ချီးပုံပြင်
ချီးပုံပြင်အကြောင်း ဆိုတော့ နည်းနည်းတော့ ထူးဆန်းနေမယ်။ တခါတုန်းက ဘုရင်တစ်ပါး ရှိတယ်။ အဲဒီ ဘုရင်ကြီးမှာ အရမ်းကိုလှပချောမောတဲ့ သမီးတော်တစ်ပါး ရှိတယ်။ အဲဒီ ဘုရင်ကြီးဟာ ကျန်တဲ့ သားသမီးတွေ ထပ်ပီး မထွန်းကားဘူး။ ဒီတော့ ဘုရင်က အနာဂါတ်ကို ကြိုတွေးပီး စဉ်းစားတယ်။ သမီးလေးကို ယောကျ်ားကောင်းတစ်ယောက် ပေးစားချင်တယ် ။
ဘုရင်ဆိုတာက ပိုက်ဆံ ရှိပြီးသား ။ စည်းစိမ်လည်း ရှိပြီးသား။ အဲ့ဒီတော့ သူက သူ့သမီးနဲ့ ပေးစားမယ့် ယောကျ်ား ၊ သူ့သားမတ်ကို သူဌေး မလိုချင်ဘူး။ ပညာရှိပဲ လိုချင် တယ်။ အဲဒီတော့ ပညာရှိကို ရှာမယ် ဆိုပြီး သူ့မှာ စိတ်ကူးရှိတဲ့ အတိုင်း မောင်းကြေးနန်းလည် ခတ်စေတယ် ။ မောင်းကြေးနန်း လည်ခတ်စေတဲ့ အခါ ပြောတဲ့ စကားက သိပ်ဆန်းကျယ် တာပဲ။
" ဒူ.. အမိန့်တော် ပါတယ်.. အားလုံး နားထောင်ကြ ။ ဘုရင်ကြီး၏ သမီးတော်လေးသည် သက်တော် (၁၈) နှစ် ပြည့်ပြီ ဖြစ်သောကြောင့် ဘုရင်ကြီး၏ သမီးတော် အတွက် လက်ဆက်ရမည့် သတိုးသားလောင်းအား ရှာဖွေလိုသဖြင့် စာချွန်တော်အား အားလုံးနားထောင်ကြ.. "
" ချီး၏ အရသာကို သိသူ လုလင်ပျိုကို ဘုရင်ကြီး၏ သမီးတော်နဲ့ ပေးစားမည် ဖြစ်ကြောင်း မှတ်စေ.. "
ချီးရဲ့ အရသာကို သိရမှာတဲ့ ။ အဲဒီတော့ ဘုရင့်ရဲ့ သားမတ်လည်း ဖြစ်မယ် ၊ သူဌေးလည်း ဖြစ်မယ် ၊ အချိန် တန်ရင် ဘုရင်လည်း ဖြစ်မယ် ဆိုတော့ကာ လုလင်ပျိုတွေက ချီးကို လျှာနဲ့ ယက်ကြ သတဲ့ဗျာ။
သတ်မှတ်ထားတဲ့ ရက်လည်း ပြည့်ရော ကွင်းကြီး လေးကွင်းစာလောက်မှာ ချီးစားဖူးတဲ့ လုလင်ပျိုတွေ တစ်ပုံ တစ်ထောင်ကြီး ပဲ..။ အဲဒီတော့ ဘုရင်ကြီးက အဲဒီ ချီးစားဖူးတဲ့ လုလင်တွေကို တစ်ယောက်ချင်းစီ အင်တာဗျူး လုပ်တယ်..။ တစ်ယောက်က လက်အုပ်ချီ ဝင်လာ တယ်..
" ချီးရဲ့ အရသာက ဘယ်လိုရှိသတုန်း မောင်မင်း "
" မှန်လှပါ အရှင်ဘုရား.. ချီးဟာ ချဉ်တဲ့ အရသာ ရှိပါတယ် ဘုရား.. "
ထိုအခါ ဘုရင်က..
" ဟေ့ကောင် မင်းဘာကြောင့် သိတာလဲ? "
" တပည့်တော် စမ်းသပ် စားသောက် ပြီးမှ လာပြော တာပါ ဘုရား.. "
ဘေးနားလေးက သမီးတော်က အော.. အွပ်... ဖြစ်နေပြီ.. ။ နောက်တစ်ယောက်.. နောက်တယောက် လာပြန်တယ်..
" ချီးက စပ်ပါတယ် ဘုရား.. ချီးက ငံပါတယ် ဘုရား..
" ချီးက ချဉ်ပါတယ်.... ဘုရား.."
" ချီးက ချိုပါတယ် ဘုရား.."
