုင္း အတြက္ ျခေသၤ့လို ယုံၾကည္ခ်က္ ေတြ ေမြးဖြား ရေအာင္လား ဗ်ာ။
ေက်ာ္စိုးေအာင္ (အခရာ)
0 Comments