ပခြုပ်ထဲက မြွေ

အတုယူဖို့ စိတ်ထားတတ်ဖို့ တင်ပေး လိုက်ရခြင်း ဖြစ်ပါတယ်။

တစ်ခါက လူတစ်ယောက်ဟာ မြွေတစ်ကောင်ကို နေ့စဉ် ကျွေးမွေးပီး ပခြုပ်ထဲမှာ ထည့်ထားပါသတဲ့။ အဲ့ဒီမြွေကို အစာကျွေးရာမှာ တစ်နေ့ ကြွက်တစ်ကောင်ကို ပခြုပ်အတွင်း ထည့်ပီးတော့ စားစေပါတယ်။

မြွေကတော့ သူပခြုပ်ထဲက ဘယ်လိုလုပ် လွတ်မြောက် နိုင်မလဲလို့ အမြဲတွေးပီး အမြဲ အကြံထုတ် နေတာပေါ့။ ဒါပေမယ့် သူလွတ်မယ့်လမ်းကို ဘယ်လိုမှ ရှာမတွေ့ဘူး ဖြစ်နေသတဲ့။ တစ်နေ့ မြွေက စဉ်းစားမိတယ်။

" သူလည်း ဒီအထဲရောက်နေတာ ကြာပြီ ၊ ဘယ်လိုမှလည်း ပြန်မထွက်နိုင်ဘူး။ သူမကြာခင် သေရတော့မှာပဲ။ ဒီတော့.. ဒီနေ့ သူစားရမယ့် ကြွက်လေးကို မစားပဲ လွှတ်ပေးလိုက်တော့မယ် "

မြွေက အဲ့ဒီလို တွေးပီးတော့ သူ့အတွက် မြွေဖမ်းသမား နေ့စဉ် ထည့်ပေးနေကျ ကြွက်လေး တစ်ကောင်ကို ဒီတစ်ခါတော့ မစားဘဲ အသာငြိမ်နေသတဲ့။ အာ့လို လွှတ်ပေးလိုက်ရလို့လည်း သူ့စိတ်ထဲမှာ ပီတိတွေ ဖြစ်နေမိတယ်။

နာရီဝက်လောက်လည်း ကြာရော သူမစားဘဲ ဒီတိုင်းထားထားတဲ့ ကြွက်ကလေးက ပခြုပ်ကို တဖြည်းဖြည်း ကိုက်ဖြတ်လိုက်နိုင်တယ်။ အဲဒီအခါမှာ ကြွက်ကလေးထွက်တဲ့ အပေါက်ကနေ ထွက်ပီး သူပါ လွတ်မြောက်သွားတော့တာပေါ့။

ကျွန်တော်တို့တွေဟာ ကိုယ့်အတွက်ကိုပဲ ဘာလုပ်သည် ဖြစ်စေ ပိုပီး စဉ်းစားတတ်ကြပါတယ်။ တခါတလေမှာ ကိုယ့်လက်အောက်မှာ အလုပ် လုပ်နေတဲ့လူတွေကို အမြဲလိုလို အပေါ်စီးကပဲ ဆက်ဆံနေမိတယ်။ ကိုယ်အဆင်ပြေဖို့ အတွက် တခြားသူကို ချနင်းချင်ကြတာ မဆန်းပါဘူး။

အလုပ်တစ်ခု လုပ်တဲ့နေရာမှာ ကိုယ်ကပဲ ရသမျှ အကုန်ယူတာထက် ၊ လက်အောက်ငယ်သား အပေါ်မှာ ညှာတာစိတ်နဲ့ သင့်မြတ်အောင် ပေးခြင်းက အလုပ်ကို ပိုတွင်ကျယ် စေသလို မိမိရဲ့ အလုပ်သမားကလည်း မိမိအပေါ် လေးစားချစ်ခင် လာမှာပါ။

လက်အောက်ငယ်သားတွေ အပေါ်မှာ ညှာတာမှု ထားခြင်းက လုပ်ငန်းအပေါ်ပိုပြီး အောင်မြင်နိုင်တဲ့ အချက်တစ်ခု ပါပဲ။ မြွေလို လက်အောက်ငယ်သား ကြွက်ကို မစားပဲ လွှတ်ပေးလိုက်လို့ ထွက်ပေါက်ရှာ လွတ်မြောက်ရသလိုပဲ။

အလုပ်တစ်ခုမှာ မိမိ လက်အောက်ငယ်သား အပေါ် အမြတ်မထုတ်ပဲ မေတ္တာနဲ့သာ ဆက်ဆံမယ် ဆိုရင် အခက်အခဲ ဖြစ်ချိန်မှာတောင် လက်အောက်ငယ်သားရဲ့ အကူအညီနဲ့ ကြိုးစားလွတ်မြောက် နိုင်မှာပါ။

ဒါကြောင့် မိမိလုပ်ငန်း အောင်မြင်ချင်တယ် ဆိုရင်တော့ လက်အောက်ငယ်သား ဝန်ထမ်းတွေကို အခွင့်အရေး ပေးဖို့ မမေ့ပါနဲ့လို့ပဲ အကြံပြု လိုက်ပါရစေ။ ။

