ကိုဗစ်ကို မှော်ရေနဲ့ ကုသပေးခဲ့ပေမယ့် ကိုဗစ်နဲ့ သေဆုံးသွားတဲ့ နတ်ဆရာ

ကိုဗစ် ၁၉ က တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေဆဲပါ။ ကာကွယ်ဆေး ပေါ်လာပေမယ့် ကိုဗစ်ပျောက်ဆေး ဆိုပြီးတော့ မရှိသေးပါဘူး။ သီရိလင်္ကာနိုင်ငံက နာမည်ကြီး နတ်ဆရာကတော့ ကိုဗစ်ကို ပျောက်စေတဲ့ မှော်ရေ သူ့မှာရှိကြောင်း အခိုင်အမာ ပြောလိုက်ပြီးနောက်ပိုင်း သေဆုံးသွားခဲ့ပါတယ်။

အသက် ၄၈ နှစ်အရွယ် မှော်ဆရာက သီရိလင်္ကာနဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံကို မှော်ရည်တစ်အိုး လောင်းလိုက်တာနဲ့ ကိုဗစ် ရပ်တန့်သွားမယ် လို့ ကြေညာခဲ့တာပါ။

သူ့မိသားစုရဲ့ ပြောစကားအရ အဲဒီနတ်ဆရာက ကိုဗစ်ကာကွယ်ဆေး မထိုးချင်တဲ့ နာမည်ကြီး အားကစားသမားတွေ၊ နိုင်ငံရဲ့ ဝန်ကြီးချုပ်အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကို ကုသပေးဖူးကြောင်း သိရပါတယ်။

အရင် ကျန်းမာရေးဝန်ကြီး Pavithra Wanniarachchi က နတ်ဆရာရဲ့ မှော်ရည်ကို ထောက်ခံဖူးပါတယ်။ ဒါပေမယ့် နောက် ၂ လအကြာမှာ ကျန်းမာရေးဝန်ကြီးတစ်ယောက် ကိုဗစ် ကူးသွားတာကြောင့် ICU မှာ ကုသလိုက်ရပါသေးတယ်။ အဲဒါကြောင့် ရာထူးကနေ ဖယ်ရှားခံရပြီး တခြားဝန်ကြီးဌာနကို ရောက်သွားပါတယ်။

နတ်ဆရာဟာလည်း ဒီလအစောပိုင်းမှာ ကိုဗစ်အကူးစက် ခံခဲ့ရပါတယ်။ သူ့ကို ဆေးရုံတင်ပြီးနောက်ပိုင်းမှာ အခြေအနေက ပိုဆိုးလာပြီး စက်တင်ဘာ ၂၂ ရက်မှာ ကိုဗစ်ရောဂါနဲ့ပဲ သေဆုံးသွားခဲ့ပါတယ်။

နတ်ဆရာက ၂၀၁၀ ခုနှစ်တုန်းက အိန္ဒိယက ကရစ်ကတ် အကျော်အမော် Sachin Tendulkar ရဲ့ ဒူးဒဏ်ရာကို ပျောက်အောင် ကုသပေးဖူးပါတယ်။ အဲဒါကြောင့် Sachin က နတ်ဆရာကို လူသိရှင်ကြား ကျေးဇူးတင်ရာကနေ နာမည်ကြီးဖူးပါတယ်။ နတ်ဆရာက အိန္ဒိယကရစ်ကတ် စတားတွေဖြစ်တဲ့ Gautam Gambhir နဲ့ Ashish Nehra တို့ကိုလည်း ဆေးကုပေး ဖူးပါတယ်။

ဆရာဝန်တွေနဲ့ တိုင်းရင်းဆေး သမားတော်တွေကတော့ အဲဒီနတ်ဆရာကို လူလိမ်လို့ သတ်မှတ်ကြပါတယ်။ နတ်ဆရာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ က အိန္ဒိယဆေးနည်းတွေကို သူပဲ တီထွင်ခဲ့သလိုနဲ့ လိမ်ညာပြောဆို ခဲ့လို့ပါ။