" ချီးက ခါးပါတယ် ဘုရား.." လို့ အရသာ အမျိုးမျိုး ပြောကြတာ ဘုရင်ကြီးလည်း မူး သွားတယ်..။
အော်.. ငါ့သားမတ်ဖြစ်ချင်သူတွေ အကုန် ချီးစားဖူးတဲ့ ကောင်တွေကြီးပဲ။ ချီးအရသာ သိချင်ကြတာကို လူအပေါင်း ၈ ထောင် ၊ ၉ ထောင် ၊ တစ်သောင်းလောက်က ချီးစားဖူးတဲ့ လူတွေကြီးပဲ။ ဘုရင့်သမီးတော် အပျို ချောချောလေးက ဒီလို ချီးစားဖူးတဲ့ အကောင်နဲ့ လက်ထပ်ရမယ်လား ။ အပျို ချောချောလေး နေရာ ကိုယ်ချင်းသာ စာကြည့်ကြ ပေတော့... ။
အဲဒီအချိန် နောက်ဆုံး ပိန်ပိန်ငယ်ငယ် စုတ်စုတ် ပြတ်ပြတ် သိမ်သိမ်မွေမွေ လူငယ်လေး တစ်ယောက် လက်အုပ်ချီ ဝင်လာတယ် ။
" မှန်လှပါ အရှင်ဘုရား.. တကယ်တော့ ချီးဟာ အရသာ အမျိုးမျိုး ရှိပါတယ် ဘုရား ။ ချီးဟာ လတ်လတ် ဆတ်ဆတ် အခြေအနေမှာ.. ချဉ်သော ချိုသော အရသာ ရှိပါတယ်။ ချီးဟာ ခြောက်သွေ့သွားတဲ့ အချိန်မှာ ခါးသက်သော အရသာ ရှိပါတယ် ဘုရား.. "
" မောင်မင်း.. မင်း ဘယ်လိုလုပ် သိတုန်း " လို့ ဘုရင်က မေးတော့ လူငယ်က..
" တပည့်တော် စားသုံးခြင်းဖြင့် သိခြင်း မဟုတ်ပါ။ စာဖတ်ခြင်းဖြင့် သိခြင်း ဖြစ်ပါတယ်..ဘုရား.. "
အဲ့ဒါနဲ့ ဘုရင်က..
" မောင်မင်း.. မင်း ငါ့ကို သေချာ ရှင်းစမ်း.. ရှေ့က ကောင်တွေ အကုန်လုံး ချီးစားပီးမှ သိတယ်.. မင်း ဘယ်လိုလုပ် သိတုန်း.. "
" ဒီကိစ္စ မခက်ပါဘူး ဘုရား.. အရှင်ဘုရားကြီးပဲ စဉ်းစားကြည့်ပါ.. လတ်လတ် ဆတ်ဆတ်ချီးကို ယင်ကောင်တွေပဲ အုံလေ့ အုံထ ရှိပါတယ်..။ ယင်ကောင်တွေဟာ သရက်သီးလို ချိုတဲ့ ချဉ်တဲ့ အသီးအနှံတွေပေါ်မှာ အုံလေ့ အုံထ ရှိတာကြောင့် လတ်ဆတ်သော ချီးပေါ်မှာ ယင်ကောင်များ အုံလေ့ အုံထ ရှိတာကို နှိုင်းယှဉ် ကြည့်ခြင်းဖြင့် ချီးသည် ချိုသော ချဉ်သော အရသာ ရှိကြောင်းကို တထစ်ကျ မှတ်ယူလို့ ရပါသည် ဘုရား.."
ဘုရင်ကြီး ပြုံးသွားတယ် ။
" မှန်လှပါ ဘုရား.. ချီးဟာ ခြောက်သွေ့ သွားပြီ ဆိုရင်ဖြင့် ကင်းလိပ်ချောတို့ ၊ ပိုးဟပ်တို့ အစရှိတဲ့ အင်းဆက်ပိုးတွေ တွားသွား သတ္တဝါတွေဟာ စားသုံးလေ့ စားသုံးထ ရှိပါတယ်။ ဒါကြောင့် ချီးဟာ ခြောက်သွေ့ သွားသော အခါ ခါးသက်သော အရသာ ရှိကြောင်းပါ ဘုရား "
ဘုရင်ကြီးလည်း ပြုံးတော်မူ ပြီးတော့ အဲဒီ ပညာရှိလေး နဲ့.. ပေးစား လိုက်တယ် ။
ဒါဟာ ဘာလဲ.. စာကို ချစ်လို့ ပေါ့ ။ ကျွန်တော် တစ်ခု ပြောချင်တယ် ဗျာ ။ စာမဖတ်ရင် ချီးစား ရမယ်.. ဒါပါပဲ။ လူငယ်တွေ စာဖတ်ပါ ။ ချီးမစား စေချင် လို့ ။ လူကြီးတွေ စာမဖတ်ဘူး.. ချီးစားရင် စားပါလေစေ ။
ပုံပြင်လေးက စာပေကို ချစ်တဲ့သူနဲ့ မချစ်တဲ့သူ ဘာကွာသလဲ ဆိုတာကို ပြတာပါပဲ ။ ဖတ်ပေးတဲ့ သူတိုင်း ကျေးဇူးတင်ပါတယ်။
Crd
for zawgyi
ချီးပုံပြင်
ထိုအခါ ဘုရင်က..
" ချီးက ချဉ်ပါတယ်.... ဘုရား.."
" ချီးက ချိုပါတယ် ဘုရား.."
အဲ့ဒါနဲ့ ဘုရင်က..
Crd
Post a Comment
0 Comments