ကိုယ်နဲ့သင့်တော်တဲ့ ဖူးစာရှင် ရွေးချယ်နည်း (၃) ခု
ကိုယ်ရဲ့ဘဝ တခုလုံး ထာဝရ လက်တွဲထားရမယ့် ချစ်သူကို ရွေးချယ်တာဟာ တကယ်ကို အရေးကြီးတဲ့ ကိစ္စရပ်တခုပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ကိုယ်ဘဝ တလျှောက်လုံး လက်တွဲမယ့်သူဟာ အမြော်အမြင်၊ တာဝန် သိတတ်ခြင်းနဲ့ ရိုးသား ဖြောင့်မတ်ခြင်းတွေ လိုအပ်ပါတယ် ။
အဲဒီလို ဖူးစာရှင် အစစ်ကို ရှာတွေ့ပြီ ဆိုတာနဲ့ သင်ကြိုးစားခဲ့သမျှ တန်သွားပါလိမ့်မယ် ။ တစ်သက်လုံး ပျော်နိုင်နေပြီလေ ။ သင့်တော် မှန်ကန်တဲ့ ကိုယ့်ရဲ့ ဖူးစာရှင်ကို ရှာတွေ့လိုရင် ဒီအချက်လေးတွေကို လိုက်နာပါ ။
၁။ သဘောထား ကြီးကြီးထားပေးပါ။
ကိုယ့်ရဲ့ပုံစံ ၊ ကိုယ့်အဆင့်အတန်းနဲ့ အံကိုက် ဖြစ်မယ့်သူကို သင် လိုက်ရှာမနေပါနဲ့ ။ ထောင်ထောင် မောင်းမောင်း အရပ် ၊ အသားဖြူပီး ရုပ်ချောချော ဖြစ်မယ့်အစား သင့်အကောင်းဆုံး လက်တွဲဖော်က အရပ်ပုပု အသားညိုသူတစ်ဦးလည်း ဖြစ်နေနိုင်ပါတယ် ။
၂။ အတိတ်က ချစ်သူရဲ့အကြောင်းတွေ ခေါက်ထားလိုက်ပါ။
သင့်ရဲ့လက်ရှိ အလားအလာ ရှိနေတဲ့ လက်တွဲဖော်တွေကို အရင်က ချစ်သူဟောင်းတွေနဲ့ အကောင်းအဆိုး နှိုင်းယှဉ်တာမျိုးက နောက်အသစ် တစ်ဦးနဲ့ ရှေ့ဆက်လက်တွဲဖို့ အဟန့်အတား ဖြစ်စေနိုင်ပါတယ် ။
၃။ မိမိကိုယ်တိုင် ထွက်ရှာရပါမယ်။
ဖုန်းရှေ့ ၊ TV ရှေ့မှာ ထိုင်နေရုံနဲ့တော့ ကိုယ့်ရဲ့ဖူးစာရှင် အစစ်နဲ့ တွေ့မှာ မဟုတ်ပါဘူး ။ ကိုယ့်ကိုယ်ကို အခွင့်အရေး ရရှိစေဖို့ လာဖိတ်သူ မှန်သမျှ လက်ခံ တွေ့ဆုံရပါမယ် ။
Crd
for zawgyi
Crd
Post a Comment
0 Comments