Zombie (Lovemedia)

for zawgyi

ကိုဗစ္ကို ေမွာ္ေရနဲ႔ ကုသေပးခဲ့ေပမယ့္ ကိုဗစ္နဲ႔ ေသဆုံးသြားတဲ့ နတ္ဆရာ

ကိုဗစ္ ၁၉ က တစ္ကမာၻလုံးမွာ ျဖစ္ပြားေနဆဲပါ။ ကာကြယ္ေဆး ေပၚလာေပမယ့္ ကိုဗစ္ေပ်ာက္ေဆး ဆိုၿပီးေတာ့ မရွိေသးပါဘူး။ သီရိလကၤာႏိုင္ငံက နာမည္ႀကီး နတ္ဆရာကေတာ့ ကိုဗစ္ကို ေပ်ာက္ေစတဲ့ ေမွာ္ေရ သူ႔မွာရွိေၾကာင္း အခိုင္အမာ ေျပာလိုက္ၿပီးေနာက္ပိုင္း ေသဆုံးသြားခဲ့ပါတယ္။

အသက္ ၄၈ ႏွစ္အ႐ြယ္ ေမွာ္ဆရာက သီရိလကၤာနဲ႔ အိမ္နီးခ်င္း ႏိုင္ငံျဖစ္တဲ့ အိႏၵိယႏိုင္ငံကို ေမွာ္ရည္တစ္အိုး ေလာင္းလိုက္တာနဲ႔ ကိုဗစ္ ရပ္တန႔္သြားမယ္ လို႔ ေၾကညာခဲ့တာပါ။

သူ႔မိသားစုရဲ႕ေျပာစကားအရ အဲဒီနတ္ဆရာက ကိုဗစ္ကာကြယ္ေဆး မထိုးခ်င္တဲ့ နာမည္ႀကီး အားကစားသမားေတြ၊ ႏိုင္ငံရဲ႕ ဝန္ႀကီးခ်ဳပ္အပါအဝင္ ထင္ရွားတဲ့ ႏိုင္ငံေရးသမားေတြကို ကုသေပးဖူးေၾကာင္း သိရပါတယ္။

အရင္ က်န္းမာေရးဝန္ႀကီး Pavithra Wanniarachchi က နတ္ဆရာရဲ႕ ေမွာ္ရည္ကို ေထာက္ခံဖူးပါတယ္။ ဒါေပမယ့္ ေနာက္ ၂ လအၾကာမွာ က်န္းမာေရးဝန္ႀကီးတစ္ေယာက္ ကိုဗစ္ ကူးသြားတာေၾကာင့္ ICU မွာ ကုသလိုက္ရပါေသးတယ္။ အဲဒါေၾကာင့္ ရာထူးကေန ဖယ္ရွားခံရၿပီး တျခားဝန္ႀကီးဌာနကို ေရာက္သြားပါတယ္။

နတ္ဆရာဟာလည္း ဒီလအေစာပိုင္းမွာ ကိုဗစ္အကူးစက္ ခံခဲ့ရပါတယ္။ သူ႔ကို ေဆး႐ုံတင္ၿပီးေနာက္ပိုင္းမွာ အေျခအေနက ပိုဆိုးလာၿပီး စက္တင္ဘာ ၂၂ ရက္မွာ ကိုဗစ္ေရာဂါနဲ႔ပဲ ေသဆုံးသြားခဲ့ပါတယ္။

နတ္ဆရာက ၂၀၁၀ ခုႏွစ္တုန္းက အိႏၵိယက ကရစ္ကတ္ အေက်ာ္အေမာ္ Sachin Tendulkar ရဲ႕ ဒူးဒဏ္ရာကို ေပ်ာက္ေအာင္ ကုသေပးဖူးပါတယ္။ အဲဒါေၾကာင့္ Sachin က နတ္ဆရာကို လူသိရွင္ၾကား ေက်းဇူးတင္ရာကေန နာမည္ႀကီးဖူးပါတယ္။ နတ္ဆရာက အိႏၵိယကရစ္ကတ္ စတားေတြျဖစ္တဲ့ Gautam Gambhir နဲ႔ Ashish Nehra တို႔ကိုလည္း ေဆးကုေပး ဖူးပါတယ္။

ဆရာဝန္ေတြနဲ႔ တိုင္းရင္းေဆး သမားေတာ္ေတြကေတာ့ အဲဒီနတ္ဆရာကို လူလိမ္လို႔ သတ္မွတ္ၾကပါတယ္။ နတ္ဆရာက လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀၀၀ က အိႏၵိယေဆးနည္းေတြကို သူပဲ တီထြင္ခဲ့သလိုနဲ႔ လိမ္ညာေျပာဆို ခဲ့လို႔ပါ။

Zombie (Lovemedia)

Post a Comment

0 Comments