Crd

for zawgyi

ပျခဳပ္ထဲက ေႁမြ

အတုယူဖို႔ စိတ္ထားတတ္ဖို႔ တင္ေပး လိုက္ရျခင္း ျဖစ္ပါတယ္။

တစ္ခါက လူတစ္ေယာက္ဟာ ေႁမြတစ္ေကာင္ကို ေန႔စဥ္ ေကြၽးေမြးပီး ပျခဳပ္ထဲမွာ ထည့္ထားပါသတဲ့။ အဲ့ဒီေႁမြကို အစာေကြၽးရာမွာ တစ္ေန႔ ႂကြက္တစ္ေကာင္ကို ပျခဳပ္အတြင္း ထည့္ပီးေတာ့ စားေစပါတယ္။

ေႁမြကေတာ့ သူပျခဳပ္ထဲက ဘယ္လိုလုပ္ လြတ္ေျမာက္ ႏိုင္မလဲလို႔ အၿမဲေတြးပီး အၿမဲ အႀကံထုတ္ ေနတာေပါ့။ ဒါေပမယ့္ သူလြတ္မယ့္လမ္းကို ဘယ္လိုမွ ရွာမေတြ႕ဘူး ျဖစ္ေနသတဲ့။ တစ္ေန႔ ေႁမြက စဥ္းစားမိတယ္။

" သူလည္း ဒီအထဲေရာက္ေနတာ ၾကာၿပီ ၊ ဘယ္လိုမွလည္း ျပန္မထြက္ႏိုင္ဘူး။ သူမၾကာခင္ ေသရေတာ့မွာပဲ။ ဒီေတာ့.. ဒီေန႔ သူစားရမယ့္ ႂကြက္ေလးကို မစားပဲ လႊတ္ေပးလိုက္ေတာ့မယ္ "

ေႁမြက အဲ့ဒီလို ေတြးပီးေတာ့ သူ႔အတြက္ ေႁမြဖမ္းသမား ေန႔စဥ္ ထည့္ေပးေနက် ႂကြက္ေလး တစ္ေကာင္ကို ဒီတစ္ခါေတာ့ မစားဘဲ အသာၿငိမ္ေနသတဲ့။ အာ့လို လႊတ္ေပးလိုက္ရလို႔လည္း သူ႔စိတ္ထဲမွာ ပီတိေတြ ျဖစ္ေနမိတယ္။

နာရီဝက္ေလာက္လည္း ၾကာေရာ သူမစားဘဲ ဒီတိုင္းထားထားတဲ့ ႂကြက္ကေလးက ပျခဳပ္ကို တျဖည္းျဖည္း ကိုက္ျဖတ္လိုက္ႏိုင္တယ္။ အဲဒီအခါမွာ ႂကြက္ကေလးထြက္တဲ့ အေပါက္ကေန ထြက္ပီး သူပါ လြတ္ေျမာက္သြားေတာ့တာေပါ့။

ကြၽန္ေတာ္တို႔ေတြဟာ ကိုယ့္အတြက္ကိုပဲ ဘာလုပ္သည္ ျဖစ္ေစ ပိုပီး စဥ္းစားတတ္ၾကပါတယ္။ တခါတေလမွာ ကိုယ့္လက္ေအာက္မွာ အလုပ္ လုပ္ေနတဲ့လူေတြကို အၿမဲလိုလို အေပၚစီးကပဲ ဆက္ဆံေနမိတယ္။ ကိုယ္အဆင္ေျပဖို႔ အတြက္ တျခားသူကို ခ်နင္းခ်င္ၾကတာ မဆန္းပါဘူး။

အလုပ္တစ္ခု လုပ္တဲ့ေနရာမွာ ကိုယ္ကပဲ ရသမွ် အကုန္ယူတာထက္ ၊ လက္ေအာက္ငယ္သား အေပၚမွာ ညႇာတာစိတ္နဲ႔ သင့္ျမတ္ေအာင္ ေပးျခင္းက အလုပ္ကို ပိုတြင္က်ယ္ ေစသလို မိမိရဲ႕ အလုပ္သမားကလည္း မိမိအေပၚ ေလးစားခ်စ္ခင္ လာမွာပါ။

လက္ေအာက္ငယ္သားေတြ အေပၚမွာ ညႇာတာမႈ ထားျခင္းက လုပ္ငန္းအေပၚပိုၿပီး ေအာင္ျမင္ႏိုင္တဲ့ အခ်က္တစ္ခု ပါပဲ။ ေႁမြလို လက္ေအာက္ငယ္သား ႂကြက္ကို မစားပဲ လႊတ္ေပးလိုက္လို႔ ထြက္ေပါက္ရွာ လြတ္ေျမာက္ရသလိုပဲ။

အလုပ္တစ္ခုမွာ မိမိ လက္ေအာက္ငယ္သား အေပၚ အျမတ္မထုတ္ပဲ ေမတၱာနဲ႔သာ ဆက္ဆံမယ္ ဆိုရင္ အခက္အခဲ ျဖစ္ခ်ိန္မွာေတာင္ လက္ေအာက္ငယ္သားရဲ႔ အကူအညီနဲ႔ ႀကိဳးစားလြတ္ေျမာက္ ႏိုင္မွာပါ။

ဒါေၾကာင့္ မိမိလုပ္ငန္း ေအာင္ျမင္ခ်င္တယ္ ဆိုရင္ေတာ့ လက္ေအာက္ငယ္သား ဝန္ထမ္းေတြကို အခြင့္အေရး ေပးဖို႔ မေမ့ပါနဲ႔လို႔ပဲ အႀကံျပဳ လိုက္ပါရေစ။ ။

Crd

Post a Comment

0 Comments